သူမင်းကို မသတ်လိုက်တာ မင်းကံကောင်းသွားတယ်...
Vol. 31 Ch. 457
တိတ်ဆိတ်ခြင်း...
အစည်းအဝေးခန်းမကြီးတစ်ခုလုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး လင်းရီကို ကြောင်အစွာ ငေးမောနေကြလေသည်။
"အစ်ကိုယွီ..."
စက္ကန့်အနည်းငယ်ကြာအောင် ကြက်သေသေပြီးနောက် လူတိုင်း သတိပြန်လည်လာပြီး ကြမ်းပြင်ပေါ်ရှိ ဆံပင်မီးခိုးရောင်နှင့်အမျိုးသားကို အူးယားဖားယား ပြေးထူကြတော့သည်။
"ငိုးမသား... မင်းက ငါ လီကျွင်းယွီကို ထိရဲတယ်ပေါ့လေ....မင်းကို ခွင့်မလွှတ်ဘူး...."
ကျယ်လောင်စွာ ကျိန်ဆဲပြီးနောက် လီကျွင်းယွီ ကြမ်းပြင်ပေါ်ရှိ ထိုင်ခုံကို ကောက်ယူကာ လင်းရီထံသို့ လွင့်ပစ်လိုက်သည်။
"ဘော့စ်... သတိထား...."ပီစုန့်ကျန်း အရေးတကြီး အော်ဟစ်လိုက်၏။
"မင်း ဖင်ကြီးကိုပဲ သတိထားလိုက်တော့...."
လီကျွင်းယွီ လင်းရီထံ ထိုင်ခုံဖြင့် ပစ်ပေါက်လိုက်သော်ငြား လင်းရီမှ ကိုယ်တစ်ဖက်လှည့်ကာ အသာအယာလေးပဲ ရှောင်တိမ်းပြလိုက်သည်။
တစ်ချိန်တည်းတွင် လင်းရီ သူ၏ ခြေထောက်ကို ဆန့်တန်းလိုက်ပြီး အမျိုးသား၏ ၀မ်းဗိုက်ကို အားဖြင့် ပိတ်ကန်လိုက်၏။ ဆံပင်မီးခိုးရောင်နှင့် အမျိုးသားမှာ တရကြမ်း နောက်ဆုတ်လိုက်ရလေသည်။
ကံကောင်းစွာဖြင့် သူ့အပေါင်းအဖော်များက ထိန်းထားပေး၍ပင်။
အကယ်၍ နံရံနှင့် တိုက်မိခဲ့ပါက ထိုငနဲမှာ သွေးပင်အန်သွားနိုင်လေသည်။
"မင်းက နေရာမှားပြီး ရောက်လာတာပဲ... မင်းထင်နေတာ စောက်ဆံလေး နည်းနည်းရှိတာနဲ့ ဒီမှာ လာပြီး အထက်စီး လုပ်လို့ရမယ်များ ထင်နေတာလားဟျောင့်...."လင်းရီ ပြောလိုက်ပြီး "ငါ့ရဲ့ ၀န်ထမ်းကို ပြန်တောင်းပန်လိုက်... အဲ့တာဆို အေးဆေး လွှတ်ပေးလိုက်မယ်...."
"ငါ့ဖင်ကြီးကိုပဲ လာတောင်းပန်လိုက်လေ... မင်း... စောင့်နေစမ်း... မင်း ဒီဆိပ်ကမ်းမှာ အလုပ်ဆက်လုပ်ဖို့ စိတ်မကူးနဲ့တော့...."
လင်းရီ စိတ်မရှည်စွာဖြင့် နားကလော်လိုက်ရင်း
"မင်းက ဘယ်လိုလူစားမျိုးလဲ ဆိုတာ ငါ နားလည်ပြီးသား... မင်းတို့က သခင်အားကိုးနဲ့ ကျွန်ပါး၀နေတဲ့ကောင်တွေ... ခေါ်စမ်း.. မင်းကြိုက်တဲ့ကောင် ခေါ်စမ်း... ငါလည်း အားနေတာနဲ့ ဆော့ကစားပေးမယ်...."
"မင်း... ဟုတ်ပြီလေ... ခုတော့ ပြောထားဦးပေါ့....ခဏနေကျမှ ကူပါကယ်ပါ လာမလုပ်နဲ့.... "လီကျွင်းယွီ ဖုန်းဖွင့်လိုက်ပြီး နံပါတ်တစ်ခုထံ ဖုန်းဆက်လိုက်သည်။
"အစ်ကိုယွမ် .. ခု ဘယ်လည်း ရောက်နေတာ...."
"ခု ဆိပ်ကမ်းမှာ... မင်းတို့ကောင်တွေ ငါ-ီးမို့လို ကြာနေတာလားဟ... ခုထိကို မရောက်နိုင်သေးဘူး...."
"တစ်ခုခု ဖြစ်နေလို့ပါ အစ်ကိုကြီး... သူတို့ ၀န်ထမ်းတွေ ပြောတာတော့ ကျုပ်တို့ရဲ့ စာရွက်စာတမ်းတွေက အရည်အသွေး မပြည့်မှီဘူးဆိုပဲ... ဒါကြောင့်မို့ အခု ငြင်းခုန်နေတာ... ပြီးတော့ တာ၀န်ရှိတဲ့ ငနဲကလည်း ကျုပ်ကို ဆော်ပလော်တီးသွားသေးတယ်... အစ်ကိုယွမ် ကျုပ်ကို လာပြီး ကူညီလှည့်ပါဦး..."
"ဘယ်ကောင်တုန်းကွ ငါ့လူတွေကို ထိဝံ့လောက်တဲ့ထိ သွေးရဲနေတာ.. ငါ့နာမည်သာ ပြောလိုက်စမ်း...."
"ဟုတ် ဟုတ် ... နားလည်ပါပြီ အစ်ကိုယွမ်..."
လီကျင်းယွီ ဖုန်းကို ခဏ ဘေးကပ်ထားပြီး လင်းရီကို အော်ဟစ်ကာ "ဟျောင့် ငါမင်းကို ပြောလိုက်မယ်... ငါ့အစ်ကိုကြီးက ကောင်းကျုံးယွမ်ပဲ...မင်း သူ့ကိုမှ မသိဘူးဆိုရင် စီးပွားရေးဆက်လုပ်ဖို့ စဉ်းစားမနေတော့..."
"ဟမ်.... ဒီကောင်က ကောင်းကြီးရဲ့ လူလား...."လင်းရီ တီးတိုးရေရွတ်လိုက်၏။
"လုံးထန် စက်ယန္တရားကုမ္ပဏီက ကောင်းကျုံးယွမ်လား...."ပီစုန့်ကျန်း အလျင်အမြန်ပဲ မေးမြန်းလိုက်၏။
"မင်းက အတော်လေး ဗဟုသုတ စုံသားပဲ... ငါ့အစ်ကိုကြီးရဲ့ နောက်ခံကို သိသွားပြီဆိုတော့ ခု ကြောက်သွားပြီလား...."
ပီစုန့်ကျန်း၏ အမူအရာ ရုပ်ဆိုးသွားခဲ့သည်။
သူ လင်းရီ ဘေးတွင်ရပ်ရင်း နားထဲသို့ တီးတိုးပြောလိုက်၏။
"ဘော့စ်...လုံးထန်ကုမ္ပဏီက ကိုင်တွယ်ရ မလွယ်ကူလောက်ဘူးနော်... ကျွန်တော်တို့ ဒီကိစ္စကို လက်ရှောင်လိုက်တာ ကောင်းမယ်....."
"ဘာလို့လဲ....."
"လုံးထန်စက်ယန္တရား ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကေဘယ် ဘယ်ကုမ္ပဏီကြီးပဲ...သူတို့က လေယာဉ်တင် သင်္ဘောတွေနဲ့ စက်ယန္တရားဆောက်လုပ်ရေးတွေကို အဓိက ထားတာ....ဒါကြောင့်မို့ ရေကြောင်း သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ အဆက်အသွယ်အင်အားက အတော်လေး ကြီးမားတယ်...."
"သောက်ရေးမပါတာတွေ ပြောမနေကြနဲ့.. ခုချက်ချင်း ငါ့ကိုတောင်းပန်... မဟုတ်လို့ကတော့ မနက်ဖြန် မင်းတို့ ဆိပ်ကမ်း အပိတ်ခံရပြီသာမှတ်...."
"မင်းရဲ့ အစ်ကိုကြီးယွမ်ကို ငါ့နာမည် လင်းရီလို့ပြောပြီး သိလားလို့ မေးကြည့်လိုက်...."
"မင်းငါ့ကို ရယ်သေအောင် လာလုပ်နေတာလား... မင်းက ဘာကောင်မို့လို့ ငါ့အစ်ကိုကြီး ယွမ်က သိရမှာ...."
"ငိုးမသား လီကျွင်းယွီ... မင်း လရှီးတွေ လုပ်နေတာလားကွ.... မြန်မြန် စပီကာ ဖွင့်စမ်း...."
စပီကာ မချဲ့ထားသော်လည်း ကောင်းကျုံးယွမ်၏ အော်သံမှာ အတော်လေး ကျယ်လောင်ပြီး အခန်းထဲရှိ လူတိုင်း ရှင်းလင်းစွာ နားထောင်နိုင်လေသည်။
ကောင်းကျုံးယွမ်၏ ညွှန်ကြားမှုအတိုင်း လီကျွင်းယွီ စပီကာ ဖွင့်လိုက်၏။
"အစ်ကိုယွမ်... ခု စပီကာ ဖွင့်လိုက်ပါပြီဗျ... စိတ်ထဲရှိသမျှ စိတ်ကြိုက်သာ ပြောပစ်လိုက်ပါ...."
"အစ်ကိုကြီးလင်းက ဘာလို့ ၀မ်ကျန်းဆိပ်ကမ်းကို ရောက်နေတာ...."
လူတိုင်း ကြက်သေသေသွားကြတော့၏။
ကြီးမြတ်တဲ့ အစ်ကိုယွမ်က သူတို့်ရှေ့မှာ ရပ်နေတဲ့လူကို အစ်ကိုကြီးလို့ ခေါင်းစဉ်တပ်လိုက်တာလား....
"ဒီသောက်ရူးတွေက မင်းကောင်တွေလား..."
"ဆိုပါတော့..... ကျွန်တော့်မှာလည်း လုပ်စရာက သိပ်မရှိတာနဲ့ ပျင်းတခိုက် ပင်လယ်ထဲ သွားလို့ရအောင် ရွက်လှေကလပ် ထောင်လိုက်တာလေ... သူတို့အကုန်လုံးက ကျွန်တော့်ကလပ် မန်ဘာတွေပဲ...."
ကောင်းကျုံးယွမ် ပြောလိုက်ပြီး "အစ်ကြီးလင်းကကော ဘာလို့ ၀မ်ကျန်းဆိပ်ကမ်းမှာ ရှိနေတာ...."
"ဒါက ငါ့ပိုင်နက်လေ.. ဘာလို့လဲ.. နေလို့မရဘူး..."
"ဖက်ခ်... မဖြစ်နိုင်လိုက်တာ.... ၀မ်ကျန်းဆိပ်ကမ်းကလည်း အစ်ကိုကြီးလင်းရဲ့ ပိုင်ဆိုင်မှုပဲပေါ့...."
"အေး... ၀ယ်ထားတာကတော့ ကြာပါပြီကွာ... မင်းမသိသေးတာပဲ ရှိတယ်...."
"သောက်ရမ်းလန်းတယ်...."ကောင်းကျုံးယွမ် ပြောလိုက်ပြီး "ဒါက ကျွန်တော့်ကောင်တွေရဲ့ အမှားဆိုတော့ သူတို့ကို သေချာလေး ကိုင်တွယ်လိုက်မယ်...."
"ထားလိုက်တော့..... ငါမင်း မျက်နှာနဲ့ ဒီကောင်တွေကို ခွင့်လွှတ်ပေးလိုက်မယ်...."လင်းရီ ပြောလိုက်ပြီး "၀မ်ကျန်းဆိပ်ကမ်းက ငါ့ပိုင်နက်ပဲ... နောင်ကျ မင်း ပျင်းရင် ကြိုက်တဲ့အချိန် လာလည်လိုက်...."
အကယ်၍ ထိုသောက်ရူးများသာ ကောင်းကျုံးယွမ်၏ လူများ မဟုတ်ပါက လင်းရီ သေချာပေါက် ပြင်းထန်စွာ ကိုင်တွယ်ပေလိမ့်မည်။ သို့သော်လည်း ကောင်းကျုံးယွမ်၏ လူများ ဖြစ်နေသောကြောင့် ယခင် ကူညီပေးမှုများကို မျက်နှာသာပေးကာ လင်းရီ ခွင့်လွှတ်လိုက်လေသည်။
"ကျေးဇူးပါ အစ်ကိုကြီးလင်း...."
"ငါ အလုပ်လေးရှိသေးလို့ လစ်တော့မယ်... ပင်လယ်ထဲ သွားမယ်ဆိုလည်း ဂရုစိုက်ဦး..."
"ကောင်းပါပြီဗျ...."
ရိုးရှင်းသည့် စကားလုံးများဖြင့် ပြောဆိုနှုတ်ဆက်ပြီးနောက် လင်းရီ ပီစုန့်ကျန်းနှင့်အတူ ထွက်လာခဲ့လိုက်၏။
ထွက်ခွာပြီးနောက် လင်းရီ သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်ကာ "အစ်မ၀မ်.. ကျုပ် သူ့ကို သင်ခန်းစာ ပေးပြီးသွားပြီဆိုတော့ စိတ်ထဲထားမနေနဲ့တော့... ကျုပ်ကို မျက်နှာသာ တစ်ချို့ ပေးတယ်လို့ပဲ သဘောထားလိုက်...."
"ဘော့စ်လင်းကလည်း ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့လား... ကျွန်မက အသေးစား ၀န်ထမ်းလေးပဲလေ... ဘယ်လိုလုပ်ပြီး ဘော့စ်ကို မျက်နှာသာပေးဝံ့မှာ...."
"မ၀ံ့ရဲစရာ ဘာအကြောင်းရှိလို့... လူတိုင်းက အတူတူပဲ..."လင်းရီ ပီစုန့်ကျန်းကို ကြည့်လိုက်ပြီး "ငါ့ကို လိုက်မပို့နဲ့တော့... အစ်မ၀မ်ကို သုံးရက်စာ နေ့စားခ ပေးပြီး ကောင်းကောင်းလေး အနားယူခိုင်းလိုက်...."
"နားလည်ပါပြီဘော့စ်လင်း..."
လင်းရီ ခေါင်းညိမ့်၍ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် အစည်းအဝေးခန်းထဲတွင်တော့ လေထုမှာ အချိန်များ ရပ်တန့်သွားသည့် အလားတိတ်ဆိတ်ငြိမ်သက်နေလေသည်။
"ယွမ်... အစ်ကိုယွမ်... အဲ့ဒီ လင်းရီဆိုတဲ့သူက အရမ်း အံ့ဩစရာ ကောင်းတာလား..."
"လချီးကို လင်းရီလား.. အစ်ကိုကြီးလင်းလို့ ရိုရိုသေသေခေါ်... သူက အံ့ဩဖို့ ကောင်စတာထက်ကို ပိုတယ်... သူ့လိုလူမျိုး မင်းကျိုးဟိုင်မှာ နှစ်ယောက်ရှာတွေ့မှာ မဟုတ်ဘူး... ဒီကနေ့ သူမင်းကို မသတ်သွားတာကိုပဲ ကံကောင်းလှပြီ...."
"ဂလု...."
လီကျွင်းယွီ ကြောက်လန့်စွာဖြင့် တံတွေးမျိုးချလိုက်ရပြီး "တကယ်ကြီးလား .. သူက အစ်ကိုယွမ်ထက်ကို အံ့ဩဖိူ့ ကောင်းတယ်ပေါ့ ..."
"အများကြီး အများကြီး ပိုတယ်..."ကောင်းကျုံးယွမ် ပြောလိုက်ပြီး
"ဒီနှစ်ရက်အတွင်း ကျိုးဟိုင်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တာ မင်းတို့အားလုံး အသိပဲ မဟုတ်လား...."
"ဟိုရဲ့ ကျောက်ကျိန်းရန်နဲ့ ဖန်ချီနန်တို့ ဓားထိုးခံရတဲ့ ကိစ္စလား..."လီကျွင်းယွီ မေးမြန်းလိုက်ပြီး
"ကျွန်တော့် အထင်တော့ ကျောက်ကျိန်းရန်က လက်တစ်ဖက် ဆုံးရှုံးသွားပြီး ဖန်ချီနန်ကတော့ ဗိုက်ပေါက်သွားတယ်ထင်တာပဲ....."
"အေး... ကျောက်ကျိန်းရန်နဲ့ ဖန်ချီနန်ကို ဓားနဲ့ထိုးလိုက်တာက အစ်ကိုကြီးလင်းပဲ... တကယ်လို့ ကယ်ဆယ်ရေးတွေသာ အချိန်မှီရောက်မလာခဲ့ဘူးဆိုရင် ကျောက်ကျိန်းရန်တို့ငတော့ အစ်ကိုကြီးလင်း လက်ထဲမှာ သေနေလောက်ပြီ...."ကောင်းကျုံးယွမ် ပြော လိုက်ပြီး
"အစ်ကိုကြီးလင်းက ကျောက်ကျိန်းရန်နဲ့ ဖန်ချီနန်တို့ကိုတောင် ဓားနဲ့ထိုးရဲမှတော့ မင်းမိသားစု နောက်ခံလောက်နဲ့တော့ သူဒေါသထွက်လာရင် မသတ်ဘူးလို့ မင်းပြောနိုင်လား...."
၎င်းကိုကြားတော့ လီကျွင်းယွီနှင့် သူ့သူငယ်ချင်းများမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်သွားခဲ့ကြသည်။
'ငါတို့ခုလေးတင် သေမင်းလက်ထဲက လွတ်ခဲ့တာပဲဟ....'
"ကောင်းပြီ... မင်းတို့ နောက်ဆို ဆင်ဆင်ခြင်ခြင်နေကြ... ခု မင်းတို့ကောင်တွေကို တောင်းပန်ဖို့ အစ်ကိုကြီးလင်းဆီ ခေါ်သွားပေးမယ်... သာကြောင်းမာကြောင်း လေးငါးခွန်းလောက် ပြောပြီး တို့စ်လုပ်ပေးလိုက်... အဲ့တာဆို ဒီကိစ္စ ဒီမှာတင်ပြီးပြီ..."
"ဟုတ် ဟုတ် ... အစ်ကိုယွမ် စီစဉ်တဲ့အတိုင်းပါပဲဗျ...."
.......
တစ်ချိန်တည်းတွင် လင်းရီ ဘာဘီကျူးကင်သည့် နေရာသို့ ပြန်ရောက်လာခဲ့လေသည်။
ချောင်ရှင်းနှင့် ကျန်သည့် နာ့စ်များကတော့သဲသောင်ပြင်ပေါ်တွင် ဘော်လီဘော ကစားနေကြ၏။
သူမတို့၏ ဆိုဒ်များမှာ မကြီးမားလှသော်လည်း မျက်စိပဒါသတော့ ရှိလှသည်။
"အစ်ကိုရီ ဘယ်တွေလဲ လျှောက်သွားနေတာ... ဒါရိုက်တာ၀မ်က လှေတောင် ငှားပြီးသွားပြီ... ခဏနေကြရင် ညီမတို့ သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတော့မှာ.... "
"ဟားဟား... အဲ့လိုဆို ငါရောက်လာတာ ကွက်တိဖြစ်သွားပုံပဲ...."
"ဒါရိုက်တာလင်း.. ကျုပ်တို့က ပစ္စည်းတွေ အများကြီး ယူလာခဲ့တာဆိုတော့ တစ်ယောက်ယောက်မှ မနေခဲ့ရင် အခိုးခံရနိုင်တယ်..."၀မ်ဇီရီ ပြောလိုက်၏။
"အာ... အားနာစရာကြီး.... ဒါရိုက်တာ၀မ်က ကျုပ်တို့ကို ပိုက်ဆံအကုန်ခံပြီး ခေါ်လာပေးတဲ့အပြင် ပစ္စည်းတွေလည်း စောင့်ပေးဦးမယ်ဆိုတော့ ဒါရိုက်တာ၀မ်က လူကောင်းပဲ... "လင်းရီ ပြံးလိုက်ပြီး
"နှိုင်းယှဉ်ရမယ်ဆို ကျုပ်ကတောင် ဆိုးရွားနေသေးတယ်...ဒါက အရမ်း ကံဆိုးတာပဲ... “