ခင်များ သောက်လို့ရအောင် ယူသနေးရှား ပေးလိုက်မယ်
Vol. 31 Ch. 464
"တကယ်...."သက်လတ်ပိုင်း အမျိုးသမီးမှာ အံ့အားသင့်သွားခဲ့ပြီး "ဒါပေမယ့် ဒါရိုက်တာလီက ဒီနေ့ လူနာ လက်မခံဘူးဆိုတော့ ကောင်းပါ့မလားဟယ်...."
"ခင်များပြောရင်တော့ အဲ့ကောင်မလေးက လက်ခံမှာ မဟုတ်ဘူး.. ဒါပေမယ့် ကျုပ်ပြောရင်တော့ရတယ်...အဲ့ကောင်မလေးက ကျုပ်လက်ပေါ်မှာ ကြီးပြင်းလာခဲ့တာဆိုတော့ ကျုပ်စကားတွေက အတော်လေး ၀ိတ်ပါတယ်..."ဝေအာကျူး ပြောလိုက်ပြီး "ဒီမှာစောင့်နေ... ခင်များကို ကူညီပေးမယ်..."
"အားရိုး... အဲ့လိုဆို ကျေးဇူးပါပဲနော်..."
"ယဉ်ကျေးနေစကာ မလိုပါဘူး.. အသေးမွှားလေးကိုပဲ.... "ဝေအာကျုး မြောက်ကြွမြောက်ကြွဖြင့် ပြောလိုက်သည်။
၎င်းတို့၏ စကားဝိုင်းကို ကြားတော့ ဘေးဆေးခန်းတွင် တန်းစီနေကြသူများလည်း ဝေအာကျူးထံ ချဉ်းကပ်လာခဲ့ကြပြီး
"ဦးလေး.. ကျုပ်တို့လည်း ဒေါက်တာလီနဲ့ ပြမလို့ပဲ.. ဒါပေမယ့် ဒီနေ့ လူနာ လက်မခံဘူး ကြားလို့... ကျုပ်တို့ကိုကော ကူညီပေးပါလား..."
မြို့ပေါ်ရှိ ၀တ်ကောင်းစားလှနှင့် လူချမ်းသာများမှ သူ့ကို ခယနေသည်ကိုမြင်တော့ ဝေအာကျူး ၀တိံနန်းထက်တွင် စည်းစိမ်ခံစားနေရသည့်အလား နှစ်ထောင်အားရ ဖြစ်သွားခဲ့ပြီး "ပြဿနာ မရှိဘူး... ကျုပ် ဒီနေ့ အထဲ၀င်ပြီး စကားတစ်ခွန်း ပြောလိုက်ရင်ကို ခင်များတို့ အကုန် ဆေးပြလို့ ရစေရမယ်... ဒါပေမယ့် လူတိုင်း တန်းစီမှ ရမှာနော်...."
"ဒါပေါ့ ဒါပေါ့.. ပြဿနာမရှိဘူး....လာကြ လာကြ.. ဒီမှာ တန်းစီကြမယ်ဟေ့... ဒီဦးလေး ပြပြီးတာနဲ့ ငါတို့ အလှည့်ရောက်ပြီ...."
သူ၏ စကားအတိုင်း မြို့ပေါ်မှ လူများက နာခံစွာဖြင့် တန်းစီနေကြသည်ကို မြင်တော့ ဝေအာကျူး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေတော့၏။
သူသည် နယ်ဘက်ရှိ ကျေးတောရွာလေးမှ လာခဲ့ပြီး ပိုက်ဆံ မြောက်မြားစွာ မရှိသော်လည်း မြို့ကြီးသားတို့မှာ သူ့စကားကို နာခံနေရလေသည်။
ထိုအကြောင်းကို တွေးမိတော့ ဝေမိသားစု၀င်များမှာ ခေါင်းမော့ရင်ကော့ပြီး လီချူးဟန်၏ အခန်းထဲသို့ ၀င်လာခဲ့ကြတော့၏။
သို့သော်လည်း လီချူးဟန်၏ အမူအရာကတော့ ပို၍ပင် အကျည်းတန်လာခဲ့သည်။
သူမ အပြင်ဘက်ရှိ ပြောစကားများကို အစအဆုံး အကုန်ကြားပြီးဖြစ်၏။
ဒီလူတွေက ပြဿနာ လာရှာနေတာပဲ...
လင်းရီ ပြောတာမှန်တယ်...
သူတို့က နည်းနည်းလေး အလျော့ပေးလိုက်တာနဲ့ ယောင့်တက်လာကြတာ...
လီချူးဟန်ကို မြင်တော့ ဝေအာကျုး၏ အမူအရာမှာ တင်းမာသွားပြီး ပြေချင်ဆိုချင် နေသည့် လေသံဖြင့် "ကောင်မလေး... နင် ပြဖို့ အကြံပြုလိုက်တဲ့ ဒါရိုက်တာရဲ့ စာရင်းပေးခက အရမ်းဈေးကြီးတယ်.. ၈၄ ယွမ်တောင်မှ..... ငါတို့ ရွာဘက်မှာဆို လွန်ရောကျွံရော ၁၁ ယွမ်ပဲ ပေးရတာကို...."
"ကျွန်မနဲ့ ပြချင်ရင် ၁၄၆ ယွမ်... ဘယ်တစ်ခုက ပိုပြီး သက်သာတယ်လို့ ရှင်ထင်လဲ...."
ဝေအာကျူး ပြောဆိုနေသည်ကို ရပ်တန့်လိုက်ပြီး အနည်းငယ် အရှက်ရသွားခဲ့၏။ ထိုသို့ဆိုပါက ၈၄ ယွမ်မှာ တန်သည်ဟု ဆိုရပေမည်။
"ကဲပါ.. ဆေးအရင် ပြလိုက်.. ကျန်တာတွေ နောက်မှဆက်ပြောကြမယ်"
လုရုန်ဟွား ပြောလိုက်၏။
"ဟုတ်တယ် ဟုတ်တယ်.. လာရင်း ကိစ္စ အရင် လုပ်ကြတာပေါ့..."ဝေအာကျူး ပြော လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ၏ လက်ကောက်၀တ်ကို ဆန့်ထုတ်ထားပြီး သွေးကြော စမ်းခံမည့် ပုံစံ ပြုလုပ်လိုက်သည်။
"ကောင်မလေး... နင် လာစမ်းသပ်လိုက်တော့...."
"ကျွန်မက အနောက်တိုင်း ဆေးဆရာ၀န်... ဟွာရှန့်တိုင်းရင်းဆေးဆရာ၀န် မဟုတ်ဘူး...ရှင့်ရဲ့ သွေးခုန်နှုန်းကိုလည်း မစစ်တတ်ဘူး...."လီချူးဟန် ပြောလိုက်ပြီး
"ရှင့်ရဲ့ ရောဂါအခြေအနေကို အရင်ပြောရအောင်... ဘယ်နေရာက အဆင်မပြေဘူးလဲ.. "
"ငါ့နှလုံးက တစ်ခါတစ်လေ နေလို့ထိုင်လို့ မကောင်းဘူး... ပြီးတော့ လက်နဲ့ လည်ပင်းတွေပါ နာလာတတ်တယ်... အမ်.. ဘယ်လိုပြောရမလဲ... နာသလိုလို မနာသလိုလို... အဲ့လိုမျိုးကြီး...."
လီချူးဟန် ဆွေးနွေးကတ်ကို ယူလိုက်ပြီး ကွန်ပျူတာပေါ်တွင် စကန်ဖတ်ကာ "ဒီရဲ့ ရောဂါ လက္ခဏာတွေက အလွန်အမင်း နှလုံးပြင်းထန်စူးအောင့်တဲ့ ရောဂါလက္ခဏာတွေပဲ.. လေးထပ်မြောက်ကိုသွားပြီးဆော့ နှလုံးအာထရာစောင်း အရင်ရိုက်ကြည့်လိုက်... ဘာဖြစ်လဲ ကြည့်ပြီးတော့မှ ဘယ်လိုကုသရမလဲဆိုတာ ကျွန်မပြောမယ်...."
ပြောပြီးနောက် လီချူးဟန် ဆွေးနွေးခန်းကတ်ကို ပြန်သိမ်းကာ လူနာအတွက် စစ်ဆေးရန် ပြင်ဆင်ပေး၏။
"ကောင်မလေး... ငါ ဒါကို တခြား ဒေါက်တာဆီမှာ သွားစစ်ဆေးလို့ရလား...."
"ရတယ်... ခုချိန် လူပါးတော့ ရလဒ်သိဖို့ သိပ်မစောင့်ရလောက်ဘူး..."
"မင်းရဲ့ နာမည်ကို ပြောစရာ မလိုဘူးလား..."
လီချူးဟန် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အဆုံးတွင်တော့ သူမ စာတစ်ချို့ ရေးပေးလိုက်၏။ "ဒါယူသွားလိုက်.. သူတိူ့ ရှင့်ကို ကောင်းကောင်း စမ်းသပ်ပေးလိုက်လိမ့်မယ်...."
"အိုကေ အိုကေ... ခုပဲ သွားစစ်လိုက်မယ်...."
သုံးယောက်သား တံခါးဖွင့်၍ အပြင်သို့ ထွက်ခွာသွားတော့၏။ ထို့နောက် ဝေအာကျူး၏ လေသံကို ကြားလိုက်ရလေသည်။
“ လူတိုင်းပဲ ဒီမှာ ခဏစောင့်နေရစ်ကြဦး…. ကျုပ် ခဏနေ ကုသလို့ပြီးရင် အားလုံးကို ပေးဝင်မယ်…”
“ ရတယ် ရတယ်… ကျူပ်တို့ကလည်း အလျင်မလိုပါဘူး….” လူတန်းကြီးမှ သဘောထားပြည့်ဝစွာဖြင့် ပြောဆိုလိုက်၏။
မိနစ် အနည်းငယ်ကြာပြီးနောက် ဝေမိသားစုမှာ အလောသုံးဆယ်ဖြင့် အခန်းထဲသို့ ပြေးဝင်လာခဲ့ကြလေသည်။
“ ကောင်မလေး… ဘာကြီးလဲဟ… ငါတို့ ECT ရိုက်မလို့ကို ဘာလို့ ဒေါက်တာက ပြေစာ လာတောင်းနေတာ… ပြီးတော့ ပြောသေးတယ်… ငါတို့ ပိုက်ဆံ မပေးရင် မစစ်ပေးနိုင်ဘူးတဲ့…”
လင်းရီနှင့် လီချူးဟန်တို့ ဆွံ့အသွားခဲ့ကြ၏။
“ ရှင်တို့က ပိုက်ဆံမပေးရင် မစစ်ဆေးပေးမှာ သဘာဝပဲလေ…. ဘာမှားနေလို့လဲ…”
ဘယ်လိုတောင် ပိန်းတဲ့ မေးခွန်းပါလိမ့်....
"ရှင်တို့ ပိုက်ဆံ မပေးမှတော့ ဘယ်သူက အလကား လုပ်ပေးမှာလဲ... ဆေးရုံဖွင့်ထားတာကလည်း စီးပွားရှာဖို့ပဲလေ... ပရဟိတ လုပ်နေတာမှ မဟုတ်တာ... အလကား ဘယ်သုံးချင်လို့ရမှာလဲ...."လီချူးဟန် ပြောလိုက်၏။
"ဒါပေမယ့် နင်က ဆေးရုံ ဒါရိုက်တာ မဟုတ်ဘူးလား... ငါ့ကိုတောင်မှ အထူးတလှယ် စာရေးပေးလိုက်သေးတယ်လေ... အဲ့တာတောင်မှ ငါက ပိုက်ဆံ သုံးရဦးမှာလားကွ....."
ဝေအာကျူး အချက်လက်ကျကျ ပြောလိုက်ပြီး "ပြီးတော့ နှလုံး အာထရာစောင်း ရိုက်တာလေးကို ယွမ် ၅၀၀ တောင် ပေးရမှာ... အဲ့လောက်ကြီးကတော့ များလွန်းတယ်....."
"ကျွန်မက ဒါရိုက်တာဆိုရင်တောင်မှ ဆေးရုံက ကျွန်မ မိသားစု ပိုင်တာမှ မဟုတ်တာ... ဆေးရုံရဲ့ ကျင့်၀တ်စည်းကမ်းတွေကို လိုက်နာရမှာပဲ.. ဒီတော့ ရှင်တို့ သေချာပေါက် ပိုက်ဆံပေးရမှာ...."
လီချူးဟန် ပြောလိုက်၏။
ထို့နောက် ဆက်လက်၍ "ကျွန်မ ရှင်တို့ကို စာရေးပေးလိုက်တာက အဆုံးစွန်သော ကူညီမှုပဲ.. အဲ့ဒီထက်ပိုပြီး ဘာမှ ထက်မလုပ်ပေးနိုင်တော့ဘူး....."
"ဒီတော့ ငါဆေးကုဖို့ဆိုရင် သေချာပေါက် ပိုက်ဆံကုန်မှ ဖြစ်မယ်ဆိုတဲ့ သဘောပေါ့....."
ဝေအာကျူး သေချာနေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
"မဟုတ်လို့လား.... ရှင် ပိုက်ဆံ မပေးဘဲနဲ့ ဘယ်ဆရာ၀န်က အလကား ကုပေးမှာ....."
"အဲ့တာဆို ငါအဲ့ဒီ ဓာတ်မှန်လည်း မရိုက်တော့ဘူး....သွေးခုန်နှုန်းပဲ စစ်လိုက်တော့....."ဝေအာကျူး သူ၏ လက်မောင်းကို ရှေ့သို့ ပြန်ဆန့်တန်းလိုက်၏။
"ဟွာရှန့်ဆေးရုံက ဆရာ၀န်တွေဆိုရင် သွေးခုန်နှုန်းစစ်လိုက်တာနဲ့ ငါဘာဖြစ်နေလဲ ဆိုတာ တန်းသိတယ်... သူတို့ရဲ့ နည်းလမ်းက နင်တို့လောက်တောင် အလုပ်ရှုပ်မနေဘူး......"
"ကျွန်မရှင့်ကို ပြောပြီးပြီလေ... ဒီနေရာက အနောက်တိုင်းဆေးရုံပါလို့... ရှင် သွေးခုန်နှုန်း စမ်းသပ်ခံချင်နေရင်တော့ နေရာမှား လာခဲ့ပြီ....."
"နင်က ဒါရိုက်တာ မဟုတ်ဘူးလား..... လူနာတွေကို ခေတ်မှီစမ်းသပ်ကိရိယာတွေ မပါဘဲနဲ့ ဘာဖြစ်လဲ မပြောပြတတ်ဘူးပေါ့.... အဲ့တာဆို နင်က တော်တော် အရည်အချင်းမရှိတဲ့ ဆရာ၀န်ပဲ..... တကယ်လို့ သူများတွေလည်း နင်တို့လို ဓာတ်မှန်တွေကို ဖတ်တတ်ရင် လူတိုင်း ဆရာ၀န်လုပ်လို့ရနေပြီလို့ ပြောနောတနဲ့ အတူတူပဲ မဟုတ်ဘူးလား......."
လီချူးဟန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမရင်ထဲရှိ စိတ်မရှည်မှုများကို ဖိနှိပ်ထားလိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လင်းရီမှ စကားဆိုလာခဲ့သည်။
"ခင်များပြောတာ ဟုတ်သလိုတော့ ရှိသားပဲ...နှလုံးအောင့်တဲ့ ရောဂါဆိုတာ ဘာမှ သိပ်ပြီး ပြင်းထန်တဲ့ ရောဂါလည်း မဟုတ်ဘူး.... အဆိုးဆုံးရှိလှ မသာပေါ်ရုံလေးပေါ့... ခင်များ ရွာပြန်ပြီး ဘိုးတော်နဲ့ပဲကုလိုက်တော့... အဲ့တာက ပိုပြီး ငွေကုန်ကြေးကျ သက်သာတယ်......"
"မင်းလို ပါမွှား စစ်သားလေးက ဗိုလ်ကြီးတွေ စကားပြောနေတာကို ဘာလာရှုပ်တာတုန်းကွ....."
ဝေအာကျူး သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး "နင်တို့ဆီက စကန်လည်း မဖတ်တော့ဘူးကွာ... ငါ့ကို သောက်ဆေးပဲပေး.... အဲ့ဒါယူပြီး အိမ်ပြန်တော့မယ်......"
"ကျွန်မက ရှင့်ကို ဆေးဘယ်လို ပေးရမှာ......"
"ဆေးရုံမှာ ကိုယ်ပိုင် ဆေးဆိုင်ရှိတယ် မဟုတ်ဘူးလား....နင်က ဒီက ဒေါက်တာလေ.... ဆိုတော့ ဆေးတွေ အလကားယူလို့ ရတယ် မဟုတ်ဘူးလား..... ငါ့ကို နည်းနည်းလောက်ပဲ ပေးစမ်းကွာ.... နင့်ကို ခက်ခဲတာတွေ တောင်းဆိုနေတာလည်း မဟုတ်ဘူး......"
"ဆေးရုံက ဆေးတွေကို ရောင်းတာ... ရှင် အလကား ယူလို့မရဘူး....."
"နင်လည်း ယူလို့မရဘူးပေါ့......"ဝေအာကျူး လုံး၀ မယုံကြည်သေးပဲ "လာနောက်နေတာလား.....လျိူအာရဲ့ ကလေးက မြို့ထဲ စီးကရက် စက်ရုံမှာ အလုပ်လုပ်တယ်.... သူ့စိတ်ကြိုက် စီးကရက် အ၀သောက်လို့ရတယ်..... ပြီးတော့ ဖက်တီးစွန်းရဲ့ ကလေးဆိုရင်လည်း အရက်ချက်စက်ရုံမှာ အလုပ်လုပ်တယ်.... သူ့စိတ်ကြိုက် အရက်အ၀ သောက်လို့ရတယ်.... "
"နင်က ဒေါက်တာလေ.... ဆေးရုံက ဆေးတွေ စိတ်ကြိုက်ယူခွင့်ရှိတာ သဘာ၀ပဲ မဟုတ်ဘူးလား....."
ထိုစကားလုံးကြောင့် လီချူးဟန် ဒေါသအထွက်လွန်ပြီး ရူးသွပ်လုနီးနီး ဖြစ်သွားခဲ့၏။
ဒီလူတွေမှာ ဘာလို့ သာမန် အသိလေးတောင် မရှိရတာလဲ.... ပညာမတတ်တာ မဟုတ်တော့ဘူး.... ဒါကြီးက အသိဉာဏ်ကင်းမဲ့ရာ ကျလွန်းသွားပြီ.....
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမကို ယခင်က ကယ်တင်ခဲ့ဖူးသည့် လင်းရီမှာ စကားဝိုင်းထဲသို့ တစ်ဖန်ပြန်ရောက်လာလေသည်။
"ခင်များ ပြောတဲ့ အတိုင်းပဲ စီးကရက် စက်ရုံမှာ စီးကရက် အ၀သောက်လို့ရတယ်.... အရက်စက်ရုံမှာ အရက်အ၀သောက်လို့ ရတယ်... ခု ဆေးရုံမှာလည်း ဆေးတွေ အလကား ယူလို့ရတယ်......."
"ကြည့်စမ်း.... ဒီလူငယ်လေးက အမှန်တရားတွေ ပြောလာခဲ့ပြီ... နင်က ငါ့ကို အရူးလုပ်ပြီးတော့မှ အလကား မပေးချင်ဘူးပေါ့လေ....."
"မလောသေးနဲ့ဦး... ဌာနခေါင်းဆောင်က ခင်များကို လိမ်နေတာ မဟုတ်ဘူး.... ခင်များ ကျုပ်တို့ ဆေးရုံက ဆေးတစ်မျိုးကို အလကား ယူလို့ရတယ်.... ဒါပေမယ့် ဆေးရုံအပြင်ဘက်ကိုတော့ ယူသွားလို့မရဘူး.....အဲ့တာက ယူသနေးရှားပဲ....ကျုပ်ခင်များကို အဲ့ဆေးပေးလိုက်မယ်... ခင်များ အခု သောက်မလား....."
( TN- ယူသနေးရှားက ဝေဒနာ မခံစားရပဲ သက်တောင့်သက်သာနဲ့ နိဗ္ဗာန်ပို့ပေးတဲ့ဆေးပါ....)