← Chapters

အခန်း (၃၅၂)

Vol. 26 Ch. 352

အခန်း (၃၅၂)

Vol. 26 Ch. 352

ကျန်တပည့်များ၏မျက်လုံးများလည်း တောက်ပသွားသည်။

“ဟားဟား၊ လင်တောက်တာအိုဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကြားမှာ ဘယ်ဂိုဏ်းကိုရွေးမှာလဲ”

ရှန်ချန်းက နောက်လှည့်ပြီး လူတိုင်းကိုကြည့်သည်။

သူတို့ မည်သို့ရွေးချယ်ရမည်နည်း။

သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သော်လည်း စကားမပြောရဲပေ။

“ဟားဟား၊ ကိုယ့်အတွက်ကိုယ် ရှင်သန်ပါ”

ရှန်ချန်း၏မျက်လုံးများက တောက်ပသွားသည်။ သူက အရိုးရှည်တစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကျူးစစ်ယွမ်ကိုကြည့်သည်။

“ဂိုဏ်းတူညီလေးကျူး၊ ငါတို့ရဲ့ခွန်အားတွေပြန်ရလာအောင် ငါးမိစ္ဆာတွေကိုသတ်ဖြတ်ဖို့ ဦးဆောင်ပေးပါ”

“လင်တောက်တာအိုဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဘယ်သူကဂရုစိုက်နေမှာလဲ။ သူတို့ရဲ့ယှဉ်ပြိုင်မှုက ငါတို့နဲ့ ဘာဆိုင်လို့လဲ”

“ငါတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ အသက်က အရေးအကြီးဆုံးပဲ”

ရှန်ချန်းက မဖော်ပြနိုင်လောက်သောအငွေ့အသက်များဖြင့် ခြေလှမ်းကျဲကြီးများနှင့်အတူ ဆက်လျှောက်သွားသည်။

အကယ်၍ သူက ကောင်းကင်ကြိုးကြာနယ်မြေ၏အပြင်ဘက်တွင် ရှိနေလျှင် သူ့အငွေ့အသက်ကြောင့် သဘာဝစွမ်းအင်လှိုင်းများ ထလာလိမ့်မည်။

ထိုအရာသည် တာအိုကိုနားလည်ခြင်းဖြစ်သည်။

သူက ကိုယ်ပိုင်မဟာတာအိုကိုနားလည်ခဲ့သောကြောင့် အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းသည် ချောမွေ့နေလိမ့်မည်။

“ဟုတ်တယ်။ ဂိုဏ်းကြီးတွေရဲ့ယှဉ်ပြိုင်မှုက ငါတို့နဲ့ဘာဆိုင်လို့လဲ။ ဒါက ငါးမိစ္ဆာတွေကိုအမဲလိုက်ဖို့ နေရာကောင်းတစ်ခုပဲ။ ငါတို့က မိစ္ဆာအမြုတေရှိနေတဲ့ ငါးမိစ္ဆာတစ်ကောင်ကိုသတ်ဖြတ်နိုင်ရင် ချမ်းသာသွားလိမ့်မယ်”

အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် ငါးအရိုးတစ်ချောင်းကိုကောက်ယူ၍ ရှန်ချန်းနောက်သို့ ပြေးလိုက်သွားသည်။

မှန်သည်။

မဟာမိစ္ဆာတစ်ကောင်သည် ရတနာများဖြင့်ပြည့်နေသည်။ ဤနေရာသည် အခွင့်အရေးတစ်ခုဖြစ်သည်။

သူတို့အားလုံးက အရိုးဆူးချွန်များကို ပျော်ရွှင်စွာကောက်ယူလိုက်ပြီး အတူတူပြေးထွက်သွားကြသည်။

သူတို့က မသိလိုက်ပါဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကစည်းမျဉ်းများနှင့် ဂိုဏ်းကြီးများအပေါ်တွင်ရှိသည့် ကြောက်ရွံ့စိတ်ကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

သူတို့၏ကိုယ်ပိုင်ခွန်အားနှင့် အသက်သည် ကျင့်ကြံခြင်း၏ အခြေခံဖြစ်သည်။

....

ဟန်မူယဲ့နှင့်ချင်းထုံက ရှေ့ဆက်လာခဲ့သည်။ ငါးမိစ္ဆာများကိုပိုသတ်လေ သူတို့၏ကျင့်ကြံဆင့် ပြန်ရလေဖြစ်သည်။

မိုင်တစ်ထောင်ခန့်သို့ ရောက်လာသောအခါတွင် ဟန်မူယဲ့၏ ချီစွမ်းအင်ကျင့်ကြံခြင်းသည် သွေးကြောဖွင့်အဆင့်သို့ ရောက်လာခဲ့သည်။

သူက ဓားဆန္ဒသုံးခုကို အသုံးပြုနိုင်သည်။

သူက စိတ်နယ်ပယ်ထဲတွင်ရှိနေသော ဝိညာဉ်လိပ်ပြာဓားတစ်လက်ကိုလည်း သုံးနိုင်သည်။

အရေးအကြီးဆုံးအနေဖြင့် တာအိုဆရာတယန်နှင့် ကျိုးယွင်လုံသည် ခွန်အားအများအပြား ပြန်ရလာသည်။

ဓားဆေးလုံးနှင့် ဓမ္မရတနာ၏ထက်မြက်မှုကြောင့် ရေနဂါးချင်းထုံက အာရုံစိုက်မိသွားသည်။

“ငါက သန့်စင်ရေကန်ရဲ့အောက်ခြေမှာ နှစ်ပေါင်းထောင်ချီအောင် ချုပ်နှောင်ခံထားရပေမဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့အကြောင်းကို သိပါတယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဓမ္မရတနာ နည်းနည်းပဲရှိတာမဟုတ်လား”

“ပြီးတော့ နင်က တကယ်ပဲ နှစ်တစ်ရာပြည့်အောင် မကျင့်ကြံရသေးဘူးပေါ့”

ချင်းထုံက ထူးဆန်းသောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်သည်။

ဓားနည်းစနစ်၊ ဓားထိန်းချုပ်ခြင်းနည်းစနစ်၊ ဓားနှစ်လက်နည်းစနစ်၊ ဓာတ်စင်အမျိုးမျိုး၏ ဓားနည်းစနစ် ....

ချင်းထုံက အရှေ့ပင်လယ်ဓားနည်းစနစ်၏ အရိပ်အယောင်ကိုပင် မြင်ခဲ့ရသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြန်မဖြေပေ။ သူက ဓားကိုမြှောက်ပြီး ရှေ့တွင်ရှိသောတောအုပ်အတွင်းသို့ ဓားအလင်းတစ်ခုပစ်သွင်းလိုက်သည်။

ထူထပ်သောတောအုပ်ထဲတွင် လူအချို့ပြေးလွှားနေသည်။

“ရွှပ် ....”

ဓားရှည်သည် လူတစ်ယောက်ကိုဖြတ်ကျော်သွားပြီး သစ်ပင်သုံးပင်ကိုထိုးဖောက်၍ ကြေးခွံနက်နှင့်လူတစ်ယောက်ကို ပင်စည်တွင် ထိုးစိုက်ခဲ့သည်။

“ဂါး ....”

ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ထိုလူသည် ပေတစ်ထောင်ရှိသောငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပါးစပ်နှင့်ကိုက်ချလိုက်သည်။

ချင်းထုံ၏ပုံရိပ်သည် ဖျတ်ခနဲရွေ့လျားသွားပြီး ကြေးခွံနက်ငါးမိစ္ဆာ၏ရှေ့သို့ ရောက်သွားသည်။

သူမက ပြုံးလိုက်ပြီး လက်သီးဆုပ်၍ ကြေးခွံနက်ငါး၏ခေါင်းကို ထိုးချသည်။

“ဘမ်း ....”

ကြေးခွံနက်ငါး၏ခေါင်းသည် မြေကြီးထဲသို့တိုးဝင်သွားသည်။

“ဘမ်း ....”

“ဘမ်း ....”

“ဘမ်း ....”

ကြေးခွံနက်ငါးမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးထဲသို့ ထိုးသွင်းခံလိုက်ရသည်။

ငါးအမြီးသည် အကြိမ်ရေအနည်းငယ်လှုပ်ရှားလိုက်ပြီး ငြိမ်သက်သွားသည်။

ဟန်မူယဲ့က မနေနိုင်တော့ဘဲ ပြုံးသည်။

ရေနဂါးမျိုးနွယ်ပီသသည်။

ချင်းထုံက တစ်ဖက်သို့ပြန်လှည့်လာသောအခါ လက်ထဲတွင် ရွှေရောင်သန်းနေသော မိစ္ဆာအမြုတေတစ်ခုကို ကိုင်ထားသည်။

ထိုငါးမိစ္ဆာသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်နေသည်။

ထိုမိစ္ဆာသည် ကောင်းကင်ကြိုးကြာနယ်မြေ၏အပြင်တွင် ပေါ်လာခဲ့လျှင် လူအများကို ထိတ်လန့်စေလိမ့်မည်။

သို့သော် ယခုအချိန်တွင် တောရိုင်းအတွင်း၌ သေဆုံးသွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ထိုမိစ္ဆာသည် အပြင်ဘက်တွင်ရှိနေလျှင် ပိုမိုလျင်မြန်စွာသေဆုံးသွားလိမ့်မည်။

ထိုငါးမိစ္ဆာသည် ရေနဂါးမျိုးနွယ်၏မဟာမိစ္ဆာရှေ့တွင် အသက်သုံးခါရှူချိန်ထက် ပိုမခံနိုင်ပေ။

“ကျေးဇူးပါအစ်ကိုဟန်။ ကျေးဇူးပါနတ်မိမယ်”

ဖြူဖျော့နေသောဝမ်ယွဲ့က ရင်ဘတ်ကို လက်ဖြင့်အုပ်ထားပြီး ဟန်မူယဲ့နှင့်ချင်းထုံကို ဦးညွှတ်လိုက်သည်။

လအနှစ်သာရဓားဂိုဏ်းသည် ဓားချီကို အခြေခံအုတ်မြစ်အနေဖြင့်အသုံးပြုသည်။ ဓားကိုထိန်းချုပ်ပြီး ရန်သူကိုသတ်ဖြတ်သည်။ ဓားအလင်းသည် လရောင်သဖွယ်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ချီစွမ်းအင်ကျင့်ကြံခြင်းကို တားမြစ်ထားသောကြောင့် ဝမ်ယွဲ့နှင့် နောက်တွင်ရှိသော လအနှစ်သာရဂိုဏ်းသားများသည် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

သူတို့က ဓားကျင့်ကြံသူများဖြစ်ပြီး သိုင်းပညာအခြေခံကောင်းမွန်သောကြောင့် ငါးမိစ္ဆာ၏စားသောက်ခြင်းကို မခံရခြင်းဖြစ်သည်။

“ငါတို့အားလုံးက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံသူတွေပါပဲ။ ဒါက လုပ်ပေးသင့်တာပေါ့”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင်ကံကြမ္မာဓားသည် ဓားအိမ်အတွင်းသို့ ပြန်ရောက်လာသည်။

ဟန်မူယဲ့က ဓားပျံကိုထိန်းချုပ်နိုင်ကြောင်း မြင်လိုက်ရသောအခါတွင် ဝမ်ယွဲ့နှင့် ဂိုဏ်းတူတပည့်များသည် အံ့အားသင့်သွားသည်။

ဟန်မူယဲ့က အပြင်မှရောက်လာသော မိစ္ဆာနှင့်လူသားများကိုသတ်ဖြတ်လျှင် ကျင့်ကြံဆင့်ကို ဖြည်းဖြည်းချင်းရရှိနိုင်ကြောင်း ရှင်းပြခဲ့သည်။

ထို့နောက် သူနှင့်ချင်းထုံက ကောင်းကင်ကြိုးကြာကမ်းပါးသို့ သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောခဲ့သည်။

“အစ်ကိုဟန်တို့က အရင်သွားနှင့်ပါ။ ကျွန်မတို့က ဂိုဏ်းတူတပည့်တွေကိုလိုက်ရှာရင်း ကျင့်ကြံဆင့်ရလာအောင် ကြိုးစားလိုက်ဦးမယ်”

ဝမ်ယွဲ့က လက်တစ်ဖက်တွင်ဓားကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုဖိထားသည်။ သူမက လှည့်ထွက်သွားခဲ့သည်။

သူမက ခြေလှမ်းအနည်းငယ်လျှောက်သွားပြီး ဟန်မူယဲ့ကို ပြန်လှည့်ကြည့်သည်။

“အစ်ကိုဟန်၊ နောက်တစ်ခါတိုက်ခိုက်ရင် ကျွန်မရဲ့အင်္ကျီကို ဖြဲမပစ်လို့ရမလား”

သူမက ရင်ဘတ်တွင်အုပ်ထားသောလက်ကို ဖြေလျော့လိုက်သောအခါတွင် ဖြူဝင်းသောအသားအရေကို မြင်လိုက်ရသည်။

လအနှစ်သာရဂိုဏ်းသားများ ထွက်သွားသောအခါတွင် ဟန်မူယဲ့က ဖျော့တော့သောအပြုံးတစ်ခုနှင့် ခေါင်းခါသည်။

ထိုအရာသည် မတော်တဆမှုတစ်ခုသာဖြစ်သည်။

ချင်းထုံက သူ့ကိုလှည့်ကြည့်သည်။

“အဲဒီတော့ နင်က အဲ့လိုလူမျိုးပေါ့”

ထို့နောက် သူမက ခြေလှမ်းကျဲကြီးများနှင့် အဝေးသို့လျှောက်သွားသည်။

ဟန်မူယဲ့က ဖျော့တော့သောမျက်နှာထားနှင့်အတူ နောက်မှလိုက်လာသည်။

နေ့တစ်ဝက်ခန့်လမ်းလျှောက်ပြီးသောအခါတွင် သူတို့က ရှေ့တွင်ရှိနေသော စိမ်းလန်းနေသည့်တောင်တန်းတစ်ခုကို မြင်ရသည်။

ထိုတောင်တန်းဆီမှ သဘာဝစွမ်းအင်များ ပေါ်ထွက်နေသည်။

ယခုအချိန်တွင် တောင်တန်းဆီသို့ဦးတည်သွားနေသော ကျင့်ကြံသူနှင့်ငါးမိစ္ဆာများကို မြင်နိုင်သည်။

“စီနီယာအစ်ကိုဟန် ....”

“အင်မော်တယ်ဟန် ....”

သူနှင့်ရင်းနှီးသောလူများက သူ့ကိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် သူတို့က အတူတူပူးပေါင်းလိုက်သည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်တချို့ကိုလည်း စုစည်းခဲ့သည်။

သူ့နောက်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်တစ်ရာခန့် ရှိနေသည်။

တာအိုဂိုဏ်းတချို့ကတော့ အဝေးတွင်ရှိနေပြီး နီးကပ်မလာရဲပေ။

ဤနေရာတွင် ဓားကျင့်ကြံသူများ၏စွမ်းအားသည် တာအိုကျင့်ကြံသူများထက် သာလွန်သည်။

“ဘုန်း”

ရှေ့တွင် ဓားအလင်းပေါ်ထွက်လာသည်။

ဓားအလင်းနှင့်အတူ လောကတစ်ခုလုံး တုန်ခါသွားသည်။

ဓားဆွဲထုတ်ခြင်းနည်းစနစ် …

ဟန်မူယဲ့က ပြုံးသည်။

ရှေ့သို့ဆက်လျှောက်သွားသောအခါတွင် ဓားကိုင်လျက်စောင့်နေသော လင်းရှန်ကို မြင်လိုက်ရသည်။

လင်းရှန်၏နောက်တွင် ဂိုဏ်းအသီးသီးမှ ထောင်ချီနေသောတပည့်များ ရှိနေသည်။

“စီနီယာအစ်ကိုဟန်”

လင်းရှန်က ရှေ့တက်လာပြီး ဟန်မူယဲ့ကို လက်သီးဆုပ်၍ နှုတ်ဆက်သည်။ သူ့အကြည့်က ချင်းထုံဆီသို့ရောက်သွားသည်။

“အဟမ်း၊ ဒါက တာအိုရောင်းရင်းချင်းထုံပဲ။ သူမရဲ့နည်းလမ်းတွေက ထူးခြားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မဟာမိတ်တစ်ယောက်ပဲ”

ဟန်မူယဲ့က မိတ်ဆက်ပေးလိုက်သည်။

လင်းရှန်က လျင်မြန်စွာလက်သီးဆုပ်၍ နှုတ်ဆက်သည်။

“တာအိုရောင်းရင်းလင်းရဲ့ဓားပညာရပ်က အထင်ကြီးစရာပဲ”

ချင်းထုံက လင်းရှန်ကိုကြည့်လိုက်ပြီး ချီးကျူးသည်။

သူတို့က ဤနေရာသို့ရောက်လာသည့်အတွက် အချိန်ဆွဲနေမည်မဟုတ်ပေ။

သူတို့အားလုံး စုပေါင်းလိုက်ပြီး ကောင်းကင်ကြိုးကြာတောင်တန်းသို့ ဦးတည်လိုက်သည်။

သူတို့က လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအများအပြားနှင့် တွေ့ခဲ့သည်။

ငါးမိစ္ဆာများကိုတော့ သတ်ဖြတ်ခဲ့သည်။

“ရွှပ် ....”

အဝေးတစ်နေရာတွင် ကောင်းကင်ကိုထိုးခွဲသွားတော့မည့်အတိုင်း ဓားအလင်းများထွက်ပေါ်လာသည်။

ဓားအလင်းများ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားသည်။

အရှေ့ပင်လယ်၏ ဓားနည်းစနစ် …

“တာအိုရောင်းရင်ကူပဲ”

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဓားအလင်းများကိုကြည့်သည်။

“တာအိုရောင်းရင်းကူနဲ့ အစ်ကိုလုရဲ့ဓားပဲ”

“နောက်တစ်ယောက်က ....”

ဟန်မူယဲ့မပြောနိုင်ခင်မှာ အော်သံထွက်လာသည်။

“ကောင်းထန်ကျင်း၊ မင်းတို့ရဲ့ တိမ်တိုက်ပင်လယ်ဓားဂိုဏ်းက ကြေးခွံနက်မိစ္ဆာတွေနဲ့ ပူးပေါင်းနေတာပဲ”

ကူယွမ်လုံ၏အသံသည် ဒေါသများနှင့်ပြည့်နေသည်။

“ကြေးခွံနက်ငါးတွေက အရှေ့ပင်လယ်မှာ သောင်းကျန်းနေတယ်။ အရှေ့ပင်လယ်ရဲ့ကျင့်ကြံသူတွေက ငါးမိစ္ဆာတွေနဲ့ ရန်ငြိုးမပြေနိုင်ဘူး။ မင်းတို့ရဲ့ တိမ်တိုက်ပင်လယ်ဓားဂိုဏ်းက အရှေ့ပင်လယ်ရဲ့ဂိုဏ်းကြီးမဟုတ်တော့ဘူး”

ဓားအလင်းနှင့်အော်သံများ ရောယှက်နေသည်။ ဓားအလင်းများ များပြားစွာရှိနေသည်။

လုကော၏ဓားလည်း ပေါ်ထွက်လာသည်။

“မင်း၊ ကူယွမ်လုံက အရှေ့ပင်လယ်ရဲ့ကိစ္စတွေကို ဝင်ပါဖို့အဆင့်မမီဘူး”

ထိုအသံသည် ရေခဲများသဖွယ်အေးစက်နေပြီး ဓားအလင်းပေါ်ထွက်လာသည်။ ထိုဓားအလင်းသည် ကူယွမ်လုံ၏ဓားအလင်းထက် သန်မာသည်။

သူက ထိပ်တန်းဓားကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ဟန်မူယဲ့က တောအုပ်ထဲတွင် ဖြတ်ပြေးသွားပြီး ရှေ့တွင်တိုက်ခိုက်နေသောလူရိပ်များကို မြင်လိုက်ရသည်။

တစ်ဘက်တွင် ကူယွမ်လုံနှင့်လုကောတို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်တချို့ရှိနေသည်။

တခြားဘက်တွင် သံချပ်ကာဝတ်စုံကိုဝတ်ထားသော အရပ်ရှည်ပြီး ပိန်ပါးသည့်လူငယ်တစ်ယောက်နှင့် ခပ်ဝဝလူအိုကြီးတစ်ယောက်အပြင် မိစ္ဆာအငွေ့အသက်များထွက်ပေါ်နေသော လူများရှိနေသည်။

ထိုလူများသည် ကြေးခွံနက်ငါးမိစ္ဆာများဖြစ်သည်။

အရှေ့ပင်လယ်၏ဓားနည်းစနစ်သည် အကြောင်းအရင်းမရှိဘဲ ကျော်ကြားနေခြင်းမဟုတ်ပေ။ အနက်ရောင်သံချပ်ကာနှင့်လူငယ်၏ဓားအလင်းသည် ထက်မြက်ပြီး ကြမ်းတမ်းသည်။ ဓားအလင်းတိုင်းသည် တည်နေရာကို ထိုးခွဲသွားမည့်ပုံပေါ်သည်။

ကောင်းထန်ကျင်းသည် အရှေ့ပင်လယ်၏ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော တိမ်တိုက်ပင်လယ်ဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သည်။

“ကူယွမ်လုံ၊ မင်းရဲ့ဓားက မလုံလောက်ဘူး”

ကောင်းထျန်ကျင်းက လှောင်ပြောင်လိုက်သည်။ သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ဓားနှင့် ရုတ်တရက်ထိုးချသည်။

သူ့ဘေး၌ ကမ္ဘာမြေ ရွှေအမြုတေအဆင့်တွင်ရှိသော မျက်နှာတွင်ကြေးခွံများနှင့် မိစ္ဆာတစ်ကောင်သည် ဓားဖြင့်အထိုးခံလိုက်ရသည်။

ဓားကို လှုပ်ရှားလိုက်သောအခါတွင် မိစ္ဆာ၏ခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့သည်။

ကောင်းထန်ကျင်း၏ခန္ဓာကိုယ်ထဲမှ အားကောင်းသော သွေးနှင့်ချီစွမ်းအင်များ ပေါ်ထွက်လာသည်။

သူ့ခွန်အားသည် ဝိညာဉ်နိုးထခြင်းဆဌမအဆင့်သို့ ရောက်သွားခဲ့သည်။

သူက ဓားဖြင့် ကူယွမ်လုံကိုညွှန်ပြသည်။

“မင်းက ဒီဓားကိုခုခံနိုင်မလား ကြည့်ရအောင်”

ကူယွမ်လုံက စကားမပြောပေ။ သူက ဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။

ဟန်မူယဲ့က ဘေးတွင်ရပ်ပြီး တိုက်ပွဲကိုကြည့်နေသည်။

ချင်းထုံက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ကြေးခွံနက်မိစ္ဆာများကိုကြည့်သည်။

တစ်ဘက်တွင်ရှိသောမိစ္ဆာများသည် တစ်ခုခုကို အာရုံခံမိပြီး လှည့်ကြည့်သည်။

ချင်းထုံက ပြုံးလိုက်ပြီး ရှေ့တက်လာသည်။

“ဘုန်း ....”

All Chapters