← Chapters

မင်းရဲ့ နည်းလမ်းက မီးသဂြိုဟ်တဲ့နေရာမှာ သုံးဖို့သင့်လျော်တယ်...

Vol. 31 Ch. 456

မင်းရဲ့ နည်းလမ်းက မီးသဂြိုဟ်တဲ့နေရာမှာ သုံးဖို့သင့်လျော်တယ်...

Vol. 31 Ch. 456

"ဟဲ့.. နင် ယုတ္တိဆန်တာလေးတွေ ပြောစမ်း..."လီချူးဟန် ပြောလိုက်၏။

"ဒါရိုက်တာလီ... ရှင်မသိလို့နော်... ယောက်ျားတစ်ယောက်က စားလို့ ၀သွားတဲ့ အချိန်နဲ့ မ၀တဲ့အချိန် ခံစားချက်ချင်းက မတူညီဘူးဆိုတာ...အဲ့တာကြောင့် ကိုယ့်ဘက်က ပြီးပြည့်စုံအောင် လုပ်ထားမှလည်း တော်ကာ ကျသေးတာ....."

လီချူးဟန်ကတော့ ဘာမျှ မပြောပဲ နှုတ်ဆက်နေလိုက်၏။ သူမပြောလည်း အပိုသာ ဖြစ်ပေလိမ့်မည်။

"ဘာဖြစ်လို့ မျက်လုံးပုံစံပြောင်းပြီး မျက်ရစ်ဖော်မှာ...."လင်းရီ အမဲသားကို ဝါးရင်းပြောလိုက်ပြီး "ငါကတော့ အဲ့လိုလုပ်ဖို့ အကြံမပေးချင်ဘူး..."

"ဒါရိုက်တာလင်း.. ကျုပ်အထင်တော့ ခင်များ ဒီစကားတွေပြောနေတာ ကြောက်နေလို့ပဲ ဖြစ်ရမယ်...."

"ကျုပ်က ဘာကို ကြောက်ရမှာ...."

"မလုပ်နိုင်ဘူးဆိုတာ ဖော်ထုတ်ခံရမှာ ကြောက်တာလေ...."

လင်းရီ ပြောစရာ စကား ကင်းမဲ့သွားခဲ့ပြီး "စီလီကွန်က မီးလောင်လွယ်ပြီး ပေါက်ကွဲတတ်တယ်... လူ့ခန္ဓာကိုယ်ထဲမှာ ထည့်ဖို့ မသင့်လျော်ဘူး...အဲ့‌တာကြောင့်မို့ လုပ်ဖို့ အကြံမပေးတာ...."

"မဖြစ်နိုင်တာ... မင်းကဒီလိုမျိုး ယုတ္တိမရှိတဲ့ အကြောင်းပြချက် ပေးနေတယ်ပေါ့..."၀မ်ဇီရီ ပြောလိုက်ပြီး "စီလီကွန်က ခန္ဓာကိုယ်ထဲမှာ ထည့်လို့ရတဲ့ ပစ္စည်းတစ်ခုပဲ... ဘယ်တုန်းက မီးလောင်လွယ်သွားတာ..."

အမျိုးသမီးများ၊ လီချူးဟန်အပါအ၀င် လူတိုင်း ရှုပ်ထွေးသွားခဲ့ကြသည်။ မီးလောင်လွယ်သည်ဟူသော အကြောင်းပြချက်က လုံလောက်သည့် အကြောင်းပြချက် မဟုတ်ခဲ့ပေ။

"မင်းသေရင် မီးမသဂြိုဟ်ရဘူးလား.."လင်းရီ မေးလိုက်ပြီး

"မင်း မီးဖိုထဲရောက်နေတဲ့အချိန် မင်းမိသားစု၀င်တွေက အပြင်မှာ ငိုနေလိမ့်မယ်....အဲ့ခါကျ ဘာဖြစ်သွားမယ် ထင်လဲ... စိတ်ဝိဉာဏ်က ကမ္ဘာကြီးထဲက မထွက်သွားခင် အလောင်းက အရင် နတ်ပြည်တက်ချက်နေတာလား... မင်းအလောင်းက နေရာမှာတင် ပေါက်ကွဲသွားပြီး တစစီ ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား....."

"မင်း....."

"ဒါရိုက်တာ၀မ်... ခင်များ အမဲသားကင်တာ တကယ်မဆိုးဘူး... နောက်ထပ် နည်းနည်းလောက် ထပ်ကင်ပေးစမ်းပါ..."လင်းရီ ပြောလိုက်ပြီး "ခင်များရဲ့ စကေးတွေနဲ့ဆိုရင် လူတွေကို သဂြိုဟ်ပို့တဲ့နေရာမှာ အသုံးချတာ အကောင်းဆုံးပဲ... လှတပတလေး မီးရှို့လို့ရတာပေါ့...."

ခစ်ခစ်....

ချောင်ရှင်းနှင့် ကျန်သူများ မနေနိုင်ပဲ အသံထွက် ရယ်မောလိုက်ကြသောကြောင့် ခိုးခိုးခစ်ခစ်သံများ ညံသွားခဲ့သည်။

အစ်ကိုရီကအရမ်း ဟာသဉာဏ်ရွှင်တာပဲ...

လင်းရီ၏ ဖြောင်းဖြမှုအောက်တွင် အမျိုးသမီးများမှာ ပလတ်စတစ်ဆာဂျရီလုပ်မည့် အကြံဉာဏ်ကို စွန့်လွှတ်ကြပြီး တခြား အလှကုန်ပစ္စည်းများအကြောင်း ဆွေးနွေးနေကြတော့၏။

"ဒီနေ့ ဆိပ်ကမ်းမှာ ရွက်လှေတွေအများကြီး ကမ်းကပ်ထားတာပဲနော်... အလံနီလေးတောင် ရှိလိုက်သေးတယ်.... အရမ်း လှတာပဲ...."ယွမ်စီးချီ ပြောလိုက်၏။

"အဲ့တာ ကျုပ်သူငယ်ချင်းရဲ့ ရွက်လှေလေ... သူတိူ့ ဒီနေ့ ပွဲတစ်ခုရှိတယ်... ခဏနေကျရင် ကျုပ်အားလုံးကို ဗဟုသုတရှိအောင် ခေါ်သွားပေးမယ်... ပင်လယ်ထဲလည်း ထွက်ရက်းပေါ့..."

"ဟီးဟီး... ကျေးဇူးနော် ဒါရိုက်တာ၀မ်... ကျွန်မ ပင်လယ်ထဲထွက်ဖူးတာ ခုမှ ပထမဦးဆုံးအကြိမ်ပဲ...."

"အေးဆေးပါ... လူတိုင်း ပျော်စေရမယ်လို့ အာမခံထားပြီးသားပဲ မဟုတ်လား...."

အားလုံး စကားပြောနေကြစဉ် လင်းရီ သူ၏ ပန်းကန်ပြားကို အောက်ချလိုက်ပြီး မတ်တပ်ရပ်လိုက်၏။ ၎င်းကို မြင်တော့ ချောင်ရှင်းမှ မေးမြန်းလိုက်ပြီး "အစ်ကိုရီ ဘယ်သွားမလို့လဲဟင်...."

"ဒီတိုင်း လမ်းခဏ ထွက်လျှောက်မလို့ပါကွာ... မင်းတို့ ဆက်စားနေကြ..."

ချောင်ရှင်းနှင့် ကျန်သည့် နာ့စ်လေးများမှာ လိုက်ချင်ပါသော်လည်း လင်းရီမှ ခေါ်သွားရန် ရည်ရွယ်ချက် မရှိမှန်း သိသောကြောင့် ကျန်နေရစ်ခဲ့လိုက်ရ၏။

လင်းရီကတော့ သူ၏ ညှပ်ဖိနပ်ဖြင့် အော်ပရေးရှင်းစင်တာဘက်သို့ ဦးတည်လာခဲ့လိုက်၏။

တတိယထပ်သို့ ရောက်သောအခါ လင်းရီ ပီစုန့်ကျန်း၏ ရုံးခန်းတံခါးကို ဖွင့်လိုက်၏။

"ဘော့စ်လင်း... ရောက်လာပြီလားခင်ဗျ...."

လင်းရီ၏ ၀တ်စုံကို မြင်တော့ ပီစုန့်ကျန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ငါ ဒီကို သူငယ်ချင်းတွေနဲ့ ရောက်လာခဲ့တာ...."

"လှေလိုသေးလားဘော့စ်...."

"မလိုဘူး... သူများ ပြင်ထားတဲ့လှေရှိတယ်...."လင်းရီ ပြောလိုက်ပြီး "ငါ ဒီလာခဲ့တာက ဆိပ်ကမ်းရဲ့ အခြေအနေကို သိချင်လို့ပဲ... ပရောဂျက်အကြောင်း ပြောပါဦး...."

ပီစုန့်ကျန်း သူ၏ အမူအရာကို တည်တံ့လိုက်ပြီး "ကျွန်တော်တို့ မွန်းမံပြင်ဆင်တဲ့ ပထမအကျော့ကတော့ ပြီးမြောက်သွားပါပြီ... ခုဆိုရင် ၀မ်ကျန်းဆိပ်ကမ်းက နိုင်ငံထဲမှာ အကြီးဆုံး ဆိပ်ကမ်းကြီးဖြစ်လာပြီးတော့ နောက်ထပ် ဒုတိယအကျော့နဲ့ တတိယအကျော့ လုပ်ငန်းစဉ်တွေသာ ပြီးမြောက်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့ထိပ်တန်း ပင်လယ်ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာမှာ မုချဧကန်ပါပဲ ဘော့စ်...."

"ယာလော့ဘက်ကကော ဒီဇိုင်းတွေ ရောက်မလာသေးဘူးလား...."

"ခုလောလောဆယ်တော့ သူတို့ဘက်က ပုံကြမ်းပဲ ပြီးမြောက်ပါသေးတယ်... ဒါရိုက်တာကွမ်းပြောတာတော့ ဒီဇိုင်းပြီးသွားတာနဲ့ ဘော့စ်နဲ့ တွေ့ပြီးတော့ ဘော့စ်ရဲ့ အမြင်ကို သိချင်ပါတယ်တဲ့ဗျ..."

"ကောင်းပြီ...."လင်းရီ ပြောလိုက်ပြီး "ဒါနဲ့ ရန်ပုံငွေကော အလုံအလောက် ရှိသေးတယ်မလား...."

"အပေါဆုံးပါပဲဘော့စ်..."ပီစုန့်ကျန်း ပြောလိုက်ပြီး "လွန်ခဲ့တဲ့ ရက်တွေတုန်းကပဲ ချောင်ရန် အုပ်စုရဲ့ ဒါရိုက်တာ၀မ်နဲ့ ယာလော့ဒီဇိုင်းတို့ ဆွေးနွေးကြည့်တော့ ယွမ်သန်း ၈၀၀ ဆိုတာက လုံလောက်တာထက်တောင် ပိုနေပါသေးတယ်.... ငွေကြေးစီးဆင်းမှုနဲ့ စပ်လျဉ်းလို့ကတော့ ခုလောလောဆယ် ဘာပြဿနာမှ မရှိသေးပါဘူးဗျ...."

"ကောင်းတယ်... ပိုက်ဆံလိုရင် ငါ့ကို ပြော..."

ယေဘုယျအခြေအနေကို ဆွေးနွေးပြီးနောက် လင်းရီ မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း သူမထွက်ခွာခင် နံရံပေါ်ရှိ မြေပုံကို မြင်သွားခဲ့ပြီး ရုတ်တရက် အတွေးနက်သွားခဲ့၏။

"အဘိုးကြီးပီ... ငါတို့ ပင်လယ်ပြင်ပေါ်မှာ ကျွန်းအတု ဆောက်ရင် ဘယ်လိုလဲ..."

(TN- အုန်းပင်ကျွန်းလိုမျိုး လူလုပ်ကျွန်းလေ)

"အမ်...."

ပီစုန့်ကျန်း ရှော့ခ်ရသွားခဲ့ပြီး "ဘော့စ်လင်း အတည်ကြီးလားဗျ... နောက်နေတာတော့ မဟုတ်ပါဘူးနော်...."

"ဟားဟား.... နောက်နေတယ်လို့ပဲ သဘောထားလိုက်ပေါ့...."

ပီစုန့်ကျန်း ပြောစရာစကား ပျောက်ရှသွားခဲ့၏။

'ဘော့စ်ကြည့်ရတာလည်း နောက်နေတဲ့ပုံနဲ့လည်း မတူပါလား....'

"ဘာလို့ ရှော့ခ်ရနေတဲ့ ပုံစံကြီး ဖြစ်နေတာ... ငါက ဘာသဘောနဲ့မှ ပြောလိုက်တာ မဟုတ်ပါဘူးဟ...."

ကော်ရစ်ဒါတွင် ပီစုန့်ကျန်း လင်းရီကို လိုက်ပို့နေတုန်း ဘေးရှိ အစည်းအဝေးခန်းထံမှ အငြင်းပွားသံများကို ကြားလိုက်ရပြီး ယင်းက သူတို့နှစ်ယောက်၏ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။

"အထဲမှာ ဘာတွေဖြစ်နေလို့ အဲ့လောက်တောင် ဆူညံနေရတာလဲဟ..."

"ဒီနေ့ ပင်လယ်ထဲ ထွက်ချင်နေတဲ့ လှေတစ်စီး ရှိပါတယ်ဘော့စ်... ဒါပေမယ့် သူတို့မှာ လုပ်ထုံးလုပ်နည်းတွေ ဖြည့်စွက်တဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိနေတော့ ပင်လယ်ထဲ ထွက်ဖို့ မဖြစ်နိုင်ဘူးလေ...."

"အဲ့ဒီ လုပ်ထုံးလုပ်နည်းတွေ ဖြည့်ရတယ်ဆိုတာက ငါတို့နဲ့ ဘာမှ မဆိုင်ဘူးမဟုတ်လား...စစ်ဆေးဖို့ လိုသေးလို့လားဟ..."

"ဘော့စ်လင်း.. ဒီလိုပါခင်မျ..."ပီစုန့်ကျန်း ပြောလိုက်ပြီး "သိတဲ့အတိုင်းပဲ ဘော့စ်က မြို့ဆီကနေ ဒီရဲ့ ဆိပ်ကမ်းကို ပြန်၀ယ်လိုက်တာလေ... ဒါကြောင့်မို့ ရှေ့ရက်တုန်းကပဲ သက်ဆိုင်ရာ ဌာနက ခေါင်းဆောင်တွေ ကျွန်တော့်ဆီလာပြီးတော့ ဒီရဲ့ ကိစ္စတွေကို သူတို့ကိုယ်စားဆောင်ရွက်ပေးဖို့ အပ်နှံသွားတာ..... ဘာပဲဆိုဆို ကျွန်တော်တို့ကလည်း သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေဆိုတော့သူတိူ့တောင်းဆိုတာကို လက်ခံလိုက်တာပါ... အမှန်ဆို ဒီအလုပ်တွေက ကျွန်တော်တို့နဲ့ မအပ်စပ်ဘူး.... "

"အလုပ်ရှုပ်လား...."လင်းရီ မေးလိုက်ပြီး "သောက်လုပ်ရှုပ်ရင် ငြင်းပစ်လိုက်... သူတို့ကို စိုးရိမ်မနေနဲ့...."

လျန်ရူရွှယ်နှင့် သူ့ကြားရှိ ပတ်သက်ဆက်နွယ်မှုတို့ကြောင့် လင်းရီ သဘာ၀အားဖြင့် ဘာကိုမျှ အရေးစိုက်နေရန် မလိုအပ်ချေ။

"အလုပ်တော့ မရှုပ်ပါဘူးဘော့စ်... ဒီတိုင်း အပိုစစ်ဆေးပေးရုံလေးတင်ပါ...တကယ်လို့ တစ်ခုခု ပြဿနာ ရှိလာခဲ့ရင်တောင်မှ ကျွန်တော်တို့နဲ့ အလွတ်ကြီးပါဗျ...."

"အင်း... ကိုယ့်ဘာကိုယ် ကြည့်လုပ်ပေါ့ကွာ... ပြဿနာ ရှိလာခဲ့ရင်တော့ ငါ့ကို လာပြောလှည့်...."

"နားလည်ပါပြီ ခင်မျ..."

"ငိုးပဲ... ငါ့ကလပ်က ဒီနေ့ ပင်လယ်ထဲ ထွက်မှာ.... မင်းတို့က -ီးစကားတွေ လာပြောနေတာလားကွ... မင်း ဒီ သောက်ရှီး ဆိပ်ကမ်းကြီးမှာ အလုပ်ဆက်မလုပ်ချင်တော့ဘူးလား.... မလုပ်ချင်လည်း ငါ အလုပ်ဖြုတ်ခိုင်းလိုက်မယ်.... "

လင်းရီနှင့် ပီစုန့်ကျန်းတို့ အချင်းချင်းကြည့်လိုက်ကြပြီး "သွားပြီး ကြည့်ကြည့်ရအောင် ဘယ်ကောင်က ငါ့ပိုက်နက်ထဲလာပြီး အဲ့လောက်ထိ မောက်မောက်မာမာ ပြုမူနေတာ...."

အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်လိုက်သောအခါ အထဲတွင် လူ ဆယ်ဦးထက်မနည်း ရှိနေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။ သူတိူ့အားလုံး ခေတ်ရေစီးကြောင်းနှင့်အညီ ၀တ်စားဆင်ယင်ထားပြီး မျက်နှာထက်တွင်တော့ ဘယ်ခွေးမှ လူမထင်ဟန် အမူအရာကို ရေးထိုးထားကြလေသည်။ တစ်လောကလုံး၏ ကျေးဇူးရှင်များ ဖြစ်နေကြသကဲ့သို့ မောက်မောက်မာမာ ပြုမူနေကြ၏။

"ဘော့စ်လင်း... မန်နေဂျာပီ... ရောက်လာပြီလားရှင့်..."

လင်းရီနှင့် ပီစုန့်ကျန်းတို့ကို မြင်တော့ တာ၀န်ခံ အမျိုးသမီးမှာ ကပျာကယာဖြင့် လာရောက် ဦးညွှတ်နှုတ်ဆက်လေသည်။ သူမ၏ မျက်လုံးထဲတွင်တော့ အနှိမ်ခံရ၍ နာကျည်းနေသည့် မျက်၀န်းတို့ဖြင့် မျက်ရည်များ ဝေ့သီနေခဲ့၏။

"အစ်မ၀မ် ဘာလဲဖြစ်တာ... တစ်ခုခု ဖြစ်ရင် ကျုပ်ကို ပြောလေ... ငိုစရာမလိုဘူး... "လင်းရီ ကြင်နာစွာ မေးမြန်းလိုက်သည်။

"ဘော့စ်လင်း... သူတိူ့က ဖောင်လည်း ကောင်းကောင်းမဖြည့်ဘူး...အဲ့တာကြောင့် ကောင်းကောင်းမွန်မွန် ပြောပြနေတာကို နားလည်းမထောင်ကြဘူး..."သက်လတ်ပိုင်း အမျိုးသမီးမှ မျက်ရည်များ သုတ်လိုက်ပြီး "ပြီးတော့ သူတို့ စကားပြောတဲ့ ပုံစံကြီးက အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်...."

"ဟေ့ကောင်.. မင်းက ဒီနေရာရဲ့ တာ၀န်ခံလား..."

ပြောလိုက်သူကတော့ ဆံပင်မီးခိုးရောင် ဆိုးထားပြီး နေကာမျက်မှန်အမည်းဖြင့် ထိုင်ခုံပေါ်တွင် တစ်၀က်ထိုင်ကာ ခြေထောက်များကိုတော့ စားပွဲပေါ် တင်ထားလေသည်။ သူ၏ အမူအရာနှင့် လေသံမှာတော့ အလွန်အမင်း မောက်မာနေခဲ့၏။

လင်းရီဘာမျှ ပြန်မပြောပဲ တည့်မတ်စွာ လမ်းလျှောက်လာခဲ့လိုက်သည်။

ထို့နောက် ထိုင်ခုံ၏ ခြေထောက်များကို ပိတ်ကန်လိုက်၏။

ထိုင်ခုံမှာ လွင့်ထွက်သွားပြီး ဆံပင်မီးခိုးရောင်နှင့် လူငယ်မှာ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။

သူ၏ မျက်မှန်လည်း ဘေးသို့ ကျွတ်ကျသွားကာ မျက်နှာအမူအအရာမှာတော့ အလွန်အမင်း အရှက်ရသွားဟန်ပင်။

လင်းရီ ဆံပင်မီးခိုးရောင်နှင့် အမျိုးသားကို ငုံ့ကြည့်လိုက်ပြီး "ငါက ဒီနေရာရဲ့ တာ၀န်ရှိသူပဲ... မင်းဘာဖြစ်ချင်တာလဲ ပြောစမ်း....”

All Chapters