← Chapters

အခန်း (၄၆၃)

Vol. 31 Ch. 463

အခန်း (၄၆၃)

Vol. 31 Ch. 463

"အဲ့သဘော မဟုတ်ပါဘူး..."

"အဲ့တာဆို ဘာသဘောလဲ..."ဝေအာကျူး မေးလိုက်ပြီး "ငါတို့က နင့်ကို ကုသပေးဖို့ အထူးတလှယ်တောင်းဆိုနေတာလေ.. အဲ့တာကို နင်က ငြင်းဆန်နေတုန်းဆိုတော့ ငါတို့လို ငမွဲငတေတွေကို ကုသပေးလို့ လူရယ်ခံရမှာကို နင်ကြောက်နေတာမလား... ငါတို့က ဆင်းရဲချင် ဆင်းရဲမယ်... ဒါပေမယ့် မာနတော့ ရှိပါသေးတယ်ကွ...."

လင်းရီ ပြောစရာစကား ကင်းမဲ့နေလေသည်။

'ဒီ ဂျောင်ဂလောင်က လူတွေက ဘယ်လိုဦးနှောက်တွေနဲ့များ အသက်ရှင်နေကြလဲ မသိဘူး....'

သူ့ကို ဘယ်သူက ဆင်းရဲတယ်ဆိုပြီး နှိမ်နေလို့လဲ....

ဘယ်ကောင်က သူ့ကို ဒီလိုဖြစ်အောင် အလိုတွေ လိုက်ထားတာလဲဟ...

"နင် မှတ်မိသေးလား... နင်ငယ်ငယ်တုန်းက ဆင်းရဲလွန်းလို့ စားစရာတောင် မရှိခဲ့တဲ့ အချိန်တွေ... တကယ်လို့ ငါသာ နင်တို့ မိသားစုကို အာလူးတွေ၊ ဂေါ်ဖီထုပ်တွေ မပေးခဲ့ဘူးဆိုရင် မင်း ဒီနေ့လို ဆရာ၀န်ကြီး ဖြစ်လာမယ် ထင်လား.... "လုရုန်ဟွား ပြောလိုက်၏။

"နောက်ပြီး... နင့်အမေ ဆုံးသွားတုန်းကလည်း ဘယ်သူက ကူညီပေးပြီး အချိန်မှီ သဂြိုဟ်ပေးခဲ့လဲ... ဒီကိစ္စတွေက နှစ်တွေ ဘယ်လောက်မှတောင် မကြာသေးဘူး နင်က အကုန် မေ့ပျောက်ပစ်လိုက်ပြီပေါ့လေ... "ဝေအာကျူးမှ ပြောလိုက်၏။

"တော်ပြီ.. လုံလောက်ပြီ..."လီချူးဟန် ပြောလိုက်ပြီး "ကျွန်မ ခဏနေကျရင် ပြန်လာခဲ့မယ်... ရှင်တို့ ဌာနကို လိုက်ခဲ့လိုက်...."

"အိုကေ အိုကေ ဒီလိုမှပေါ့.... ငါတို့က တစ်နယ်သားချင်းတွေ မဟုတ်လား... ဘ၀မေ့လို့ ဘယ်ဖြစ်မှာ...."

လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "ငါနင်နဲ့ နံနက်စာ လိုက်မစားနိုင်တော့ဘူး ထင်တယ်... နောက်တစ်ခေါက် ညဂျူတီပြီးတော့မှပဲ အတူသွားစားကြတာပေါ့..."

"မလိုပါဘူး... ဘာပဲ ဆိုဆို ကျုပ်မှာလည်း ဘာမှ လုပ်စရာမှ မရှိတာ... ဒါရိုက်တာလီနဲ့ ဌာနကို ပြန်လိုက်ခဲ့လိုက်မယ်လေ... လူနာကြည့်တာက ဘယ်လောက် ကြာတာမှ မဟုတ်တာ.... "

"အင်းပါ... ကျေးဇူးပါပဲ...."

လီချူးဟန် ဝေအာကျူးနှင့် ကျန်နှစ်ယောက်ကို သိမ်းကျုံးကြည့်လိုက်ပြီး "ပြင်ပလူနာဆောင်မှာ သွားပြီးတော့ ဒါရိုက်တာ ကျိန်းပင်းကျန်းနဲ့ နာမည်စာရင်း သွားပေးလိုက်.. ပြီးရင် ကျွန်မကို အခန်း နံပါတ် ၃၀၆ မှာ လာရှာလှည့်..."

"ဟမ်... ဘာတုန်း.. နင်က ငါ့ကို ဆေးကုပေးမှာ မဟုတ်ဘူးလား... ဘာလို့ နာမည်စာရင်း ပေးရဦးမှာ..."

"ကျွန်မ ရှင့်ရောဂါကို ကုပေးလို့ရတယ်.. ဒါပေမယ့် ရှင်တို့ဘက်က နာမည်စာရင်း ပေးရမှာကတော့ ထုံးစံပဲ...ဒါက မဖြစ်မနေလုပ်ရမှာ ဖြစ်ပြီးတော့ ကျွန်မတို့က ကွန်ပျူတာနဲ့ မှတ်တမ်းတင်ထားရတာ..."

"အဲ့လောက်ကြီးထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး... ငါ့ကို တိုက်ရိုက်တာ ကုပေးလိုက်... အဲ့လိုဆို အချိန်ကုန် သက်သာတယ်..."ဝေအာကျူးမှ စိတ်မရှည်စွာ ပြောလိုက်၏။

"ရှင်တို့ နာမည်စာရင်း မပေးရင် ကုပေးလို့မရဘူး..."လီချူးဟန်၏ အမူအရာမှာ သိပ်မကောင်းတော့ပဲ "ရှင်တို့ တခြားဆေးရုံတွေမှာလည်း နာမည် စာရင်း မပေးဘဲနဲ့ ပြတယ်လို့တော့ လာမပြောနဲ့...."

"တခြားဆေးရုံမှာတော့ သေချာပေါက် နာမည်စာရင်း ပေးရတာပေါ့.. ဒါပေမယ့် ငါတို့က နင့်ဆီ ရောက်နေတာ မဟုတ်ဘူးလား.....တစ်ရွာတည်း သားချင်းတွေလေ... နင်က လူနာကြည့်ပေးဖို့ကို ပိုက်ဆံ တောင်းချင်နေသေးတာလား..."

"ဒါရိုက်တာလီ.. ဒါကတော့ ခင်များရဲ့ အမှားပဲ..."လင်းရီ ရယ်မောလိုက်ပြီး

"တကယ်လို့ ခင်များရဲ့ ဆွေမျိုးမိတ်ဆွေတွေ ဖျားရင် လုပ်လက်စ အလုပ်တွေ အကုန်ပစ်ချပြီးတော့ အိမ်တိုင်ရာရောက် သွားကုသပေးသင့်တာ... အဲ့လိုဆို ဒီလည်း လိုက်လာစရာ မလိုတော့ဘူးလေ... ဘတ်စ်ကားခတွေက အရမ်းဈေးကြီးတယ်...."

"လူငယ်လေး... မင်း အဲ့လောက်ကြီးလည်း ယဉ်ကျေးနေစရာ မလိုပါဘူး... ငါတို့က ဆွေမျိုးတွေ ဆိုပေမယ့် ငါတို့ကို ကောင်းကောင်း ကုသပေးနေသရွေ့ ကားလက်မှတ်ဖိုးလောက်တော့ တတ်နိုင်ပါသေးတယ်.... "

လီချူးဟန် သူမခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းလိုက်သည်။ သူက ရွဲ့ပြောလို့ ပြောမှန်းတောင် မရိပ်မိဘူးလား...

ဒါကြီးကတော့ လွန်ကဲလွန်းသွားပြီ...

"တော်လောက်ပြီ... ရှင်တို့ နာမည်စာရင်း သွားပေးပြီးတော့ အခန်း ၃၀၆မှ ကျွန်မကို လာရှာလိုက်...."

သို့နှင့် လီချူးဟန် လင်းရီကို အခန်း ၃၀၆ သို့ ခေါ်ဆောင်သွားခဲ့လေသည်။

သူမ၏ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပင်။ အကယ်၍ သူတိူ့ ဆရာ၀န်ပြချင်ပါက သေချာပေါက် နာမည် စာရင်းပေးရပေမည်။ အကယ်၍ နာမည်စာရင်း မပေးပါက သူမ ထွက်ခွာသွားမည် ဖြစ်၏။

ဝေမိသားစုကတော့ ဘာမျှ မတတ်နိုင်စွာဖြင့် နောက်တွင် ကျန်နေရစ်ခဲ့သည်။ သူတို့ ရွေးချယ်စရာမရှိပဲ နာမည်စာရင်း သွားပေးရတော့ပေမည်။

"ချူးဟန်တောင် ပြောင်းလဲသွားခဲ့ပြီပဲ.. ကောင်မက သူ့ဘေးက လူငယ်လေးလောက်တောင် သိတတ်မှု မရှိဘူး..."ဝေအာကျူး သက်ပြင်းချလိုက်သည်။

"အင်း... ကျွန်မလည်း ကြားမိတယ်... သူ့အမေ အုတ်ဂူကို လာလည်တိုင်း သူ့ရဲ့ အိမ်အဟောင်းလေးကိုတောင် ပြန်မလာတော့ဘူး.. ငွေစက္ကူတွေ မီးရှို့ပြီးတော့ တန်းပြန်သွားတာ... သူ့ကြည့်ရတာ ရွာနဲ့ အဆက်အသွယ် ဖြတ်ချင်နေတဲ့ ပုံပဲ...."လုရုန်ဟွား ပြောလိုက်သည်။

"မြို့ပေါ်ရောက်သွားတဲ့ လူတိုင်းက အဲ့လိုကြီးပဲလား... သူတို့ကိုယ်သူတို့ လူတိုင်းထက်သာပြီလို့ ထင်သွားကြပြီပေါ့... ငါတို့လို ဆင်းရဲတဲ့ ဆွေမျိုးသားချင်းတွေကို ဂရုတောင် မစိုက်ကြတော့ဘူး...."ဝေအာကျူး ပြောဆိုလိုက်ပြီး ဝေသချန်ကို ကြည့်ကာ "မင်းတို့ နှစ်ယောက် မပေါင်းဖက်လိုက်ရတာ ကံကောင်းသွားတယ်... သူ့လို ကောင်မမျိုးက ငါတို့ ဝေမိသားစုထဲ၀င်ဖို့ မထိုက်တန်ဘူး..."

"ကျွန်တော် အဖေ့စကား နားထောင်ပြီးတော့ အရေးမစိုက်ခဲ့လို့ပေါ့.. မဟုတ်ရင် အဲ့ကောင်မ ကျွန်တော့်ကို မြူဆွယ် ပြီးနေလောက်ပြီ...."ဝေသချန်မှ ပြောလိုက်သည်။

"ကဲပါ... အရင် နာမည် သွားပေးရအောင်... ရှင့်ရဲ့ရောဂါကို ကုသဖို့က ဦးစားပေးပဲ... ယူလာခဲ့တဲ့ ယွမ် ၈၀၀ က လောက်ပါ့မလားဆိုတာပဲ ဆိုးရိမ်မိတယ်...."

"လောက်မှာပါကွာ...."

ဝေအာကျူး ပြောလိုက်ပြီး "ချူးဟန်က ဒီမှာ အလုပ်လုပ်တာလေ... ငါတို့ သူ့နား ဆေးပြတာပဲ ဖြစ်ဖြစ် ဆေး၀ယ်တာပဲ ဖြစ်ဖြစ် တစ်ကျပ်မှ ကုန်မှ မဟုတ်ဘူး... ငါတို့ဘက်က နာမည်သွင်းခ ပေးရုံလေးပဲ... ယွမ် ၈၀၀က ကျိန်းသေ လုံလောက်တယ်...."

"အမှန်ပဲ... "ဝေသချန် ပြောလိုက်ပြီး "သွားပြီး စာရင်းသွားပေးရအောင်... ဟို ချူးဟန်ပြောသွားတာ ကျိန်းပင်းကျန်းဆိုတာ ဟုတ်ပါတယ်နော...."

"ဟုတ်တယ်.. အဲ့နာမည်ပဲ...."

ဝေသချန် ဝေအာကျူး၏ မှတ်ပုံတင်ကတ်ကို ကိုင်ပြီး ဆယ်မိနစ်ခန့် တန်းစီပြီးနောက် စာရင်းပေးသည့် ကောင်တာသို့ ရောက်ရှိလာခဲ့၏။

"နှလုံးအထူးကု ဌာနက ဒါရိုက်တာ ကျိန်းပင်းကျန်း...."

"၈၄ ယွမ်... ဝီချက်ပေး ဒါမှမဟုတ် အာလီပေးနဲ့လည်း ရှင်းလို့ရတယ်..."

"ဟမ်.. ၈၄ ယွမ်..."

ဝေသချန် ကြက်သေသေသွားခဲ့ပြီး "ဘာလို့ မင်းတို့ရဲ့ စာရင်းပေးခက အဲ့လောက် ဈေးကြီးနေရတာတုန်းဟ...ငါတို့ရွာက ဆေးခန်းဆို ၁၁ ယွမ်ပဲ ပေးရတယ်...."

ငွေကိုင်မှ ဝေသချန်ကို အေးစက်စက်ကြည့်လိုက်ပြီး "အဲ့တာဆိုလည်း နင်တို့ ရွာက ဆေးခန်းမှာပဲ ပြလိုက်လေ..."

"မဟုတ်တာ မဟုတ်တာ... ကျုပ်ပေးမှာပါဗျ....."

ငွေကိုင် အမျိုးသမီး၏ အေးစက်သည့် မျက်နှာထားကို မြင်တော့ ဝေသချန် ကြောက်ရွံ့သွားခဲ့ပြီး နာခံစွာဖြင့် ယွမ်တစ်ရာတန် တစ်ရွက်ကို ထုတ်ပေးလိုက်လေသည်။

"ဘာလို့ ဒါရိုက်တာကျိန်းပင်းကျန်းနား စားရင်းပေးရတာ အရမ်း ဈေးကြီး နေတာလဲ..."ဝေအာကျူး မပျော်ရွှင်စွာ ပြောလိုက်ပြီး "ငါတို့မှာ ခြစ်ကုပ်စုလို့ ရခဲ့တာက ယွမ်လေး ၈၀၀ပါဆိုနေ... ချူးဟန်က ငါတို့ကို ညစ်နေတာလား... ငါ့ကို ဒီလောက် ဈေးကြီးတဲ့ ဒေါက်တာနဲ့ လာပြီး ဆေးပြခိုင်းနေတယ်.... "

"အဖေ... ပြောမနေနဲ့တော့.. အဲ့ကောင်မက ပြောင်းလဲသွားပြီ..."

ဝေသချန် ပြောလိုက်ပြီး "၈၄ ယွမ်ထဲမှာ ၆၀ လောက်က အဲ့ကောင်မရဲ့ ကော်မရှင်ခ ဖြစ်ရမယ်... မဟုတ်ရင် သူအဲ့လောက် ၀င်ငွေကောင်းနေမှာ မဟုတ်ဘူး...."

"ဒီကလေးက ဘာလို့ ဒီလိုမျိုး ဖြစ်လာခဲ့တာ... ငွေအတွက်နဲ့ သူ့ဆွေမျိုးတွေကိုတောင်မှ ဂုတ်သွေးစုပ်လာပြီတဲ့လား... အဲ့လိုလုပ်နေရင် နောင်ကျ ဘယ်သူက သူနဲ့ ဆေးပြချင်တော့မှာလဲတဲ့...."

"ထားလိုက်တော့.. ကျွန်မတို့ ပေးပြီးမှတော့ ပြောနေလည်း အပိုပဲ... ရွေးချယ်စရာမရှိတော့ဘူး.. ဒီလမ်းကို ဆက်လျှောက်ရုံပဲကျန်တယ်.."လုရုန်ဟွားမှ ပြောလိုက်ပြီး "ကျွန်မတို့က ဆွေမျိုးအားကိုးနဲ့ လာခဲ့တာလေ... ပိုက်ဆံ အများကြီး ချွေတာနိုင်မှတော့ သူတိူ့ကို နည်းနည်းလောက်လေးပေးလိုက်ရလည်း ပြဿနာ တော့မရှိပါဘူး...."

"အင်း... မိန်းမပြောတာ မှန်တယ်..."

ဝေအာကျူးမှ ပြောလိုက်သည်။

"ဒါပေမယ့် ငါတို့ ဒီအကြောင်းကို ပြန်ပြောပြမှ ဖြစ်မယ်... ငါတို့ကို အရူးလာလုပ်စေလို့တော့ မရဘူး..."

"အမှန်ပဲ... ကျွန်မတို့ ဒီကိစ္စကို ဆက်မလိုက်ဘူးဆိုရင်တောင်မှ အဲ့ကောင်မသိအောင်တော့ ပြောပြမှ ဖြစ်မှာ.... "

"အဖေ သွားစို့..ဆေးအရင် သွားပြရအောင်.. အဖေ့ရောဂါက အရေးကြီးတယ်..."

"သွားစို့... ငါ့အထင်တော့ အခန်း ၃၀၆ ဆိုလား မသိဘူး... မသိဘူးကွာ.... သွားကြည့်တာပေါ့...."

ဆွေးနွေးခန်းထဲတွင်တော့ လီချူးဟန် သူမ၏ ဆရာ၀န်ကုတ် အဖြူရောင်ကို ပြန်လဲပြီးဖြစ်ပြီး လင်းရီလည်း ဘေးတွင်ထိုင်ကာ ဘာမျှ လုပ်စရာ မရှိ၍ ဝေ မိသားစုအလာကို ထိုင်စောင့်နေလေသည်။

"ငါတော့ ငါ့ကိုယ်ငါ အရှက်ရစေမိပြီနဲ့တူတယ်..."လီချူးဟန် အားတောင့်အားနာဖြင့် ပြောလိုက်၏။

"သာမန်ပါပဲ... ဘယ်သူက ဒီလိုလူမျိုးတွေနဲ့ တွေ့ချင်မှာ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ထူးဆန်းတဲ့ ဆွေမျိုးနဲ့ သူငယ်ချင်းတွေရှိတာ လုံး၀ သာမန်ပဲ...."

"ငါတို့က အိမ်နီးချင်းတွေလောက်ပဲ... ဘာဆွေမျိုးမှ တော်တာတောင် မဟုတ်ဘူး..."

"အဲ့လိုဆို ပိုတောင်ကောင်းသေး.. သူတိူ့ ဆေးလာပြရင် တစ်စက်မှ အလျော့မပေးနဲ့...

လင်းရီ ပြောလိုက်ပြီး "သူတို့လို လူမျိုးတွေက အရမ်းကံစမ်းတတ်ကြတာ.. ကိုယ့်ဘက်က လိုက်လျောလေလေ သူတို့ဘက်က ယောင့်တက်လာလေလေပဲ...ဘာမှ ညှာတာနေစရာ မလိုဘူး.... "

"အင်း.. အရင်ဆုံး စောင့်ကြည့်လိုက်ပါဦးမယ်လေ....."

လီချူးဟန်လည်း ထိုဝေမိသားစုကို သဘောမကျသည်မှာ သေချာသလောက်ပင်။

"ဒါက ဒါရိုက်တာလီရဲ့ ဆေးခန်းမဟုတ်လား... ဒါရိုက်တာလီက ဒီနေ့ ဘယ်လူနာမှ လက်မခံဘူးလေ.... "

နှစ်ယောက်သား စကားပြောနေစဉ် အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်။

"အဲ့ကောင်မလေးက ကျုပ်လက်ပေါ်မှာ ကြီးပြင်းလာတာလေ... အချင်းချင်းလည်း ရင်းနှီးပြီးသား....သူအခု ကျုပ်ကို ကုသပေးဖို့ အထဲမှာ စောင့်နေပြီ..."

"ဆိုတော့ ဒီလိုကိုး...."

"ခင်များကကော ဒီကို ဆရာ၀န်လာပြတာပဲ‌လား...."ဝေအာကျူး သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လျက် မေးလိုက်၏။

"ဟုတ်တယ်... ကျွန်မ နှလုံးက သိပ်မကောင်းချင်သလို ဖြစ်နေလို့ ဒါရိုက်တာလီနဲ့ ပြချင်နေတာ... ဒါပေမယ့် အလှည့်က မရောက်နိုင်သေးဘူးဖြစ်နေတာနဲ့ တခြားတစ်ယောက်နဲ့ ပြရုံပဲ တတ်နိုင်တော့တယ်...."

"အဲ့လောက်လေးကတော့ စိတ်မပူနဲ့ .. ကျူပ်တစ်ယောက်လုံး ရှိတယ်..."ဝေအာကျူး ခေါင်းမော့ရင်ကော့လိုက်ပြီး "ခဏနေ ကျုပ်အထဲရောက်ရင် ခင်များကို ကြည့်ပေးဖို့ ပြောလိုက်မယ်... ကျုပ် ဝေအာကျူးက ဒီလောက်လေးတော့ တတ်နိုင်ပါသေးတယ်....”

All Chapters