← Chapters

လလက်

Vol. 55 Ch. 753

လလက်

Vol. 55 Ch. 753

ရွှေသဲမြို့မှာ ဓားသမားအစည်းအရုံးဂိုဏ်းခွဲတစ်ခု ရှိပါတယ်၊ဒါကြောင့် လီဖူချန်းက ပြန်ဖို့ အလျင်စလို ဖြစ်နေစရာ မလိုပါဘူး။ အလယ်အဆင့်မစ်ရှင်တစ်ခုကို ပြုလုပ်ပြီး အဆင့်၅ဓားသမားကို တက်ဖို့ သူက စီစဉ်ထားပါတယ်။ ဝူကျောနဲ့ဝူရှီအတွက်ကတော့ သူတို့က ဆောင်းဦးသစ်ရွက်မြို့အတွင်းမှာဆိုရင် အလွန်ဘေးကင်းမှာပါ၊ ဒါကြောင့် လီဖူချန်းက သူတို့နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။

ညဘက်၊ ခြံဝင်းတစ်ခုထဲမှာ၊ လီဖူချန်းက ကျောက်တုံးကွဲလက်ကို ထုတ်လိုက်ပါတယ်။

သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို အထဲကို ထည့်လိုက်တယ်။

ကြောက်စရာကောင်းတဲ့စိတ်တန်ခိုးစွမ်းအားတစ်ခုက လီဖူချန်းရဲ့စိတ်ကို ချက်ချင်း ဖိနှိပ်လာတယ်။ သူ့မှာ သူတော်စင်စိတ်ဝိညာဉ်မရှိရင် သူက ဒဏ်ရာရလောက်ပါပြီး။

မှောင်မည်းနေတဲ့စကြာဝဠာတစ်ခုထဲမှာ လီဖူချန်းက ပိုပိုကြီးလာနေတဲ့ လက်ကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ လက်ဝါးတစ်ချက်နဲ့အတူ ကြယ်တစ်လုံးကို ဖျက်စီးပစ်လိုက်ပါတယ်။ ရိုက်အားက လီဖူချန်းရဲ့စိတ်ကိုတောင် တုန်ခါသွားစေပြီး ဈာန်ဝင်စားမှုမှာ ပေါက်ကွဲမှုတစ်ခုတောင် ရှိလာစေပါတယ်။

"မကောင်းဘူး"

ခြံဝင်းအတွင်းရှိ ဟင်းလင်းပြင်ဇုန်က တွန့်လိမ်သွားပါတယ်။ လီဖူချန်းက ခြံဝင်းမှ ပြေးထွက်ပြီး ရွှေသဲမြို့ပြင်ကို ပျံသန်းသွားလိုက်ပါတယ်။

ကျောက်ကွဲလက်က လီဖူချန်းရဲ့နတ်ဘုရားလက်ကို အမှန်တကယ်လွှမ်းမိုးခဲ့တာပဲ။ အဲဒါက နောက်တစ်ဆင့်ဖြစ်တဲ့ လလက်နဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့ပုံပေါ်ပါတယ်။

နောက်ဆုံးမှာတော့ လီဖူချန်းက မြို့ပြင်ကို ရောက်ရှိလာပါပြီး။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကြယ်ဥပဒေဿက နောက်ဆုံးတော့ ထိန်းချုပ်မှုဆုံးရှုံးသွားပြီး ပေါက်ကွဲထွက်သွားပါတယ်။

နောက်အခိုက်အတန့်မှာတော့ ဟင်းလင်းပြင်က ရေပမာ လှိုင်းဂယက်ထသွားတယ်။ မြေပြင်က အက်ကွဲသွားပြီး မရေမတွက်နိုင်တဲ့မြေတွေက လီဖူချန်းဆီ စတင်စုစည်းလာပါတယ်။

လီဖူချန်းက ဧရာမမြေစက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။

မြေစက်လုံးက ပိုပိုကြီးလာနေတယ်။မီတာ၁၀၀၊ မီတာ၁၀၀၀၊ မီတာ၁၀၀၀၀............

အဲဒါက တဖြည်းဖြည်းနဲ့ ကောင်းကင်ပေါ်ကို မြင့်တက်သွားပါတယ်။

လရဲ့အလင်းပေးမှုကြောင့် မြေစက်လုံးက လအငယ်စားလေးနဲ့တောင် တူနေပါတယ်။

မြေစက်လုံးထဲမှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်ပြီး

ကြယ်ဥပဒေဿကို ဖော်ထုတ်နေတယ်။ ပြင်းထန်တဲ့ကမ္ဘာဆွဲအားတစ်ခုက မြေစက်လုံးကို ခုန်ပေါက်စေတယ်၊ ပိုပိုသိပ်သည်းလာစေပြီး မျက်နှာပြင်ကို ပိုနူးညံ့လာစေတယ်။ လအလင်းက တောက်ပလာတဲ့အခါ စက်လုံးရဲ့မျက်နှာပြင်ဖြာထွက်မှုကလည်း ပိုပိုတောက်ပလာတယ်။

"ကြည့်စမ်း၊ ဘာလို့ ကောင်းကင်မှာ လနှစ်စင်းရှိနေရတာလဲ"

လူအချို့က ကောင်းကင်ကို ညွှန်ပြပြီး အံ့အားတကြီးဖြစ်နေကြတော့တယ်။

"ဟုတ်တယ်။ ဒါ အမြင်မှားတာများလား"

"ဒီလက ငါတို့နဲ့ ပိုပိုနီးကပ်လာနေတယ်လို့ ငါ ခံစားမိတယ်"

လူတိုင်းက သူ့အမြင်ကိုယ်အမြင် ဆွေးနွေးနေကြတော့တယ်။

ရွှေသဲမြို့အရှင်အိမ်တော်မှာ မြို့အရှင်က အရက်သောက်ရင်း လာကို ရှုစားနေလေတယ်။

"အမ်"

ကျင်းခန်းဟွာရဲ့မျက်လုံးက ပြူးကျယ်သွားတော့တယ်။ အခြားသူတွေက အမြင်မှားတယ်လို့ ထင်ရင်ထင်မယ်၊ သူကတော့ အဲလို မထင်ပါဘူး။

ဒါက အလွန်အားကောင်းတဲ့ခန္ဓာကိုယ်အပြင်အားသိုင်းအနုပညာရှင်တစ်ယောက်က ဖန်တီးထားမှုတစ်ခုပါ။

"အဲဒါ ဘယ်သူများပါလိမ့်"

ကောင်းကင်မှာ မြေစက်လုံးက သတ္တုစက်လုံးဖြစ်သွားလေတယ်။ အရွယ်အစားက ထောင်ပေါင်းများစွာ ပို‌သေးငယ်သွားတယ်၊ ဒါပေမယ့် မီတာတစ်ရာလောက်တော့ ရှိပါတယ်။

ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုက သတ္တုစက်လုံးကို အလွန်အမင်း ထူထပ်အောင်၊ချောမွေ့အောင် ပြုလုပ်ပေးတယ်။ သာမန်သိုင်းအနုပညာရှင်တစ်ယောက်ကတောင် ပုံမှန်မဟုတ်တဲ့အရိပ်အယောင်တွေကို မမြင်နိုင်ပါဘူး။

ကြက်လက်၊လလက်၊နေလက်တို့က မှန်ကန်ကောင်းမွန်တဲ့အခြေအနေတစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒါက နာမည်‌တွေလောက် မရိုးရှင်းပါဘူး။

ပြီးတော့ လနဲ့နေက နှစ်ခုလုံးကြယ်တွေပါပဲ၊ ဒါပေမယ့် လနဲ့နေက ပိုကြီးပါတယ်။

ကြယ်လက်က ကြယ်ဥပဒေဿရဲ့စ‌ဦးနားလည်မှုကို ကိုယ်စားပြုတယ်။

ကြယ်ဥပဒေဿက ချို့ယွင်းချက်မရှိ၊ရင့်တန်တဲ့လအလင်းရောင်နဲ့ တူတယ်လို့ လလက်က ကိုယ်စားပြုပါတယ်။

နေလက်က ပြီးပြည့်စုံခြင်းကို ဆိုလိုပါတယ်။

လီဖူချန်းက ကျောက်ကွဲလက်မှာ အခုလိုအားဥပဒေဿနဲ့စိတ်ဆန္ဒတို့ ပါဝင်နေမယ်လို့ မထင်ထားပါဘူး။ အသေးစိတ်စစ်ဆေးလိုက်ခြင်းက လီဖူချန်းကို လလက်နဲ့ ထိတွေ့သွားစေလိုက်ပါတယ်။

ထိုအခိုက်အတန့်မှာ လီဖူချန်းရဲ့ကြယ်ဥပဒေဿက အရင်ကထက် ပိုသန်မာလာပါတယ်။ ထုတ်ဖော်နေတဲ့ကမ္ဘာဆွဲအားက အလွန်ထူထပ်ပြီး အရာအားလုံးကို ကန့်သတ်ဖိနှိပ်နိုင်ပါတယ်။ သတ္တုစက်လုံးရဲ့သိပ်သည်းမှုကို မဟာဧကရာဇ်တစ်ယောက်ကတောင် မချိုးဖျက်နိုင်ပါဘူး။

သတ္တုစက်လုံးက မြင့်တက်လာ‌နေပြီး မိုးကြိုးအလွှာကို ရောက်ရှိလာပါတယ်။

အောက်ကနေ တစ်ယောက်ကမှ သတ္တုစက်လုံးရှိ မည်သည့်ဖြာထွက်မှုတစ်ခုကိုမှ မမြင်နိုင်ပါဘူး။

ဘန်း ဘုံး........

မရေမတွက်နိုင်တဲ့ကောင်းကင်မိုးကြိုးတွေက သတ္တုစက်လုံးကို ရိုက်ခတ်လိုက်ပါတယ်၊ ဒါပေမယ့် သူတို့က သတ္တုစက်လုံးပေါ်မှာ အမှတ်တစ်ခုကိုပင် ချန်နိုင်တဲ့ အရည်အသွေး မရှိပါဘူး။

မိုးကြိုးလွှာရဲ့အပေါ်ပိုင်းမှာ ကောင်းကင်မိုးကြိုးက တိုးလာပြီး ပိုသန်မာလာတယ်။ သတ္တုစက်လုံးရဲ့မျက်နှာပြင်က လျှပ်စစ်စီးကြောင်းတစ်ခု စတင်ရှိလာပါတယ်။

နောက်ဆုံးမှာ သတ္တုစက်လုံးက အပူလွှာမှာ ရှိနေပါပြီး။

မီးခိုးနက်တွေက မြင့်တက်လာနေတယ်၊ ချက်ချင်းပါပဲ သတ္တုစက်လုံးက မီးပုံကြီးတစ်ခုဆီကို ရောက်ရှိသွားပါတယ်။ အဲဒါက အလွန်တောက်ပနေတဲ့မီးစက်လုံးတစ်ခုနဲ့ အလားသဏ္ဍန်တူလာပါတယ်။

မီတာ ၁၀၀၊ မီတာ၅၀၊ မီတာ ၃၀.......

အချိန်တိုအတွင်း သတ္တုစက်လုံးက အရွယ်အစားအားဖြင့် ဆယ်မီတာသာ ရှိလာပါတယ်။ ဒီသိပ်သည်းမှုက လီဖူချန်းအနေနဲ့ သူ့ရဲ့ဓားနဲ့ နှစ်ပိုင်းမပိုင်းနိုင်လောက်တဲ့အထိ မာကျောကြမ်းတမ်းလာစေပါတယ်။

အခု အပူလွှာမှ အပူပေးခြင်းနဲ့ ကမ္ဘာဆွဲအားတို့ရဲ့ ဖိနှိပ်မှုကြောင့် သတ္တုစက်လုံးက  ဖျက်စီးမရနိုင်သည်အထိ ဖြစ်လာပြီး ကောင်းကင်အလယ်ဆင့်သတ္တုအောက် မနိမ့်ကျပါဘူး။

သတ္တုစက်လုံးအတွင်းမှာ ကြောက်စရာကောင်းတဲ့အပူတစ်ခုက သတ္တုစက်လုံးကို ပျံ့နှံ့လာပြီး လီဖူချန်းဆီ ရောက်ရှိလာနေပါတယ်။ ဥပဒေဿစက်ကွင်းက တည်ရှိ‌သေးပေယ့် လီဖူချန်းရဲ့အဝတ်စားတွေက ပြာဖြစ်သွားလေတယ်။ အပူဥပဒေဿက လီဖူချန်းရဲ့ဥပဒေဿစက်ကွင်းကို လစ်လျူရှူနိုင်တာ သိသာလှပါတယ်။

ကံကောင်းတာက လီဖူချန်းက ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းပါပဲ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက စတီးအလားဖြစ်နေပြီး သူ့ရဲ့အမွှေးမျှင်တွေကတောင် ခံနိုင်ရည်ရှိပါတယ်။

အပူပေးခြင်းနဲ့စကြာဝဠာမှ စွမ်းပကားတွေနဲ့အတူ လီဖူချန်းရဲ့လလက်က ဖြည်းဖြည်းချင်း တည်ငြိမ်လာနေပါတယ်။

ခဏကြာပြီးနောက် လီဖူချန်းရဲ့အရေပြားက နီရဲလာပါတယ်၊ သူ နောက်ဆုံးတော့ အပူလွှာမှ အပူကို မခံနိုင်တော့ပါဘူး။ ဒါကြောင့် သူက မိုးကြိုးအလွှာကို ဆင်းသက်လာပါတယ်။

ခရက်........

ဖျက်ဆီးမရတဲ့သတ္တုစက်လုံးက အက်ကွဲသွားတယ်။ လက်တစ်စုံက သတ္တုစက်လုံးကို ဆုတ်ဖြဲလိုက်ပါတယ်။

လီဖူချန်းရဲ့ကိုယ်လုံးတီးခန္ဓာကိုယ်က ဆုတ်ဖြဲခံလိုက်ရတဲ့သတ္တုစက်လုံးမှ ထွက်ပေါ်လာပါတယ်။

သူ့ရဲ့အရေပြားက ချို့ယွင်းချက်မရှိဖြစ်နေပြီး သိပ်သည်းတဲ့ဖြာထွက်မှုတစ်ခုကို ထုတ်လွှတ်နေတယ်။ သူ့မျက်လုံးတွေက ကြယ်အလားတောက်ပနေပြီး မကုန်ခမ်းနိုင်တဲ့စွမ်းအင်နဲ့ဂုဏ်ရောင်ကို ထုတ်လွှတ်နေလေတယ်။

"ဒါက လလက်လား"

လီဖူချန်းက လက်ထဲမှာ စုပ်အားတစ်ခုကို ဖန်တီးပြီး အဆုံးမရှိကောင်းကင်မိုးကြိုးတွေကို ဆွဲယူလိုက်ပါတယ်။ ပြီး‌နောက် အဲဒါတွေက သေးငယ်တဲ့မိုးကြိုးစက်လုံးတစ်ခု ဖြစ်သွားလေတယ်။

မိုးကြိုးစက်လုံးက အလွန်လုံးဝိုင်းပြီး မည်သည့်အဖျက်အဆီးစွမ်းအားမှ မရှိပါဘူး။

"ငါက အားဘီလူးအရှင်သခင်ကို ထပ်မံရင်ဆိုင်ရရင် လက်ဝါးတစ်ချက်တည်းနဲ့ သူ့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်လိမ့်မယ်လို့ ငါထင်တယ်"

ကြယ်လက်အခြေအနေမှာ လီဖူချန်းက အားဘီလူးအရှင်သခင်အောက် အနည်းငယ်နိမ့်ကျပါတယ်။

လလက်နဲ့အတူ လီဖူချန်းက အားဘီလူးအရှင်သခင်ကို အပြည့်အဝဖိနှိပ်နိုင်ပါလိမ့်မယ်။

လီဖူချန်းက သေမျိုးကပ်ဘေးကို လည်ပတ်ရန် အားထုတ်ပြီး လလက်နဲ့ ပေါင်းစည်းရန် ကြိုးစားလိုက်ပါတယ်၊ ဒါပေမယ့် သေမျိုးကပ်ဘေးစွမ်းအားက အားနည်းလွန်းပြီး လလက်ရဲ့ချီစွမ်းအားနဲ့ ပေါင်းစည်းဖို့ ခက်ခဲတာကို လီဖူချန်းက သိလိုက်ရတယ်။ သူတို့ကို ဖိအားပေးပေါင်းစည်းရင် စွမ်းအားကိုသာ လျော့ကျသွားစေမှာပါ။

လီဖူချန်းက ခေါင်းခါလိုက်တယ်။ သေမျိုးကပ်ဘေးက ကပ်ဘေးနတ်ဘုရားလက်သီးကိုးချက်ထဲမှ တစ်ခုပါ။ ကပ်ဘေးနတ်ဘုရားလက်သီးကိုးချက်က နတ်ဘုရားလက်ကို ဘယ်တော့မှ သာလွန်နိုင်လိမ့်မှာမဟုတ်ပါဘူး။ လီဖူချန်းက သေမျိုးကပ်ဘေးကို ပိုမြင့်မားတဲ့အဆင့်တစ်ခုအထိ မတိုးမြှင့်နိုင်ရင် အဲဒါကို လလက်နဲ့ ပေါင်းစည်းဖို့က ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

သေမျိုးကပ်ဘေးကို နောက်တစ်ဆင့်ကို တွန်းပို့ရတဲ့အခက်အခဲက အလွန်မြင့်မားပါတယ်။ လီဖူချန်းရဲ့သေမျိုးကပ်ဘေးက မူလကပ်ဘေးထက် ပိုမြင့်ပါတယ်။ ပိုမြင့်လာတဲ့အဆင့်တွေအတွက် လမ်းကြောင်းအသစ်တစ်ခုကို ခင်းရမှာပါ။ အရေးကြီးဆုံးအရာက ကပ်ဘေးဥပဒေဿက လီဖူချန်းနဲ့ မရင်းနှိီးပါဘူး၊ သူက ဘယ်လို နားလည်စေရမလဲကို သိလိမ့်မှာ မဟုတ်ပါဘူး။

ကြယ်တစ်ခုကို ဖျက်ဆီးတဲ့အခါ အဲဒါက ကပ်ဘေးဥပဒေဿကို ထုတ်လွှတ်နိုင်တယ်၊ ဒါပေမယ့် ဒါက နက်ပြာပလိန်းဖြစ်ပြီး နီးကပ်တဲ့အကွာဝေးမှာ ကြယ်တစ်လုံးဖျက်ဆီးခံလိုက်ရတာကို ကြည့်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ကပ်ဘေးဥပဒေဿကို ပုံမှန်ဘဝမှာ တွေ့နိုင်တယ်လို့ မှုန်ဝါးဝါးနားလည်မှုတစ်ခု လီဖူချန်းမှာ ရှိနေပါတယ်။

တစ်ခုခု ဖျက်ဆီးခံလိုက်ရတဲ့အခါ ကပ်ဘေးဥပဒေဿ ရှိလာပါလိမ့်မယ်။

ကပ်ဘေးဥပဒေဿက အဖျက်အဆီးဥပဒေဿ မဟုတ်ပါဘူး။ အဲဒါက စကြာဝဠာရဲ့လျှို့ဝှက်ချက်တွေ ပါဝင်နေတဲ့ ကြီးကျယ်ခမ်းနားတဲ့စွမ်းအားတစ်ခုပါ။

သေမျိုးကပ်ဘေးကို မကျင့်ဘဲနဲ့ လီဖူချန်းက ကပ်ဘေးစွမ်းအားကို ဒီလိုနားလည်မှုမျိုး ဘယ်တော့မှ ရှိလာလိမ့်မှာ မဟုတ်ပါဘူး။ သေမျိုးကပ်ဘေးက ကပ်ဘေးစွမ်းအားနဲ့ ပတ်သက်ပြီး လီဖူချန်းရဲ့အသိကို နှိုးဆွပေးတယ်လို့တောင် ပြောနိုင်ပါတယ်။

လီဖူချန်းက သိုလှောင်အိတ်မှ ဝတ်စုံတစ်စုံကို ထုတ်ယူဝတ်ဆင်ပြီးနောက် ဆင်းသက်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ လီဖူချန်းက ရွှေသဲမြို့ကို ပြန်ရောက်လာတယ်။

ခြံဝင်းထဲမှာ ရပ်နေရင်း လီဖူချန်းက အစီအရင်စွမ်းအားက နေရာတိုင်းမှာ ရှိနေတာကို ခံစားမိပါတယ်။

အဓိကမြို့တစ်ခုအနေနဲ့ ရွှေသဲမြို့ရဲ့အဆင့်၉အဆင့်နိမ့်အစီအရင်က အခြားမြို့တွေရဲ့ အဆင့်၉အဆင့်နိမ့်အစီအရင်ထက် ပိုသန်မာပါတယ်။ ဒါပေမယ့် အခု လီဖူချန်းက အစီအရင်စွမ်းအားရဲ့တည်ရှိမှုကို ခံစားမိနေတယ်။ အခု သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက် မရှိပါဘူး၊ ဒါပေမယ့် သူက အဆင့်၉အဆင့်နိမ့်အစီအရင်ရဲ့ကန့်သတ်မှုကို ချက်ချင်း ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

လီဖူချန်းရဲ့လိပ်ပြာသိစိတ်အာရုံက ကျောက်ကွဲလက်ထဲကို ထပ်မံ ဝင်ရောက်သွားပြန်တယ်။

ဒီတစ်ခါမှာတော့ လီဖူချန်းက ပိုနက်ရှိုင်းတဲ့နေရာကို သွား‌နိုင်ပါတယ်။

အမည်းရောင်စကြာဝဠာအထဲမှာ ထိုဧရာမလက်က အချိန်နဲ့အမျှ ဖျက်ဆီး၍မရပုံ ပေါ်နေပါတယ်။ ကြယ်တစ်လုံးကို ဖျက်ဆီးဖို့က ၎င်းအတွက် အေးဆေးပါပဲ။

"ဒီစိတ်ဆန္ဒရုပ်တုက နတ်ဘုရားလက်ရဲ့ပိုင်ရှင်က ပြုလုပ်ထားတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်"

လီဖူချန်းက ကြယ်ဥပဒေဿနဲ့ကပ်ဘေးဥပဒေဿတစ်ခုကိုမှ အာရုံမခံမိပါဘူး။ သူက အားဥပဒေဿကိုသာ အာရုံခံမိပါတယ်။  ဒါပေမယ့် နတ်ဘုရားလက်ရဲ့ပိုင်ရှင်က အားလက်နဲ့အတူ စကြာဝဠာကို ဖိနှိပ်နိုင်ခဲ့တဲ့သူပါ။

ကျောက်တုံးကွဲလက်ကို သိမ်းပြီးနောက် လီဖူချန်းက ကျင်းသခင်မရဲ့မျက်နှာသာပေးမှုကို မှတ်သားထားပါတယ်။ သူမက သူ့ကို အကူအညီတောင်းလာရင် သူတော်စင်တစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင်မှ လီဖူချန်းက အကောင်းဆုံးအားထုတ်ပေးမှာပါ။

***

All Chapters