အမျိုးသမီးများ၏ လောဂျစ်ကျကျ တွေးခေါ်ခြင်းနှင့် စိတ်ကူးယဉ်ခြင်း
Vol. 31 Ch. 458
"ဟင် ဟမ်...."
၀မ်ဇီရီ ယမ်းပုံမီးကျ ဖြစ်သွားခဲ့သည်။
မင်းက ငါ့ကို ဒီမှာ နေရစ်ခဲ့ခိုင်းချင်တယ်ပေါ့လေ...
ယီးမှ မနေဘူးဟျောင့်...
"အာ... ဒါရိုက်တာလင်းက နားလည်မှု လွဲနေပါပြီ... ကျုပ်နေချင်တယ်....."
"ဒါရိုက်တာ၀မ်က အရမ်း လူကြီးလူကောင်း ဆန်တာပဲ... ကျွန်မတို့က ရေကူး၀တ်စုံတွေ ၀တ်ထားတာဆိုတော့ ဖုန်းတွေကို ဒါရိုက်တာ၀မ်ဆီမှာပဲ အပ်ထားလိုက်တော့မယ်နော်..."ချောင်ရှင်း ပြောလိုက်သည်။
"ဒါရိုက်တာ၀မ် ကျေးဇူးအများကြီး တင်ပါတယ်.. နောင်ကျ ခွဲစိတ်မှုတွေ ရှိလာခဲ့ရင် သေချာပူးပေါင်းပေးမယ်နော်.. "ယွမ်စီးချီမှ ပြောလိုက်၏။
"ဒါရိုက်တာ၀မ်က လုံး၀ အမေးဇင်းပဲ... ပိုက်ဆံ အကုန်ခံပြီး လှေငှားပေးတဲ့အပြင်ကို အနစ်နာခံပြီး ပစ္စည်းတွေ စောင့်ပေးဦးမယ်ဆိုတော့ ဌာနတစ်ခုလုံးမှာ ဒါရိုက်တာ၀မ်လိုလူမျိုး ရှာလို့ တွေ့မှာတောင် မဟုတ်လောက်ဘူး...."A cup ပိုင်ရှင် နာ့စ်လေးမှ အပြုံးလေးဖြင့် ပြောလိုက်သည်။
"တစ်ယောက်ယောက်က ပစ္စည်းတွေ ကြည့်ထားပေးမယ်ဆိုမှတော့ ငါ့ဖုန်းလဲ ဒီမှာပဲ ထားခဲ့လိုက်တော့မယ်..."
လီချူးဟန်မှ ပြောလိုက်သည်။
မိန်းကလေးများမှ သူ့ထံ ဖုန်းများ တစ်လုံးပြီးတစ်လုံး လာရောက်အပ်နှံနေသည်ကိုမြင်တော့ ၀မ်ဇီရီ ကြက်သေသေသွားပြီး မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေလေသည်။
'ငါ ဘယ်တုန်းက နေရစ်ခဲ့မယ်လို့ ပြောခဲ့လို့လဲ....'
လှေငှားဖို့ ပိုက်ဆံလည်း ပေးရသေးတယ်.. နောက်ဆုံးကျတော့ ငါက လိုက်လို့မရဘူးတဲ့လား...
၀မ်ဇီရီ ရုတ်ချည်းဆိုသလို ချည်းကျွေးခံလိုက်ရသည့် အမူအရာ ဖြစ်နေခဲ့၏။
'ဖက်ခ်ပဲ... ငါ အနိုင်ကျင့်ခံနေရတာလားကွ...'
ခရီးစဉ်တစ်ခုလုံးအတွက် သူတစ်ယောက်တည်း ဒိုင်ခံ ငွေကုန်ထားပါသော်လည်း သူကိုယ်တိုင်မှ လိုက်ပါပျော်ပါးနိုင်ခွင့် မရှိချေ။
"နေတာက နေလို့ရတယ်.. ဒါပေမယ့် ပင်လယ်ထဲကို ကျုပ်သူငယ်ချင်းတွေနဲ့ သွားမှာဆိုတော့ အဲ့ဒီကို ဘယ်သူက ခေါ်သွားပေးမှာ... ကျုပ်ကပဲ ခေါ်သွားပေးရမှာ မဟုတ်ဘူးလား....မဟုတ်ရင် ဘယ်လိုလုပ်ကြမှာ..."
"အဲ့ကိစ္စအတွက်တော့ စိတ်မပူနဲ့ ဒါရိုက်တာ၀မ်...ကျုပ် သူတို့ကို လိုက်လည်ပေးလိုက်မယ်...."
"ဟုတ်တယ် ဟုတ်တယ်... ကျွန်မတို့က အစ်ကိုရီနဲ့ လည်ရလည်း ဖြစ်တယ်... ဘာမှ စိတ်မပူနဲ့..."ချောင်ရှင်းမှ ပြောလိုက်၏။
"အဟွတ် အဟွတ် အဟွတ်...."
၀မ်ဇီရီ တမင်သပ်သပ် ချောင်း သုံးလေးကြိမ်ခန့် ဆိုးလိုက်ပြီး "မိန်းကလေးတို့ မသိလောက်သေးဘူး... ကျုပ်ရဲ့ သူငယ်ချင်းတွေက ရုပ်ချောပြီး နောက်ခံလည်း တောင့်တယ်နော်... ပြီးတော့ အများစုက တစ်ကိုယ်တည်းသမားတွေ ချည်းပဲ..... ကြုံတုန်းဆုံတုန်းလေး မိတ်ဆက်ပေးမလို့ လုပ်နေတာ... ခုမရလောက်တော့ဘူး ထင်ပါရဲ့....."
၎င်းကိုကြားတော့ နာ့စ်အငယ်လေးများမှာ စိတ်၀င်စားသွားခဲ့ကြသည်။
ယင်းက သူမတို့ တစ်ကိုယ်တည်း အထီးကျန်ဆန်သည့် ညများမှ လွတ်မြောက်ရန် အခွင့်အရေးကြီးပင် မဟုတ်ပါလော။
"ဟော .... အသက်တော့ရှည်ဦးမယ်....ခုလေးတင် ပြောနေတာ... ကိုယ့်လူတွေက ရောက်ချလာပြီ...."
နာ့စ်များအားလုံး ၀မ်ဇီရီကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်ကြ၏။
လင်းရီလည်း လိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
"ကောင်းကြီးက ဒီဘာလာလုပ်တာလဲဟ...."
လီချူးဟန်မှာ သူစိမ်းအမျိုးသားများ သူမကို စူးစိုက်ကြည့်မည်ကို မလိုလားချေ။ ထို့ကြောင့် ခြုံထည်ကို လွှမ်းလိုက်ရင်း လင်းရီ အနောက်၌ ရပ်နေလိုက်၏။
"ဒီရှောင်ကောကောတွေက ဒါရိုက်တာလင်းလောက် မချောဘူးဆိုပေမယ့် အတော်လေးတော့ ကြည့်ကောင်းသားပဲ..."
ယွမ်စီးချီမှ ပြောလိုက်သည်။
"အွန်း သူတို့က ကြည့်ကောင်းတာတော့ အမှန်ပဲ... ဒါပေမယ့် သူတို့ရဲ့ ၀တ်ပုံစားပုံတွေကို ကြည့်လိုက်မယ်ဆိုရင် သေချာပေါက် သူဌေးသားလေးတွေနေမှာ... ငါတို့နဲ့ ကီးမကိုက်လောက်ဘူး... ဒူးထောက်ပြီး အစ်ကိုရီရဲ့ ဖိနပ်လျက်သာကပဲ ငါတို့အတွက် ပိုကောင်းတယ်..."
"အမှန်ပဲ..."ယွမ်စီချီ ပြောလိုက်ပြီး "ဒါပေမယ့် သူတို့က ဒီ ဘာလာလုပ်ကြတာ... ငါတို့ကို ကြည့်ဖို့ ရောက်လာခဲ့ကြတာလား...."
"ဒါပေါ့..."၀မ်ဇီရီ ပြုံးလျက် ပြောလိုက်ပြီး "ရှေ့ကနေ လျှောက်လာတဲ့လူက လီကျွင်းယွီ... အဲ့ဒီ အုပ်စုရဲ့ ခေါင်းဆောင်ပဲ... ပြီးတော့ ငါ့သူငယ်ချင်းပေါ့..."
"ဟုတ်ပါပြီ... ဒါပေမယ့် ဘာလို့ လက်ထဲမှာ အရက်ပုလင်းတွေ ကိုင်ထားကြတာ... အရက်သောက်ချင်လို့များလား..."
"ဒီကိုလာပြီး တို့စ်လုပ်မလို့လေ... သူတို့အားလုံးက ဘောစိတွေဆိုတော့ ညဉ်းတို့ နားလည်မှာ မဟုတ်ပါဘူး... ခဏနေကျရင် ကျုပ်ပြောတဲ့အတိုင်းသာ လိုက်လုပ်လိုက်...."၀မ်ဇီရီမှ ပြောလိုက်သည်။
"အို့....ဟုတ်လား...."
လီကျင်းယွီ ရောက်လာသည်ကို မြင်တော့ ၀မ်ဇီရီ အပြုံးလေးဖြင့် ဆီးကြိုလိုက်ပြီး "လီကြီး.. မဟုတ်ရင်လည်း ငါမင်းကို လာတွေ့ဖို့ စီစဉ်နေတာကို ဘာလို့ လူတွေအများကြီး ခေါ်ပြီး ရောက်ချလာတာတုန်းဟ... "
လီကျင်းယွီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ ၀မ်ဇီရီကို အတူ ပင်လယ်ထဲ သွားမည်ဟု ကတိပေးထားလေသည်။ မည်သို့ပင်ဆိုစေ ထိုငနဲနှင့် စကီ အလန်းလေးများ လိုက်လာမည် ဆိုသောကြောင့် သူတိူ့နှင့် လိုက်ခွင့်ပြုဖို့ရာ ပြဿနာ မရှိပေ။ သို့သော်လည်း ၀မ်ဇီရီမှာ လင်းရီနှင့်အတူ ရှိနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
လီကျွင်းယွီကို နှုတ်ဆက်ပြီးနောက် ၀မ်ဇီရီ တစ်ဖက်သို့လှည့်ကာ လူတိုင်းကို မိတ်ဆက်ပေးလိုက်၏။
"အားလုံးပဲ... ဒါက ငါ့ဘော်ဒါ... ကျိုးဟိုင် ဖူရှင်းထုတ်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာကြီး လီကျင်းယွီ... သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက ယွမ်နှစ်ဘီလီယမ်လောက်ရှိတယ်...."
လီကျွင်းယွီ၏ ပိုင်ဆိုင်မှု တန်ဖိုးကိုကြားသိလိုက်ရတော့ လီချူးဟန်မှ လွဲ၍ လူတိုင်း အံ့အားတကြီး ဖြစ်သွားခဲ့ကြပြီး ပါးစပ်လေးများ အုပ်လိုက်ကြ၏။
သူမတို့ အတွက်တော့ ယင်းပမာဏကြီးက ဧရာမကြီးပင်။
သူမတို့၏ လူမှုအသိုင်းအဝိုင်းတွင် မီလီယမ်နာများကပင် ထိပ်စည်း၌ တည်ရှိ၏။ ထို့ကြောင့် ဘီလီယမ်နာများဆိုပါက သူမတို့ မြင်ဖူးရန် အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးကြပေ။
အခြားတစ်ဖက်တွင်တော့ လီချူးဟန်မှာ ဂရုပင်စိုက်ချေ။ ကျိုးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းမှာ လင်းရီ၏ ပိုင်ဆိုင်မှုကြီးဖြစ်၏။
ထို့ကြောင့် နှစ်ဘီလီယမ်မှာ သူမအတွက်တော့ တုန်လှုပ်ဖွယ် မကောင်းတော့ချေ။
"မရီးလည်း ဒီရောက်နေတာလား..."
လီချူးဟန်ကို မြင်တော့ ကောင်းကျုံးယွမ် ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ကားပြိုင်ပွဲတွင် လီချူးဟန်၏ ဒရိုင်းဗင်းစကေးများက သူ၏စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပင်။
မရီးဟု အခေါ်ခံလိုက်ရ၍ လီချူးဟန် ရှက်သွေးလေးများ ဖြန်းသွားခဲ့၏။
သူမ ပထမဦးဆုံးအကြိမ် ယခုလိုအခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်လေသည်။ သူမ နေရာတွင် ကိုးရို့ကားယား ရပ်နေမိပြီး မည်သို့ ပြောရမှန်းမသိ ဖြစ်နေခဲ့၏။
ကျန်သူများလည်း အံ့အားသင့်သွားခဲ့ကြသည်။
ဘာတွေ ဖြစ်နေတာလဲ...
ဒီလူက ဒါရိုက်တာလီကို မရီးလို့ ခေါ်လိုက်တယ်လား....
သူ့အစ်ကိုကြီးက ဘယ်သူလဲ...
နေစမ်းပါဦး... ဒါရိုက်တာလီက အိမ်ထောင်မပြုရသေးဘူး မဟုတ်လား....
"လီကြီး... မင်းသူငယ်ချင်းက ဘာတွေ မှားနေတာ...."၀မ်ဇီရီ အားပါးတရ ရယ်မောလိုက်ပြီး "ဒါရိုက်တာလီနဲ့ ငါနဲ့က ဒိတ်တောင် မလုပ်ရသေးတာကို မရီးလို့ ခေါ်နေပြီဆိုတော့ ငါ့ကို ရှက်အောင် လုပ်နေတာပဲကွ...."
ကောင်းကျုံးယွမ် ၀မ်ဇီရီကို တစ်ချက်ကြည့်လိုက်ပြီး "ဒီကောင်က ဘာဖြစ်နေတာ... ခေါင်းကို မြည်းအကန်ခံထားရတာလား...."
ကောင်းကျုံးယွမ် အထင်တသေးကြည့်လိုက်ပြီးနောက် လင်းရီဘက်သို့ လှည့်ကာ"အစ်ကိုကြီးလင်း... စောနက ဖြစ်ပျက်ခဲ့တာက ကျွန်တော်တို့အမှားပါ... သူတို့ကိုလည်း တောင်ပန်လို့ရအောင် ခေါ်လာခဲ့ပါတယ်ဗျ...."
ကောင်းကျုံးယွမ် လင်းရီကို ဘယ်လိုခေါ်လဲဆိုတာ ကြားတောဘ လူတိုင်း လင်းရီနှင့် ဒါရိုက်တာလီတို့မှာ အချိန်အကြာကြီးကတည်းက အတူနေနှင့်ပြီး ဖြစ်ကြောင်း နားလည်သွားကြတော့၏။
သို့တိုင်အောင် အဘယ်အတွက်ကြောင့် တောင်းပန်နေရသနည်း။
လီကျွင်းယွီ အရက်တစ်ခွက်ကို ကိုင်ကာ "အစ်ကိုကြီးလင်း... ကျုပ် အမြင်တွေ ကန်းခဲ့မိလို့ ထိုက်တန်တောင်ကြီးကို မမြင်ခဲ့တာပါ... ဗွေမယူပါနဲ့...အပြစ်ခံယူတဲ့အနေနဲ့ ကျုပ်ကိုယ်ကျုပ် တစ်ခွက် အရင် သောက်လိုက်ပါမယ်..."
လင်းရီ ဂရုမထားစွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး "မင်းတို့ကောင်တွေက ကောင်းကြီးရဲ့ လူတွေဆိုတော့ မျက်မှာသာပေးရမှာပေါ့...ရန်မဖြစ်ရင် မရင်းနှီးဘူးဆိုတာလည်း ရှိတာပဲမဟုတ်လား.. ခုကစပြီး ငါတို့က တစ်လှေတည်း စီးနေကြတဲ့သူတွေဖြစ်သွားပြီ..ဆိုတော့ မေ့လိုက်တော့... "
"ကျေးဇူးပါ အစ်ကိုကြီးလင်း.. ကျေးဇူးပါဗျ...."
လီကျင်းယွီနှင့် သူ့နောက်ရှိလူများ တောင်းပန်ဟန်ဖြင့် တညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။
"လီကြီး.. မင်းဘာတွေဖြစ်နေတာ... ဘာလို့ သူ့ကို တောင်းပန်နေတာလဲဟ..."၀မ်ဇီရီ ရှုပ်ထွေးနေဟန်ဖြင့် မေးမြန်းလိုက်သည်။
"ငါတို့ ခုလေးတင် အစ်ကိုကြီးလင်းကို စိတ်မပျော်ရွှင်အောင် လုပ်ထားမိတယ်... အဲ့တာကြောင့် တောင်းပန်ရမှာက သဘာ၀ပဲလေ...."
"သူက ငါတို့ ဌာနရဲ့ လက်ထောက်ဒါရိုက်တာလေးပဲပါကွာ... မင်းအနေအထားကြီးနဲ့ဆိုရင် ဒီလိုလုပ်စရာ မလိုပါဘူးဟ..."
"မင်းသောက်ပေါက်ကို ပိတ်ထားစမ်း...."
လီကျွင်းယွီ၏ အော်ဟစ်မှုက ၀မ်ဇီရီကို ကြက်သေသေသွားစေခဲ့သည်။
ငါတို့က သူငယ်ချင်းကောင်းကြီးတွေ မဟုတ်ဘူးလား... ဘာလို့ လာအော်နေတာ...
"မင်းရူးနေတာလား...."လီကျင်းယွီ အော်ငေါက်လိုက်ပြီး "အစ်ကိုကြီးလင်းမှာ တခြား ဘာအထောက်အထားတွေ ရှိလဲဆိုတာ ငါစိတ်မ၀င်စားဘူး... ဒါပေမယ့် ငါမင်းကို ပြောပြမယ်... ဒီရဲ့ ၀မ်ကျန်းဆိပ်ကမ်းက အစ်ကိုကြီးလင်းရဲ့ ပိုင်နက်ပဲ... သူက ကျိုးဟိုင် သခင်လေး သုံးဖော်ရဲ့ ခေါင်းဆောင်နော်... မင်း အစ်ကိုကြီးလင်းအကြောင်း မကောင်းတာတွေ ပြောရဲပြောကြည့်... ငါအရေခွံနွာပစ်မယ်..."
ဟစ်....
၎င်းကို ကြားတော့ လူတိုင်း လေအေးတစ်ရှိုက်ရှူသွင်းလိုက်ကြရသည်။
"ဘာ... ဘာပြောလိုက်တယ်... ၀မ်ကျန်းဆိပ်ကမ်းက သူ့အပိုင်...."
လီကျင်းယွီ မျက်ခုံးပင့်လိုက်ပြီး "ဘာလို့လဲ.. ငါနောက်နေတယ် ထင်လို့လား..."
ချောင်ရှင်းနှင့် ကျန်သည့် နာ့စ်လေးများ၏ မျက်၀န်းများမှာ သောက်ရှူးကြယ်ပမာ လင်းလက်သွားခဲ့ကြသည်။
' ဖြစ်နိုင်တာက အစ်ကိုကြီးလင်းမှာ နောက်ထပ်အထောက်အထားတစ်ခု ရှိနေတာများလား...
အိုင်ဒေါဒရာမာထဲက ဇာတ်လမ်းက သူမတို့ရှေ့မှာ ဖြစ်ပျက်နေသလိုပဲ...
ငယ်ရွယ်ပြီး ချမ်းသာတဲ့ သခင်လေးက သူ့ရဲ့ လက်ရှိဘ၀ကိုမကျေနပ်တော့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အိမ်ကနေ 'ဒါ ငါလိုချင်တဲ့ ဘ၀ မဟုတ်ဘူးကွ ' လို့ အကျယ်ကြီး အော်ဟစ်ပြီး ဘယ်သူ့မှ သောက်ဂရုမစိုက်တဲ့အထာနဲ့ ထွက်လာလို့ရအောင် မိသားစု မသိအောင် ဆေးပညာကို တိတ်တဆိတ် လေ့လာလိုက်တယ်...
အိုင်ဒေါဒရာမာတွေရဲ့ ဇာတ်အိမ်ဖွံ့ဖြိုးမှုတွေအရဆိုရင် သူ့ရဲ့ ဇစ်မြစ်ကို ဖော်ထုတ်လိုက်တာနဲ့ ဘေးနားမှာရှိတဲ့ လူတိုင်းက တအံ့တဩတွေ ဖြစ်ကုန်ကြတာပဲ... '
ထိုအကြောင်း စဉ်းစားမိတော့ ချောင်ရှင်းနှင့် ဒါဇင်ကျော်သော နာ့စ်လေးများမှာ အနည်းငယ် မူးနောက်သလို ခံစားလိုက်ရ၏။
သူမတို့ အမျိုးသမီး အဓိက ဇာတ်ဆောင် ဖြစ်မလာနိုင်သော်လည်း ဇာတ်ပို့နေရာမှ နေမည်ဆိုလျှင်လည်း မဆိုးလှချေ။
အမျိုးသမီးများ၏ ဆင်ခြင်တုံတရားနှင့် စိတ်ကူးယဉ်ဆန်မှုတို့မှာ ဩချလောက်ရသည်ဟု ဆိုရပေမည်။
အမျိုးသား ဇာတ်ဆောင်ကို မြင်လိုက်သည်နှင့် ဇာတ်လမ်းတွဲ အပိုင်း ရှစ်ဆယ်စာလောက်ကို တစ်ခါတည်း တွေးတောနိုင်လေသည်။
မင်းတို့ကိုပဲ မေးလိုက်တော့မယ်
နောက် ထပ် ဘယ် သူ တွေ ကျန် သေး လဲ…