← Chapters

အခန်း (၃၅၆)

Vol. 26 Ch. 356

အခန်း (၃၅၆)

Vol. 26 Ch. 356

ဟန်မူယဲ့က ကောင်းကင်ကြိုးကြာတောင်ပံကို ပိုင်ဆိုင်ထားသည့်အတွက် လေဟာနယ်စွမ်းအားအနည်းငယ်ကို အသုံးချလိုက်လျှင် ကမ္ဘာအတားအဆီးကို ဖြတ်သန်းနိုင်လိမ့်မည်။

သူက အနာဂတ်တွင် အလယ်ပိုင်းကုန်းမြေသို့ခရီးသွားသောအခါ မဟာမိစ္ဆာမူကျင်းအတွက် ဖြတ်သန်းခပေးရန် မလိုလောက်တော့ပေ။

ထိုသို့မဟုတ်သေးပေ။ သူက ဝိညာဉ်ကျောက်တုံးအနည်းငယ်ကိုတော့ ပေးသင့်သည်။

တစ်နေ့တွင် မိုးသည်းပြီး နှင်းများကျလာလျှင် မဟာမိစ္ဆာမူကျင်းက သူတို့ကို ဝိညာဉ်နယ်မြေထဲတွင် တစ်ညတာနားခိုရန် စီစဉ်ပေးနိုင်သည်။

ဟန်မူယဲ့က ပေါ့ပါးစွာပြုံးသည်။ သူက ခြေထောက်အောက်တွင်ရှိနေသော အဖြူရောင်ငှက်တောင်များကို အသက်သွင်းလိုက်သောအခါတွင် အဖြူရောင်မျဉ်းကြောင်းတစ်ခုအသွင်ပြောင်း၍ ငါးမိစ္ဆာများအားထိန်းချုပ်ထားသော လက်ရွေးစင်တပည့်များကို ကျော်ဖြတ်သွားခဲ့သည်။

“အင်မော်တယ်ဟန်”

ကြေးခွံနက်ငါးတစ်ကောင်၏နောက်ကျောတွင် တပည့်တစ်ယောက်က လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“စီနီယာအစ်ကိုဟန်”

ရေမျက်နှာပြင်ပေါ်တွင် တပည့်တစ်ယောက်က ဦးညွှတ်သည်။

“ရှေ့ဆက်သွားလိုက်ပါ အစ်ကိုဟန်”

ဓားပေါ်တွင်ရှိနေသောကူယွမ်လုံက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ညီအစ်ကိုကူက အရှေ့ပင်လယ်ကပဲ။ ရေလှိုင်းတွေကိုစီးနင်းနိုင်တဲ့ မင်းရဲ့စွမ်းရည်က ငါနဲ့ယှဉ်နိုင်လောက်တယ်မဟုတ်လား”

ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။ သူ့ခြေထောက်အောက်တွင် ချီစွမ်းအင်အလင်းများပေါ်ထွက်လာပြီး ကူယွမ်လုံကို တိုက်ရိုက်ဖြတ်ကျော်သွားသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါ ကူယွမ်လုံက ရယ်လိုက်သည်။ သူ့ခြေထောက်အောက်တွင်ရှိသောဓားချီသည် လှိုင်းများကို ထိုးခွဲသွားသည်။

တစ်ယောက်သည် အင်မော်တယ်နှင့်တူပြီး တစ်ယောက်သည် နဂါးတစ်ကောင်နှင့်တူသည်။

သူတို့၏ယှဉ်ပြိုင်မှုသည် လူအများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ဂိုဏ်းအသီးသီး၏လက်ရွေးစင်များသည် မသိစိတ်အလျောက် အရှိန်မြှင့်ပြီး တိတ်ဆိတ်စွာယှဉ်ပြိုင်နေကြသည်။

ရေမျက်နှာပြင်ထက်တွင် ကြယ်လေပြင်းနှင့် ချီစွမ်းအင်အလင်းများပေါ်ထွက်လာပြီး တိမ်တိုက်များကိုထိုးဖောက်၍ နေမင်းနှင့်အတူ ချိတ်ဆက်သွားသည်။ ထိုမြင်ကွင်းသည် အလွန်ခမ်းနားသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဒီလိုခမ်းနားတဲ့ဖြစ်ရပ်မျိုး နှစ်တစ်သောင်းကြာသည်အထိ မဖြစ်ခဲ့ဘူးမဟုတ်လား”

တိမ်တိုက်များကြားတွင် ကျွမ်းကျင်သူတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။

ကျင့်ကြံခြင်းလောကနှင့် လောကတွင်ရှိသောအရာရာတိုင်းသည် အင်မော်တယ်စွမ်းအားများဖြင့်ပြည့်နှက်နေသင့်သည်။

ထိုလွတ်လပ်မှုမျိုးကိုပဲ ကျင့်ကြံခြင်းဟုခေါ်ဆိုနိုင်မည်။

ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်း မရေမတွက်နိုင်လောက်သောလူများ ထိတ်လန့်သွားခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် နှစ်ပေါင်းများစွာကြာသည်အထိ ဖုံးကွယ်နေခဲ့သည်။ သူတို့က လက်ရွေးစင်တပည့်များထုတ်ဖော်နေသော အင်မော်တယ်စွမ်းအင်မျိုး လိုအပ်နေသည်။

ယနေ့တွင် သူတို့က အင်မော်တယ်ဆိုသောစကားလုံးကို မြင်ခဲ့ရသည်။

“အဲဒီတောင်ပံတစ်စုံက ရတနာပဲ ....”

တိမ်တိုက်များကြားတွင် လူတစ်ယောက်က ရေရွတ်ခဲ့သည်။

အင်မော်တယ်ဟန်၏ကျင့်ကြံခြင်းသည် ပျက်စီးသွားခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် ရတနာတစ်ခုရှိနေသည်။

ထိုရတနာသည် တိုက်ခိုက်မှုအမျိုးအစားနှင့် မတူသော်လည်း ရတနာတစ်ခု ဖြစ်နေဆဲပင်။

အင်မော်တယ်ဟန်တွင် ထိုရတနာရှိနေသောကြောင့် တိုက်ခိုက်နိုင်စွမ်းကို ခန့်မှန်းရန်ခက်ခဲသွားသည်။

တိမ်တိုက်များကြားတွင် လင်တောက်တာအိုဂိုဏ်း၏တပည့်များက မျက်နှာထားမည်းမှောင်သွားသည်။

‘ဘာဖြစ်လို့ ဟန်မူယဲ့ကပဲ ပစ္စည်းကောင်းတွေအားလုံးကို ရနေတာလဲ’

‘ငါတို့က ရှုံးနိမ့်နေတာလား’

လက်ရွေးစင်တပည့်များ၏အပြေးပြိုင်ပွဲသည် နေဝင်ချိန်တွင်အဆုံးသတ်သွားခဲ့သည်။

အနိုင်ရခြင်း၊ ရှုံးနိမ့်ခြင်းသည် အရေးမပါပေ။

သူတို့ပျော်ရွှင်နေသ၍ အဆင်ပြေသည်။

နေမဝင်ခင်အချိန်၌ ဟန်မူယဲ့သည် မြစ်၏အလယ်တွင်ရှိသော ကျွန်းတစ်ကျွန်းပေါ်တွင် ရပ်နားလိုက်သည်။ သူ့နောက်တွင် ကူယွမ်လုံပါလာသည်။

“အင်မော်တယ်ဟန်ရဲ့နည်းလမ်းတွေက တကယ်ထူးခြားတာပဲ”

ကူယွမ်လုံက စိတ်လှုပ်ရှားသွားပုံပေါ်သည်။

“ညီအစ်ကိုကူကလည်း ခွန်အားစုဆောင်းတဲ့နေရာမှာ တကယ်ထူးခြားတာပဲ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ လှည့်ကြည့်သည်။

သူက ရတနာအသစ်နှင့် ရင်းနှီးအောင်လေ့ကျင့်နေပြီး ကူယွမ်လုံက လှိုင်းလုံးများ၏အရှိန်အဟုန်ကို စုဆောင်းခဲ့သည်။

အရှေ့ပင်လယ်၏ဓားနည်းစနစ်သည် ရေလှိုင်းတစ်သောင်းကို ဓားချက်တစ်ချက်အဖြစ် စုစည်းနိုင်သည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးပြခဲ့သည်။

မြစ်နှလုံးသားကျွန်း၏ပတ်ဝန်းကျင်တွင် ကြေးခွံနက်ငါးများ ရစ်ဝဲနေသည်။

ငါးအများစုကို ယဉ်ပါးလာအောင် ထိန်းချုပ်ထားသောကြောင့် တစ်ကောင်တည်းချန်ထားခဲ့လျှင်ပင် ထွက်ပြေးသွားမည်မဟုတ်ပေ။

ထိန်းချုပ်မထားသောငါးများ၏ကျောပေါ်တွင် ဂိုဏ်းတပည့်များက တင်ပျဉ်ခွေထိုင်နေသည်။

ညအချိန်ရောက်သောအခါ မြစ်ကမ်းပါးတွင် ကျင့်ကြံသူများရောက်လာကြသည်။

မိုင်တစ်သောင်းပြေးလွှားလာခဲ့သောကြောင့် သူတို့က အလွန်ပင်ပန်းနေသည်။

ကံမကောင်းစွာဖြင့် ကမ်းခြေတွင်ရှိသောကျင့်ကြံသူအများစုသည် လက်ရွေးစင်တပည့်များကို အမီမလိုက်နိုင်သောကြောင့် နောက်တွင်ကျန်နေခဲ့သည်။

ယခုအချိန်၌ မြစ်နှလုံးသားကျွန်းပေါ်တွင် မရေမတွက်နိုင်သော ချီစွမ်းအင်အလင်းများ ပေါ်ထွက်နေသည်။ ချီစွမ်းအင်အလင်းသည် ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံထားပြီး လက်ရွေးစင်တပည့်များက တင်ပျဉ်ခွေထိုင်၍ အသက်ရှူနှုန်းနှင့် ကျင့်ကြံခြင်းကို ထိန်းညှိနေကြသည်။

ကမ်းခြေတွင် ပိုမိုများပြားသောကျင့်ကြံသူများ စုစည်းလာသည်။ တချို့လူများက တီးတိုးစကားပြောနေပြီး တချို့လူများက ကုန်ဆုံးသွားသောချီစွမ်းအင်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျင့်ကြံနေကြသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောကကြီးတိုးတက်နေတာကို ဒီနေ့မှပဲ ငါမြင်ဖူးတော့တယ်”

အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး မြစ်လယ်သို့ကြည့်လျက် ပြောသည်။

“ဟားဟား၊ ငါက နှစ်သုံးရာလောက် နောက်ကျပြီးမွေးလာခဲ့ရမှာ”

သူ့ဘေးတွင် အဖြူရောင်မုတ်ဆိတ်မွေးများနှင့် တာအိုတန်ခိုးရှင်တစ်ယောက်သည် ခေါင်းခါလိုက်ပြီး နောင်တများနှင့်အတူ သက်ပြင်းချသည်။

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကလည်း အလင်းများထွက်နေသောမြစ်လယ်ကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် အတွေးများနှင့်ပြည့်နေသည်။

မြစ်လယ်ရှိကျွန်းတွင် ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေသည်။ လင်းရှန်နှင့်လုကောက သူ့နောက်တွင် မတ်တပ်ရပ်ပြီး စောင့်ကြပ်ပေးနေသည်။

ဟန်မူယဲ့က မျက်လုံးမှိတ်ပြီး နတ်အာရုံကို စိတ်နယ်ပယ်ထဲသို့ ပို့လိုက်သည်။

သူ့စိတ်နယ်ပယ်ထဲတွင် ရွှေရောင်အလင်းများ လှုပ်ရှားနေသည်။

သမာဓိစွမ်းအားအမျှင်များ ဖြတ်ပြေးသွားပြီး ဒန်ထျန်အတွင်းရှိ ချီပင်လယ်ထဲသို့ စီးဝင်သွားသည်။

သူ့ချီပင်လယ်ထဲတွင် လူသားဆန္ဒစွမ်းအားများသည် ခရမ်းရင့်ရောင်ဖြစ်နေပြီး ဆက်လက်စုစည်းနေသည်။

သူက ကောင်းကင်ကြိုးကြာတောင်တန်းပျက်စီးပြီး မရေမတွက်နိုင်လောက်သောသက်ရှိများ သေဆုံးသွားမည်ကို မကြည့်ရက်ခဲ့ပေ။ ထို့ကြောင့် ကောင်းကင်ကြိုးကြာတောင်တန်းကို မူလမီးတောက်ကမ္ဘာသို့ ပို့ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည့်အတွက် လူသားဆန္ဒစွမ်းအားများ ရရှိလာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

လူသားဆန္ဒစွမ်းအားသည် အကောင်အထည်ဖြစ်တည်လာသည်။

ထို့အပြင် ကောင်းကင်ကြိုးကြားနယ်မြေ၏ ကျေးဇူးတင်မှုကြောင့် သမာဓိစွမ်းအားများ တိုးတက်လာခဲ့သည်။

ပြိုကျသွားတော့မည့်နယ်မြေသည် အဆုံးမရှိသောအငြိုးအတေးများကို သယ်ဆောင်ထားခဲ့သည်။ ဟန်မူယဲ့က ပြိုကျသွားမည့်ဖြစ်ရပ်ကို ဖြေရှင်းပေးလိုက်သောကြောင့် အငြိုးအတေးများသည် သမာဓိစွမ်းအားအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။

အလယ်ပိုင်းကုန်းမြေသည် လူသားလောကကိုဖိနှိပ်ပြီး စောင့်ကြပ်ထားသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။

သမာဓိစွမ်းအားသည် အဆင့်မြင့်လာရန်အတွက် အငြိုးအတေးများလိုအပ်သည်။ လူသားဆန္ဒစွမ်းအားသည် ဖြစ်တည်လာရန်အတွက် သက်ရှိများကို လိုအပ်သည်။

ချီပင်လယ်အတွင်းရှိစွမ်းအားများကို စစ်ဆေးပြီးသောအခါတွင် ဟန်မူယဲ့၏လက်ထဲတွင် ချီစွမ်းအားများ အနည်းငယ်လှုပ်ရှားသွားသည်။ ထို့နောက် ကျောက်စိမ်းရောင်ဓားဆေးလုံးတစ်လုံး ပေါ်လာသည်။

ယုချန်သည် တာအိုဆရာတယန်ပြောသော ယုနင်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဓားဆေးလုံး၏ဝိညာဉ်နှင့်မှတ်ဉာဏ်များသည် ချင်းထုံနှင့်ပေါင်းစပ်သွားသောကြောင့် ထပ်မံပျိုးထောင်ပေးရန် လိုအပ်သည်။

သို့သော် ဓားဝိညာဉ်နှင့်မှတ်ဉာဏ်များ မရှိသောကြောင့် ဓားဆေးလုံးကိုသန့်စင်ရန် ပိုမိုလွယ်ကူသည်။

ညင်သာသောတုန်ခါသံနှင့်အတူ ဟန်မူယဲ့၏လက်ဝါးထဲသို့ ဓားချီများတိုးဝင်လာပြီး ချီစွမ်းအင်အလင်းတချို့က သူ့ကို ဝိုင်းရံထားသည်။

တခြားလူများ၏အမြင်တွင် သူ့ကျင့်ကြံဆင့်သည် ချီစုဆောင်းခြင်းအဆင့်ကိုဖြတ်သန်း၍ ချီစုစည်းခြင်းအဆင့်သို့ ရောက်ခါစဖြစ်နေသည်။

“အင်မော်တယ်ဟန်၊ မေးခွန်းတစ်ခုလောက် မေးလို့ရမလား”

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သောအခါ နောက်ကျောတွင် ဓားရှည်တစ်လက်လွယ်ထားသော အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ကို သိပ်မဝေးသောနေရာတွင် မြင်လိုက်ရသည်။ ထိုလူငယ်က ဦးညွှတ်ထားသည်။

ထိုတပည့်သည် ကောင်းကင်ကြိုးကြာနယ်မြေတွင် ဟန်မူယဲ့နှင့်တွေ့ခဲ့သော မီးဝိညာဉ်တာအိုဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သည်။ သို့သော် ဟန်မူယဲ့က သူ့နာမည်ကို မသိပေ။

လူငယ်၏စကားများကို ကြားရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

“အင်မော်တယ်ဆိုတဲ့နာမည်ကို ငါ့ရဲ့တာအိုရောင်းရင်းတွေက ချီးမြှင့်ပေးထားတာပဲ။ ငါက အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ စွမ်းရည်မရှိပါဘူး”

သူက ထိုသို့ပြောလိုက်ပြီး ပြုံးသည်။

“ဒါပေမဲ့ ဓားစံအိမ်က များသောအားဖြင့် ပျင်းစရာကောင်းတယ်။ ဂိုဏ်းတပည့်တွေက ဓားလာယူတဲ့အချိန်မှာ ကျင့်ကြံခြင်းပြဿနာတွေမေးလာရင် ငါက မငြင်းတတ်ဘူး”

သူက မေးခွန်းများကြောင်းမငြင်းကြောင်း ကြားလိုက်ရသောအခါတွင် လူငယ်က ပျော်ရွှင်သွားပုံပေါ်သည်။

“ဒါပေမဲ့”

ဟန်မူယဲ့က ရပ်လိုက်သည်။

လူငယ်၏အပြုံးက အေးခဲသွားပြီး ဟန်မူယဲ့ဆက်ပြောသောစကားကို ကြားရသည်။

“ဂိုဏ်းတပည့်တွေ မေးခွန်းမေးရင် ဝိညာဉ်ကျောက်တုံးတွေပေးရတယ်”

ဟန်မူယဲ့က လူငယ်ကိုကြည့်လိုက်ပြီး ပြောသည်။

“မေးခွန်းတစ်ခုအတွက် အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး သုံးတုံး”

‘အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး သုံးတုံးလား’

ကျွန်းပေါ်တွင် ဝိညာဉ်ကျောက်တုံးလစ်ဟင်းနေသောလူများ မရှိပေ။

လူငယ်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် လက်မြှောက်လိုက်သည်။ သူ့လက်ဝါးထဲတွင် အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး သုံးတုံး ပေါ်လာသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် လုကောက ရှေ့တက်လာသည်။ သူက ဝိညာဉ်ကျောက်တုံးများကိုသိမ်းဆည်းလိုက်ပြီး ဟန်မူယဲ့ကိုပေးသည်။

ဟန်မူယဲ့က တစ်တုံးယူလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“ထုံးစံအတိုင်းပဲ”

လုကောက ဝိညာဉ်ကျောက်တုံးတစ်တုံးအား လင်းရှန်ကိုပေးလိုက်ပြီး ကျန်တစ်တုံးကို သူသိမ်းလိုက်သည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးကိုသိမ်းဆည်းပြီး လူငယ်ကိုကြည့်သည်။

“ပြောပါ”

လူငယ်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကိုမော့ကြည့်သည်။ သူက တီးတိုးပြောသည်။

“အင်မော်တယ်ဟန်၊ ကျင့်ကြံခြင်းက ကိုယ့်ဘဝကိုယ် ကောင်းအောင်နေနိုင်ဖို့လို့ ပြောခဲ့တယ်နော်”

“ကျွန်တော်တို့လိုဓားကျင့်ကြံသူတွေက တိုက်ပွဲအတွက် ဓားကိုကိုင်ထားတယ်။ ဓားစံအိမ်ရဲ့အမွေအနှစ်ကလည်း ဓားတစ်လက်ဖြစ်တယ်။ ကျွန်တော်တို့က ကိုယ့်အတွက်ကိုယ် ဘယ်လိုနေရမှာလဲ”

သူကစကားပြောပြီးသောအခါတွင် တိတ်ဆိတ်နေသည်။ ကမ်းခြေသို့ရိုတ်ခတ်လာသော လှိုင်းသံကိုပဲ ကြားနေရသည်။

‘ကိုယ့်အတွက်ကိုယ် ဘယ်လိုနေရမလဲ’

ဟန်မူယဲ့က ကိုယ်အတွက်ကိုယ်ရှင်သန်ရန် ပြောခဲ့သည်။ သို့သော် ဓားစံအိမ်၏အမွေအနှစ်သည် ဓားတစ်လက်နှင့် လွတ်လပ်မှုကိုရှာဖွေခြင်းဖြစ်သည်။ ဓားတစ်ချက်အပြီးတွင် သာမန်လူတစ်ယောက်ဖြစ်သွားလိမ့်မည်။

ထိုအရာသည် သူ့စကားနှင့် ဆန့်ကျင်နေသည်။

လူငယ်၏စကားကို တွေးမိသောအခါတွင် လူအများ၏မျက်နှာထားသည် လေးနက်သွားသည်။

ထိုမေးခွန်းသည် ရိုးရှင်းပုံပေါ်သော်လည်း ဟန်မူယဲ့၏တာအိုနှင့် သက်ဆိုင်နေသည်။

ဟန်မူယဲ့၏ပြောစကားသည် သူ့လုပ်ဆောင်ချက်နှင့်မကိုက်ညီလျှင် သူ့တာအိုသည် ချက်ချင်းပျက်စီးသွားလိမ့်မည်။

ယခုအချိန်တွင် မြစ်နှလုံးသားကျွန်းပေါ်တင်မကဘဲ တိမ်တိုက်များကြားရှိ ကျွမ်းကျင်သူများကပါ နတ်အာရုံများကို ဟန်မူယဲ့ဆီသို့ ပို့လွှတ်လိုက်သည်။

မြစ်ကမ်းပါးတွင် စကားပြောခဲ့သော အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးသည် တောက်ပနေသောမျက်လုံးများဖြင့် မြစ်နှလုံးသားကျွန်းပေါ်သို့လှမ်းကြည့်နေသည်။

“ကျင့်ကြံခြင်းက ကိုယ့်အတွက်ပဲ။ ဒီစကားမျိုးကို ခဏခဏကြားဖူးတယ် .... ကျင့်ကြံသူတွေက ခံစားချက်တွေကိုဖြတ်တောက်ပစ်တယ်ဆိုတာ လိမ်ညာနေတာတော့မဟုတ်ဘူး”

မြစ်ကမ်းပါးတွင် ဓားရှည်တစ်လက်လွယ်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က မျက်နှာထားလေးနက်နေသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာရှိတဲ့ ဓားစံအိမ်ရဲ့အမွေအနှစ်က ကိုယ့်ကိုယ်ကိုယ် စတေးဖို့ပဲ။ အင်မော်တယ်ဟန်က ကိုယ့်အတွက်ကိုယ်နေထိုင်နေတာလား သိချင်မိတယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်ခွဲထွက်သွားလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အခြေအနေကောင်းမည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့က ဓားစံအိမ်၏အမွေအနှစ်ကို လက်ခံထားလျှင် ကိုယ့်အတွက်ကိုယ် ရှင်သန်နိုင်မည်မဟုတ်ပေ။

သူက ကိုယ့်အတွက်ကိုယ် မရှင်သန်နိုင်လျှင် မဟာတာအို၏စကားကို ဆန့်ကျင့်မိသွားလိမ့်မည်။

ယခုအချိန်တွင် အကြည့်များသည် ဟန်မူယဲ့၏ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ခဏလောက်တိတ်ဆိတ်ပြီးသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

“ဒီမေးခွန်းကိုမဖြေခင်မှာ ငါက မင်းကို တစ်ခုလောက်မေးချင်တယ်။ ငါတို့လို ဓားကျင့်ကြံသူတွေက ဘာဖြစ်လို့ ဓားကိုင်တာလဲ”

‘ဘာဖြစ်လို့ဓားကိုင်တာလဲ’

All Chapters