← Chapters

ညဂျူတီ အတူဆင်းကြစို့..

Vol. 31 Ch. 461

ညဂျူတီ အတူဆင်းကြစို့..

Vol. 31 Ch. 461

"ဟမ်..."

၀မ်ဇီရီ၏ အမူအရာမှာ ချဲ့ကားသွားပြီး "ဒါရိုက်တာလီ.. ကျုပ်လုံး၀ မပင်ပန်းဘူး... ခင်များနဲ့အတူ ညဂျူတီ ဆင်းလို့ရသေးတယ်..."

"အဆင်ပြေပါတယ်... ဒီတိုင်း ညဂျူတီလေးပါပဲ... ဘာမှ အရေးကြီးတာလည်း မဟုတ်ဘူး...."လီချူးဟန် ပြောလိုက်ပြီး "ရှင် အလုပ်ဆင်းကြောင်း ပြထားပေးမယ်..."

"ဒါရိုက်တာလီ... ဒါက အလုပ်ဆင်းမှတ်တမ်းနဲ့ မဆိုင်ဘူး... ကျုပ် တကယ်ကြီး မပင်ပန်းတာပါ..."၀မ်ဇီရီ ကျောဖြောင့်တန်း၍ ပြောလိုက်သည်။

"ဒါရိုက်တာလီတို့ ပင်လယ်ထဲ ထွက်တုန်း ကျုပ်ဒီမှာ တစ်ချိန်လုံး အိပ်စက်ပြီးတော့မှ ညဂျူတီအတွက် ပြင်ဆင်နေခဲ့တာ.... ဒါရိုက်တာလီနဲ့ အတူအလုပ်လုပ်ရမှာကြောင့် မဟုတ်ဘူးနော်.. ကျုပ် တစ်ယောက်တည်း ဆင်းရမယ်ဆိုရင်တောင်မှ အနားမယူဘူး... ဒါကြောင့်မို့ စိတ်မပူနဲ့..."

"ဒါရိုက်တာလီ.. ဒီလိုလုပ်ရင်ကော... ရှင်က တစ်နေ့လုံး လည်ပတ်ထားတာဆိုတော့ ပင်ပန်းရောပေါ့... ဒါရိုက်တာ၀မ်ကလည်း တစ်ယောက်တည်း ဖြစ်တယ် ပြောနေတော့ အိမ်ပြန်ပြီး အနားယူလိုက်လေ... "ချောင်ရှင်း ပြောလိုက်သည်။

"ဟုတ်တယ် .. အဲ့လိုလည်း ရလောက်တယ်.. ဌာနက ဒီရက်ပိုင်းတွေမှာ အလုပ်ပါးနေတာဆိုတော့ ဒါရိုက်တာ၀မ်တစ်ယောက်တည်းလည်း ဖြစ်ပါတယ်... "

လီချူးဟန် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့ပြီး "ဒါရိုက်တာ၀မ်... ရှင်တစ်ယောက်တည်း ဖြစ်မှာလား....."

"အမ်... ကျုပ်သဘောက...."

၀မ်ဇီရီ သေချာင်စော် နံသွားခဲ့သည်။ မင်းတို့အားလုံး ပေါင်းပြီး အနိုင်ကျင့်နေတာပဲကွ...

"တကယ်လို့ ဘာပြဿနာမှ ရှိမလာဘူးဆိုရင်တော့ ကျုပ်တစ်ယောက်တည်း ဖြစ်တယ်... ဒါပေမယ့် မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ မရဘူးလေ... ဒါကြောင့်မို့ ဒါရိုက်တာလီပါ ရှိနေမယ်ဆိုရင်တော့ ပိုပြီး စိတ်ချလက်ချ ဖြစ်တာပေါ့.... "

၀မ်ဇီရီ လွယ်လွယ်ကူကူနှင့် အရှုံးမပေးချင်သည်မှာ အသိအသာကြီးပင်။ သူ့ဘက်မှ ခေါင်းမီးတောက်အောင် စဉ်းစားပြီး လီချူးဟန်နှင့်အတူ အလုပ်လုပ်ခွင့်ရရန် ကြိုးစားနေလေသည်။

"ပြီးတော့... ကျုပ်က ဌာနကို ရောက်တာလည်း မကြာသေးဘူး...လူနာတွေရဲ့ အခြေအနေတွေနဲ့လည်း မရင်းနှီးသေးဘူးဆိုတော့...."

"ကောင်းပြီလေ.. ရှင်က ဘာမှမသိမှတော့ နဂိုအစီအစဉ်အတိုင်းပဲ ပြန်ပြီး နားလိုက်တော့ ... ကျွန်မနဲ့ ဒါရိုက်တာလင်းက ကြည့်ပြီး ကိုင်တွယ်ထားလိုက်မယ်...."

"ငါတို့လည်း ညဂျူတီရှိတယ်.. ဒါရိုက်တာလင်းရဲ့ကားထဲ ၀င်ကြစို့ဟေ့... တော်နေကြာရင် အစ်မမာက စိတ်ဆိုးနေလိမ့်မယ်..."ယွမ်စီးချီမှ အားလုံးကို ဦးဆောင်လိုက်၏။

"ဟုတ်တယ် ဟုတ်တယ်..."

နာ့စ်သုံးယောက်မှာ အလျင်အမြန် သဘောတူလိုက်ပြီး လင်းရီ ကားထဲသို့ ၀င်လိုက်ကြ၏။

ရှာရီလေးဖြစ်နေသေး၍ တော်သေးသည်။ လင်းရီသာ ပြိုင်ကားနှင့်ဆိုပါက ထို အလှလေးများကို တစ်ပြိုင်တည်း တင်ခေါ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒါရိုက်တာလင်းက ခဏနေကျမှ လာခဲ့နော်... ကျွန်မတို့ အ၀တ်အစားတွေ အရင်လဲလိုက်ဦးမယ်...."

"ကောင်းပြီ.. အေးဆေးသာလုပ်...."

တစ်စုံတစ်ယောက်မှ အရင်ထွက်ခွာသွားသည်ကိုမြင်တော့ လီချူးဟန်လည်း ကျန်သူများကို ဦးဆောင်ကာ "သွားစို့ ကျန်တဲ့သူတွေ ငါ့နောက် လိုက်ခဲ့ကြ...."

"ကောင်းပါပြီ...."

ဂျူတီရှိသည့် အခြားနာ့စ်များလည်း လီချူးဟန်ကားထဲသို့ ၀င်ရောက်လိုက်ကြသည်။ သူမတို့အားလုံးကတော့ အမျိုးသမီးများ ဖြစ်နေသောကြောင့် အ၀တ်အစားများ လဲနေလျှင်လည်း ဂရုစိုက်နေစရာ မလိုအပ်ချေ။

ကျန်သည့် ဂျူတီ မရှိသူများကတော့ ကားကိုယ်စီသို့ ၀င်ရောက်ကာ ထွက်ခွာသွားကြလေသည်။

သို့သော်လည်း ချောင်ရှင်း မထွက်ခွာမီ လင်းရီ နားထဲသို့ တီးတိုး ပြောသွားခဲ့၏။

"အစ်ကိုရီ .. ညီမကတော့ ဒါရိုက်တာ၀မ်က်ို အစ်ကိုရီကိုယ်စား ပထုတ်ပေးထားခဲ့ပြီနော်... ဒါရိုက်တာလီကို သိမ်းပိုက်နိုင်ခြင်း ရှိ မရှိကတော့ အစ်ကိုရီရဲ့ အရည်အချင်းတွေပေါ် မူတည်နေပြီ..."

"အေးပါကွာ... ညင်ညင်သာသာလည်း လုပ်ဦး.....တော်နေကြာ တစ်နေ့ မင်းကြောင့်ပဲ ၀မ်ဇီရီက ကိုယ့်ဘာကိုယ် အဆုံးစီရင် နေဦးမယ်... "

"ဟွန့်... သူက သူ့အဆင့်အတန်းကိုမှ နားမလည်တာ... သူ့ရုပ်သူ့ရည်နဲ့များ ဒါရိုက်တာလီကို အစ်ကိုရီရဲ့လက်ထဲကနေ လုချင် နေလိုက်သေးတယ်...."

"အေးပါ.. ဒါပေမယ့် နည်းနည်းလျော့ပြောပေါ့... "လင်းရီ ပြုံးလိုက်ပြီး "တော်နေကြာ သူသွေးအန်လွန်းပြီး ဂန့်နေဦးမယ်...."

"မပူနဲ့.. ညီမက ကိုနန် ဖန်ဂဲလေးလေ... သက်သေတွေကို သဲလွန်စ မကျန်ပဲ ဖျောက်ပစ်လို့ရတယ်... အခု အစ်ကိုရီရဲ့ မစ်ရှင်က ဒါရိုက်တာလီကို သိမ်းပိုက်နိုင်ဖို့ပဲနော်... ကျန်တာကတော့ ညီမတာ၀န်ထားလိုက်..."

"အိုကေ..."လင်းရီ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး

"အရမ်း သိတတ်တဲ့ ရှင်းရှင်းကို နိုင်ငံခြားက တင်သွင်းတဲ့ ငှက်ပျောသီးတွေနဲ့ ဆုချဦးမှထင်တယ်...."

"တော်ပြီ... ညီမက ပြည်တွင်းက ငှက်ပျောသီးတွေပဲ ကြိုက်တာ... သူတိူ့က ချိုလဲချိုပြီး မွှေးလဲမွှေးတယ်..."

"သဘော သဘော...."

မိနစ်အနည်းငယ် ကြာပြီးနောက် အားလုံး ကိုယ်စီကိုယ်စီဖြင့် ထွက်ခွာသွားခဲ့ကြသည်။ ၀မ်ဇီရီ တစ်ဦးတည်းကသာလျှင် ကမ်းခြေ၌ သစ်ငုတ်ကြီး တွယ်ထားသကဲ့သို့ ထီးထီးကြီး ကျန်နေရစ်ခဲ့လေသည်။

"ဘာလို့လဲ... ဘာလို့ငါ တစ်ယောက်တည်း ကျန်ခဲ့ရတာလဲ...."

ဆေးရုံသို့ ပြန်ရောက်လာပြီးနောက် ညဂျူတီကျသည့် နာ့စ်များမှ အတူလမ်းလျှောက်ထွက်သွားခဲ့ကြပြီး လင်းရီနှင့် လီချူးဟန်တို့ကို သီးသန့်အတူတူ ရှိစေလိုက်၏။

"ဒါရိုက်တာလင်း... ဒီည ရာသီဥတုက နည်းနည်းလေး ချမ်းစိမ့်စိမ့် ဖြစ်တယ်လို့ မထင်ဘူးလား...."နာ့စ်အငယ်လေးမှ မေးမြန်းလိုက်၏။

"‌ချမ်းစိမ့်တယ်..."လင်းရီ ပြောလိုက်ပြီး "ဘာလဲ တစ်ခုခုလိုချင်လို့လား..."

"ညဂျူတီ ဆင်းရတာက အရမ်းပင်ပန်းလွန်းတယ်... စတားဘက်ခ်လေး သောက်လိုက်ရရင် အရမ်းကောင်းမှာပဲနော်...."

"ဟားဟား... ရတယ်.. ဒီည ဂျူတီကျတဲ့ သူတိုင်းကို ညလယ်စာ ၀ယ်ကျွေးမယ်..."

"ရေး.. ဒါရိုက်တာလင်း... ညဘက် ဆေးရုံလမ်းတွေက အရမ်း ချော်တယ်နော်... ဒါရိုက်တာလီနဲ့ လမ်းလျှောက်ရင် သတိထားဦး...မချော်လဲစေနဲ့... "

"ချူး ချူး ချူး ... နင်တို့ လုပ်စရာ ရှိတာ သွားလုပ်ကြတော့..."လီချူးဟန် ရှက်ရွံ့စွာဖြင့် သူမကို စနောက်နေကြသည့် နာ့စ်လေးများကို မောင်းထုတ်လိုက်သည်။

"ပြန်ပြီးတော့ လူနာတွေ အခြေအနေဘယ်လိုရှိလဲဆိုတာ တစ်ချက် သွားကြည့်ရအောင်... "

"အိုကေလေ..."လင်းရီ ခေါင်းညိမ့်လိုက်၏။

နှစ်ယောက်သား ဌာနသို့ ပြန်ရောက်လာခဲ့ပြီး ကျိန်းပင်းကျန်းနှင့် ဂျူတီချင်း ချိန်းလိုက်၏။ ထို့နောက် လူနာများကို လိုက်လံ စစ်ဆေးလေသည်။ လူနာများ ပြဿနာမရှိကြောင်း အတည်ပြုပြီးတော့မှ ဌာနသို့ ပြန်သွားပြီး အနားယူကြ၏။

ထိုအချိန်တွင်ပဲ လင်းရီ ညလယ်စာအတွက် ကော်ဖီနှင့် အချိုပွဲများကို အော်ဒါမှာလိုက်သည်။

"ဒါရိုက်တာလီ.. အားလုံးက အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ ကျုပ်ကို ပြန်လာဖို့ ခေါ်လိုက်တာ...."လင်းရီ ‌မေးမြန်းလိုက်၏။

"ငါ ၀မ်ဇီရီကို သိပ်သဘောမတွေ့လို့... ဒါကြောင့်မို့ နင့်ကို အစားထိုးပေးဖို့ ခေါ်လိုက်တာ... "

"အဲ့တာဆို နောက်ထပ် ညဂျူတီတွေကျတော့ ဘယ်လိုလုပ်မှာ... "လင်းရီ ပြောလိုက်ပြီး "ကျုပ်တို့ဌာနရဲ့ အချိန်ဇယားအရဆိုရင် နောင်ကျလည်း ၀မ်ဇီရီနဲ့ ညဂျူတီ ကျနေဦးမှာပဲလေ...."

"အင်း... မီးစင်ကြည့်ကတာပေါ့...."လီချူးဟန်ပြောလိုက်ပြီး "ငါ သူ့ကို သဘောမတွေ့ဘူးဆိုရင်တောင်မှ သိပ်တော့ ပြဿနာမရှိပါဘူးလေ..."

"ဒါရိုက်တာလီက ဌာနရဲ့ ဒါရိုက်တာပဲ မဟုတ်လား... အချိန်စာရင်းကို ပြန်ပြင်လိုက်လေ.. အဲ့တာဆို နောင်ကျ အတူညဂျူတီ ဆင်းလို့ရပြီ...."

"ပြောင်းလို့ရတာလား..."လီချူးဟန် မေးလိုက်၏။

" ဒါပေါ့ ဘာလို့ မရမှာ...."

"အိုကေလေ.. အဲ့တာဆို ငါပြန်ပြင်လိုက်မယ်... နောက်ဆို ငါတို့နှစ်ယောက်က ညဂျူတီ အတူဆင်းရတော့မှာပေါ့...."

" အဲ့တာဆို အတည်ဖြစ်ပြီ.... "

မကြာမီ လင်းရီ အော်ဒါမှာထားသည့် ကော်ဖီနှင့် အချိုပွဲများ ရောက်ရှိလာခဲ့၏။

"သခင်လေးလင်း.. ကျွန်မတို့ရဲ့ ညလယ်စာ ယူဖို့ ရောက်လာခဲ့တာပါရှင့်..."

နာ့စ်များမှ အခစား၀င်သည့် ပုံစံဖြင့် ပြောလိုက်၏။

"နေဦး... မင်းတို့ ယူတာက ယူလို့ရတယ်... ဒါပေမယ့် ဒီည ဘာလုပ်ရမလဲ ဆိုတာတော့ သိတယ်မလား...."

"အာ... သိတာပေါ့... ညီမတို့က လူနာလိုက်ကြည့်ရမယ်... လူနာ သေလုမြောပါး မဖြစ်သရွေ့ သင့်တော်တဲ့ ကုထုံးတွေနဲ့ မနက်ထိရောက်အောင် ဆွဲဆန့်ထားပေးရမယ်... ဒါမှ လူတိုင်း အနားယူတာကို မထိခိုက်မှာ....."

"မအိပ်ချင်တဲ့ သူတွေနဲ့ ကော်ရစ်ဒါမှာ လမ်းထွက်လျှောက်တတ်တဲ့ လူတွေ အတွက်ကျ သိုးနေအောင် အိပ်စေမယ့် ဆေးတွေ ပြင်ထားပြီးသား.... ဒါရိုက်တာလီ ဘယ်လောက်ပဲ အသံကျယ်ကျယ် ဘယ်သူမှ မကြားစေရဘူး..."

"မဆိုးဘူး မဆိုးဘူး... မင်းက ဟွာရှန်း ဆေးရုံမှာ နာ့စ်လုပ်နိုင်တာ မထူးဆန်းတော့ပါဘူး.. ဒီလိုမျိုး ထူးခြားတဲ့ အရိပ်အကဲတွေ နားလည်နေလို့ကိုး...."

လင်းရီ ကျေနပ်နေသည့် လေသံဖြင့် ပြောလိုက်၏။

"ဒါပေါ့ရှင့်.. ကျွန်မတို့ရဲ့ စီးပွားရေးအမြင်က မစူးရှဘူးဆိုရင်တောင်မှ လူတွေရဲ့ အရိပ်အကဲတော့ ဖတ်တတ်ပြီးသား..."

"လာ လာ လာ ... မင်းတို့ရဲ့ ညလည်စာကို လာယူကြ...."

သူမတို့၏ ညလယ်စာကို ယူပြီးနောက် နာ့စ်များမှာ ဌာနထဲတွင် ကြာကြာမနေတော့ပဲ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြ၏။

"နင်ဘာတွေ ပြောနေတာ..."လီချူးဟန် ပြောလိုက်ပြီး "ငါတို့ ဒီည ဂရုစိုက်မှ ရမှာ... လုံး၀ .. ဟင် ဒါက ဘာကြီးလဲ....."

လီချူးဟန် စကားတစ်၀က်တစ်ပျက် ဖြစ်သွားခဲ့၏။ အကြောင်းမှာတော့ လင်းရီ သူမကို ပေးသည့် စားစရာမှာ သူများနှင့် ကွဲပြားနေသောကြောင့်ပင်။

"ဒါရိုက်တာလီက အော့်စမန်းတပ်ကိတ် ကြိုက်တယ် မဟုတ်လား... ကျုပ် မှာထားပေးတယ်လေ..."

"ကျေး.. ကျေးဇူးပါ..."

လီချူးဟန် ရှက်ရွံ့စွာဖြင့် လက်ခံလိုက်၏။ သူမ၏ နှလုံးခုန်နှုန်းများလည်း ပြောမတတ်လောက်အောင် မြန်ဆန် သွားခဲ့သည်။

"အားလုံးက အချင်းချင်းတွေကိုပဲ .. ဘာတွေ ယဉ်ကျေးနေတာ...."

လင်းရီ သူမအတွက် ၀ယ်ပေးသည့် အော့စ်စမန်းတပ် ကိတ်ကို ကိုင်ထားရင်း လီချူးဟန် မည်သို့ မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေလေသည်။

"နင်... နင်ပင်ပန်းနေရင်လည်း အိပ်လိုက်တော့လေ... လူနာတွေက ငါ တစ်ယောက်တည်း ကြည့်ထားလို့ရတယ်..."

"ခုမှ ဘယ်အချိန်ရှိသေးလို့..."လင်းရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီမှာ နေခဲ့လိုက် ကျုပ် နာ့စ်အခန်းထဲသွားပြီး ဂိမ်းသွားဆော့လိုက်ဦးမယ်... "

"လင်းရီ...."

လင်းရီ တံခါးတွန်းဖွင့်ပြီး ထွက်တော့မည့် ဆဲဆဲတွင် လီချူးဟန် နောက်မှ လှမ်းခေါ်လိုက်၏။

"ဘာလဲဖြစ်လို့.. တစ်ခုခု လိုသေးလို့လား..."

"ရေငုပ်တုန်းက နင်... နင် ဘာမှ မမြင်ခဲ့ဘူးမလား....”

All Chapters