အခန်း (၄၅၄)
Vol. 31 Ch. 454
"ငါတော့ နင့်ကို ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး...."
"သွားစို့ အစ်ကိုရီ... ရေကူး၀တ်စုံရောင်းတဲ့ ဆိုင်ကို သွားကြမယ်..."
"သွားစို့.. ငါရောင်းတဲ့နေရာ သိတယ်..."
အနောက်တွင် လင်းရီ အီရန်ဘွိုင်းလုပ်စဉ်အခါက စတိုးဆိုင်တစ်ဆိုင်တွင် ရေကူးကွင်း ၀ယ်ခဲ့ပေးဖူး၏။ ထိုနေရာ၌ ရေကူး၀တ်စုံများလည်း ရောင်းချပေသည်။
"အွန်း သွားကြမယ်...."
လင်းရီ ပြုံးပြီးနောက် ကားအင်ဂျင်ကို စက်နှိုး၍ စတင်ထွက်ခွာလေသည်။ လမ်း၏ တစ်ဖက်တွင်တော့ ပင်လယ်ပြာကြီးတစ်ခု ရှိနေပြီး လီချူးဟန်တို့ကတော့ ကားပြတင်းပေါက်မှတစ်ဆင့် ငေးမောနေကြလေသည်။ ထိုသို့ ကြည့်ရှုခြင်းက လူတစ်ယောက်၏ စိတ်အခြေအနေက်ု တစ်ဆင့် တိုးတက် ကောင်းမွန်သွားစေသည်။
လင်းရီကတော့ မောင်းရင်း ရေကူး၀တ်စုံများမှာ မည်မျှအံ့ဩဖွယ်ကောင်းကြောင်း တွေးတောနေခဲ့၏။
ရေကူး၀တ်စုံ၀တ်ဆင်သူမှာ အသက်ငယ်ရွယ်သူဖြစ်စေ၊ ကိုးဆယ့်ကိုးနှစ်အရွယ် အဖွားကြီးပင်ဖြစ်စေ ရေကူး၀တ်စုံ၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ကြချေ။
အချို့သော အထဲ၌ ရေကစားသည့် နေရာများတွင် သက်လတ်ပိုင်းအန်တီကြီး တော်တော်များများမှာ ရေကူး၀တ်စုံ ၀တ်ဆင်၍ လျှောက်သွားနေတတ်ကြ၏။ ထိုနာမည်က ၎င်းတို့၏ အရှက်ကို တကယ်ပဲ မေ့ပျောက်စေနိုင်လေသည်။
ဆန့်ကျင်ဘက်အနေဖြင့် အတွင်းခံဘရာနှင့်ဆိုပါက အမျိုးသမီးများမှာ ၀တ်ဆင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။
လင်းရီ ထိုဆိုင်သို့ နောက်တစ်ခေါက် ပြန်ရောက်လာသည့်အချိန်တွင်တော့ ကြက်ခေါင်းဥိီးလေးကြီးနေရာတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်မှ အစား၀င်ရောက်နေလေသည်။ ထိုခေါင်းကြီး၏ လုပ်ရပ်များကို ရဲများက ရှာတွေ့သွား၍ အဖမ်းခံလိုက်ရလေသလောဟု လင်းရီတိတ်တဆိတ် တွေးတောကြည့်မိသွား၏။
ထိုအချိန်တွင် ချောင်ရှင်းတို့မှာတော့ ရေကူး၀တ်စုံကို ရွေးချယ်နေကြလေသည်။
"ဒါရိုက်တာလီ... ကျွန်မအထင်တော့ အဖြူရောင်လေးက မဆိုးဘူးလို့ ထင်တာပဲ..."ချောင်ရှင်း ပြောလိုက်၏။
"တော်ပြီ... အဲ့တာကြီးက အရမ်း ဖော်လွန်းတယ်... ပိုပြီး သာမန်ဆန်တာလေး ရွေးလိုက်..."လီချူးဟန် ခေါင်းခါရမ်း၍ ငြင်းပယ်လိုက်သည်။
"ဒါပေမယ့် အစ်ကိုရီကတော့ နှစ်သက်လောက်တယ်နော..."
"သူ ယူခိုင်းရင်တောင်မှ ငါမ၀တ်ဘူး..."လီချူးဟန် ပြောလိုက်ပြီး "နောက်တစ်ခု ပြောင်းလိုက်..."
"အမ်....."ချောင်ရှင်း ခေတ္တ တုံ့ဆိုင်းနေပြီးနောက်...."ကျွန်မက ငယ်သေးတယ်ဆိုတော့ ဒါရိုက်တာလီပဲ ကိုယ်တိုင်ရွေးလိုက်ပါလား...."
လီချူးဟန်၏ အကျင့်စရိုက်မှာ သာမန်လူတို့ထက် ကျော်လွန်နေကြောင်း လင်းရီ ခံစားမိသည်။
သူမ ခန္ဓာကိုယ်ချင်း ထပ်တူကျအောင် ပြုလုပ်နေသညါ့ အချိန်၌ပင် စက်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေလိမ့်မလားဟု လင်းရီ စူးစမ်းချင်မိသွား၏။
'အင်း... မပြောတတ်ဘူး... ဖြစ်ရင် ဖြစ်နိုင်လောက်တယ်...'
"ညီမလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို ဒီသိုင်းကြိုးပါတဲ့ စတိုင်လေးတွေနဲ့ တကယ်လိုက်ဖက်မှာ... "အမျိုးသမီး ဆိုင်ပိုင်ရှင်မှာ အစိမ်းပုပ်ရောင် ရေကူး၀တ်စုံတစ်ထည်ကို ညွှန်ပြလိုက်၏။
လီချူးဟန်လည်း ထို၀တ်စုံကို တစ်ချက်ကြည့်လိုက်ပြီး မဆိုးဘူး ခံစားနေဪ၏။ ထို့ကြောင့် ခေါင်းညိမ့်လိုက်သည်။ "ဒီတစ်ထည်ယူလိုက်မယ်... နောက်ပြီး ခြုံထည်အပါးလေးကောပဲ... တစ်ထည်လောက်...."
ချောင်ရှင်း ရယ်သွမ်းလိုက်ပြီး "အစ်ကိုရီ... အစ်ကို့ ကဏ္ဍ ရောက်လာပြီနော်....ပိုက်ဆံရှင်းလိုက်တော့..."
"လျှောက်ပြောမနေနဲ့.. ၀ယ်တာက ငါ၀ယ်တာကို ဘာလို့ နင့်ရဲ့ အစ်ကိုရီက ပိုက်ဆံရှင်းပေးရမှာ...."
"ဒါပေါ့ .. အစ်ကိုရီ ပိုက်ဆံ ရှင်းပေးရမယ်လေ..... ဘာလို့လဲဆိုတော့ ကြည့်ခလေ... "ချောင်ရှင်း ပါးစပ်အုပ် ရယ်မောလိုက်ပြီး "ကျွန်မတို့ရဲ့ အစ်ကိုရီကို အလကားကြည့်ခိုင်းလို့တော့ ဘယ်ဖြစ်မှာလဲ.. ဟုတ်တယ်မလား... ပြီးတော့ဒါရိုက်တာလီက ကျွန်မတို့ရဲ့ ခေါင်းဆောင်ဆိုတော့ အလကား အမြတ်ထုတ်လို့ ဘယ်ရမှာ...."
လီချူးဟန် မျက်နှာထက်တွင် ရှားပါးသည့် ရှက်ပြုံးလေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး အလျှင်အမြန်ပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
"အင်း...."
လင်းရီ စက္ကန့်အနည်းငယ်ခန့် စဉ်းစားချင့်ချိန်ပြီးနောက် "ဒါလည်း ဟုတ်သားပဲ.... ထောက်ခံတယ်...."
ရေကူး၀တ်စုံမှာ ဈေးမကြီးလှပေ။ ၂၉၈ ယွမ်မျှသာ ကျသင့်ပြီး လင်းရီ စကန်ဖတ်၍ ပေးချေလိုက်၏။ ထို့နောက် ကျန်သူများနှင့် ပြန်ဆုံရန် ကမ်းခြေသို့ မောင်းထွက်လာခဲ့လေသည်။
"အစ်ကိုရီကို ခဏလောက် ထွက်ပေးဖို့ ဒုက္ခပေးရတော့မယ်... ဒါရိုက်တာလီနဲ့ ညီမတို့ အ၀တ်စား လဲချင်လို့..."
"ရတယ်လေ..."
လင်းရီ ကားထဲမှ ထွက်လိုက်ပြီး အပြင်တွင် ရပ်စောင့်နေလိုက်သည်။
"အိုးမိုင်ဂေါ့... အကြီးကြီးပဲ... ဒါရိုက်တာလီ... ရှင်ဒါတွေကို ကောင်းကောင်းကြီး ဖုံးကွယ်ထားတာပဲနော်..."
"ဟဲ့ တိုးတိုးပြောစမ်း..."
"ဒါကကောင်းတာပြောတာပဲလေ... ဘာဆိုင်လို့ တိုးတိုးပြောရမှာ..."ချောင်ရှင်း ပြုံးလိုက်ပြီး
"အစ်ကိုရီကို မျက်စိကျနေတဲ့ အမျိုးသမီးတွေက အများကြီး.. ညီမတို့က အားနည်းပြလို့ ဘယ်ရမှာလဲ ဟုတ်တယ်မလား...."
"နင်တို့ မိန်းကလေးတွေကိုတော့ ငါတကယ်လက်လှန်တယ်... ဘာမှ မဟုတ်တာလေးကို စာဖွဲ့နေကြတာ...တကယ်တည်း...."
မိနစ်အနည်းငယ်ကြာပြီးနောက် လီချူးဟန်နှင့် ချောင်ရှင်းတို့ ကားထဲမှ ရေကူး၀တ်စုံကိုယ်စီနှင့် ထွက်လာခဲ့ကြ၏။
လီချူးဟန်၏ အသားအရေမှာ လင်းရီထင်ထားသည်ထက်ကို ၀င်းဝါ ချောမွတ်နေလေသည်။
'တကယ်ကို မထင်ရဘူးပဲ...'
ခြေတံများမှာ လျန်ရူရွှယ်လောက် မရှည်သော်လည်း သူ့အချိုးအစားနှင့်သူတော့ သင့်တင့်လှပေသည်။
အထူးသဖြင့်တော့ သူမ၏ အစိမ်းပုပ် ရောင် ရေကူး၀တ်စုံအောက်တွင် ပုန်းကွယ်နေသည့် ယုန်ကြီးများပင်။ သူမ ခြေတစ်လှမ်းလျှောက်တိုင်း လင်းရီ ရင်ထဲတွင် လှိုင်းကြီးတစ်ချက် ရိုက်ခတ်သွားသကဲ့သို့ ခံစားနေရတော့၏။
"အစ်ကိုရီ... ဒါရိုက်တာလီနဲ့ ညီမတော့ လဲပြီးသွားပြီ... အစ်ကိုရီ အလှည့်ပဲ..."
"မင်းတို့အရင်သွားနှင့်ကြ... လဲပြီးရင် ငါလာရှာလိုက်မယ်...."
"မရဘူး... ညီမက ထိုင်ပြီး စောင့်နေမှာ... "ချောင်ရှင်းပြောလိုက်ပြီး "အစ်ကိုရီရဲ့ ကိုယ်လုံးကို ပထမဆုံးမြင်ရတဲ့သူက ညီမပဲ ဖြစ်ရမယ်... ပြီးတော့ ၀မ်းဗိုက်ကြွက်သားကြီးတွေ ရှိမရှိလည်း စူးစမ်းရင်းပေါ့ ဟီးဟီး...."
"ဘာတွေ ၀မ်းဗိုက်ကြွက်သားနေတာ... ဒီနေရာက လမ်းမကြီး... ရပ်မနေနဲ့... သွားကြမယ်.."
"အိုး အိုး.... ဒါရိုက်တာလီ ပြောတာလည်း ဟုတ်သားပဲ...."
"အစ်ကိုရီ.... ညီမတို့ ဟိုမှာပဲ စောင့်နေလိုက်တော့မယ်နော်....မြန်မြန်လာခဲ့...."
"ကောင်းပြီ...."
လင်းရီ ကားထဲသို့ ပြန်၀င်လိုက်ပြီး အသင့်ယူလာခဲ့သည့် ရေကူးအင်္ကျီနှင့် ဘောင်းဘီကို ၀တ်ဆင်ကာ ကမ်းခြေစီးဖိနပ်ကို စီးနင်းလိုက်သည်။
ထိုအခိုက်အတန့်တွင်တော့ ၀မ်ကျန်းဆိပ်ကမ်း၌ ၀မ်ဇီရီနှင့် နာ့စ်များမှာ ဘာဘီကျူးများ ကင်ရင်း လီချူးဟန်တို့ ပြန်အလာကို စောင့်ဆိုင်းနေကြလေသည်။
"ဒါရိုက်တာ၀မ်ရဲ့ ၀မ်းဗိုက်က တကယ့်ကို အဆီပိုတွေ မရှိတာနော်.... လေ့ကျင့်ခန်း နည်းနည်းလေး လုပ်လိုက်လို့ကတော့ abs ကြီးတွေ ထွက်လာနိုင်တယ်မလား....."
"အင်း... ဒါပေမယ့် မလုပ်ဖြစ်သေးတာကြာတော့ abs တွေက သိပ်မမြင်ရတော့ဘူး... တကယ်လို့ ဂျင်ကို တစ်လလောက် သွားဆော့လိုက်မယ်ဆိုရင် ထွက်လာလောက်တယ်...."
၀မ်ဇီရီ ၀င့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။
"ဟဲ့ ဟဲ့ .... ဟိုမှာ ဒါရိုက်တာလီတို့ ပြန်လာနေပြီဟဲ့....."
"မဖြစ်နိုင်လိုက်တာ.... အဲ့တာတွေက အဲ့လောက်ကြီး ရှိတယ်လား.... ငါတို့တော့ ဒါရိုက်တာလီ အရူးလုပ်တာကို ခံလိုက်ရပြီ....."
"သူမ ဒါရိုက်တာ ဖြစ်လာတာ မဆန်းတော့ပါဘူး.... လကိစသတ်တော့ ငါတို့ထက် အများကြီး သာနေတာကိုး....."
အသားကင်နေသည့် ၀မ်မာဇီလည်း တွေဝေ ငေးမောသွားရသည်။
သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ပေါင်တံကြီးတွေက အရမ်းလှတာပဲ....
လီချူးဟန်ကတော့ နားမလည်နိုင်ဖြစ်နေလေသည်။
'မိန်းကလေးတိုင်းက ဒါတွေ ရှိတယ်မဟုတ်ဘူးလား.... မခွဲစိတ်ခင် လူနာတွေကိုလည်း ဒီနေရာတွေ စစ်ဆေးနေကြပဲလေ... ဘာလို့ လာပြီး အထူးအဆန်းဖြစ်နေကြတာ.....'
သူမကိုယ်သူမ ခြုံထည်အပါးကို လွှမ်းခြုံလိုက်ရင်း လီချူးဟန် ပြောလိုက်သည်။
"ငါ့ကိုပဲ ကြည့်မနေကြနဲ့.... နင်တို့စားစရာရှိတာကို စားကြ....."
နာ့စ်ငယ်လေးများမှ ရယ်မောလိုက်ကြပြီးနောက် လင်းရီကို မတွေ့သောအခါ "အမ်.... ဒါရိုက်တာလင်းကော.... ဒါရိုက်တာလီတို့နဲ့ အတူသွားခဲ့တာ မဟုတ်ဘူးလား....."
"ဟိုမှာ ဟိုမှာ... သူ ငါတို့ဆီ ရောက်လာနေပြီ....."ချောင်ရှင်း မနီးမဝေးရှိ လင်းရီကို လက်ညိုးထိုးပြလိုက်၏။
"ဟင်.... ဘာတွေ ဖြစ်နေတာ.... ဘာလို့ အစ်ကိုရီက စွပ်ကျယ်ကြီး ၀တ်ထားတာလဲ....."
"ဟုတ်တယ်.... ဘာလို့ ဒါရိုက်တာလင်းက သူ့ရဲ့ ကြွက်သားတွေကို မပြချင်ရတာ.... ကျွန်မဆို A cup ပဲရှိတာနော်... ဒါတောင်မှ ဘစ်ကနီ ၀တ်ထားသေးတယ်...."
"ဒါရိုက်တာလင်းက အရမ်း စေးနည်းတာပဲ.... ငါတို့ကို မပြချင်ဘူးနဲ့တူတယ်....."
"မင်းတို့ ကောင်မလေးတွေ... ဒါရိုက်တာလင်းကိုလည်း မျက်နှာလေး နည်းနည်းပါးပါး ပေးလိုက်ကြပါဦးဟ...."၀မ်ဇီရီ ပြောလိုက်၏။
"ကျွန်မတို့က ဘာလဲလုပ်နေလို့....."
"ကမ်းခြေကို လိုက်ကြည့်လိုက်... အင်္ကျီမ၀တ်ထားတဲ့သူနဲ့ အင်္ကျီ၀တ်ထားတဲ့သူက ဘာတွေ ကွာခြားနေလဲ....."
ချောင်ရှင်း ၊ ယွမ်စီးချီနှင့် ကျန်သူများအားလုံး ကမ်းခြေကို ဝေ့ကြည့်လိုက်သောအခါ စိတ်၀င်စားစရာ တစ်ခုကို ရှာတွေ့သွားခဲ့သည်။
အင်္ကျီ ၀တ်ဆင်ထားကြသူများမှာ သက်လတ်ပိုင်း လူကြီးများဖြစ်ပြီး ကိုယ်ဗလာနှင့် ရှိနေကြသူများကတော့ လူငယ်လေးများပင်။
"ခုသိပြီမလား... ၀မ်းဗိုက်ကြွက်သား ရှိတဲ့သူတွေ မှ ကိုယ်ဗလာနဲ့ နေကြတာ.... ခန္ဓာကိုယ် မလှမပနဲ့အဆီဗိုက်ကြီးတွေကျတော့ အင်္ကျီ၀တ်ကြီးနဲ့....အဲ့တာကြောင့် မင်းတို့ကို အလိုက်တသိနဲ့ မျက်နှာသာပေးလိုက်ကြပါလို့....."
ပြောရင်းဖြင့် ၀မ်ဇီရီ သူ၏ ကျောကို ဖြောင့်တန်းလိုက်ပြီး အသက်ကို တိုးတိုးတိတ်တိတ် ရှူသွင်းလိုက်ပြီး ၀မ်းဗိုက်ကြွက်သားများကို တင်းပြီး ထင်းနေအောင် ပြုလုပ်လိုက်သည်။ ယင်းက သူ့ကို ပို၍ ယုံကြည်ချက် မြင့်မားသွားစေသည်။
"မဖြစ်နိုင်တာ.... ဒါရိုက်တာလင်းက မ၀ပါဘူး.... သူ့မှာ အဆီဗိုက်ကြီးတော့ မရှိလောက်ပါဘူးနော...."ယွမ်စီးချီမှ ကျန်သူများကို ကြည့်ရင်း ထင်မြင်ချက်ကို မေးမြန်းလိုက်၏။
"အဲ့တာက ပြောရခက်တယ်.... ဒေါက်တာတွေက အိပ်ချိန်စားချိန်တောင် မမှန်တာဆိုတော့ သူ့ခန္ဓာယ်ကိုယ်ကို ဘယ်လိုလုပ်ပြီး ထိန်းသိမ်းဖို့ အချိန်ရမှာ....."၀မ်ဇီရီပြောလိုက်ပြီး "ပြီးတော့ သိတဲ့အတိုင်းပဲလေ.... ဒါရိုက်တာလင်းက ရှာရီအစုတ်လေးပဲ စီးနိုင်ရှာတာ.... သူ့ပိုက်ဆံတွေကို ဂျင်ဆော့ဖို့ မသုံးရက်လောက်ဘူး....ဆိုတော့ ခန္ဓာကိုယ် ပုံမကျတာက သဘာ၀ပါပဲ....."
"ကျွန်မကတော့ မယုံပေါင်.... ဒါရိုက်တာလင်းက ၀တဲ့ပုံလည်း မပေါ်ဘူး....."
"နင်တို့ကလည်း ရှင်းတာကို ရှုပ်အောင် လုပ်နေပြန်ပြီ.... ငါတို့ ဒါရိုက်တာလင်းရဲ့ အ၀တ်အစားတွေကို ချွတ်ခိုင်းလိုက်မယ်လေ... အဲ့တာဆို သိရပြီ မဟုတ်လား....."
"အဲ့အကြံမဆိုးဘူး... ညီမတို့ သွားကြမယ်... ငါတို့ အစ်ကိုရီရဲ့ အ၀တ်တွေကို ဆွဲချွတ်ကြမယ်...ဘယ်သူတွေ လိုက်ကြမလဲ....."
"ခစ်ခစ်.... ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ.... ငါ့ကိုလဲ ထည့်တွက်လိုက်.... သွားစို့......”