← Chapters

အခန်း (၃၅၇)

Vol. 26 Ch. 357

အခန်း (၃၅၇)

Vol. 26 Ch. 357

‘ကျင့်ကြံခြင်းအတွက်၊ လွတ်လပ်ခြင်းအတွက်၊ တာအိုကို ကာကွယ်ဖို့အတွက်၊ လောကတွေကို ဖွင့်လှစ်နိုင်ဖို့အတွက်’

ကျင့်ကြံခြင်းသည် ကျင့်ကြံခြင်းပင်ဖြစ်သည်။

သူတို့က ဓားကိုင်သည့်အကြောင်းကို တွေးဖူးလိမ့်မည်။ သို့သော် ယခုအချိန်တွင် မမှတ်မိတော့ပေ။

ဟန်မူယဲ့၏မေးခွန်းကို ဖြေဆိုသည့်လူမရှိပေ။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။ သူက မြစ်ကိုကြည့်ပြီး ညင်သာစွာပြောသည်။

“ရှေးခေတ်မှတ်တမ်းတွေထဲမှာ အလယ်ပိုင်းကုန်းမြေရဲ့အကြောင်းကို ငါဖတ်ဖူးခဲ့တယ်”

“အလယ်ပိုင်းကုန်းမြေက လောကကို ကွန်ဖြူးရှပ်တာအို၊ တိုင်းပြည်ဥပဒေနဲ့အုပ်စိုးပြီး လူတွေအားလုံးကို ထိန်းချုပ်ထားတယ်”

ဟန်မူယဲ့၏အသံသည် မကျယ်သော်လည်း မြစ်လယ်ကျွန်းပေါ်တွင်ရှိနေသောတပည့်အားလုံးသည် လက်ရွေးစင်များဖြစ်သည်။ သူတို့က နတ်အာရုံဖြင့် ဟန်မူယဲ့၏စကားကို ကြားနိုင်သည်။

တခြားအရာများ ပြောနေရန်မလိုအပ်ပေ။

မြစ်ကမ်းပါးတွင် ကျင့်ကြံဆင့်မြင့်သောလူတချို့က ဟန်မူယဲ့၏စကားကိုရေရွတ်ပြီး အပြုံးတစ်ခုနှင့်အတူ အလယ်ပိုင်းကုန်းမြေ၏အခြေအနေကို တီးတိုးပြောပြသည်။

“ဥပဒေမှာဖော်ပြထားတဲ့အတိုင်း အသက်ကအသက် အကြွေးကအကြွေးပဲ။ အလယ်ပိုင်းကုန်းမြေရဲ့လူတွေက ဥပဒေကို လိုက်နာရတယ်”

“ဥပဒေက စည်းကမ်းလိုက်နာတဲ့လူတွေကို ကာကွယ်ပေးပြီး မကောင်းစိတ်ရှိတဲ့လူတွေကို တားဆီးထားတယ်”

ဟန်မူယဲ့၏အသံက ပုံမှန်အတိုင်းဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ၏ဥပဒေ …

‘အင်မော်တယ်ဟန်က အလယ်ပိုင်းကုန်းမြေရဲ့ဥပဒေကို အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ချမှတ်ဖို့ ကြိုးစားနေတာလား’

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နံပတ်တစ်ဂိုဏ်းဖြစ်လာရင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ အုပ်ချုပ်တော့မှာလား’

လူအများအပြားက မျက်မှောင်ကြုတ်သည်။

ကျင့်ကြံသူများသည် အချုပ်အနှောင်များကို လက်မခံလိုပေ။

တိမ်တိုက်များကြားတွင် လူအများက ထို့ပါ့ချန်ကို လှည့်ကြည့်သည်။

“ငါပြောပြမယ့်ဇာတ်လမ်းက ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတစ်ယောက်ဆီမှာ ဖြစ်သွားခဲ့တယ်”

“လူငယ်ကျောင်းတော်သားက ပါရမီထူးချွန်တယ်။ သူ့မိသားစုက သူကို မျှော်လင့်ထားပြီး သူက လူချမ်းသာမိသားစုရဲ့ သမီးတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ သူက ဘဝမှာ အောင်မြင်မှုရခဲ့တယ်လို့ ပြောနိုင်တယ်”

လူငယ်သည် အောင်မြင်ခဲ့သည်။

ယနေ့ မြစ်နှလုံးသားကျွန်းတွင်ရှိနေသော လက်ရွေးစင်တပည့်များသည် အောင်မြင်မှုရခဲ့သည်။

အသက်တစ်ရာမပြည့်ခင် ဂိုဏ်းလက်ရွေးစင်တစ်ယောက်ဖြစ်လာပြီး ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်သောလူများသည် အောင်မြင်သောလူများဖြစ်သည်။

“ဒါပေမဲ့ တစ်နေ့မှာ ကျောင်းတော်သားလူငယ်ရဲ့ဇနီးက ငိုကြွေးပြီး မြို့ထဲမှာရှိတဲ့ သခင်လေးတစ်ယောက်က သူမရဲ့အလှကိုတက်မက်ပြီး သူမအပေါ်ကို မကောင်းကြံနေတယ်လို့ ပြောခဲ့တယ်”

ဟန်မူယဲ့၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းတို့က အဲဒီလိုကိစ္စမျိုးကြုံလာရင် ဘယ်လိုလုပ်မလဲ”

‘ငါတို့ ဘာလုပ်မလဲ’

‘သတ်ပစ်’

ဓားရှည်တစ်လက်ကိုင်ထားသောလင်းရှန်က အေးစက်စွာပြောသည်။

“ဓားထုတ်လိုက်ပေါ့”

တစ်ဖက်တွင်ရှိနေသော တပည့်တစ်ယောက်က ကျယ်လောင်စွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီးပြောသည်။

“အလယ်ပိုင်းကုန်းမြေရဲ့စည်းမျဉ်းတွေက တင်းကျပ်တယ်။ ဓားဆွဲထုတ်ဖို့ မလွယ်ဘူး”

“ဥပဒေအတွက် သက်သေလိုအပ်တယ်”

“ကျောင်းတော်သားနဲ့ဇနီးက ရုံးတော်ကိုသွားပြီး တိုင်ကြားခဲ့တယ်။ တက်မက်မှုက အစစ်အမှန်ဖြစ်သွားတဲ့အရာမဟုတ်တဲ့အတွက် မကောင်းတဲ့သခင်လေးကို သတိပေးရုံပဲလုပ်နိုင်မယ်လို့ ရုံးတော်ကပြောတယ်”

“ကျောင်းတော်သားက မိသားစုကို တောင်းပန်ခဲ့ပြန်တယ်။ မိသားစုက သူ့ကိုတန်ဖိုးထားပေမဲ့ မကောင်းတဲ့သခင်လေးကို ဘာမှမလုပ်နိုင်ခဲ့ဘူး”

“အဲဒီသခင်လေးက တောင်းပန်ပြီး အပြုံးတစ်ခုနဲ့အတူ ပြန်ထွက်သွားတယ်”

“သုံးလအကြာမှာ ကျောင်းတော်သားက ဇနီးနဲ့အတူ ခရီးထွက်သွားခဲ့တယ်။ မကောင်းတဲ့သခင်လေးက မိသားစုရဲ့အစေခံတွေကိုခေါ်လာပြီး သူတို့ကို ဓားပြတိုက်ခဲ့တယ်။ ကျောင်းတော်သားရဲ့ရှေ့မှာပဲ ဇနီးသည်ကို စော်ကားခဲ့တယ်။ ကျောင်းတော်သားကို စာမရေးနိုင်အောင် လက်ချောင်းတွေဖြတ်ပစ်ခဲ့တယ်။ စကားမပြောနိုင်အောင် လျှာဖြတ်ပစ်ခဲ့တယ်။ အရှေ့နဲ့အနောက် မခွဲနိုင်အောင် မျက်လုံးတွေထုတ်ပစ်ခဲ့တယ်”

ဟန်မူယဲ့က စကားပြောပြီးသောအခါတွင် မြစ်ကို တိတ်ဆိတ်စွာကြည့်သည်။

“အဲဒီလိုလူယုတ်မာကို တစ်ခါတည်းသတ်ပစ်ခဲ့သင့်တယ်”

တပည့်တစ်ယောက်က မီးတောက်နေသောမျက်လုံးများဖြင့် အံတင်းတင်းကြိတ်ထားပြီး အော်ပြောသည်။

“အလယ်ပိုင်းကုန်းမြေရဲ့ အသုံးမကျတဲ့ဥပဒေက လူတွေကို မကောင်းတာလုပ်နိုင်အောင် ခွင့်ပြုပေးနေတာပဲ”

တပည့်တစ်ယောက်က အံတင်းတင်းကြိတ်ထားပြီး ဓားကိုင်သည်။

ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများက စကားမပြောသော်လည်း မျက်မှောင်ကြုတ်လိုက်သည်။

“စီနီယာအစ်ကိုဟန် နောက်ပိုင်းမှာ ကျောင်းတော်သားနဲ့ဇနီးက ဘာဖြစ်သွားလဲ”

လုကောက ဟန်မူယဲ့ကိုကြည့်သည်။

လူတိုင်းက ဟန်မူယဲ့ကိုကြည့်လိုက်သည်။

“နောက်ပိုင်းမှာလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။ “နောက်ပိုင်းမှာ ကျောင်းတော်သားက ဉာဏ်အလင်းရသွားတဲ့အတွက် ကွန်ဖြူးရှပ်တာအိုရဲ့ အစစ်အမှန်ကျောင်းတော်သားတစ်ယောက် ဖြစ်လာခဲ့တယ်။ သမာဓိစွမ်းအားနဲ့ စကားလုံးတွေဖန်တီးလိုက်တဲ့အတွက် ဒေသအုပ်ချုပ်သူပေါ်လာပြီး မကောင်းတဲ့သခင်လေးကို အပြင်းအထန်အပြစ်ပေးခဲ့တယ်။ သူ့ကို ဆယ်နှစ်အကျဉ်းချပြီး မိုင်တစ်သောင်းပြည်နှင်ဒဏ်ပေးခဲ့တယ်’

“သူတို့က သူ့ကို မသတ်ဘူးပေါ့”

လုကောက အံ့အားသင့်သွားပြီး အော်ပြောသည်။

“သတ်တာလား”

ဟန်မူယဲ့က ခေါင်းခါသည်။

“ကျောင်းတော်သားရဲ့ဇနီးက အရှက်ရမှုကြောင့် ဆွဲကြိုးချပြီး သတ်သေသွားခဲ့တယ်။ ဒါပေမဲ့ အဲဒါက သူ့ကိုယ်သူသတ်သေတာလေ။ သူမသေသွားတာက မကောင်းတဲ့သခင်လေးနဲ့ မဆိုင်ဘူး”

“အဲဒီသခင်လေးက မကောင်းတာတွေလုပ်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှမသတ်ခဲ့ဘူး။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း၊ သူက ဘယ်သူ့ကိုမှမသတ်ခဲ့တဲ့အတွက် အသက်ပေးစရာမလိုဘူး”

ဟန်မူယဲ့ စကားပြောပြီးသောအခါတွင် ပတ်ဝန်းကျင်ရှိလူများ မျက်လုံးပြူးသွားသည်။

“အဲဒီလိုလူမျိုးကိုတောင် မသတ်ဘူးဆိုရင် ဥပဒေက အလကားပဲ”

“ငါ့ရဲ့တာအိုလက်တွဲဖော်ကို မကောင်းစိတ်နဲ့ကြည့်ရဲရင် သတ်ပစ်မယ်”

“အလယ်ပိုင်းကုန်းမြေမှာ ငါရှိနေရင် အဲဒီသခင်လေးကို ဓားထုတ်ပြီးသတ်ပစ်လိုက်ပြီ”

မြစ်နှလုံးသားကျွန်းနှင့် ကမ်းပါးနှစ်ဖက်တွင် ဆူညံသံများထွက်လာသည်။

ဟန်မူယဲ့က စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်စွာနားထောင်နေသည်။

ခဏအကြာတွင် မေးခွန်းမေးခဲ့သော မီးဝိညာဉ်တာအိုဂိုဏ်း၏တပည့်က မျက်မှောင်ကြုတ်လိုက်ပြီး ဦးညွှတ်သည်။

“အင်မော်တယ်ဟန် အဲဒီဇာတ်လမ်းက ကိုယ့်အတွက်ကိုယ်ကျင့်ကြံတဲ့အကြောင်းနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက လူငယ်ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းဆီမှာ အဲဒီလိုမျိုးဖြစ်လာရင် မင်းက ဘာလုပ်မှာလဲ”

လူငယ်က တုံ့ဆိုင်းခြင်းမရှိဘဲ အော်ပြောသည်။

“ဓားကိုဆွဲထုတ်ပြီး အဲဒီလူကိုသတ်ပစ်မယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ပြောသည်။

“ငါတို့ကျင့်ကြံတာက ဓားကိုဆွဲထုတ်နိုင်တဲ့ခွန်အား ရှိလာဖို့မဟုတ်လား”

“ကပ်ဘေးတွေဖြစ်လာတဲ့အခါမှာ ငါတို့က ဓားဆွဲထုတ်နိုင်ဖို့ ခွန်အားရှိသေးလား”

မရေမတွက်နိုင်သောလူများက ဓားကို တင်းကျပ်စွာကိုင်ထားမိသည်။

“လောကမှာ အကောင်းနဲ့အဆိုးကို မဆုံးဖြတ်နိုင်ဘူး။ ငါတို့က သတ်ဖြတ်ဖို့မဟုတ်ဘဲ လက်ထဲမှာဓားရှိဖို့၊ ဓားကို ဆွဲထုတ်နိုင်ဖို့ ကျင့်ကြံတာပဲ”

ဟန်မူယဲ့က နက်ရှိုင်းသောမျက်လုံးများဖြင့် အော်ပြောသည်။

“တစ်နေ့မှာ မင်းတို့က အဲဒီကျောင်းတော်သားကိုတွေ့လာရင် သူ့အတွက် ဓားဆွဲထုတ်ဖို့ ဆန္ဒရှိလား”

“ရှိတယ်”

လင်းရှန်က ကျယ်လောင်စွာပြောသည်။

ကျန်လူများကလည်း အသာအယာခေါင်းညိတ်သည်။

“တစ်နေ့မှာ မင်းတို့က အဲဒီလိုမျိုးမကောင်းတဲ့လူကို တွေ့လာရင် ဓားဆွဲထုတ်ပြီး သတ်ဖြတ်ဖို့ ဆန္ဒရှိလား”

ဟန်မူယဲ့က ပြောလိုက်ပြန်သည်။

“ရှိတယ်”

ဤတစ်ကြိမ်တွင် ပိုများသောလူများ ဖြေဆိုခဲ့သည်။

“တစ်နေ့မှာ လောကကြီးက ဆိုးဝါးနေရင် မင်းတို့က ဓားကိုဆွဲထုတ်ပြီး ကောင်းကင်ပြစ်ဒဏ်ကိုချမှတ်ဖို့ ဆန္ဒရှိလား”

ဟန်မူယဲ့က အော်ပြောလိုက်သည်။

‘ဓားကိုဆွဲထုတ်ပြီး ကောင်းကင်ပြစ်ဒဏ်ကို ချမှတ်ရမှာလား’

သူတို့အားလုံးက ကြောင်အသွားသည်။

“ငါတို့ရဲ့နှလုံးသားထဲရှိတဲ့ မပျက်စီးနိုင်တဲ့အမှန်တရားအတွက် ငါတို့က ကျင့်ကြံကြတာမဟုတ်ဘူးလား။ ငါတို့ရဲ့ဓားကိုဆွဲထုတ်ပြီး မကောင်းမှုတွေကိုသတ်ဖြတ်ဖို့ ကျင့်ကြံနေတာမဟုတ်ဘူးလား”

“မင်းတို့က မကောင်းမှုနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ဓားကိုတောင်ဆွဲမထုတ်ရဲဘဲ အသက်ရှင်ဖို့အတွက်ပဲ ကျင့်ကြံနေတယ်ဆိုရင် ဘာဖြစ်လို့ကျင့်ကြံနေဦးမှာလဲ”

“ကိုယ့်အတွက်ကိုယ်ပဲ ကျင့်ကြံပါ။ အဲဒါမှ မင်းတို့က လွတ်လပ်ပြီး မသေမျိုးတွေဖြစ်လာနိုင်မှာမဟုတ်ဘူးလား”

“ခံစားချက်တွေအားလုံးကိုဖြတ်တောက်ပြီး နာကျင်မှုတွေအားလုံးကို သည်းခံပြီး နှစ်သောင်းချီအောင် အမြင့်တစ်နေရာမှာနေနိုင်တာကို ကျင့်ကြံခြင်းလို့ခေါ်တာလား”

ဟန်မူယဲ့က အော်ပြောခဲ့သည်။ သူ့အသံက မိုင်တစ်ရာပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။

သူ့အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် တိတ်ဆိတ်နေသည်။

သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး စိတ်ကူးယဉ်မှုများမရှိတော့ပေ။

သို့သော် သူတို့က စိတ်ကူးများကို အမှန်တကယ်မေ့လျော့သွားခဲ့သည်လား။

မြစ်နှလုံးသားကျွန်းပေါ်တွင် တပည့်တချို့က ပြင်းထန်စွာအသက်ရှူပြီး လက်သီးဆုပ်ထားသည်။ တချို့တပည့်များက မျက်လုံးများတောက်ပသွားပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

တချို့က အံတင်းတင်းကြိတ်ထားပြီး မျက်လုံးထဲတွင် ထိန်းချုပ်မထားနိုင်သော အမုန်းတရားများရှိနေသည်။ တချို့က မျက်ရည်များနှင့် ကောင်းကင်ကိုမော့ကြည့်သည်။

မြစ်ကမ်းပါးတွင်ရှိနေသော ကျင့်ကြံသူများက တိတ်ဆိတ်သွားသည်။

“ငါစတင်ပြီး ကျင့်ကြံခဲ့တဲ့အချိန်မှာ ကျင်းအာလို့ခေါ်ပြီး နူညံ့သိမ်မွေ့တဲ့ ဂိုဏ်းတူညီမတစ်ယောက် ရှိခဲ့တယ်။ ငါရဲ့ ဂိုဏ်းတူညီအစ်ကိုတစ်ယောက်က သူမကိုကြိုက်နေတယ်”

“ငါကလည်း သူမကိုနှစ်သက်တယ်။ ဒါပေမဲ့ ထုတ်မပြောရဲခဲ့ဘူး”

မြစ်ကမ်းပါး၏ကျောက်ဆောင်တစ်ခုပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်တာအိုတန်ခိုးရှင်တစ်ယောက်က ကောင်းကင်ကိုမော့ကြည့်သည်။

“ငါတို့က ဂိုဏ်းကိုဝင်ရောက်ပြီးရှစ်နှစ်အကြာမှာ ဂိုဏ်းတာဝန်တစ်ခုကိုလုပ်နေရင်း လင်တောက်တာအိုဂိုဏ်းရဲ့တပည့်တစ်ယောက်နဲ့ တွေ့ခဲ့တယ်”

“ငါတို့တာဝန်အတွက် လိုအပ်တဲ့ဝိညာဉ်ဆေးပင်တွေကို လင်တောက်တာအိုဂိုဏ်းက ယူသွားတဲ့အတွက် ဂိုဏ်းတူညီမက မကျေမနပ်ဖြစ်ပြီး တစ်ခုခုပြောလိုက်တယ်”

တာအိုတန်ခိုးရှင်၏မျက်လုံးများသည် နီရဲနေခဲ့သည်။ သူက အံတင်းတင်းကြိတ်ထားပြီး လက်သီးဆုပ်သည်။

“လင်တောက်တာအိုဂိုဏ်းရဲ့တပည့်တစ်ယောက်က လေဓားသွားနဲ့ ဂိုဏ်းတူညီမရဲ့ရင်ဘတ်ကို တိုက်ခိုက်ခဲ့တယ်”

“သူမရဲ့သွေးတွေက ရေပန်းလိုမျိုး ပန်းထွက်လာခဲ့တယ်။ ငါက ဒဏ်ရာကို လက်နဲ့ဖိထားချင်ပေမဲ့ မလုပ်နိုင်ခဲ့ဘူး”

“ဂိုဏ်းတူညီမက ငါ့ကို အသက်ဆက်ရှင်ဖို့အတွက် တီးတိုးပြောခဲ့တယ်။ သူမရဲ့စကားတွေကို ငါမှတ်မိနေတုန်းပဲ”

“ငါအသက်ရှင်နေခဲ့တယ်”

“ငါက နှစ်ပေါင်း၃၈၀ကြာအောင် နေထိုင်ခဲ့တယ်”

“ငါက ငကြောက်တစ်ယောက်လိုမျိုး နှစ်ပေါင်း၃၈၀ကြာအောင် အသက်ရှင်ခဲ့တယ်”

သက်လတ်ပိုင်းအရွယ်တာအိုတန်ခိုးရှင်၏ခန္ဓာကိုယ်ပေါ်မှ ချီစွမ်းအင်အလင်းများထွက်လာသည်။ သူက ကောင်းကင်ကိုစိုက်ကြည့်ပြီး အော်ပြောသည်။

“လင်တောက်တာအိုဂိုဏ်းရဲ့ ကျိုးချန်ကန်း၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၈၀က ခရုနက်တောင်ခြေမှာ မင်းသတ်ခဲ့တဲ့ အစိမ်းရောင်ဝတ်စုံနဲ့အမျိုးသမီးကျင့်ကြံသူကို မှတ်မိသေးလား”

လင်တောက်တာအိုဂိုဏ်း၏ ကျိုးချန်ကန်း …

လင်တောက်တာအိုဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ကျိုးချန်ကန်းသည် တိုက်ခိုက်နိုင်စွမ်းကောင်းမွန်သည်။ ယခုအချိန်တွင် သူက တိမ်တိုက်များအပေါ်တွင် ရှိနေသည်။

တာအိုတန်ခိုးရှင်၏စကားကို ကြားလိုက်ရသောအခါတွင် ကျိုးချန်ကန်းက နှာမှုတ်လိုက်ပြီး အေးစက်စွာအော်ပြောသည်။

“ငါက နှစ်ပေါင်းငါးရာကြာအောင် ကျင့်ကြံခဲ့တယ်။ မရေမတွက်နိုင်လောက်တဲ့လူတွေကို သတ်ခဲ့တယ်။ ဒီလိုကိစ္စလေးကို ငါက ဘာဖြစ်လို့မှတ်မိနေမှာလဲ”

‘သူက မမှတ်မိပေ’

‘ကိစ္စလေးတစ်ခု’

‘ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားရဲ့ ဇနီးသည်လိုမျိုး ကိစ္စလေးတစ်ခုပဲမဟုတ်လား’

မြစ်နှလုံးသားကျွန်းပေါ်တွင် လက်ရွေးစင်တပည့်များက ခေါင်းငုံ့ထားသည်။

မြစ်ကမ်းပါးတွင် လူတချို့က ကောင်းကင်ပေါ်သို့မော့ကြည့်သည်။ တချို့က လှည့်ထွက်သွားသည်။

အဓိကဂိုဏ်းများ၏ ကျင့်ကြံသူကြီးများအမြင်တွင် သာမန်ကျင့်ကြံသူများ၏အသက်သည် သာမန်လူသားများထက် အဖိုးမတန်ပေ။

တိမ်တိုက်များပေါ်တွင်ရပ်နေသောလူသည် ကျန်လူအားလုံး၏အထက်တွင်ရှိသည်။

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏မျက်နှာပေါ်တွင် နာကျင်မှုများဖြတ်ပြေးသွားသည်။ သူက ကျယ်လောင်စွာရယ်လိုက်သည်။

“ဟုတ်တယ်။ ကိစ္စလေးတစ်ခုပဲ။ တကယ့်ကို အရေးမပါတဲ့ ကိစ္စလေးတစ်ခုပဲ ....”

“ငါ ကျန်းချီကလည်း ဒီကိစ္စကို အရေးမပါသလိုမျိုး သဘောထားခဲ့တာပဲမဟုတ်လား။ ငါ့ကိုယ်ငါ ဒီအကြောင်းကိုမတွေးဖို့ ဆက်တိုက်သတိပေးနေခဲ့တယ် ....”

“ငါက ကောင်းကောင်းရှင်သန်ချင်ရင် အဲဒီအကြောင်းကို နည်းနည်းလေးမှမတွေးရဘူး”

“ငါက လင်တောက်တာအိုဂိုဏ်းကို မဆန့်ကျင်နိုင်ဘူး။ ငါက ဆန့်ကျင်မိခဲ့ရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး”

All Chapters