← Chapters

ဒါရိုက်တာကျိန်းနဲ့ မျိုးရိုးနာမည်ကျိန်း

Vol. 31 Ch. 462

ဒါရိုက်တာကျိန်းနဲ့ မျိုးရိုးနာမည်ကျိန်း

Vol. 31 Ch. 462

"အာ... "

လီချူးဟန် ထိုသို့ မေးလာလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ချေ။

ကိစ္စမှာ ဖြစ်တာ ကြာခဲ့ပြီး ဖြစ်၏။ သူမ ယခုတိုင် စိတ်ထဲ စွဲနေလိမ့်ဦးမည်လို့ သူ ထင်မထားချေ။

"ရေအောက်ထဲမှာဆိုတော့ မှောင်တယ်လေ... ကျုပ် ကြည့်ချင်ရင်တောင် ဘာမှ မမြင်ရဘူး... "

"အိုး... အဲ့လိုလား.. ရပြီ ရပြီ.... သွားတော့...."

"အင်း... အဲ့တာဆို သွားပြီ..."

လင်းရီ ထွက်ခွာသွားပြီးနောက် လီချူးဟန် သူမ ချထားသည့် ဆေးမှတ်တမ်းကို တွေ့လိုက်ရပြီး အချိန်တစ်ချို့ ကုန်ဆုံးစေရန် ဖတ်ဖို့ ဆုံးဖြတ်လိုက်၏။

သူမ ပထမတစ်ကြောင်း ဖတ်ရှုပြီးသောအခါ ထိုင်ခုံပေါ်တွင် အေးခဲသွားခဲ့သည်။

ရေအောက်တွင် နက်မှောင်နေသော်လည်း ရေငုပ်ကိရိယာရှိ မီးများဖြင့် ရှင်းလင်းစွာ မြင်နေရသည် မဟုတ်ပါလော။

ထိုအကြောင်းကို စဉ်းစားမိတော့ လီချူးဟန် ပြောမပြတတ်လောက်အောင် ရင်ဖိုသွားခဲ့သည်။ သို့သော်လည်း သူမ မေးမြန်းရန် ရှက်ရွံ့နေခဲ့၏။

နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း သူမ ဘေးရှိ အော့စ်စမန်းတပ်ကိတ်ကို ကိုင်ကာ ဆေးမှတ်တမ်းကို ဆက်လက် ဖတ်ရှုနေလိုက်တော့သည်။

နံနက်တစ်နာရီထိုးတော့ လီချူးဟန် သူမ၏ နားနေခန်းသို့ ပြန်လည် ရောက်ရှိလာပြီး လင်းရီမှာ နံရံကပ် ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြောင်း မြင်တွေ့လိုက်ရ၏။

သူမလည်း မလဲလျောင်းခင် အခန်းထဲမှ စောင်တစ်ထည်ထုတ်၍ လင်းရီကို ခြုံထားပေးလိုက်သည်။

နောက်တစ်နေ့ နံနက် ၀မ်ဇီရီ ရောက်လာခဲ့သောအခါ သူ လင်းရီနှင့် လီချူးဟန်တို့ နားနေခန်းထဲမှ အတူထွက်လာသည်ကို မြင်တော့လိုက်ရ၏။ ထိုအခါ လေထုမှာ အနည်းငယ် ကိုးရို့ကားယား နိုင်သွားလေသည်။

"အယ်... အစ်ကိုရီ.. ဒါရိုက်တာလီ... ဘာလို့ ခုမှ နိုးလာခဲ့ကြတာ... "ချောင်ရှင်း ‌မေးမြန်းလိုက်၏။

"မနေ့တုန်းက ညနက်တဲ့အထိ လိုက် သဝေထိုးနေတာလေ... တော်သေးတယ် ဘယ်သူမှ ငါအနားယူနေတာကို လာမနှောင့်ယှက်လို့.. အဲ့တာကြောင့် ခုမှ ထလာခဲ့လိုက်တာ..."

"ခစ်ခစ်.. အစ်ကိုရီနဲ့ ဒါရိုက်တာလီတို့ ပျော်တယ်ဆိုရင်ပြီးတာပါပဲ..."

"ကောင်းပြီ ရှင်းရှင်း .. မင်းလည်း သွားစရာရှိတာ သွားတော့.. ငါအိမ်ပြန်တော့မယ်...."

လင်းရီနှင့် လီချူးဟန်တို့ သူတို့၏ ဆရာ၀န်ကုတ်များကို လဲလှယ်ကာ ဆေးရုံမှ ထွက်လာခဲ့ကြလေသည်။

"မနက်စာ သွားစားကြမလား... "

ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သာမန်အတိုင်း မေးမြန်းလိုက်သည်။

"နင် စားမလို့လား..."

"‌အင်း.. ရှင်းရှင်းပြောတာတော့ အ၀င်၀နားလေးက လီစီပေါက်စီက အတော်လေး စားကောင်းတယ်ဆိုပဲ... အဲ့တာ မြည်းစမ်းကြည့်ရင် ကောင်းမလားလို့..."

"အင်း.. အတူသွားကြတာပေါ့.... "

"သွားစို့... "

ကလင် ကလင်

နှစ်ယောက်သား ဓာတ်လှေကားထဲမှ ထွက်ခါရှိသေး လင်းရီ၏ ဖုန်းမှာ အသံမြည်လာခဲ့၏။ ယင်းက ကျောက်ချီထံမှပင်။

"ဥက္ကဌကျောက်.. ထူးထူးခြားခြားပါလားဗျ.. ကျောင်းမှာ အရေးကြီး ကိစ္စရှိလို့လား..."

လင်းရီ တွေးကြည့်သောအခါမှ သူကျောင်းမှ ထွက်လာစဉ်ကတည်းကနေ ကျောက်ချီနှင့် မဆက်သွာဖြစ်သည်မှာ အတော်လေး ကြာညောင်းလှပြီ ဖြစ်၏။

တစ်ခုခု ကိစ္စရှိသောကြောင့် ဖုန်းခေါ်လာခဲ့ခြင်း ဖြစ်ရပေမည်။

"ဟိုလို အရေးကြီးတယတော့ မဟုတ်ပါဘူး...တီချယ်လင်း ခုတလော ဘာတွေများ အလုပ်ရှုပ်နေလဲလို့ သိချင်လို့ပါ... အားရင် ကျောင်းကို ခဏတဖြုတ်လောက် လာလည်ပါဦးလား.... ကျုပ်မှာ အရမ်းကောင်းတဲ့ လက်ဖက်ခြောက် ရထားတယ်... မြည်းစမ်းရင်း စကားလေးဘာလေး ပြောကြတာပေါ့ဗျာ.... "

ကျောက်ချီမှာ ထက်မြက်သည့်သူဖြစ်၏။ သူ့တွင် တစ်ခုခု ပြောစရာ ရှိလျှင်တောင် တိုက်ရိုက်ကြီး မပြောလိုက်ပေ။ အုပ်ချုပ်ရေးပိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်လာပြီးနောက် ထိုသဘောတရားများမှာ သူကောင်းကောင်းကြီး သဘောပေါက်လာလေသည်။

"ရတယ်လေ... ခင်များ ဘယ်အချိန်အားလဲ.. တွေ့ကြတာပေါ့...."

ကျောက်ချီတွင် ကျိန်းသေ ပြောစရာရှိရမည်ဟု လင်းရီ ခန့်မှန်းလိုက်၏။ ထို့ကြောင့်သူ အချိန်တစ်ချို့ပေးရန် ဆုံးဖြတ်လိုက်သည်။

"မနက်ဖြန်နေ့လည် .. အဆင်ပြေရဲ့လားခင်ဗျ...."

"အိုကေလေ.. ကျုပ် မနက်ဖြန် နေ့လည်စာစားပြီးရင် လာခဲ့လိုက်မယ်...."

"နေ နေ မစားလာခဲ့နဲ့ ကျုပ် တီချယ်လင်းအတွက် ပြင်ဆင်ထားပေးမယ်.. စားရင်း စကားပြောကြတာပေါ့...."

"အချင်းချင်းတွေကိုပဲ ကျောင်းအုပ်ကျောက်ကလည်း ယဉ်ကျေးနေပြီ... မနက်ဖြန် နေ့လည် တွေ့မယ်...."

"အဲ့တာဆို အတည်ဖြစ်ပြီ.. မနက်ဖြန်‌နေ့လည် တွေ့ကြတာပေါ့..."

ထို့နောက် လင်းရီ ဖုန်းချလိုက်၏။ လီချူးဟန်မှ ညင်သာစွာဖြင့် "နင် မနက်ဖြန်နေ့လည် တစ်နေရာ သွားစရာ ရှိလို့လား...."

လင်းရီ ခေါင်းညိမ့်လိုက်၏။ "ဟုတ်တယ်... သူများက ကျုပ်ကို ရေနွေးကြမ်းသောက်ဖို့ ခေါ်နေလို့... ဆေးရုံမှာ အားလုံး အဆင်ပြေမှာပါနော...."

"ရတယ်.. မနက်ဖြန် နေ့လည်ကျ ခွဲစိတ်မှု တစ်ခုတည်းရှိတာ... နင် သွားစရာရှိရင် သွားလေ... ငါ ဒီက ကိစ္စတွေ ကြည့်စီစဉ်ထားလိုက်မယ်.... "

"ကောင်းပြီ..."

နှစ်ယောက်အတူ ဆက်လက် လမ်းလျှောက်လာ‌နေတုန်း တံခါးနားသို့ ရောက်ခါနီးသောအခါ အသံတစ်သံကို ကြားလိုက်ရ၏။

"ချူးဟန် .. ချူးဟန်...."

ထိုအသံကိုကြားတော့ လီချူးဟန် ခြေလှမ်းများ တန့်သွားကြောင်း လင်းရီ သတိပြုမိလိုက်သည်။

သူလှည့်ကြည့်လိုက်သောအခါ အရောင်တို့ လွင့်စင်နေပြီးဖြစ်သည့် အထည်ကြမ်းများ ၀တ်ဆင်ထားသည့် လူသုံးဦး သူတို့ ရှိသည့် နေရာသို့ သွက်သွက်လေး လျှောက်လာနေကြောင်း မြင်တွေ့လိုက်ရသည်။

ထိုအထဲမှ နှစ်ယောက်မှာတော့ အသက်ကြီးပိုင်းများ ဖြစ်ကြ၏။ ကျန်သည့် တစ်ယောက်ကတော့ အသက်သုံးဆယ်လောက်ဟု ထင်ရလေသည်။ ၎င်းတို့၏ လေသံမှာ ဖိလွန်းလှပြီး တစ်နယ်တစ်ကျေးမှာ ရောက်လာသူများဖြစ်ကြောင်း သိသာလေသည်။

"အန်ကယ်ဝေ... ရှင်တို့ ဘာလို့ ဒီရောက်လာတာ..."

လီချူးဟန် ထိုသူသုံးဦးကို နှုတ်ဆက်လိုက်တာမြင်တော့ လင်းရီ ဘာဖြစ်နေလဲဆိုတာ နားလည်သွားတော့သည်။

ထိုသူများမှာ သ်ူ၏ ဆွေမျိုးများ ဖြစ်ပုံပင်။

"ဒီမှာ ဆရာ၀န်လာပြတာလေ... ဒါကြောင့်မို့ နင့်ကို လာရှာတာ... တံခါး၀မှာ တွေ့လိုက်ရမယ်လို့တောင် ထင်မထားဘူး..."သက်လတ်ပိုင်း လူကြီးမှ သာမန်အတိုင်း ပြောလိုက်၏။

ထိုသက်လတ်ပိုင်းလူ၏ အမည်မှာ ဝေအာကျူးဖြစ်ပြီး သူ့ဘေးတွင် ရပ်နေသူကတော့ သူ၏ ဇနီး လုရုန်ဟွားဟု ခေါ်တွင်လေသည်။ လူငယ်လေးကတော့ သူတိူ့သား ဝေသချန်ပင်။

"ချူးဟန်... ငါကြားတာတော့ နင်ဆေးရုံမှာ အတော်လေး အောင်မြင်နေတယ်ဆို... ဒီတော့ ပြောရေးဆိုခွင့်တွေ အများကြီး ရှိမှာပဲမလား..."

လုရုန်ဟွားမှ မေးလိုက်၏။

လီချူးဟန် သူမ ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "အဲ့လောက်ကြီးတော့ မဟုတ်ပါဘူး...ဒါပေမယ့် ကျွန်မ ဆေးရုံက ဆရာ၀န် တော်တော်များများနဲ့ သိတယ်.. ဦးလေးဝေက ဘာရောဂါလဲ ဖြစ်နေတာ... ကျွန်မ ဘယ်သူနဲ့ ပြသင့်လဲဆိုတာ လမ်းညွှန်ပေးလို့ရတယ်...."

"မလိုဘူး .. မလိုဘူး.. နင်တစ်ယောက်တည်းနဲ့ကို အဆင်ပြေပြီ... "လုရုန်ဟွား ပြောလိုက်ပြီး "နင့်ရဲ့ ဦးလေးဝေက ဒီရက်ပိုင်း နှလုံး မကောင်းဘူး ပြောပြောနေလို့... ပြီးတော့ သွေးတိုးလည်း ရှိသလိုပဲ... ဒါကြောင့်မို့ နင်နဲ့ လာပြတာ... ဪ ဒါနဲ့.. နင်က ခု လက်ထောက် ဒါရိုက်တာလား...."

"ဒါရိုက်တာ ဖြစ်သွားပြီ... "လီချူဟန် ပြန်ပြောလိုက်သည်။

"အဲ့လိုဆို ကောင်းတယ်..."ဝေအာကျုး လက်ခုပ်တီးလိုက်ပြီး "ငါတို့ လာတာ လာခဲ့ရတာ နင် လက်ထောက် ဒါရိုက်တာလေးပဲ ဖြစ်နေမှာကိုလည်း စိုးရိမ်ရသေး... ခုတော့ ရပြီ.. ငါ့ကို ကုပေးတော့...."

လင်းရီ မျက်မှောင်ကြုတ်လိုက်သည်။

'ဒီဘိုးတော်က ဘာလားကွ.. လက်ထောက် ဒါရိုက်တာက သူ့ကို ကုသပေးဖို့ အရည်အချင်း မမှီဘူးလို့ ပြောချင်နေတာလား....

ပြီးတော့ လီချူးဟန်ရဲ့ ဆွေးမျိုး ဖြစ်နေရင်တောင် ဆရာ၀န်တွေ့ဖို့ လုပ်ရိုးလုပ်စဉ်တွေ ကျော်ဖြတ်ရဦးမှာပဲ... ဒီဘိုးတော်က ဆေးရုံကို သူ့အမေလင် အိမ်လို့ ထင်နေတာလား မသိဘူး...'

"ကျွန်မ မနေ့ညက ညဂျူတီ ဆင်းထားတော့ ဒီနေ့ နားတယ်... ကျွန်မတို့ဌာနမှာရှိတဲ့ လက်ထောက်ဒါရိုက်တာကို ညွှန်ပေးလိုက်မယ်... ရှင်တို့ သူနဲ့ ဆေးပြလှည့်...."

"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ... လက်ထောက် သမားတော်က နင့်လို သမားတော်ကြီးလောက် ဘယ်အရည်အချင်းရှိမှာ... နင်ငါ့ကို စမ်းသပ်ပေးတာက ပိုအဆင်ပြေတယ်... ကျန်တဲ့သူကို ငါမယုံဘူး..."ဝေအာကျူးမှ ပြောလိုက်သည်။

"ခင်များပြောတာ အရမ်းမှန်တယ်... ဒါရိုက်တာလီ စီစဉ်ပေးတဲ့ ဒေါက်တာက ဒါရိုက်တာကျိန်းပဲ... "လင်းရီ ပြောလိုက်၏။

"ဒါရိုက်တာ...ချူးဟန်က ဒါရိုက်တာ မဟုတ်ဘူးလား... ဌာနမှာ နောက်ထပ် ဒါရိုက်တာ နှစ်ယောက်လည်း ရှိသေးတာလား...."

"အမှန်ပဲ.. ချူးဟန်ကလည်း ဒါရိုက်တာပဲ... ဒါပေမယ့် ကျုပ်တို့ ဌာနမှာ နောက်ထပ် ဒါရိုက်တာကျိန်းဆိုတဲ့ ဒေါက်တာ တစ်ယောက်ရှိသေးတယ်... သူခင်များကို ကုပေးလိမ့်မယ်.... "

"ဟမ်... "သားမိသားဖ သုံးယောက်လုံး ရှုပ်ထွေးသွားခဲ့ကြသည်။ သူတို့ စာမတတ်သော်ငြား နေရာတစ်ခုတွင် ခေါင်းဆောင်တစ်ယောက်တည်း ရှိသည်ကိုတော့ နားလည်ပေသည်။

အကယ်၍ ခေါင်းဆောင်နှစ်ယောက်ဖြစ်နေပါက ပြဿနာများ ရှုပ်ထွေးသွားနိုင်သည် မဟုတ်ပါလော။

"ထားလိုက်တော့ လင်းရီ..."

သူမ လင်းရီ ပြောနေသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။ သို့သော်လည်း ထိုသို့ ဝေ့လည်ကြောင်ပတ် လုပ်နေလျှင်လည်း ဘာမျှ ထူးလာလိမ့်မည် မဟုတ်တော့ချေ။

"သူပြောနေတဲ့ ဒါရိုက်တာကျိန်းက မျိုးရိုးနာမည်ကျိန်း ... ရာထူး ကျိန်းမဟုတ်ဘူး..."

"ဆိုတော့ အဲ့လိုမျိုးကိုး... " ဝေအာကျူး ပြောလိုက်ပြီး "ကောင်မလေး.. နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ဘာလို့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ.... ငါ့ကိုလာပြီး နားရှုပ်အောင် လုပ်နေတယ်... ပြန်သွားရင် သူ့ကို သေချာသင်ပေးထားလိုက်စမ်း..... ဗိုလ်ကြီးတွေ စကားပြောနေတုန်း စစ်သားလေးတွေ ၀င်မရှုပ်ရဘူး..."

လီချူးဟန် လင်းရီကို တောင်းပန်တိုလျှိုးစွာ ကြည့်လိုက်၏။ လင်းရီ စိတ်ထဲမထားဖို့ရာ မျှော်လင့်နေလေသည်။

လင်းရီကတော့ ထိုသို့ ပါမွှားလေးကို အရေးလုပ်မနေချေ။

သူ့စိတ်ထဲတွင်တော့ ထိုလူများမှာ ကိုယ့်နေရာကိုယ်မသိသည့် ငကြောင်များဟုသာ မှတ်ယူထား၏။

"အန်ကယ်ဝေက ဆရာ၀န်ပြချင်တယ်လို့ ပြောတယ်မလား.. ခုသွားတော့လေ.. ခဏနေဆို လူပိုများလာတော့မှာ..."လီချူးဟန် ပြောလိုက်၏။

"ငါခုလေးတင် ပြောမထားဘူးလား... လက်ထောက် ဒါရိုက်တာက ငါ့ကိုကုသပေးတာ မလိုချင်ဘူးလို့...."

ဝေအာကျူး ပြောလိုက်ပြီး "ဘာလဲ.. နင်က အခု မြို့ကြီးပြကြီးမှာ အလုပ်လုပ်နေပြီဆိုတော့ ငါတို့လို ကျေးတောရွာလေးက ဆင်းရဲတဲ့ အမျိုးတွေကို ဆေးမကုပေးချင်လို့ အကြောင်းပြချင်တွေ လျှောက်ပေးနေတာမလား....”

All Chapters