← Chapters

မိမိုက်သလိုလုပ်ပြီးတော့ ထွက်ပြေးရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ

Vol. 31 Ch. 459

မိမိုက်သလိုလုပ်ပြီးတော့ ထွက်ပြေးရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ

Vol. 31 Ch. 459

"သူ.....သူက အဲ့လောက်တောင် ချမ်းသာတယ်လား...."

"အစ်ကိုကြီးလင်းရဲ့ ကြွယ်၀မှုက မင်းစိတ်ကူးယဉ်နိုင်မှာ မဟုတ်ဘူး...မင်းက ဒီတိုင်း ပါမွှား လက်ထောက် ဒါရိုက်တာလေးကိုများ.. နောက်ကျရင် ‌ဘ၀င်တွေမမြင့်နဲ့... အစ်ကိုကြီးလင်းရှေ့ရောက်ရင် ရိုရိုကျိုးကျိုးနေ....."

လင်းရီရှေ့တွင် မောက်မာပြရဲသော်လည်း လီကျွင်းယွီလိုရှေ့တွင်တော့ ၀မ်ဇီရီ လေပင် ကျယ်ကျယ် မလည်ဝံ့ချေ။

"ကောင်းပြီ.. ထားလိုက်တော့.. ဒီအကြောင်း ဆက်မပြောနဲ့တော့..."လင်းရီ သူ့လက်ကို ထူးမခြားနားစွာ ဝှေ့ယမ်းလိုက်ပြီး "မင်းတို့ကောင်တွေ ပင်လယ်ထဲ ထွက်မယ်လို့ ပြောထားတယ်မလား... ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ခေါ်သွားလိုက်... သူတို့က ဆေးရုံမှာ နေ့တိုင်း ပိတ်လှောင်ခံထားရတာဆိုတော့ ဒီနေ့ အနားယူဖို့ရောက်လာခဲ့တာ..."

"အစ်ကိုကြီးလင်း... ကျွန်တော်တို့ရဲ့ နဂိုအစီအစဉ်ကတော့ ကလပ်အတွက် ရွက်လွင့်မလို့ပဲ.. ဒါပေမယ့် မရီးနဲ့ သူ့ရဲ့ သူငယ်ချင်းတွေပါ ပါလာတယ်ဆိုတော့ အစီအစဉ်ပြောင်းလိုက်မယ်ဆိုရင်ကော... လှေအကြီးစားကြီးနဲ့ အားလုံးအတူ သွားမယ်ဆိုရင် ပိုပြီး ပျော်ဖို့ကောင်းမှာ..."ကောင်းကျုံးယွမ်မှ ပြောလိုက်သည်။

"ငိုးပဲ မင်းက ငါ့လှေတွေကို ညှစ်ထုတ်ချင်နေတယ်ပေါ့လေ..."လင်းရီ အပြုံးလေးဖြင့် ကျိန်ဆဲလိုက်၏။

"ဟားဟား... ၀မ်ကျန်းဆိပ်ကမ်းမှာ အသစ်ရောက်နေတဲ့ လှေကြီးတွေက အလန်းကြီးတွေ ... ကျွန်တော်နဲ့ အစ်ကိုကြီးချင်းတို့ ငှားပြီး ရေကူး၀တ်စုံပါတီ လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ... ခု ၀မ်ကျန်းဆိပ်ကမ်းက အစ်ကိုကြီးလင်းရဲ့ ပိုင်နက်ဆိုမှတော့ အားနာစရာ မလိုတော့ဘူးလေ... နောက်ကျရင် လာပြီး ဆော့ကစားဖို့ ပိုအဆင်ပြေသွားပြီ..."

"အိုကေလေ... ခဏစောင့်ဦး...ငါ ပီစုန့်ကျန်းကို ဖုန်းဆက်ပြီးတော့ ထုတ်လာခဲ့ခိုင်းလိုက်မယ်...."

"ကောင်းတာပေါ့ဗျ...."

တစ်ခဏကြာသော် လင်းရီ ဖုန်းဆက်လိုက်ပြီး ပီစုန့်ကျန်းကို လှေအသင့်ပြင်ထားရန် ပြောလိုက်၏။

"ဘော့စ်လင်း.... ဘော့စ်က လှေမလိုဘူး ပြောတယ်ဆိုရင်တောင် ကျွန်တော်တို့ဘက်က အသင့်ပြင်ထားပေးပါတယ်ဗျ...ခုချက်ချင်းပဲ ထုတ်လာခဲ့ခိုင်းလိုက်တော့မယ်...."

"ကောင်းပြီ...."

ဆယ်မိနစ်ကြာပြီးနောက် လူတိုင်း အချက်ပေး ဥဩဆွဲသံကို ကြားလိုက်ရပြီး မီတာသုံးဆယ် ရှည်လားသော ရွက်လှေတစ်စင်း သူတို့ထံ နီးကပ်လာသည်ကို မြင်တွေ့လိုက်ရ၏။

ထိုရွက်လှေကြီးကို မြင်တော့ ဆိပ်ကမ်းသို့ ရောက်နေကြသည့်လူတိုင်းအုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။

'ဘယ်တိုင်ကွန်းကများ ပင်လယ်ထဲ ထွက်မလို့ပါလိမ့်....'

"ဒါရိုက်တာလင်း... အဲ့ဒီ သင်္ဘောကြီးက ကျွန်မတို့ စီးမယ့်ဟာကြီးလားဟင်...."

"ဟုတ်တယ်... ၀ယ်ထားတာတောင် သိပ်မကြာသေးဘူး.. ဘယ်လောက် ပေးရလဲတော့ မေ့သွားပြီ... ဒီမှာ လိုက်စီးမယ့်သူက လူ သုံးဆယ်ကျော်တယ်ဆိုတော့ ဒီလို သင်္ဘောအကြီးစားကြီးနဲ့မှ ဆံ့မှာပေါ့...."

"အွန်း... ဒါကြီးက အရမ်း အဆင့်အတန်း မြင့်လွန်းတယ်... ကျွန်မ လာလာချင်းတုန်းက တွေ့ပေမယ့် စီးဖို့တော့ စိတ်ကူးတောင် မယဉ်ရဲဘူး... ခုတော့ တကယ်ကြီး စီးဖို့ အခွင့်အရေး ရသွားပြီ..."

"အစ်ကိုကြီးလင်းက ကျိကျိတက်ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးဖြစ်တယ်ဆိုတာ နင်က မေ့နေတာလား... ဒါလေးက အစ်ကိုကြီးလင်းအတွက်တော့ စီးဖို့ လှေတစ်စင်းသာသာလေးပဲ .... ငါတို့ အစ်ကိုကြီးလင်းနဲ့ ဆုံရတာ အရမ်းကံကောင်းတယ်.."

ချောင်ရှင်းမှ ပြောလိုက်၏။

"ဟီးဟီး... ကျေးဇူးပါနော် ဒါရိုက်တာလင်း..."

"အစ်ကိုရီ သွားစို့.. လှေက ရောက်နေပြီ... သွားပျော်ပါးရအောင်..."

"အိုကေ....."

"ဒါရိုက်တာ၀မ်က ဒီမှာနေခဲ့ပြီးတော့ အိတ်တွေ ကြည့်ထားပေးမယ်မလား...."

၀မ်ဇီရီလည်း သူမနှင့်အတူ လိုက်လာခဲ့သည်ကိုမြင်တော့ ချောင်ရှင်းမှ မေးမြန်းလိုက်၏။

"ငါ အိတ်တွေ ကြည့်ဖို့ နေခဲ့ပေးမယ်လို့ မပြောပါဘူး... မင်းတို့ပဲ ကိုယ့်ဘာကိုယ် ပြောပြီးတော့...."

လီကျင်းယွီ၏ အဆူခံလိုက်ရသော်လည်း သူ လီချူးဟန်အတွက် တိုက်ခိုက်ချင်နေဆဲ ဖြစ်၏။

"၀မ်ကြီး.. မင်းနေခဲ့ပြီး အိတ်တွေ စောင့်နေလိုက်... တကယ်လို့ မင်းသွားရင် လေထုက တစ်မျိုးဖြစ်သွားလိမ့်မယ်...."

လီကျွင်းယွီမှ ပြောလိုက်၏။

"အေးပါကွာ အေးပါ..."၀မ်ဇီရီ ကိုးရို့ကားယားဖြစ်စွာ ပြောလိုက်သည်။ လှေပိုင်ရှင်မှာ လင်းရီ ဖြစ်နေသောကြောင့် သူလည်း လိုက်ပါမည်ဆိုပါက ကသိကအောက် ဖြစ်ရချေမည်။

"ကျေးဇူးပါ ဒါရိုက်တာ၀မ်..."

"ဒါရိုက်တာ၀မ်... ကျွန်မတို့ သွားလည်တော့မယ်နော်... ပြန်လာရင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပေးမယ်...."

၀မ်ဇီရီ၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။

မင်းတို့ ဓာတ်ပုံရိုက်ခဲ့တော့ရော ငါက ဘာသွားလုပ်ပေးရမှာ...

ပြီးတော့ ဖုန်းတွေကလည်း ငါ့နားမှာ မဟုတ်လား.. ဒါသပ်သပ် ရန်စတာပဲကွ....

လူတိုင်း ပြုံးပျော်ရွှင်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ၀မ်မာဇီ တွေးလေလေ သူပိုပြီး နစ်နာသည်ဟု ခံစားနေရလေလေ ဖြစ်၏။

သို့တိုင်အောင် သူတတ်နိုင်တာ ဘာမျှ မရှိချေ။ လီကျွင်းယွီကဲ့သို့ ကြီးမြတ်သူပင် လင်းရီရှေ့၌ ဦးကျိုးရသောကြောင့် သူနှင့် တိုက်ခိုက်ဖို့ ဖြစ်နိုင်တော့မည် မဟုတ်တော့ချေ။

မကြီမီ အုပ်စုကြီးမှာ လှေပေါ် တက်လိုက်ကြ၏။

တန်ဖိုးကြီးမားသည့် ဇိမ်ခံပစ္စည်းများနှင့် ပြင်ဆင်ထားသည့် လှေ၏ အတွင်းပိုင်းကို မြင်တွေ့လိုက်ရသောအခါ ချောင်ရှင်းနှင့် နာ့စ်များအားလုံး ကမ္ဘာသစ်တစ်ခု ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်လေးများ မစေ့နိုင် ဖြစ်နေကြရ၏။ အရာအားလုံးမှာ သူမတို့အတွက် အသစ်အဆန်းများ ဖြစ်နေလေသည်။ မည်သိူ့ပင်ဆိုစေ သူမတို့ ယခုလိုနေရာမျိုး ရောက်ဖူးသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်၏။

လှေပေါ်တွင် လီကျွင်းယွီနှင့် ကျန်သူများမှ စားသောက်ဖွယ်ရာများ၊ ဝိုင်အရက်များနှင့် သစ်သီးများကို ခင်းကျင်းလိုက်ကြသည်။

သူတို့ ကမ်းခြေတွင် အ၀စားလာခဲ့ပြီးဖြစ်သော်လည်း လှေပေါ်ရှိ လေထုကို သက်တောင့်သက်သာ ဖြစ်စေရန် ယခုလို စားသောက်စရာများ လိုအပ်နေဆဲ ဖြစ်၏။

"မင်းနဲ့ ၀မ်ဇီရီက ရင်းနှီးတာလား..."လှေပေါ်တွင် လင်းရီ လီကျွင်းယွီကို မေးမြန်းလိုက်၏။

"တအားကြီးတော့ မဟုတ်ပါဘူး... သုံးလေးကြိမ်လောက်ပဲ အပြင်ထွက်ဖူးတာပါ...."လီကျွင်းယွီ ပြောလိုက်ပြီး "ပြီးတော့ သူ့အဖေကလည်း ဆေးဝါးဌာနရဲ့ လက်ထောက် ဒါရိုက်တာလေ... ဒါကြောင့်မို့ သူ့မှာ အာဏာတစ်ချို့တော့ ရှိတယ်... ဒါပေမယ့် သိပ်မကြာခင် အဲ့အဘိုးကြီးလည်း အနားယူတော့မှာပါ...."

"ဆေးဝါးဌာနရဲ့ လက်ထောက်ဒါရိုက်တာ..."လင်းရီ ရေရွတ်လိုက်၏။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့် ညှိနှိုင်းဆွေးနွေးစဉ်က ကျိုးဟိုင်မှ ညှိနှိုင်းဆွေးနွေးသူမှာလည်း ဤရာထူးကို ဆုပ်ကိုင်ထားလေသည်။

"သူ့အဖေက ၀မ်ရန်ရှင်းများလား...."

"ဟမ်... အစ်ကိုကြီးလင်းက ဘယ်လိုလုပ်ပြီး သိတာ....."

"အရင်တုန်းက ဒီနာမည် ကြားဖူးနေရုံလေးတင်ပါကွာ... ဒါကြောင့်မို့ မေးကြည့်လိုက်တာ..."လင်းရီ လီကျွင်းယွီ၏ ပခုံးကို ပုတ်လိုက်ပြီး "ကောင်းပြီ... သွားပြီးတော့ ပျော်ပါးချည်တော့...."

"အစ်ကိုကြီးလင်း.. ဒီနေ့ ဖြစ်ခဲ့တာတွေက ကျွန်တော့်အမှားပါ.. ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..."လီကျွင်းယွီ မထွက်ခွာခင် နောက်တစ်ခေါက် လင်းရီကို တောင်းပန်လိုက်သည်။

"သောက်ရေးမပါတာတွေ..."

လီကျွင်းယွီ ရယ်မောလိုက်ပြီး အခန်းထဲသို့ ပြန်သွားပြီး မိန်းကလေး အုပ်စုနှင့် ရောနှောကာ ဟာသများ ပြောဆိုလိုက်ပြီး သူတို့ကို ပျော်ရွှင်အောင် ပြုလုပ်ပေးနေလိုက်၏။

တစ်ချိန်တည်းတွင် ကောင်းကျုံးယွမ်လည်း လင်းရီထံ ရောက်လာခဲ့ပြီး "အစ်ကိုကြီးလင်း... တကယ်လို့နော် ကျွန်တော်တို့ နာ့စ်ချောချောလေးတွေ ခေါ်ပြီး လာပျော်ပါးနေတာက်ု အစ်ကိုကြီးချင်းသိလို့ကတော့ ဘယ်လောက်တောင် ကျိန်ဆဲနေလိုက်မလဲ မသိဘူး....ကျွန်တော်တို့ သေချာပေါက် အသိပေးလို့ မဖြစ်ဘူးနော......"

"ငါ့အထင်တော့ အဲ့ကောင် အနှေးနဲ့ အမြန် သိသွားမှာပဲ..."

"ဟမ်... အဲ့လိုဆို ဘယ်လိုလုပ်ကြမှာ...."

"ဘာလုပ်နိုင်မှာ... အဲ့ကောင်ကို ဗွီဒီယိုကော ခေါ်လိုက်... ဒီကောင် မရှိဘူးဆိုရင်တောင်မှ ဒီနေရာရဲ့ ပျော်ဖို့ကောင်းတဲ့လေထုကို မြည်းစမ်းကြည့်ခိုင်းရမယ်လေ...."

ကောင်းကျုံးယွမ် ဖုန်းထုတ်လိုက်ပြီး ချင်းဟန်ထံ ဗွီဒီယိုကော ခေါ်ဆိုလိုက်၏။

"လင်းကြီး ဘာတုန်းကွ...."

ချင်းဟန်မှာ ကားထဲတွင် ထိုင်နေပြီး သူ၏ ပါးစပ်တွင်လည်း စီးကရက် တစ်လိပ်ကို ခဲထားကာ ၀င့်ကြွားနေသည့် လေသံဖြင့် ပြောလိုက်၏။

"မင်းရုပ်ကြည့်ရတာ မကြာခင် အချိန်ကောင်းလေး ပိုင်ဆိုင်တော့မယ်နဲ့ တူတယ်..."

"ငါတလောတုန်းက တွေ့ထားတဲ့ စော်အလန်းလေးတွေက ဘားမှာ တွေ့ဖို့ ဖိတ်လိုက်တယ်လေကွာ... မင်း မနာလို ဖြစ်နေတယ်ဆိုတာ ငါသိတယ်ဟျောင့်... ဒါပေမယ့် ငါလည်း မတတ်နိုင်ဘူး.... ကောင်မလေးတွေက သိပ်မများတော့ တစ်ယောက်တည်း ခံစားဖို့ပဲ တတ်နိုင်တယ်..."

ချင်းဟန် ၀င့်ကြွားစွာဖြင့် သက်ပြင်းချလိုက်၏။

"ငါတို့က ညီကိုတွေ မဟုတ်လို့ မဟုတ်ဘူးနော်.. ကောင်မလေးတွေက ဆွဲဆောင်မှုအား ကြီးလွန်းတော့ မင်းကိုလည်း မမျှနိုင်ဘူး...."

"စော် လေးငါးယောက်လောက်ကိုများ... ငါတို့က ဂရုကို စိုက်မနေတာ..."

လင်းရီ ကင်မရာကို အခန်းဘက်သို့ လှည့်ပြလိုက်ပြီး "ငါတို့မှာလည်း တစ်ချို့ ရှိပါတယ်ကွ... ပြီးတော့ တော်တော်လေးလည်း လန်းတယ်..."

"ငိုးပဲ... သူတို့က ဘာလို့ ရေကူး၀တ်စုံတွေ ၀တ်ထာကြတာလဲ...နေစမ်းပါဦး.. မင်းတို့ကောင်တွေ ဘယ်လဲ ရောက်နေကြတာ..."

လင်းရီ ဖုန်းကိုင်ထားပြီး ပတ်၀န်းကျင်တစ်ခုလုံး လှည့်ပြလိုက်၏။

"ကောင်းကြီးနဲ့ ငါနဲ့က အားယားနေတော့ ကောင်မလေးတစ်ချို့ ခေါ်ပြီးတော့ ရေကူး၀တ်စုံပါတီ ကျင်းပနေတာလေ... ပြီးတော့ မိန်းကလေးတွေ အကုန်လုံးကလည်း ဆေးရုံက နာ့စ်တွေချည်းပဲ... သူတို့ ယူနီဖောင်းတွေတောင် ယူလာခဲ့သေးတယ်...."

"ငိုးပဲ... မင်းတို့ မျိုးမစစ်နှစ်ကောင်.. အဲ့လိုမျိုး ကောင်းတာ ရှိရင်ကျတော့ ငါ့ကို မခေါ်ဘူး...."

"ငါတို့က ညီကိုတွေ မဟုတ်လို့ မဟုတ်ပါဘူးကွာ... ကောင်မလေးတွေက သိပ်ပြီး ဆွဲဆောင်မှုရှိလွန်းတော့ မမျှပေးရက်ရုံလေးပဲ...."

သိူ့နှင့် လင်းရီ ဖုန်းချလိုက်၏။ ကောင်းကျုံးယွမ် ပြုံးလိုက်ပြီး "အစ်ကိုကြီးလင်း... လူကို အဲ့လိုမျိုး ခိုးလုခိုးလု ဖြစ်အောင်ပြီး ဖုန်းချလိုက်ရတာ သိပ် အရသာရှိတာပဲ...."

"ငါပြောချင်တာလည်း အဲ့တာပဲလေ..."

"အစ်ကိုကြီးလင်း .. ဒီမှာ ရေငုပ်တဲ့ ကိရိယာတွေ ရှိတယ်... ဘယ်လိုထင်လဲ..."ကောင်းကျုံးယွမ် လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒါက ကောင်မလေးတွေနဲ့ ဆက်ဆံရေး တိုးတက်ဖို့ အခွင့်ကောင်းပဲနော်...."

"ဆက်ဆံရေး တိုးတက်တာ မတိုးတာက အရေးမဟုတ်ပါဘူးကွာ... ငါက ဒီတိုင်း ရေကူးချင်ရုံလေးပဲ..."

"အဲ့လိုဆို ကျွန်တော်နဲ့အတူ သွားမလား...." ကောင်းကျုံးယွမ် အပြုံးလေးဖြင့် မေးလိုက်၏။

"လစ်စမ်းဟျောင့်...."

ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် ရပ်နေသည့် လီချူးဟန်ကို လင်းရီ မြင်တွေ့လိုက်ရ၏။

ပင်လယ်လေညင်းများမှာ သူမ၏ ‌ပျော့ပျောင်းရှည်လျားသည့် ဆံနွယ်တို့ကို ပွတ်သပ်သွားပြီး ပင်လယ်ရေကို သူမနှုတ်ခမ်းရှိအပြုံးဖြင့် ခွဲစိတ်မှုပြုနေသကဲ့သို့ ခံစားနေရလေသည်။ မည်သူကမျှ သူမဘာတွေးနေလဲဆိုတာ သိလိမ့်မည် မဟုတ်ချေ။

"ဒါရိုက်တာလီ... အောက်မှာ သွားပြီး မပျော်ပါးချင်ဘူးလား...."

"အောက်မှာ သွားပျော်ရမယ်...."

"အင်း.... လှေပေါ်မှာ ရေငုပ်တဲ့ ကိရိယာတွေ ရှိတယ်လေ... "

"ဒါပေမယ့် ငါက ရေပဲ ကူးတတ်တာ... မငုပ်တတ်ဘူး...."

"ရတယ်.....ကျုပ် ခေါ်သွားပေးမယ်....."

"မကောင်းဘူးထင်တယ်နော... တစ်ယောက်ယောက်ကို ခေါ်သွားပေးမယ်ဆိုရင် နင်လည်း ပင်ပန်းနေမှာပေါ့...ငါ ဒီကနေပဲ ကြည့်တော့မယ်......"

"မရီး... ကျွန်တော်တို့ အားလုံးက တစ်ဖက်တည်းတွေလေ.. ဘာမှ ရှက်ရွံ့နေစရာ မလိုဘူး... ကျွန်တော် မရီးတို့နှစ်ယောက်လုံးအတွက် ကိရိယာတွေ ပြင်ဆင်ပေးခဲ့ပြီးပြီ... ဒါက ခေါင်းဆောင်း...ဒီကိရိယာတွေက ၀တ်ရတာ လွယ်ပါတယ်... မိနစ်အနည်းငယ်လောက်ဆိုပြီးပြီ...."

လင်းရီ ကောင်းကျုံးယွမ်ကို တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

နရုံပီး(လန်းတယ်)

ကောင်းကျုံးယွမ်၏ စိတ်အားထက်သန်နေမှုအောက်တွင် လီချူးဟန် ငြင်းဆိုဖို့ရာ စကားရှာ‌မတွေ့တော့ပဲထိုကိရိယာများကို လက်ခံလိုက်ရ၏။

အားလုံးအဆင်သင့် ဖြစ်သောအခါ သူမ လင်းရီကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်လေသည်။

"ငါ တကယ်ကြီး ရေမငုပ်တတ်ဘူးနော်... "

"ဘာမှမဖြစ်ဘူး....ကျုပ်တစ်ယောက်လုံးရှိနေတာကို ဘာတွေ စိတ်ပူနေတာ..."

လင်းရီ လီချူးဟန်၏ ခါးကို ဆွဲဖက်လိုက်ပြီး ရေထဲသို့ နှစ်ယောက်အတူ ခုန်ဆင်းသွားလိုက်တော့၏။

အား....

လင်းရီ မပြောမဆိုဖြင့် ရေထဲသို့ ခုန်ဆင်းလိုက်သောအခါ ကျီချင်းရန် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။

ထိုအခါမှပဲ လင်းရီလည်း လီချူးဟန်မှာ ပို၍ မိန်းမသား ဆန်ကြောင်း သတိထားမိသွားသည်။

ယခုလို မရင်းနှီးသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ မည်သို့ ထိတ်လန့်ရမလဲဆိုတာတော့ သိသေး၏။

လီချူးဟန် အထိတ်ထိတ်အလန့်လန့်ဖြင့် လင်းရီကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ ယင်းက သာ သူမကို လုံခြုံသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

ထို့နောက် မကြာမီ ရေအောက်နှင့် တဖြည်းဖြည်းနှင့် နေသားကျလာကာ လင်းရီကို လက်လွှတ်လိုက်တော့၏။

အေးချမ်းသည့် ပင်လယ်ရေမှာ သူမ၏ အသားအရေကို ဖြတ်သန်းသွားပြီး ရောင်စုံငါးများကလည်း အုပ်စုဖွဲ့၍ သွားလာနေကြ၏။ ဆန်းကြယ်သည့် ရေအောက်ကမ္ဘာမှာ လီချူးဟန်အတွက်တော့ ထူးဆန်းနေပြီး ၀တ္ထုဆန်ဆန် ခံစားနေရသည်။ ပတ်၀န်းကျင်အသစ်နှင့် နေသားကျသွားသောအခါ လီချူးဟန် စတင်၍ ရေအောက်ကမ္ဘာ၏ တမူထူးခြားသည့် အလှတရားများကို သွားရောက်ရှာဖွေတော့၏။

တစ်ဖက်မှ လင်းရီ၏ လက်ကို ဆုပ်ကိုင်ထားရင်း ကျီချင်းရန် အောက်ရှိ သန္တာကျောက်တန်းကို သိချင်စိတ်ပြင်းပြစွာဖြင့် လက်ညိုးညွှန်ပြလိုက်၏။

သူမ လင်းရီကို ထိုနေရာသို့ ခေါ်သွားစေချင်နေသည့်ပုံပင်။

လင်းရီ တုံ့ဆိုင်းမနေပဲ လီချူးဟန်ကို ထိုနေရာသို့ ကူးခတ်ပြီး ခေါ်သွားလိုက်၏။ ထို့နောက် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် သန္တာကျောက်တန်းများထံသို့ လိုက်လံခေါ်ဆောင်သွားလေသည်။

သန္တာကျောက်တန်းများကို ကြည့်ရှုနေစဉ် အတောအတွင်း လင်းရီ လီချူးဟန် မျက်၀န်းထဲရှိ ပုံမှန်အေးစက်နေမှုကို မမြင်တွေ့ရပဲ ထိုအစား မိန်းမပျိုလေးတစ်ဦး၏ စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကိုသာ မြင်တွေ့နေရလေသည်။ ထိုအခါမှသာ လီချူးဟန်မှာ အေးတိအေးစက်စရိုက်ရှိသူမျိုးမဟုတ်ပဲ သူမ၏ ရင်ဘက်တံခါးကို တင်းကြပ်စွာ ပိတ်ဆို့ထားခြင်းကြောင့်သာဖြစ်ကြောင်း နားလည်သိရှိသွားတော့၏။

နာရီ၀က်ကြာပြီးနောက် ဒိုင်ဗင်ကိရိယာရှိ အောက်ဆီဂျင်မှာ ဆယ်မိနစ်စာမျှသာ ကျန်တော့ကြောင်း သတိပေးလာခဲ့ပြီး နှစ်ယောက်သား ပြန်သွားရတော့မည့်အချိန်သို့ ရောက်ရှိလို့ လာချေပြီ။

အစကတော့ လင်းရီ လီချူးဟန်နှင့်အတူ ရေနက်ပိုင်းအထိ ငုပ်ရန်စိတ်ကူးထားပါသော်လည်း လီချူးဟန် ငြင်းဆန်လိုက်၏။ မည်သို့ပင်ဆိုစေ သူမတို့မှာ ရေအောက်၌ ရောက်ရှိနေသောကြောင့် သတိထားသည်က မမှားပေ။

သို့သော်လည်း လင်းရီ လီချူးဟန်ကို အပေါ်သို့ ခေါ်သွားနေစဉ် ရုတ်တရက် သူ၏ လက်မောင်းမှာ တင်းကြပ်သွားကြောင်း ခံစားမိလိုက်၏။ လီချူးဟန်မှာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို တွေ့ကြုံနေရသည့်မလား သူ့ကို စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေလေသည်။

လင်းရီ မျက်လုံးများဖြင့် မေးမြန်းလိုက်၏။

လီချူးဟန် သူမ၏ ရေကူး၀န်စုံကို လက်ညိုးထိုးပြလိုက်လေသည်။

ထိုအခါ လီချူးဟန်၏ ရေကူး၀တ်စုံ သိုင်းကြိုးများမှာ ပြုတ်ထွက်နေကြောင်း သတိထားမိသွားသည်။

(TN- အပေါ်ကော အောက်ကော ကြိုးပြေသွားတာပါနော် (⁠ꏿ⁠﹏⁠ꏿ⁠;⁠)

All Chapters