← Chapters

နတ်ဆိုးတစ်သောင်းလိုဏ်ဂူ

Vol. 55 Ch. 754

နတ်ဆိုးတစ်သောင်းလိုဏ်ဂူ

Vol. 55 Ch. 754

နောက်ရက်အနည်းငယ်အထိ လီဖူချန်းက လလက်အား ရင်းနှီးကျွမ်းဝင်ခိုင်မာတည်ငြိမ်စေလိုက်တယ်။

တစ်ပတ်ကြာပြီးနောက် သူက ကြယ်ဥပဒေဿရဲ့တိုးတက်လာမှုကို အပြည့်အဝထိန်းချုပ်နိုင်လာတယ်။ သူက ကျောက်တုံးအပိုင်းအစတစ်ခုကို ပစ်လွှတ်မယ်ဆိုရင် ကျောက်တုံးက ကြယ်ဥပဒေဿကြောင့် ကြယ်တံခွန်တစ်ခုပမာ ဖြစ်လာပြီး ရန်သူတွေကို ထိုးဖောက်သွားနိုင်ပါလိမ့်မယ်။

လီဖူချန်းက ဓားသမားအစည်းအရုံးကို ရောက်ရှိလာတယ်၊ အဆင့်၅ဓားသမားဖြစ်စေဖို့အတွက် သူက နောက်ထပ်အလယ်ဆင့်မစ်ရှင်တစ်ခုကို ယူရန် ဆုံးဖြတ်လိုက်တယ်။

ဒီတစ်ခါမှာတော့ အမှတ်၁၀၀၀၀ရမယ့်မစ်ရှင်တစ်ခုမှ မတွေ့ပါဘူး။ စေ့စေစပ်စပ်ရှာဖွေပြီး‌နောက် လီဖူချန်းက အမှတ်၄၀၀၀ရရှိမယ့် မစ်ရှင်ကို ယူလိုက်တယ်။

…

မြို့ရဲ့အပြင်ဘက်မှာ ဖြာထွက်နေတဲ့အလင်းတန်းတစ်ခု ရှိနေတယ်။ အရှိန်က အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောထက် ဆယ်ဆပိုမြန်တယ်။

ဖြာထွက်နေတဲ့အလင်းတန်းထဲမှာ လီဖူချန်းက ပြုံးနေလျက်ရှိတယ်။

လလက်ကို ရောက်ရှိပြီးနောက် သူထုတ်လွှတ်တဲ့ကြယ်ဥပဒေဿက ဟင်းလင်းပြင်ကို တွန့်လိမ်စေဖို့ လုံလောက်ပြီး အစွန်းနှစ်ခုကြား အကွာအဝေးကိုတောင် ကျုံ့သွားစေပါတယ်။

မူလက သူ့ရဲ့အမြန်နှုန်းက အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောထက် နိမ့်တယ်ပေါ့၊ ဒါပေမယ့် အခု သူက ဆယ်ဆ ပိုမြန်လာနေတယ်။ သူသာ ဆန္ဒရှိရင် ရွှေသဲမြို့မှ ဆောင်းဦးသစ်ရွက်မြို့ထံ ပြန်ဖို့ သုံးရက်အောက်သာ အချိန်ယူရတော့မှာပါ။

အစက သူတို့က ဆောင်းဦးသစ်ရွက်မြို့မှ ရွှေသဲမြို့ကို ခရီးနှင်တဲ့အခါ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို သုံးတာတောင် သုံးလထက် ကြာပါတယ်။

***

သိပ်မကြာခင် လီဖူချန်းက နတ်ဆိုးတစ်‌သောင်းလိုဏ်ဂူကို ရောက်လာပါတယ်။

နာမည်အတိုင်းပါပဲ၊ နတ်ဆိုးတစ်သောင်းလိုဏ်ဂူက နတ်ဆိုးသားရဲတွေ စုစည်းရာ နေရာတစ်ခုပါ။

ဒီနေရာမှာ နတ်ဆိုးနှလုံးသားသစ်သီးလို့ခေါ်တဲ့ အပင်တစ်ပင်ရှိတယ်။ ဒါက အခြေခံအားဖြင့် သိုင်းအနုပညာရှင်တွေအတွက် အသုံးမဝင်တာကြောင့် နတ်ဆိုးနှလုံးသားသစ်သီးက အဆင့်သတ်မှတ်ချက်တစ်ခုတော့ မရှိပါဘူး။

လီဖူချန်းက နတ်ဆိုးတစ်သောင်းလိုဏ်ဂူကို ဝင်လာပါပြီး။

နတ်ဆိုးတစ်သောင်းလိုဏ်ဂူက ကြီးမားပြီး မြေအောက်ကမ္ဘာတစ်ခုနဲ့ တူပါတယ်။ အဲဒါက နယ်နိမိတ်မရှိဘူး၊ မှောင်တယ်၊ နက်ရှိုင်းတယ်။ အပြင်ကမ္ဘာနဲ့မတူတာက နေ့ချိန်ဆိုရင် ဒီနေရာက အမှောင်ထုဥပဒေဿတွေ ပိတ်ဖုံးထားပါတယ်။ ဒီနေရာကို ဝင်လာတဲ့ဘယ်သူမဆို ခွန်အားအားဖြင့် နိမ့်ကျသူမရှိပါဘူး၊ ဒါက လီဖူချန်းအတွက်လည်းပဲ အတူတူပါပဲ။

လီဖူချန်းက သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို မိုင်၅၀၀ထိ ချဲ့ထွင်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာစေပါတယ်။

တစ်နာရီကြာပြီးနောက် လီဖူချန်းက နတ်ဆိုးနှလုံးသားသစ်သီးကို ရှာတွေ့သွားပါတယ်။

နတ်ဆိုးနှလုံးသားသစ်သီးက နွယ်အမျိုးအစားသစ်သီးတစ်မျိုးပါပဲ။ ရိုးတံတစ်ခုမှာ သစ်သီးသုံးလုံး ရှိပါတယ်။ သူတို့အသီးသီးက နီရဲတောက်ပနေတဲ့ကျောက်ရိုင်းတုံးတစ်ခုပမာ တူပါတယ်။

ဒါပေမယ့် အဲဒါကို နတ်ဆိုးသားရဲမဟာမင်း၊ အမှောင်ထုစပါးအုံးမင်းက စောင့်ကြပ်နေပါတယ်။

အမှောင်ထုစပါးအုံးမင်းရဲ့ခန္ဓာကိုယ်မှာ အားကောင်းတဲ့အမှောင်ထုသွေးမျိုးဆက်တစ်ခု ရှိပါတယ်၊ အဲဒါက နတ်ဆိုးတစ်သောင်းလိုဏ်ဂူ ဒါမှမဟုတ် ညဘက်မှာ ခွန်အားအားဖြင့် တိုးလာစေပါတယ်။ ဒါ့ပြင် သူ့ရဲ့အာရုံက အခြားနတ်ဆိုးသားရဲမင်းတွေထက် ဆယ်ဆပိုကောင်းပါတယ်။ လီဖူချန်းက ဖုံးကွယ်မန္တန်တစ်ခုကို ဖော်ထုတ်လိုက်ပေမယ့် သူက အမှောင်ထုစပါးအုံးမင်းကို မဖုံးကွယ်နိုင်ပါဘူး။ ဒါပေမယ့် သူက ပုန်းနေချင်ရင် ပုန်းလို့ရပါတယ်၊ ဒါပေမယ့် မလိုပါဘူးလေ။

ပြီးတော့ ဒါက အမှောင်ထုစပါးအုံးမင်းပါပဲ၊ နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်မဟုတ်ပါဘူး။

စစ် စစ် စစ်.........

အမှောင်ထုစပါးအုံးမင်းရဲ့ထူထည်ပြီးအားကောင်းတဲ့ခန္ဓာကိုယ်က ထလာပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာ ဇလုံတစ်ခုလောက် ရှိတဲ့ ကြေးခွံနက်တွေ ရှိပါတယ်။ အမှောင်နတ်ဆိုးချီက အနက်ရောင်မီးတောက်တစ်ခုနဲ့ တူပြီး ရေဘဝဲရဲ့လက်တွေက ဦးတည်ဘက်တိုင်းကို ဆန့်ထွက်နေသလိုမျိုးပါပဲ။

"လူသား၊ မင်းက နတ်ဆိုးတစ်သောင်းလိုဏ်ဂူကို ချေချရဲတယ်ပေါ့လေ။ ဘယ်သူကများ မင်းကို သတ္တိ‌တွေ ပေးထားတာလဲ" အမှောင်ထုစပါးအုံးမင်းက ကြိမ်းဝါးလိုက်ပါတယ်။

"နတ်ဆိုးတစ်သောင်းလိုဏ်ဂူမှာ နတ်ဆိုးနှလုံးသားသစ်သီး ရှိမှတော့၊ ငါက ဒီနေရာကို လာရမှာပေါ့။ မင်းက ငါ့ကို နှောင့်ယှက်ရင် ငါ မင်းကို သတ်ဖို့ စိတ်မရှိဘူးနော်"

လီဖူချန်းက စုပ်ယူအားတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ ပြီးနောက် သူက နတ်ဆိုးနှလုံးသားသစ်သီးကို လက်ထဲကို ဆွဲယူလိုက်ပါတယ်။

အမှောင်ထုစပါးအုံးမင်းက ချက်ချင်း ဒေါသပေါက်ကွဲသွားပါတယ် "မင်း သေချင်နေတာပဲ"

အမှောင်နတ်ဆိုးချီက လျင်မြန်စွာ ပျံ့နှံ့လာပါတယ်။ အမှောင်နတ်ဆိုးသားရဲတစ်ကောင်အနေနဲ့ အမှောင်ထုစပါးအုံးမင်းမှာ အားကောင်းတဲ့ဝါးမျိုခြင်းသက်ရောက်မှုတစ်ခု ရှိပါတယ်။ ဘယ်လူသားမဆို အမှောင်နတ်ဆိုးချီထဲမှာ နစ်မြုပ်သွားတာနဲ့ သူတို့ရဲ့အရိုးနဲ့အသားက တိုက်စားခံရပြီး သူ့အဟာရအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးစပါးအုံးမင်းက ကံဆိုးသွားတာပဲ။ သူ့ရဲ့အမှောင်နတ်ဆိုးချီက မပျံ့နှံ့ခင် လီဖူချန်းရဲ့ကြယ်ဥပဒေဿက အမှောင်ထုစပါးအုံးမင်းကို ဝန်းရံထားပြီးပါပြီ။ ချက်ချင်းပဲ အမှောင်ထုစပါးအုံးမင်းက သွေးတုံးကြီးတစ်ခု ဖြစ်သွားပါတယ်။

ထိုအ‌ရေးအခင်းက နတ်ဆိုးသားရဲမင်းများစွာကို ဆွဲဆောင်သွားပါတယ်။ လူတစ်ယောက် နတ်ဆိုးတစ်သောင်းလိုဏ်ဂူကို ဝင်လာတာကို သူတို့က သတိပြုမိခဲ့လေတယ်။

နတ်ဆိုးချီတွေ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးသားရဲမင်းများစွာက ဦးတည်ဘက်တိုင်းမှ ပြေးထွက်လာနေကြတယ်။ နတ်ဆိုးသားရဲမဟာမင်းအချို့တောင် ပါရှိပါတယ်။

လီဖူချန်းက ခေါင်းခါပြီး ကြယ်ဥပဒေကို ဖော်ထုတ်လိုက်တယ်၊ နတ်ဆိုးသားရဲတွေအားလုံး သွေးပုံကြီးတစ်ခု ဖြစ်သွားတော့တယ်။

"ငါ နောက်ထပ် နတ်ဆိုးနှလုံးသားသစ်သီးခုနှစ်လုံးလိုသေးတယ်" လီဖူချန်းက နတ်ဆိုးတစ်သောင်းလိုဏ်ဂူရဲ့အတွင်းပိုင်းကို ဆက်သွားနေလိုက်‌တယ်။

နေ့ဝက်တောင် မကြာပါဘူး၊ လီဖူချန်းက နတ်ဆိုးသားရဲ၁၀၀၀ကျော်ကို သတ်ခဲ့ပြီးပါပြီ။

"နတ်ဆိုးနှလုံးသားသစ်သီး၁၂လုံး။ ဒါဆိုရင် လုံလောက်ပြီး"

နတ်ဆိုးနှလုံးသားသစ်သီးသုံးလုံးကို သိမ်းပြီးနောက် လီဖူချန်းက ပြန်လှည့်လိုက်တော့တယ်။

"လူသား၊ ငါ့သားရဲမဟာမင်းများစွာကို သတ်ပြီးမှ မင်းက ထွက်သွားချင်နေတာလား"

အသံတစ်ခု ထွက်လာတယ်။ အမှောင်ထုတစ်ခုက နတ်ဆိုးတစ်သောင်းလိုဏ်ဂူရဲ့အနက်ပိုင်းမှ လွှမ်းခြုံလာနေတယ်။ ‌ကြောက်စရာဖိအားက လူသားတွေကို ထိတ်လန့်စေဖို့ လုံလောက်ပါတယ်။

"ငါ ထွက်သွားမယ်ဆိုရင်ရော မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ" လီဖူချန်းက ပြန်လှည့်ပြီး အမှောင်ထုကို ရင်ဆိုင်လိုက်ပါတယ်။

နတ်ဆိုးတစ်သောင်းလိုဏ်ဂူမှာ သားရဲအရှင်သခင်နှစ်ကောင်ရှိပါတယ်။ တစ်ကောင်က အမှောင်ကြေးခွံအရှင်သခင်ဖြစ်ပြီး နောက်တစ်ကောင်က အရိုးမီးအရှင်သခင်ပါ။ နှစ်ကောင်လုံးက အဆင့်နိမ့်သားရဲအရှင်သခင်တွေပါ။ လီဖူချန်း ထင်တာ မမှားရင် ဒီကောင်က အမှောင်ကြေးခွံအရှင်သခင်ဖြစ်လောက်တယ်။

သိပ်မကြာခင်မှာပဲ၊ အမှောင်ကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ ကြီးမားတဲ့ပုံရိပ်တစ်ခုက အမှောင်ထုမှ ‌ထွက်လာပါတယ်။

အမှောင်ကြေးခွံအရှင်သခင်မှာ အဆင့်မြင့်တိုင်ယန်သားရဲဖြစ်တဲ့ အမှောင်ချီလင်ရဲ့ သွေးမျိုးဆက် ရှိပါတယ်။ စကြာဝဠာရှိ တိုင်ယန်တွေထဲက တစ်ကောင်ပါ။

အမှောင်ကြေးခွံအရှင်သခင်က တိုင်ယန်သားရဲတစ်ကောင်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အမှောင်ချီလင်ရဲ့သွေးမျိုးဆက်နဲ့ဆိုရင် သူ့ရဲ့ခွန်အားက သာမန်အဆင့်နိမ့်အရှင်သခင်‌တွေထက် ပိုသန်မာပါတယ်။

"ဒီလို ရဲတင်းမှုမျိုး" အမှောင်ကြေးခွံအရှင်သခင်ရဲ့မျက်လုံးတွေက တောက်ပသွားပါတယ်။ လီဖူချန်းက ဘာကြောင့် ဒီလောက် ယုံကြည်ချက်ပြင်းပြနေတာကို သူက နားမလည်နိုင်ပါဘူး။

"သေစမ်း"

အမှောင်ကြေးခွံအရှင်သခင်က တိုက်ခိုက်မှုတစ်ခုကို ချက်ချင်း ဖော်ထုတ်လိုက်ပါတယ်။ သူက ပါးစပ်ဟပြီး လီဖူချန်းထံ အနက်ရောင်မီးတောက်တွေကို ပစ်လွှတ်လိုက်ပါတယ်။

လီဖူချန်းက သူ့ရဲ့လက်သီးကို မြှောက်ပြီး လက်သီးတစ်ချက် ပေးလိုက်ပါတယ်။

ဘုံး........

ဟင်းလင်းပြင်က တွန့်လိမ့်သွားပါတယ်၊ လက်သီးကြီးက စကြာဝဠာကို ဖြတ်သန်းသွားတဲ့ ကြယ်တံခွန်ပမာပါပဲ။ ၎င်းပျံသန်းသွားတဲ့နေရာတိုင်းကို ဖျက်ဆီးသွားမှာပါ။ နတ်ဆိုးတစ်သောင်းလိုဏ်ဂူရဲ့အမှောင်ဥပဒေဿကတောင် နောက်ဆုတ်လိုက်ရချေတယ်။

အမှောင်ကြေးခွံအရှင်သခင်က ထိတ်လန့်သွားတာကြောင့် အနက်ရောင်မီးတောက်တွေက ပြန့်ကြဲသွားပါတယ်။ လက်သီးက မရပ်တန့်ဘဲ သူ့ရဲ့ရင်ဘက်ပေါ် ကျရောက်လာပါတယ်။

ခရက်.........

အရိုးကြေသံကို ကြားလိုက်ရမှာပါ။ အမှောင်ကြေးခွံအရှင်သခင်ရဲ့ပုံရိပ်က လွင့်ထွက်သွားပြီး လမ်းတစ်လျှောက် နတ်ဆိုးသားရဲမင်းများစွာ သေကြေပျက်စီးပြီးမှသာ ရပ်တန့်နိုင်သွားပါတယ်။

"မဖြစ်နိုင်ဘူး"

သွေး အန်ထုတ်ပြီး‌နောက် သူ့ရဲ့ကမ္ဘာကြီးအပေါ်အမြင်က ပြိုပျက်သွားသလို ခံစားလိုက်ရပါတယ်။

"လက်သီးတစ်ချက်က ငါ့ကို လွင့်ထွက်သွားစေတယ်။ ဒီလူသားက သူ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထားတဲ့ သူတော်စင်တစ်ယောက်များ ဖြစ်နေမလား။ ဟုတ်တယ်၊ သူက သူတော်စင်ပဲ ဖြစ်ရမယ်။ သူက သူတော်စင်တစ်ယောက်မဟုတ်ရင် သူ့အနေနဲ့ လက်သီးတစ်ချက်တည်းနဲ့ ငါ့ကို လွင့်ထွက်သွားစေဖို့က မဖြစ်နိုင်ဘူး"

"ပြေး"

တုံ့ဆိုင်းမနေဘဲ အမှောင်ကြေးခွံအရှင်က ထွက်ပြေးသွားလိုက်တယ်။

"ထွက်ပြေးသွားတာလား"

လီဖူချန်းက မလိုက်ပါဘူး။ ဒီနေရာက သူတို့ရဲ့စားကျက်ဖြစ်ပြီး သူက အမှောင်ကြေးခွံအရှင်သခင်ကို သတ်နိုင်ဖို့ ယုံကြည်ချက် မရှိပါဘူး။ အချိန်မဖြုန်းတာပဲ အကောင်းဆုံးဖြစ်မှာပါ။

ဒီတိုက်ပွဲပြီးနောက် လီဖူချန်းက သူ့ရဲ့ခွန်အားကို အကြမ်းဖျင်းနားလည်လာပါတယ်။

အမှောင်ကြေးခွံအရှင်သခင်က အားဘီလူးအရှင်သခင်ထက် နှစ်ဆပိုသန်မာပါတယ်၊ ဒါပေမယ့် လီဖူချန်းက လက်သီးတစ်ချက်တည်းနဲ့ သူ့ကို လွင့်ထွက်သွားစေတယ်။ တကယ်လို့ သူက အားဘီလူးအရှင်သခင်နဲ့ ထပ်တွေ့ရင် သူက လက်သီးတစ်ချက်တည်းနဲ့ အားဘီလူးအရှင်သခင်ကို အပြင်းအထန် ဒဏ်ရာရစေနိုင်မှာပါ။

ပြီးနောက် လီဖူချန်းက နတ်ဆိုးတစ်သောင်းလိုဏ်ဂူမှ ထွက်ခွာသွားပါတော့တယ်။

***

All Chapters