← Chapters

အခန်း (၃၅၅)

Vol. 26 Ch. 355

အခန်း (၃၅၅)

Vol. 26 Ch. 355

လေဝဲများ တစ်ခုပြီးတစ်ခုပေါ်လာပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လက်ရွေးစင်တပည့်များကို ဆွဲခေါ်သွားသည်။

ချင်းထုံက လက်ကိုဝှေ့ယမ်းလိုက်ပြီး အဖြူရောင်ကြိုးကြာအုပ်စုကို ကာကွယ်ထားသည်။ ထို့နောက် သူမက တီးတိုးပြောသည်။

“ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကတောင် ဒီကမ္ဘာပြိုကျတာကို မတားနိုင်ဘူး။ မြန်မြန်ထွက်သွားရအောင်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို သူ့ပတ်ပတ်လည်တွင် ဝိုင်းရံခွင့်ပေးလိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက သူ့ကို လွှမ်းခြုံလိုက်သောအချိန်တွင် သူ့မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

သူက လက်မြှောက်လိုက်သောအခါတွင် လေဟာနယ်စွမ်းအားများ ဖြာထွက်လာသည်။

သူနှင့်ချင်းထုံသည် သန့်စင်ရေကန်သို့ ပြန်ရောက်လာသည်။

သို့သော် လေဟာနယ်စွမ်းအားများဖြင့် ထိန်းချုပ်ခံထားရသော ပျက်စီးသွားသည့် ကောင်းကင်ကြိုးကြာနယ်မြေကို မည်သူမှမမြင်လိုက်ရပေ။ ပျက်စီးသွားသောကမ္ဘာသည် မူလမီးတောက်ကမ္ဘာသို့ ဖျတ်ခနဲရောက်သွားသည်။

ကမ္ဘာနှစ်ခု ပေါင်းစပ်သွားသောကြောင့် မူလမီးတောက်ကမ္ဘာက တုန်ခါသွားသည်။

“ဘာဖြစ်နေတာလဲ”

တင်ပျဉ်ခွေထိုင်ပြီးကျင့်ကြံနေသော ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ထက်တွင်ပေါ်လာသည်။

ကောင်းကင်နှင့်မြေကြီးသည် တုန်ခါနေသည်။ သူ့မျက်လုံးများ တောက်ပသွားသည်။

“မဟာဂိုဏ်းကြီးတွေရဲ့ လျှို့ဝှက်နယ်မြေလား”

“သွေးမျိုးဆက်နဲ့ပေါင်းစပ်နိုင်တဲ့ ကောင်းကင်ကြိုးကြာတွေ”

“ဒီကောင်စုတ်လေးကတော့ လျှောက်ကစားနေတော့တာပဲ”

သူ့မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခုပေါ်လာသည်။

သူက ကျိုးပဲ့နေသော ကောင်းကင်ကြိုးကြာတောင်တန်းသို့ရောက်လာပြီး ပြန့်ကျဲနေသော ကြိုးကြာငှက်ဥများနှင့် မဟာမိစ္ဆာများသတ်ဖြတ်ခဲ့သော ကြိုးကြာအလောင်းများကို စုဆောင်းလိုက်သည်။

ကောင်းကင်ကြိုးကြာနယ်မြေ၏ လူသားအများစုသည် ဤနေရာသို့ ရွှေ့ပြောင်းခံလိုက်ရသည်။

“ခေါင်းဆောင်၊ ဒီအရှုပ်အထွေးကို ရှင်းလင်းပြီးရင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်လာဖို့အချိန်ကျပြီ”

ကောင်းကင်ထက်တွင်လှုပ်ရှားနေသော တိမ်တိုက်များကိုကြည့်လိုက်ပြီး ခေါင်းဆောင်တောက်ရင်က ခေါင်းခါ၍ ရေရွတ်သည်။

“ငါက သူ့ကို မဖိနှိပ်နိုင်တော့ဘူးပဲ ....”

....

သန့်စင်ရေကန် …

ရေမိစ္ဆာနှင့်ကျင့်ကြံသူများသည် ရေကန်အနှံ့တွင် ပြန့်ကျဲနေသည်။

ပျက်စီးသွားသော နဂါးလှေအချို့လည်းရှိသည်။

ကောင်းကင်ပေါ်တွင်ရှိနေသောကျင့်ကြံသူများသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

တပည့်များပြန်ရောက်လာသောအခါတွင် ကျွမ်းကျင်သူများက ပျော်ရွှင်နေခဲ့သည်။ သို့သော် နဂါးလှေများပျက်စီးသွားသောကြောင့် နဂါးတက်လှမ်းစင်မြင့်ဆီသို့ မသွားနိုင်တော့ပေ။

“တာအိုတန်ခိုးရှင်ဝမ်ဟွား၊ ဂိုဏ်းပြိုင်ပွဲရဲ့စည်းကမ်းတွေကို ပြောင်းလဲလို့ရမလား။ ငါတို့က ဝင်္ကပါကိုဖွင့်ပြီး ....”

ရွှေအမြုတေကျွမ်းကျင်သူ စကားပြောမပြီးခင်မှာ တာအိုတန်ခိုးရှင်ဝမ်ဟွားက အေးစက်စွာနှာမှုတ်သည်။

“စည်းကမ်းက စည်းကမ်းပဲ”

မည်သူမှ ထပ်မပြောတော့ပေ။

သို့သော် နောက်ထပ်ဖြစ်လာသည့်မြင်ကွင်းကြောင့် လူအများအပြား ရယ်မောလိုက်သည်။

ရေကန်ထဲသို့ပြန်ရောက်လာသော လက်ရွေးစင်တပည့်များသည် နဂါးလှေများဆီသို့ ပြန်မသွားခဲ့ပေ။ သူတို့က ကြေးခွံနက်ငါးတစ်ကောင်ကိုရှာဖွေပြီး ရိုက်နှက်လိုက်ကြသည်။ ထို့နောက် ထိုငါးကိုစီးနင်း၍ အထက်သို့ဆန်တက်သွားသည်။

ကြေးခွံနက်ငါးမိစ္ဆာများကို ကြောက်ရွံ့ခဲ့သောလက်ရွေးစင်တပည့်များသည် တစ်ယောက်တည်းဖြစ်နေသော်လည်း သန်မာသောတိုက်ခိုက်နိုင်စွမ်းနှင့် ပြတ်သားသောဆုံးဖြတ်ချက်ကို ပြသခဲ့သည်။

ထိုသို့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုသည် ကျင့်ကြံခြင်းလောကတွင် ရှားပါးသည်။

အခက်အခဲများကို ကြောက်ရွံ့စိတ်မရှိလျှင် မဟာတာအိုကို ရှာဖွေနိုင်လိမ့်မည်။

ရေထဲတွင် လှိုင်းများထလာပြီး လက်ရွေးစင်တပည့်များ ပေါ်ထွက်လာသည်။

သောင်းချီသောကျင့်ကြံသူများသည် နောက်တွန့်မသွားဘဲ ဆက်လက်ချီတက်သွားကြသည်။ ထိုမြင်ကွင်းသည် လူတစ်ယောက်၏သွေးများကို ဆူပွက်လာစေသည်။

တိုက် …

ကျင့်ကြံသူများသည် ထိုသို့ဖြစ်နေရမည်။

လင်တောက်တာအိုဂိုဏ်း၏တပည့်များကိုကျော်ဖြတ်၍ ထွက်ခွာသွားသော ကိုယ်ပိုင်တပည့်များကို မြင်လိုက်ရသောအခါတွင် ကောင်းကင်ထက်ရှိလူတချို့က ပြုံးလိုက်သည်။

“သူတို့က ဒီပြိုင်ပွဲမှာအသက်ရှင်နိုင်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေက သူတို့အတွက်ပဲ ဖြစ်လာလိမ့်မယ်”

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်က ဘေးတွင်ရှိသောလူများကို လှည့်ကြည့်သည်။

“သူတို့အားလုံးက မျိုးစေ့ကောင်းလေးတွေပဲ”

မျိုးစေ့ကောင်း။

သူတို့က ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။

“သူတို့က ဆန်းကြယ်နယ်မြေထဲမှာ ဘာကိုကြုံတွေ့ခဲ့တာလဲ”

ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က ရေရွတ်သည်။

ကောင်းကင်ထက်တွင် ကြုံတွေ့ခဲ့ရသောအရာများအားလုံးကို သိနေသောလူတစ်ယောက် ရှိသည်။

မျက်နှာတစ်ထောင်သူတော်စင် ဝမ်ဟွား …

သူက ထိုအကြောင်းများကြောင့် အံတင်းတင်းကြိတ်ထားမိသည်။

အံ့ဖွယ်နယ်မြေထဲတွင် ထိုလက်ရွေးစင်တပည့်များသည် ပုန်ကန်ပြီး လင်တောက်တာအိုဂိုဏ်း၏တပည့်များကို တိုက်ခိုက်ခဲ့သည်။

ထိုတပည့်များသည် အမှန်တကယ်ရဲတင်းသည်။ သူတို့က သူအသည်းအသန်လိုအပ်နေသော ကောင်းကင်ကြိုးကြာသွေးအဆီအနှစ်များကို ယူသွားခဲ့သည့်အပြင် ဖရိုဖရဲဖြစ်နေသောအချိန်ကို အခွင့်ကောင်းယူ၍ သူ့ကိုယ်ပွားနှစ်ယောက်ကို သတ်သွားခဲ့သည်။

သို့သော် သူ့ကိုယ်ပွားများအား သတ်သွားခဲ့သောလူကို ထောက်ပြနိုင်ရန် ခက်ခဲနေသည်။

ထိုအချိန်တွင် လက်သီးချက်နှင့်ခြေကန်ချက်များသည် ခန္ဓာကိုယ်၏ အဓိကအစိတ်အပိုင်းများကို ဦးတည်ထားသည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ကြိုးကြာနယ်မြေတွင် မည်သည့်အရာကိုမှမရခဲ့ဘဲ သူ၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကိုယ်ပွားနှစ်ယောက် သေသွားခဲ့သည်။

ကိုယ်ပွားခုနစ်ယောက်ထဲတွင် တစ်ယောက်သည် ရေအောက်တွင်ပျောက်ကွယ်သွားသည်။ နောက်ထပ်နှစ်ယောက်သည် အံ့ဖွယ်နယ်မြေအတွင်း၌သေသွားသည်။ ယခု ကိုယ်ပွားလေးယောက်ပဲ ကျန်တော့သည်။

သူက ထိုကိုယ်ပွားများကိုဖန်တီးရန်အတွက် နှစ်ပေါင်းရာချီအချိန်ကုန်ခဲ့သည်။

တာအိုတန်ခိုးရှင်ဝမ်ဟွားက အောက်သို့ငုံ့ကြည့်နေပြီး မြစ်၏ မိုင်တစ်သောင်းပတ်လည်ကို လက်ဝါးချက်ဖြင့်ရိုက်ချနိုင်ရန် ဆုတောင်းမိသည်။

မြစ်ထဲတွင် လက်ရွေးစင်တပည့်များသည် ကြေးခွံနက်ငါးများကိုစီးနင်း၍ ရှေ့ဆက်သွားနေသည်။

ဟန်မူယဲ့နှင့်ချင်းထုံသည် ရေကန်အောက်ခြေတွင် ရှိနေသည်။

“နင့်အပေါ်မှာ အကွက်ချနေတဲ့လူကို သတ်ပေးရမလား”

ချင်းထုံက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

‘သူမက မျက်နှာတစ်ထောင်သူတော်စင်ကို ပြောချင်တာလား’

ဟန်မူယဲ့က ခေါင်းခါသည်။

“ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဖြစ်ချင်ရင် ကိုယ်ပိုင်ခွန်အားကိုပဲ မှီခိုရမယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ချင်းထုံ၏မျက်နှာပေါ်တွင် နောင်တများဖြတ်ပြေးသွားသည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“နင့်သဘောပဲ”

ထို့နောက် သူမက ပြောသည်။

“တယန်ကို ငါနဲ့လိုက်ချင်လားလို့ မေးလိုက်ပါအုံး”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် သူ့ရှေ့တွင် ဓားဆေးလုံးတစ်လုံးပေါ်လာသည်။

သို့သော် ဓားဆေးလုံးသည် ဟန်မူယဲ့၏နောက်သို့ ချက်ချင်းပြေးဝင်သွားပြီး ပုန်းလိုက်သည်။

ချင်းထုံက ဒေါသထွက်နေပုံပေါ်ပြီး တံတွေးထွေးလိုက်သည်။

“အဲဒါဆိုရင် ငါက အရှေ့ပင်လယ်ကိုပြန်တော့မယ်။ နောက်ကျ နင်အားနေရင် အရှေ့ပင်လယ်ရဲ့ ဝိညာဉ်ရေနဂါးကျွန်းမှာ ငါ့ကိုလာရှာလိုက်”

ထိုစကားများသည် ဟန်မူယဲ့အတွက် သို့မဟုတ် တာအိုဆရာတယန်အတွက် ဖြစ်လိမ့်မည်။

“နဂါးတက်လှမ်းစင်မြင့်က နေရာကောင်းတစ်ခုမဟုတ်ဘူး။ အဲဒီနေရာမှာ ပြင်ပဘုံကျင့်ကြံသူတွေကို ချုပ်နှောင်ထားတယ်”

“နဂါးတက်လှမ်းစင်မြင့် ပေါ်ထွက်လာရင် ချုပ်နှောင်ထားတဲ့ကျင့်ကြံသူတွေ လွတ်မြောက်သွားလိမ့်မယ်”

ချင်းထုံက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“အဲဒီနေရာမှာချုပ်နှောင်ထားတဲ့ ပြင်ပဘုံကျွမ်းကျင်သူကို ကျောက်ဆောင်သူတော်စင်လို့ခေါ်တယ်”

ကျောက်ဆောင်သူတော်စင်က အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ရှစ်ဟန်တာအိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သူက တောင်တန်းတာအိုဓားနှင့် အာကာသကို ဖြတ်သန်းလာသောအချိန်တွင် အလယ်ပိုင်းကုန်းမြေမှ အမတ်ချုပ်ကြီးဝမ်၏တားဆီးမှုကို ခံလိုက်ရပြီး ဓားဘုရင်ယွမ်ထျန်း၏ဓားချက်ကြောင့် ဓားကျိုးသွားခဲ့သည်။

‘အဲဒီလူကို နဂါးတက်လှမ်းစင်မြင့်မှာ တကယ်ချုပ်နှောင်ထားတာလား’

ထိုကျင့်ကြံသူကြီး လွတ်မြောက်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူ့ကို တားဆီးနိုင်သူမရှိပေ။

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

မျက်နှာတစ်ထောင်သူတော်စင်က အနောက်ဘက်နယ်စပ်ကုန်းမြေကိုသစ္စာဖောက်ပြီး ပြင်ပကမ္ဘာနှင့်ပူးပေါင်းရန် အမှန်တကယ်ဆုံးဖြတ်ထားပုံရသည်။

သူက သေလမ်းရှာနေခြင်းဖြစ်လိမ့်မည်။

ကောင်းကင်ထက်တွင် လူတစ်ယောက်က တီးတိုးပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အင်မော်တယ်ဟန်က အခုထိပေါ်မလာသေးဘူးနော်”

‘ဟန်မူယဲ့က ပေါ်မလာသေးပေ’

‘အင်မော်တယ်ဟန်က အံ့ဖွယ်နယ်မြေတွင် သေဆုံးသွားခဲ့သလား’

သူတို့က ဟန်မူယဲ့ကို မတွေ့ပေ။

အံ့အားသင့်စရာပဲ …

လင်တောက်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သည် ထို့ပါ့ချန်ကိုလှည့်ကြည့်ပြီး ရယ်လိုက်သည်။

“သူက လုံလောက်အောင် မသန်မာသေးဘူးလေ။ တကယ်သေသွားပြီထင်တယ် ....”

သူ့စကားအဆုံးမသတ်ခင်မှာ အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့က ရေမျက်နှာပြင်ပေါ်သို့ရောက်လာသည်။

သူ့ခြေထောက်အောက်တွင်ပေသုံးဆယ်ရှည်လျားသော ငှက်တောင်ပံတစ်စုံရှိနေပြီး သူက ရေစီးကိုဆန်တက်၍ လျှောက်လှမ်းသွားသည်။

တိမ်တိုက်များကြားတွင် ထို့ပါ့ချန်က ရှားရှားပါးပါး ပြုံးလိုက်သည်။

“လုံလောက်အောင်မသန်မာတဲ့လူတွေကတော့ သေသွားတာပဲ။ သန်မာတဲ့လူတွေကတော့ ကောင်းကောင်းရှင်သန်နေတယ်မဟုတ်လား”

လူအများအပြားသည် လင်တောက်တာအိုဂိုဏ်းကို လှည့်ကြည့်သည်။

သူတို့က လင်တောက်တာအိုဂိုဏ်း၏ သားတော်ခုနစ်ပါးတွင် လေးပါးကိုသာ မြင်ခဲ့ရသည်။ ကျန်သားတော်များက လုံလောက်အောင် မသန်မာသည့်ပုံပေါ်သည်။

အံ့အားသင့်စရာပဲ …

လင်တောက်တာအိုဂိုဏ်းအပေါ်တွင် ထားရှိသော လေးစားမှုများသည် မသိလိုက်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

မြစ်ထဲတွင် သောင်းချီသောတပည့်များရှိနေသည်။

နဂါးလှေများနှင့်စုဝေးနေခဲ့သော လက်ရွေးစင်တပည့်များ၏မြင်ကွင်းသည် ပျောက်ကွယ်သွားခဲ့သည်။

ဂိုဏ်းအသီးသီးမှတပည့်များသည် တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်နေသည်။

တချို့က ငါးများကို တက်စီးထားသည်။ တချို့က ရေလှိုင်းများအပေါ်တွင် လမ်းလျှောက်နေသည်။ တချို့က ဓားကိုစီးနင်းနေပြီး တချို့ကတော့ ကြိုးကြာငှက်မွေးများပေါ်တွင် ရှိနေသည်။

မြစ်ထဲတွင် လက်ရွေးစင်တပည့်များဆုံတွေ့သောအခါတွင် တစ်ယောက်နှင့်တစ်ယောက် လိုက်ဖမ်းလိမ့်မည်။ သို့မဟုတ် တာအိုအကြောင်း ဆွေးနွေးလိမ့်မည်။ တချို့က တိုက်ကွက်အချို့ ဖလှယ်နေသောကြောင့် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာစေသည်။

ထိုမြင်ကွင်းသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ တာအိုဆွေးနွေးနေခြင်းနှင့် ဆင်တူသည်။

တိမ်တိုက်များကြားတွင် လူတချို့က ပြုံးနေပြီး လူတချို့က တိတ်ဆိတ်နေသည်။

လက်ရွေးစင်တပည့်များသည် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲ၏စည်းကမ်းများကို ပစ်ချလိုက်ပြီဖြစ်ကြောင်း ရှင်းလင်းစွာမြင်နိုင်သည်။

လင်တောက်တာအိုဂိုဏ်းသည် ပြိုင်ပွဲစည်းကမ်းများကို ချမှတ်ခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများသည် ထိုစည်းကမ်းများကို မဆန့်ကျင်ရဲပေ။

လူအများအပြားသည် ရှေ့တွင်ရှိနေသော လင်တောက်တာအိုဂိုဏ်း၏ ကျင့်ကြံသူများနှင့် ဓားတစ်လက်သဖွယ်ရပ်နေသော ထို့ပါ့ချန်ကိုကြည့်သည်။

အနာဂတ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေကို မည်သူက စိုးမိုးနိုင်မည်နည်း။

မြစ်ထဲတွင် ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ငှက်တောင်များပေါ်တွင် ရပ်နေသည်။

သူက ရွေ့လျားနေစဉ်တွင် ကောင်းကင်ကြိုးကြာတောင်ပံကို အာရုံစိုက်ထားသည်။

“ဒီတောင်ပံတစ်စုံက ကျိုးယွင်လုံထက်မြန်ရုံတင်မကဘဲ တည်ငြိမ်မှုလည်းရှိတယ်။ ဒီတောင်ပံကိုစီးနင်းလိုက်ရင် နာကျင်မှုလည်းမရှိဘူး”

တာအိုဆရာတယန်၏အသံ ပေါ်ထွက်လာသည်။

သူက လေပြေလေညင်းတစ်ခုအဖြစ်ပြောင်းပြီး အဖြူရောင်ငှက်မွေးများပေါ်တွင် မျောလွင့်နေသည်။

ဟန်မူယဲ့က တာအိုဆရာတယန်ကို လျစ်လျူရှုထားသည်။

သူက မနာလိုနေခြင်းဖြစ်လိမ့်မည်။

ကောင်းကင်ကြိုးကြာတောင်ပံနှင့် တိမ်တိုက်နဂါးဓားတို့သည် မတူပေ။

တိမ်တိုက်နဂါးဓားသည် ဓမ္မရတနာဓားတစ်လက်ဖြစ်သည်။ ဓား၏တိုက်ခိုက်နိုင်စွမ်းသည် အလွန်မသန်မာသော်လည်း တည်ငြိမ်မှုရှိပြီး ရတနာများကြားတွင် သိမ်မွေ့သောသဘောထားရှိသည်။

ထိုဓားမျိုးသည် ဂိုဏ်းကို ကာကွယ်ရန်အတွက် သင့်တော်သည်။

ကောင်းကင်ကြိုးကြာတောင်ပံတွင် လက်နက်ဝိညာဉ်မရှိပေ။ ထိုသို့မဟုတ်လျှင် ဓမ္မရတနာတစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မည်။

ကောင်းကင်ကြိုးကြာတောင်ပံတွင် တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ပျံသန်းနိုင်စွမ်းပဲရှိသည်။

လိုက်ဖမ်းခြင်း သို့မဟုတ် ထွက်ပြေးခြင်း …

တောင်ပံသည် အလွန်လျင်မြန်သောကြောင့် အစွမ်းကုန်ထုတ်သုံးလိုက်လျှင် ကောင်းကင်ဘုံဝိညာဉ်သူငယ်အဆင့်ကျွမ်းကျင်သူက လိုက်မဖမ်းနိုင်ပေ။

ထို့အပြင် တောင်ပံအတွင်း၌ရှိသော လေဟာနယ်စွမ်းအားကို ဟန်မူယဲ့က ခံစားနိုင်သည်။

တောင်ပံအတွင်းရှိနေရာလွတ်ထဲတွင် ကောင်းကင်ကြိုးကြာတစ်ရာခန့် အိပ်စက်နေသည်။

ကောင်းကင်ကြိုးကြာတောင်ပံသည် ကောင်းကင်ကြိုးကြာတောင်တန်းရှိ ကောင်းကင်ကြိုးကြာများ၏ အစစ်အမှန်အသိုက် ဖြစ်ပုံရသည်။

ဟန်မူယဲ့က တောင်ပံအတွင်းရှိစွမ်းအားများကို ဖြည်းဖြည်းချင်းခံစားကြည့်လိုက်ပြီး ပြုံးသည်။

ကောင်းကင်ကြိုးကြာတောင်ပံ၏ အကြီးမားဆုံးအသုံးဝင်မှုသည် လေဟာနယ်စွမ်းအားများအသုံးပြုပြီး လေဟာနယ်စွမ်းအင်အတားအဆီးကို ကျော်ဖြတ်ခြင်းဖြစ်သည်။

ဤတောင်ပံနှင့်ဆိုလျှင် မည်သည့်ကမ္ဘာကိုမဆို တိတ်ဆိတ်စွာဝင်ရောက်နိုင်သည်။

တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျွမ်းကျင်သူများသည် မူလမီးတောက်ကမ္ဘာကို ရှာတွေ့ခဲ့သည်။ သို့သော် သူတို့က မူလမီးတောက်ကမ္ဘာ၏အပြင်ဘက်တွင် ကမ္ဘာအတားအဆီးရှိနေသောကြောင့် သူတို့က အာကသလမ်းကြောင်းကိုပဲအသုံးပြု၍ ဝင်ရောက်လာနိုင်သည်။

All Chapters