အခန်း (၃၅၃)
Vol. 26 Ch. 353
ကျောက်တုံးများကွဲကြေသွားသည်။ သူမသည် ပေထောင်ချီအကွာကို ဖြတ်သန်းပြီး ကွင်ပြင်းထဲသို့ရောက်လာသည်။
ချင်းထုံက ကြေးခွံနက်မိစ္ဆာကို အခွင့်အရေးမပေးဘဲ လက်သီးဖြင့်ထိုးချလိုက်သည်။
ရှေ့ဆုံးတွင်ရှိနေသော ဝဖြိုးနေသည့်ငါးမိစ္ဆာအကြီးအကဲသည် ချင်းထုံ၏လက်သီးချက်ကြောင့် လွင့်သွားခဲ့သည်။ သူက မြေပြင်ပေါ်တွင် အကြိမ်ရေအနည်းငယ်ခန့်လိမ့်သွားပြီး ပေသုံးထောင်ရှိသော ကြေးခွံနက်ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သူမက အဆင့်မြင့်ငါးမိစ္ဆာကို လက်သီးတစ်ချက်နှင့်အနိုင်ယူခဲ့သည်။ ထိုအရာက ရုပ်ခန္ဓာစွမ်းအားဆိုလျှင်ပင် အလွန်ကြောက်စရာကောင်းနေသည်။
တိုက်ခိုက်တော့မည့်ကောင်းထန်ကျင်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး သတိထား၍ နောက်ဆုတ်သည်။
ဟန်မူယဲ့၏ဘေးတွင် လင်းရှန်က တီးတိုးပြောလိုက်သည်။
“စီနီယာအစ်ကိုဟန်၊ ကူညီပေးရမှာလား”
‘ကူညီမှာလား’
‘ဘယ်သူ့ကိုလဲ’
‘ကြေးခွံနက်ငါးမိစ္ဆာတွေကိုလား’
‘အဲဒါက မကောင်းဘူးမဟုတ်လား’
ဟန်မူယဲ့က ခေါင်းခါသည်။
ချင်းထုံသည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်သီးထိုးချက် ခြေကန်ချက်များဖြင့် ကြေးခွံနက်ငါးမိစ္ဆာများကို ဖူးယောင်သွားအောင် ထိုးကြိတ်ခဲ့သည်။
ငါးမိစ္ဆာများသည် တစ်ယောက်ပြီးတစ်ယောက် အစစ်အမှန်ခန္ဓာကိုယ်များကို ထုတ်ဖော်လိုက်သည်။
သူတို့၏အစစ်အမှန်ခန္ဓာကိုယ်သည် အားကောင်းသော်လည်း လှုပ်ရှားမှုများ နှေးကွေးလာသည်။ ချင်းထုံ၏ရှေ့တွင် သူတို့က လွယ်ကူသောပစ်မှတ်များ ဖြစ်လာခဲ့သည်။
သူမ၏ လက်သီးထိုးချက်နှင့် ခြေကန်ချက်များတွင် ချီစွမ်းအားများပါနေသည်။ သူမ၏တိုက်ခိုက်ချက်တိုင်းသည် ငါးမိစ္ဆာများ၏ကြေးခွံကို အက်ကွဲသွားစေသည်။
ဟန်မူယဲ့က နောက်လှည့်ကြည့်ပြီး ပြောသည်။
“သွားပြီးကစားကြည့်လိုက်။ ဒါပေမဲ့ ဂရုစိုက်ပါ။ သူတို့အားလုံးက မဟာမိစ္ဆာကြီးတွေပဲ”
မဟာမိစ္ဆာ …
သူတို့အားလုံးသည် အနည်းဆုံး ပေတစ်ထောင်ရှည်လျားသော ရွှေအမြုတေအဆင့်ငါးမိစ္ဆာများဖြစ်သည်။
ယခုအချိန်တွင် ထိုငါးများသည် အားနည်းစွာ ခုန်ပေါက်နေကြသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဂိုဏ်းအသီးသီး၏ လက်ရွေးစင်တပည့်များသည် တုံ့ဆိုင်းမနေတော့ပေ။ သူတို့က ဓားနှင့် အရိုးဆူးချွန်များကို ကိုင်ထားပြီး ပြေးထွက်သွားသည်။
“အစ်ကိုဟန်”
ဓားသိမ်းလိုက်သောကူယွမ်လုံက လျှောက်လာခဲ့သည်။
တိမ်တိုက်ပင်လယ်ဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သူ ကောင်းထန်ကျင်းသည် အရိပ်အယောင်မချန်ဘဲ ထွက်ပြေးသွားခဲ့သည်။
“စီနီယာအစ်ကိုဟန်”
မျက်လုံးများကို အနက်ရောင်ပဝါစနှင့်ကာထားသော လုကောက ပြုံးလိုက်သည်။
သူက ခန္ဓာကိုယ်ကို ဓားအဖြစ်ပြောင်းနိုင်သည်။ လူသားသည် ဓားဖြစ်သည်။ ထိုသို့ဖြင့် ဓားစွမ်းအားကို အဆုံးစွန်အထိ ထုတ်သုံးနိုင်သည်။
ချီစွမ်းအင်ကိုဖိနှိပ်ထားသော ကောင်းကင်ကြိုးကြားနယ်မြေတွင် လုကော၏တိုက်ခိုက်နိုင်စွမ်းသည် ထိခိုက်မှုသိပ်မရှိပေ။
ကူယွမ်လုံနှင့်တခြားလူများက လုကော၏တိုက်ခိုက်နိုင်စွမ်းအပေါ်တွင်မှီခို၍ ငါးမိစ္ဆာများကိုသတ်ဖြတ်ပြီး ခွန်အားစုဆောင်းခဲ့သည်။
“ဝှစ် ....”
ပေဒါဇင်ချီရှည်လျားသော အဖြူရောင်ကြိုးကြာတစ်ကောင်သည် တောင်တန်းဆီမှ ပျံသန်းလာသည်။ ထိုကြိုးကြာသည် လေထဲတွင်ရစ်ဝဲနေပြီး အောက်သို့ထိုးဆင်းသွားသည်။
“ဝေါင်း ....”
အဝေးတစ်နေရာတွင် အရိုင်းဆန်သောဟိန်းဟောက်သံ ပေါ်ထွက်လာသည်။
“ကောင်းကင်ဘုံအဆင့်”
ကျားနှင့် ကျားသစ်များ၏ဟိန်းသံနှင့်တူသော အသံသည် ကောင်းကင်ဘုံအဆင့်မိစ္ဆာ၏ ဟိန်းဟောက်သံဖြစ်သည်။
ကောင်းကင်ကြိုးကြာတောင်တန်းတွင် မိစ္ဆာအလင်းများ ပေါ်ထွက်လာသည်။
အဖြူရောင်ကြိုးကြာကြီးသည် မိစ္ဆာအလင်း၏တားဆီးမှုကို ခံထားရသည်။ ကြိုးကြာ၏လည်ပင်းသည် ကျိုးသွားခဲ့သည်။
ကောင်းကင်ကြိုးကြာ …
ဟန်မူယဲ့က ပြေးထွက်သွားသောချင်းထုံကိုကြည့်လိုက်ပြီး ပျံသန်းသွားသည်။
သူ့နောက်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များက မိစ္ဆာများအားလုံးကို သတ်ဖြတ်ခဲ့သည်။ သူတို့၏ကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများရှိနေသည်။
ဟန်မူယဲ့က လေပြေလေညင်းတစ်ခုအသွင်ပြောင်း၍ တောအုပ်ကိုဖြတ်သန်းပြီး ချောက်ကမ်းပါးတစ်ခုပေါ်သို့ ရောက်သွားသည်။
ချောက်ကမ်းပါး၏ရှေ့တွင် ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များနှင့် ငါးမိစ္ဆာများရှိနေသည်။
ရှေ့ဆုံးတွင် အစိမ်းရောင်ဝတ်စုံများနှင့် လင်တောက်တာအိုဂိုဏ်း၏တပည့်များရှိသည်။
“ဟန်မူယဲ့လား”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လင်တောက်တာအိုဂိုဏ်း၏ရှေ့ဆုံးတွင်ရပ်နေသော တာအိုတန်ခိုးရှင်တစ်ယောက်က အေးစက်စွာပြောသည်။
“မင်းက အချိန်ကိုက်ရောက်လာတာပဲ။ မင်းရဲ့ အသွေးအသားကိုအသုံးပြုပြီး ကောင်းကင်ကြိုးကြာတွေကို မျှားခေါ်ရမယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မင်းရဲ့အသွေးအသားကို ဘာဖြစ်လို့မသုံးတာလဲ”
တာအိုတန်းခိုးရှင်၏မျက်နှာထားသည် ပြောင်းလဲသွားသည်။ ဟန်မူယဲ့က ရယ်လိုက်ပြီး ခုန်ထွက်လာသည်။
သူ့ပုံရိပ်သည် မျှားတစ်စင်းနှင့်တူပြီး ခြေတစ်လှမ်းနှင့်အတူ တာအိုတန်ခိုးရှင်၏ရှေ့သို့ ရောက်လာသည်။
သူ၏ ရုပ်ခန္ဓာခွန်အားနှင့်ဆိုလျှင် ပေထောင်ချီနေသောအကွာအဝေးကို ခြေတစ်လှမ်းဖြင့်သွားလာနိုင်သည်။
ထိုခြေလှမ်းကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များသည် မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး လက်သီးထိုးချသည်။
လင်တောက်တာအိုဂိုဏ်း၏ တာအိုတန်ခိုးရှင်ဆီမှ ဒါဇင်နှင့်ချီသော ရွှေအလင်းအတားအဆီးများ ထွက်လာသည်။
သို့သော် ဟန်မူယဲ့၏လက်သီးချက်အောက်တွင် ထိုအလင်းအတားအဆီးများသည် လွယ်ကူစွာကျိုးပျက်သွားခဲ့သည်။
“မင်းက ကမ္ဘာမြေအဆင့်ကို ရောက်ခါစပဲရှိသေးတာတောင် မောက်မာရဲနေပြီပေါ့လေ”
ဟန်မူယဲ့က ရယ်လိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကို လွင့်ထွက်သွားအောင် ထိုးချလိုက်သည်။
“လုချင်းချန်၊ မင်းရဲ့ကျင့်ကြံဆင့်၊ တိုက်ခိုက်နိုင်စွမ်းနဲ့ဆိုရင် ကောင်းကင်ကြိုးကြာတောင်တန်းမှာ မင်းကိုသတ်နိုင်တဲ့လူတွေ ထောင်ချီပြီးရှိတယ်”
ဟန်မူယဲ့က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် မြေပေါ်တွင်လဲကျနေသော အစိမ်းရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်ကို ညွှန်ပြပြီးအော်ပြောသည်။
လင်တောက်တာအိုဂိုဏ်း၏ အသန်မာဆုံးမျိုးဆက်သစ်ကျွမ်းကျင်သူ၊ သားတော်ခုနစ်ပါး၏ခေါင်းဆောင်ဖြစ်သော လုချင်းချန်သည် ထိခိုက်လွယ်နေသည်။
အမြင့်တစ်နေရာတွင်ရပ်ပြီး ဘုရင်တစ်ပါးကဲ့သို့ အမိန့်ပေးတတ်သောလုချင်းချန်သည် အလွန်အားနည်းနေသည်။
ပါးစပ်မှ သွေးများစီးကျနေပြီး မျက်လုံးအပြူးသားနှင့် မြေပေါ်တွင်လဲနေသောလုချင်းချန်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏မျက်လုံးထဲတွင် မဖော်ပြနိုင်သောခံစားချက်များ ဖြစ်ပေါ်လာသည်။
လင်တောက်တာအိုဂိုဏ်းသည် သူတို့စိတ်ကူးထားသကဲ့သို့ သန်မာခြင်းမရှိနိုင်ပေ။
လုချင်းချန်က အံတင်းတင်းကြိတ်ထားပြီး ဟန်မူယဲ့ကိုကြည့်သည်။
ဤကိုယ်ပွားက ဟန်မူယဲ့၏လက်သီးချက်ကို မကာကွယ်နိုင်ခဲ့ပေ။
‘အဲဒီလက်သီးချက်က လောကကို ဖျက်ဆီးနိုင်တာလား’
အထင်သေးသောမျက်နှာထားနှင့် လက်နှစ်ဖက်ကို နောက်ပစ်ထားသော ဟန်မူယဲ့သည် နှလုံးသားထဲတွင် သက်ပြင်းချသည်။
လုချင်းချန်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ ကိုယ်ပွားဖြစ်သည်။ သူက ရုပ်ခန္ဓာစွမ်းအားနှင့် အရှေ့ပင်လယ်ဓားနည်းစနစ်၏ ကျင့်ကြံခြင်းနည်းလမ်းမှ ရရှိလာသောစွမ်းအားများကို ပေါင်းစပ်ထားခဲ့သည်။ သူက အားကုန်သုံးထားသော်လည်း လုချင်းချန်ကို တစ်ချက်တည်းဖြင့်မသတ်နိုင်ခဲ့ပေ။
သူက လုချင်းချန်ကို တစ်ချက်တည်းသတ်နိုင်ခဲ့လျှင် ပြဿနာအများအပြား ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။
“မင်းက သေချင်နေတာပဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လောကကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားအောင် လုပ်နေတာပဲ”
“မောက်မာလိုက်တာ”
အော်သံများထွက်လာပြီး လက်ရွေးစင်တပည့်များက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။
လင်တောက်တာအိုဂိုဏ်း၏ သားတော်ခုနစ်ပါးထဲတွင် လဲကျနေသောလုချင်းချန်နှင့် ပျောက်ကွယ်သွားသောလုချင်းယွမ်မှလွဲ၍ ကျန်ငါးယောက်လုံး ပျံသန်းလာခဲ့သည်။
“ထွက်သွားစမ်း”
လင်းရှန်က ဓားကိုင်ထားပြီး ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။ ထို့နောက် သူက ရေပြင်ညီအတိုင်း ခုတ်ချသည်။
လုကောသည် လက်ပိုက်ထားပြီး ဟန်မူယဲ့၏ရှေ့တွင် ရှိနေသည်။ သူ့ခေါင်းထက်တွင် ဧရာမဓားပုံရိပ်တစ်ခု ပေါ်လာသည်။
ဓားတစ်လက်က တိုက်ခိုက်ပြီး ဓားတစ်လက်က ခုခံခဲ့သည်။
“ဘုန်း”
လင်းရှန်၏ဓားသည် မန္တန်သုံးခုကို ချေဖျက်ခဲ့သည်။ လုကောသည် နေရာတွင်ရပ်နေပြီး ကျန်မန္တန်နှစ်ခုကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
လင်တောက်တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများ တိုက်ခိုက်ခဲ့သော်လည်း ဟန်မူယဲ့က မလှုပ်ရှားခဲ့သည့်အပြင် အကောင်းအတိုင်းရှိနေသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သောလူများ၏မျက်နှာထား ပြောင်းလဲသွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အလွန်သန်မာသည်။
လင်တောက်တာအိုဂိုဏ်းသည် အလွန်အားနည်းသည်။
“ရွှပ် ....”
အဝေးတစ်နေရာမှာ ဓားလေပြင်းတစ်ခုပေါ်ထွက်လာသည်။
ဓားအလင်းသည် ခမ်းနားမှုမရှိသော်လည်း လင်တောက်တာအိုဂိုဏ်း၏တပည့်အများအပြားကို ဒဏ်ရာရသွားစေသည်။
ဓားရှည်တစ်လက်ကိုင်ထားသောယန်မင်ရွှမ်သည် သစ်ပင်ထိပ်ဖျားသို့ပျံတက်သွားပြီး လှောင်ပြောင်လိုက်သည်။
“လင်တောက်တာအိုဂိုဏ်းက ဒီလောက်ပဲလား”
ထိုစကားသည် လူတိုင်း၏အတွေးဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းသည် သာမန်ပင်ဖြစ်သည်။
”ဘုန်း”
တစ်ဘက်တွင် ကောင်းကင်ကြိုးကြာကိုသတ်ဖြတ်ခဲ့သော ကောင်းကင်ဘုံအဆင့်မိစ္ဆာက လည်ပင်းကျိုးနေပြီး ဦးခေါင်းထက်တွင် အနီရောင်သွေးအဆီအနှစ်ရှိသော ကောင်းကင်ကြိုးကြာ၏အလောင်းကို ပစ်ထုတ်လိုက်သည်။
“နောက်ထပ်ကောင်းကင်ကြိုးကြာတစ်ကောင်ကို မြန်မြန်မျှားခေါ်လိုက်”
ကြေးခွံနက်လူသည် တစ်ဘက်သို့လှည့်ပြီး လင်တောက်တာအိုဂိုဏ်း၏တပည့်များကို အော်ပြောသည်။
ကောင်းကင်ကြိုးကြာကို မျှားခေါ်သည်။
ကောင်းကင်ကြိုးကြာကိုမျှားခေါ်ရန်အတွက် ကျင့်ကြံသူများ၏အလောင်းကို အသုံးပြုခဲ့သည်။
“ကောင်းကင်အဆင့်မိစ္ဆာလား”
ဟန်မူယဲ့က ခန္ဓာကိုယ်တောင့်တင်းသောလူကိုကြည့်ပြီး ခပ်ဟဟရယ်သည်။
“ငါတို့က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေကို သတ်ဖူးတယ်”
သူတို့က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်။
ကျားလင်မြစ်ထဲတွင် ရေဓာတ်ကျင့်ကြံသူများက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဝိုင်းရံသတ်ဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်သည် လက်ရွေးစင်တပည့်များ၏ ဘဝတစ်လျှောက်လုံး ကြွားဝါရန်အတွက် လုံလောက်သည်။
တိုက်ပွဲတွင်ပါဝင်ခဲ့သော ကျင့်ကြံသူများ၏မျက်လုံးများက တောက်ပလာသည်။ သူတို့က ထိန်းချုပ်မထားနိုင်သော တိုက်ခိုက်လိုစိတ်များဖြင့် ကြေးခွံနက်လူကြီးကို ကြည့်သည်။
ထိုလူက ဟန်မူယဲ့ကိုစိုက်ကြည့်ပြီး အေးစက်စွာအော်ပြောသည်။
“မင်းက ဝူကျီထုံကိုသတ်လိုက်တဲ့တစ်ယောက်လား”
သူက ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။
လင်းရှန်က ဓားကိုင်ထားပြီး ပြေးထွက်သွားသည်။
“ဘမ်း ....”
လင်းရှန်က လျင်မြန်စွာနောက်ဆုတ်ပေးလိုက်ရသည်။
သို့သော် သူက မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါတွင် တစ်ကိုယ်လုံးတုန်ခါသွားပြီး မြေကြီးပေါ်တွင် ခိုင်မာစွာရပ်နေမိသည်။
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။ သူက လက်မြှောက်သည်။
“မြေကြီးနဲ့ကျောက်တုံးတွေအားလုံး အစွမ်းကုန်တိုက်ခိုက်ကြပါ”
မြေနှင့်ကျောက်တုံးမျိုးဆက် …
ဟန်မူယဲ့က စကားပြောလိုက်သောအခါတွင် မိုင်တစ်ရာအတွင်း၌ရှိသော အဝါရောင်မြေဓာတ်စွမ်းအားများ ပေါ်ထွက်လာသည်။
ဟန်မူယဲ့သည် မိုင်တစ်သောင်းအတွင်းရှိ မြေဓာတ်စွမ်းအားကိုစုစည်းနိုင်သော လောက၏လက်ဆောင်ကို ရရှိခဲ့သည်။
ယခုအချိန်တွင် သူက ကောင်းကင်နှင့်မြေကြီး၏ ရင်းနှီးမှုကိုရထားပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်သည်။
အဝါရောင်သန်းနေသော မြေဓာတ်နှင့်ကျောက်တုံးစွမ်းအားများ ပေါ်ထွက်လာသည်။ မြေဓာတ်နှင့် ကျောက်တုံးနည်းစနစ်များကို လေ့ကျင့်ထားသောကျင့်ကြံသူများသည် ခွန်အားနှစ်ဆတိုးလာကြောင်း ချက်ချင်းခံစားရသည်။
ထူထဲသော မြေဓာတ်စွမ်းအားအမျှင်များသည် သူတို့၏ဒန်ထျန်နှင့် ဝိညာဉ်သွေးကြောများအတွင်းသို့ စီးဝင်လာသည်။
“ကောင်းပြီ။ ငါ သွမ့်ရီဟုန်က ကောင်းကင်ဘုံအဆင့်မိစ္ဆာကို သတ်ဖြတ်မယ်”
အဆုံးမဲ့တာအိုဂိုဏ်း၏ ဝတ်စုံနက်ဝတ်ထားသောသွမ့်ရီဟုန်က ရှေ့သို့တစ်လှမ်းတိုးသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်စုစည်းနေသော အဝါရောင်မြေဓာတ်စွမ်းအားများသည် အဝါရောင်သံချပ်ကာတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
သူက မြေဓာတ်စွမ်းအားနှင့် လိုက်ဖက်ညီမှု အလွန်မြင့်မားပြီး မြေဓာတ်နှင့်ကျောက်တုံးမျိုးဆက်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူက တောင်တစ်လုံးကိုသယ်ဆောင်ထားပြီး တိုက်ခိုက်နိုင်သည်။
ဟန်မူယဲ့၏ မြေဓာတ်စွမ်းအားထောက်ပံ့မှုကြောင့် သွမ့်ရီဟုန်၏ ရုပ်ခန္ဓာစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်လာသည်။
သူက လက်သီးတစ်ချက်ပစ်သွင်းသည်။ လက်သီးချက်မှ ထွက်ပေါ်လာသောလေပြင်းများသည် ဒေါသထွက်နေသောနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုနဂါးသည် ကြေးခွံနက်အကြီးအကဲ၏ရှေ့တွင်ရှိသော အလင်းဒိုင်းကာကို ချိုးဖောက်လိုက်သည်။
လူအိုကြီး၏မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။ သူက လက်ထဲတွင်ရှိသောဆေဘာဓားဖြင့် ခုတ်ချလိုက်ပြီး လေပြင်းနဂါးကို ပြိုကွဲသွားစေသည်။ ပတ်ဝန်းကျင်တွင် ချီစွမ်းအင်အလင်းများ ပျံ့နှံ့လာသည်။
ထိုတိုက်ခိုက်မှုသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ လက်ရွေးစင်တပည့်များ၏တိုက်ခိုက်လိုစိတ်ကို လောင်ကျွမ်းသွားစေသည်။
‘သွမ့်ရီဟုန်ကတောင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်မှတော့ ငါတို့လည်း သတ်နိုင်ရမှာပေါ့’
“ခလွမ် ....”
ဓားရှည်များကို ထုတ်လိုက်ပြီး ဓားအလင်းများပေါ်ထွက်လာသည်။
လူတစ်ယောက်၊ လူဆယ်ယောက်မဟုတ်ဘဲ လူတစ်ရာ၊ လူတစ်ထောင်၊ လူတစ်သောင်းဖြစ်သည်။
ဓားအလင်းတစ်ခုမဟုတ်ဘဲ ဓားအလင်းတစ်ထောင်၊ တစ်သောင်းဖြစ်သည်။
“ဘုန်း”