ရဲတိုင်ချင်တယ်...
Vol. 31 Ch. 465
"မင်း စကားကို ဘယ်လိုတွေ ပြောနေတာတုန်းကွ... "ဝေသချန် ပြောလိုက်ပြီး " စကား ဘယ်လိုပြောရမှန်း မသိရင်လည်း မင်းပါးစပ်ကို ပိတ်နေလိုက်... ဘယ်သူမှ မင်းလို ငအကြီးလို မဆက်ဆံဘူး...."
"နင်တို့ လင်းရီကို ယဉ်ယဉ်ကျေးကျေး ပြောတာကောင်းမယ်..."လင်းရီကို မချေမငံ ဆက်ဆံနေကြသည်ကို မြင်တော့ လီချူးဟန်၏ လေသံမှာ အေးစက်သွားခဲ့သည်။
လင်းရီ သူမ၏ ပခုံးကို အသာ ပုတ်လိုက်ပြီး ဝေ မိသားစုကို ပြောလိုက်၏။
"ခင်များတို့ ဆရာ၀န်ပြချင်တယ်ဆိုရင် ကျုပ်ပြောတဲ့ အတိုင်း အရင်ဓာတ်မှန် သွားရိုက်လိုက်.. မပြချင်ဘူးဆိုရင်လည်း အပေါက်၀က ခင်များတို့ နောက်မှာပဲ... မြန်မြန် လစ်လိုက်တော့...."
"ပိုက်ဆံ အကုန်ခံရမယ်ဆိုမှတော့ ဘယ်သူက ဆရာ၀န်ပြတော့မှာ...."ဝေအာကျုး ပြောလိုက်ပြီး "ဒါပေမယ့် ငါခုနက အပြင်ကလူတွေနဲ့ စကားပြောပြီးသွားပြီ... ခုငါ ဆေးမပြတော့ဘူး.... နင်သူတို့ကို စစ်ဆေးပေးလိုက်...."
လင်းရီ ပခုံးတွန့်လိုက်ပြီး "အဲ့တာ ခင်များဘာ ခင်များ ပြောတာလေ... ကျုပ် ခေါင်းဆောင်မှာ အချိန်တွေ အဲ့လောက် မပေါဘူး..."
"ကောင်မလေး... မင်း ဒါ ဘာအဓိပ္ပာယ်လဲ... ငါ့ကို ဒီလိုမျိုး အရှက်ခွဲတော့မယ်လို့တော့ လာမပြောနဲ့...."
" ဟုတ်တယ်ဆိုရင်ကော...."
"ဪ... မင်းက ဒီလိုတွေတောင် ဖြစ်သွားပြီကိုး.... ရတယ်လေ... မင်းကတောင် အသိအမှတ်မပြုမှတော့ ခုကစပြီး ငါတို့ အချင်းချင်း သေတမ်းပြတ်ပြီ...."ထိုသို့ပြောပြီးနောက် ဝေမိသားစု၀င်များ ထွက်ခွာသွားခဲ့ကြ၏။
လင်းရီ ထပ်မံ၍ ပြောစရာ စကားတို့ ပျောက်ဆုံး သွားခဲ့ရပြန်သည်။
ဒီလူတွေမှာ အောက်ဆုံးစည်းဆိုတာ မရှိတော့ဘူးလားဟ....
မဟုတ်ဘူး... သောက်ရှက်ကို မရှိဘူးလို့ ပြောရမှာ....
လီချူးဟန် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းမောကြီး ချလိုက်သည်။
" နောက်ဆုံးတော့ ဒီ နလပိန်းတုန်းတွေကို ပထုတ်နိုင်လိုက်ပြီ...."
"ကျုပ်ပြောသားပဲ... သူတိူ့ပြောတာကို နားမထောင်ပါနဲ့ လျစ်လျူရှုလိုက်ပါလို့... ခု နောင်တ ရနေပြီမလား...."
"အင်း... နောက်ဆို ဒီလို ကိစ္စတွေနဲ့ ထပ်ပြီး အာရုံနောက်မခံတော့ဘူး..."လီချူးဟန် ပြောလိုက်ပြီး "နံနက်စာ သွားစားစို့လေ.. နင်လည်း ဆာနေလောက်ရောပေါ့...."
"ကျုပ်က ဟိုးအကြာကြီးတုန်းကရင် ဆာနေတာ...."
"ခစ်ခစ်.. အဲ့တာဆို ငါကပဲ တောင်းပန်တဲ့အနေနဲ့ ၀ယ်ကျွေးလိုက်မယ်လေ..."
"ရပါ့.. ပိုတောင် ကောင်းသေး..."
နှစ်ယောက်သား ဆေးခန်းထဲမှ ထွက်လာခဲ့သောအခါ အပြင်ဘက်ရှိ လူတန်းကြီးမှ လီချူးဟန်ထံ စုပြုံလာကြတော့၏။ သူတို့ကို ကုသပေးဖို့ရာ မျှော်လင့်နေလေသည်။
ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့် အချိန်တွင်တော့ လီချူးဟန် အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့၏။ ထိုအချိန်တွင်ပဲ လင်းရီ သူမရှေ့တွင် ပိတ်ရပ်လိုက်ပြီး "ခင်များတို့ ကြိုက်တဲ့ ဆရာ၀န်ဆီမှာ သွားပြလိုက်တော့.. ဒါရိုက်တာလီကတော့ ဒီနေ့ လူနာ လက်ခံမှာ မဟုတ်ဘူး... မဟုတ်ရင် ဆေးရုံရဲ့ စည်းကမ်းတွေကို ဖော်ဖျက်သဘို ဖြစ်သွားပြီးတော့ ဒါရိုက်တာလီလည်း အလုပ်ဖြုတ်ခံရလိမ့်မယ်... ခင်များတို့လည်း အဲ့လို မဖြစ်စေချင်ဘူးမလား...."
၎င်းက်ုကြားတော့ လူအုပ်ကြီးလည်း ခေါင်းကိုယ်စီငြိမ့်လိုက်ကြပြီး သဘောတူစွာဖြင့် လူစုခွဲလိုက်ကြတော့၏။
သူတို့ လီချူးဟန်၏ အရည်အချင်းကို နှစ်သက်သောကြောင့် မည်သူကမျှ ဆရာ၀န်ကောင်းတစ်လက် ဆုံးရှုံးသွားရမည်ကို အလိုမရှိချေ။
ပြဿနာများ အားလုံး ဖယ်ရှားပြီးနောက် လင်းရီတို့ ကားပါကင်ထံ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ဝေသချန် လီချူးဟန်၏ကားဘေးတွင် မြင်းထိုင်ထိုင်ပြီး တစ်ခုခု လုပ်နေသည်ကို မြင်လိုက်ရ၏။
"နင် ဘာတွေ လုပ်နေတာလဲ..."လီချူးဟန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကားချစ်သူတစ်ဦးဖြစ်သောကြောင့် ဝေသချန် သူမကားဘေးနားတွင် ခိုးကြောင်ခိုးဝှက် လုပ်နေသည်ကို မြင်တော့ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်သွားခဲ့ရသည်။
လင်းရီနှင့် လီချူးဟန်တို့ကို မြင်တော့ ဝေသချန် သူခိုး လူမိသကဲ့သို့ ဖြစ်သွားပြီး အလျင်အမြန် ထွက်ပြေးတော့သည်။
"ဒီမှာ စောင့်နေ... ကျုပ်အဲ့ကောင်ကို ပြန်ခေါ်လာခဲ့မယ်...."
သို့နှင့် လင်းရီ ဝေသချန်နောက် လိုက်ဖမ်းတော့၏။
ဝေသချန်မှာ လယ်အလုပ်လုပ်ပြီး သန်မာနေသော်လည်း အလျင်နှင့် သက်လုံပိုင်းတွင်တော့ လင်းရီ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် မီတာ ဒါဇင်ခန့် ပြေးပြီးသောအခါ အနောက်မှ ပိတ်ကန်ခံလိုက်ရပြီး အဖမ်းခံလိုက်ရ၏။
"မင်းက မဟုတ်တာလုပ်ပြီး ထွက်ပြေးချင်နေတယ်ပေါ့လေ... အိပ်မက်မက်နေလိုက်လို့..."
"ဟျောင့်.. မင်းငါ့သားကို ဘာလုပ်မလို့တုန်းကွ... ခုချက်ချင်း လွှတ်လိုက်စမ်း.... "
ဝေအာကျူး လင်းရီ၏ လက်မောင်းကို လာ၍ ဆွဲလားရမ်းလား လာပြု၏။
"ဖယ်စမ်း.. အဘိုးကြီး ကျုပ် လက်ပြန်ကျွေးလိုက်လို့ ခင်များပါ ဆန်ပြုတ်သောက်နေရမယ်....ဒီကောင်က သူများကားကို တစ်ခုခု လုပ်ပြီးတော့မှ ထွက်ပြေးသွားတာ...."
"အဖေ.. ကျွန်တော် အဆင်ပြေတယ်... ဘာမှ စိတ်မပူနဲ့... ဒီတိုင်း Civic အစုတ်လေးပဲ... မာစီးတီးတိူ့ BMWတို့နဲ့ ယှဉ်နိုင်တာ မဟုတ်ဘူး... ကျွန်တော် အဖမ်းခံရလည်း စိတ်မပူနဲ့.. ယွမ် ၂၀၀ လောက် လျော်ကြေးပေးလိုက်ရင် ရပြီ... အဲ့တာက သူတိူ့ ဆေးပြန်တင်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်...."
ဆေးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် ဝေသချန် သူတို့ ငယ်ငယ်က ကျွေးထားသည့် ထမင်းများကို မထောက်ထားပဲ ကလန်ကဆန်ပြုနေသည့် လီချူးဟန်ကို ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့၏။ တစ်ချိန်တည်းတွင် ကားပါ၌ ရပ်ထားသည့် သူမ၏ ကားကို မြင်တွေ့သွားလေသည်။ ထို့ကြောင့် လက်စားချေရန် စီစဉ်လိုက်သော်လည်း လက်ပူးလက်ကြပ် မိသွားလိမ့်မည်လို့တော့ ထင်မထားခဲ့ပေ။
ဝိုင်းအုံကြည့်နေကြသော ဖြတ်သွားဖြတ်လာများ၏ အကြည့်အောက်တွင် လင်းရီ ဝေသချန်ကို ကားရှေ့သို့ ဆွဲခေါ်လာခဲ့သည်။
ထိုအခါ လင်းရီ civic ပေါ်ရှိ ကြက်ခြေခတ် အမှတ်ကြီးကို မြင်တွေ့လိုက်ရ၏။ ထိုမျှသာမက တာယာများ၊ ခွေနှင့် ဘရိတ်များကိုလည်း အစင်းရာများ ပြုလုပ်ထားလေသည်။
ကား၏ စွမ်းဆောင်ရည်ကို ထိခိုက်မှု မရှိစေသော်လည်း လှပသည့် ကားတစ်စီးကို ရုပ်ဆိုး အကျည်းတန်သွားစေသည်။
ယင်းက လီချူးဟန်ကဲ့သို့ ကားချစ်သူ တစ်ဦးအတွက်တော့ လက်မခံနိုင်စရာကြီးပင်။
"လက်ရာက မဆိုးပါလားကွ... မင်းကြည့်ရတာ လုပ်နေကြနဲ့တူတယ်.... "လင်းရီ အလျင်မလိုပဲ အေးဆေး မေးလိုက်၏။ ကားမှာ အစင်းရာ ထင်ရုံမျှ ဖြစ်ပြီး ပြန်ပြင်၍ ရသည်။ ထို့ပြင် ပြုလုပ်သည့် တရားခံမှာလည်း သူ့လက်ထဲသို့ ရောက်ပြီးနေချေပြီ။ ထို့ကြောင်း လျော်ကြေးငွေကို ညင်းတောင်း၍ ရ၏။
"ဒီတိုင်း civic အစုတ်ကြီးကိုများကွာ... မင်းမိသွားတော့ကော ဘာအရေးလဲ... ယွမ် လေးငါးရာလောက်ကတော့ လျော်ပေးနိုင်တယ်ဟျောင့်..." ဝေသချန် ဟစ်အော်လိုက်၏။
"ကောင်မ....မင်းက မြို့ပေါ်မှာ နေတာကြာပြီဆိုတော့ ဘ၀မေ့နေပြီပေါ့လေ... ဒီနေ့ ငါ့ဒေါသကို မင်းကောင်းကောင်း သိစေရမယ် ချူးဟန်...."
"သေချာပြီလား.. ဒီကားက ဟွန်ဒါဘရန်းပဲ... Civic မော်ဒယ်နဲ့ ဆင်တယ်ဆိုပေမယ့် ဈေးကတော့ မတူဘူးနော်...."
"ဘာမတူတာ... ဒီကားက ခုနှစ်မှ ထွက်တဲ့ မော်ဒယ် အသစ်လို့တော့ လာမပြောနဲ့... အသစ်ဆိုရင်တောင်မှ ဘောင်မ၀င်တဒ့ Civic ကြီး ဖြစ်နေတုန်းပဲ..."ဝေသချန်မှ ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝေအာကျူး အိတ်ကပ်ထဲမှ ယွမ်ငါးရာ ထုတ်လိုက်ပြီး ကားကိုယ်ထည်ကို ပစ်ရိုက်ကာ "ရော့ ဒီမှာ မင်းတို့ရဲ့ လျော်ကြေး... ယူပြီး လစ်လိုက်တော့...."
"ဟားဟား....."
ဝေအာကျူး၏ မိမိုက်သည့် ပုံစံက လူအများကို ပွဲကျသွားစေခဲ့သည်။ ၎င်းကိုမြင်တော့ ဝေသချန် ကြက်သေသေသွားခဲ့၏။
"ဘာရယ်ရလို့တုန်းဟ...."
"လူငယ်လေး... အဲ့ကားက သာမန် Civic မဟုတ်ဘူး... Civic Type R လို့ခေါ်တယ်... ချိုင်းနားမှာ ရောင်းဈေးက ယွမ် ရှစ်သိန်းပဲ..."
သက်လတ်ပိုင်း လူကြီးတစ်ယောက်မှ ပြောပြလိုက်၏။
"ပြီးတော့ သူ့ကားက ပြန်ပြီး ရွှိုင်းထားတာနေမှာ .. သုံးထားတာတွေက Mercedes Benz AMG ရဲ့ ဘရိတ်ဟွတ်တွေ... တစ်စုံတစ်စုံဆို ယွမ် လေးသောင်းလောက်ရှိတယ်... လေးစုံတည်းနဲ့တင် သာမန် Civic တစ်စီး ၀ယ်လို့ရနေပြီ...."
၎င်းကိုကြားတော့ ဝေမိသားစု၀င်များ ခေါင်းမူးနောက်သွားခဲ့သည်။
ထိုသို့ ဆိုပါက ဤကားမှာ ယွမ်တစ်သန်း တန်ကြေးရှိနေပြီ မဟုတ်ပါလော...
လင်းရီ လီချူးဟန်ကို တစ်ချက်ကြည့်လိုက်ပြီး "ကားပြန်ပြင်ဖို့ ဘယ်လောက်လိုအပ်မယ် ထင်လဲ...."
"အနည်းဆုံး ယွမ်တစ်သိန်းလောက်ပေါ့...."လီချူးဟန် မှန်းဆ ပြောဆိုလိုက်၏။
"မင်းကြားတယ်နော်... ပြန်ပြင်ခက ယွမ်တစ်သိန်းပဲ... ငွေသားနဲ့ ပေးမလား.. ခရစ်ဒစ်ကတ်နဲ့ ရှင်းမလား...အိမ်ပေါင်မလား... လယ်ပေါင်မလား.... ကြိုက်တာနဲ့ပေး....."
ဝေမိသားစု၀င်များ၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့ပြီး "ဒီကား သေးသေးလေးက ဘာလို့ ဒီလောက် ဈေးကြီးနေရတာလဲဟ...."
"မင်းတို့ထင်နေတာ လယ်ထွန်စက်လို အကြီးစားကြီးကမှ ဈေးကြီးတယ်လို့ ထင်နေတာလား...."
"မင်း လိမ်နေတာ... ခုနက လူကလည်း မင်း ငှားထားတဲ့လူ ဖြစ်ရမယ်...."
"ငါတို့က သိတောင် မသိတာကို ဘယ်နားက ငှားထားရမှာ.... "
"မင်းတို့အားလုံး ပေါင်းပြီး လိမ်နေကြတာ.. ငါမယုံဘူး... ငါရဲခေါ်မယ်.... "ဝေအာကျူး တုန်လှုပ်ဒေါသဖြင့် အားလုံးကို ပတ်အော်နေတော့သည်။
"ကောင်းပြီလေ... အဲ့တာဆိုလည်း ရဲခေါ်လိုက်.. ဒီနေ့ ခင်များတို့ရဲ့ အဆုံးထိ လိုက်ကစားပေးမယ်...."
ဝေအာကျူး သူ့ဖုန်းကို ထုတ်လိုက်ပြီး ဒေါသထွက်စွာဖြင့် "ငါ့သား.. မင်း ဘာမှမကြောက်နဲ့... သူတို့လျှောက်ပြောနေတာ... ရဲ ရောက်လာတာနဲ့ အဖေတို့ တရားမျှတမှုကို ရှာဖွေလို့ရပြီ...."
"ကျွန်တော်လည်း ကြောက်မနေပါဘူး... ဘောင်မ၀င်တဲ့ civicကြီးနဲ့များ အရူးလာလုပ်လို့ ရမယ် ထင်နေတာလား မသိဘူး.... "ဝေသချန် အထင်သေးစွာ ပြောဆိုလိုက်ပြီး "မင်း ပတ်မေးကြည့်လိုက်.. ဒီနိုင်ငံထဲမှာ ငါမသိတဲ့ကားဆိုတာ မရှိဘူးကွ... ငါ့ကို ဒီလိုမျိုး အရူးလာလုပ်လို့ ရမယ် ထင်နေတာလား...."
"ဟုတ်တယ် ဟုတ်တယ် မင်းက သောက်ရမ်း အံ့ဩဖို့ ကောင်းတဲ့ကောင်..မြန်မြန်သာ ရဲခေါ်လိုက်စမ်းပါကွာ...."
လင်းရီ ရယ်မောချင်စိတ်ကို ဖိနှိပ်ရင်း ပြောလိုက်၏။
သူခိုးကိုယ်တိုင်က ရဲခေါ်နေတော့ သူ့အတွက် လေကုန် သက်သာလေသည်။
"မပူနဲ့.. ငါ့အဖေအခု ခေါ်နေတယ်... ဘယ်လောက်ပေးရမလဲဆိုတာ ရဲက ဆုံးဖြတ်ရမှာ ... မင်းတို့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး..."
"မဆိုးဘူး မဆိုးဘူး... မင်းတို့က အလိုက်သိသားပဲ... သောက်ရမ်း အံ့ဩဖို့ကာင်းတယ်..."
တစ်ချိန်တည်းတွင် ဝေအာကျူး ရဲစခန်းဖုန်းနံပါတ်ကို ဆက်လိုက်ပြီး "ဟယ်လို... ရဲအရာရှိ တစ်ချို့လောက် ဒီနေရာကို လာပေးပါလား... ဒီမှာကျုပ်ကို အုပ်စုလိုက်ပေါင်းပြီး လိမ်နေလို့ပါ....”