အခန်း (၃၅၉)
Vol. 26 Ch. 359
ယနေ့တွင် လင်တောက်တာအိုဂိုဏ်းတင်မကဘဲ သူတော်စင်ဝမ်ဟွား၏ဂုဏ်သိက္ခာသည်လည်း ဓားနှင့်ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
အနာဂတ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်နိုင်သောလူ မရှိတော့ပေ။
ဟန်မူယဲ့က တစ်ဘက်သို့လှည့်လိုက်သောအခါတွင် မြစ်နှလုံးသားကျွန်းပေါ်တွင်ရှိသော တပည့်များ၏တိုက်ခိုက်လိုစိတ်ကို မြင်လိုက်ရသည်။
ထိုဓားချက်၏စွမ်းအားသည် လက်ရွေးစင်တပည့်များ၏နှလုံးသားထဲသို့ တိုးဝင်သွားပြီး အညှောင့်ပေါက်လာလိမ့်မည်။
တစ်နေ့တွင် လူတိုင်းသည် ဓားဆွဲထုတ်ရဲလာလိမ့်မည်။
“ဟူး၊ နှမြောစရာပဲ။ ကြယ်ခုနစ်စင်းနေစွမ်းအားကို ငါက တကယ်ခံစားကြည့်ချင်တယ်”
“ဒါနဲ့ ဒီဓားချက်ကို ဓားဘုရင်ယွမ်ထျန်းက လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်မှာ နောက်ဆုံးသုံးခဲ့တာ”
တာအိုဆရာတယန်က ရေရွတ်သည်။
ကြယ်ခုနစ်စင်းနေမင်း …
ဓားဆေးလုံးခုနစ်လုံး၏စွမ်းအားများ စုစည်းလိုက်သောအခါတွင် တိုက်ခိုက်နိုင်စွမ်း အဆပေါင်းများစွာတိုးလာပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်လိမ့်မည်။
ဟန်မူယဲ့က ယုချန်ဓားဆေးလုံးကို ရရှိခဲ့သောကြောင့် သူက ကြယ်ခုနစ်စင်းနေမင်းဓားဝင်္ကပါကို တည်ဆောက်နိုင်သည်။
တာအိုဆရာတယန်၏စကားကို ကြားလိုက်ရသောအခါတွင် ကျိုးယွင်လုံက ဝင်ပြောသည်။
“မင်းရဲ့ကြွားဝါမှုတွေကို မမြင်နိုင်တာ ငါတို့အတွက် တကယ်နှမြောစရာပဲ”
“ဒါနဲ့ ယုချန်ဓားဆေးလုံးနဲ့ မင်းရဲ့ကြားမှာ ဘာဇာတ်လမ်းတွေရှိခဲ့တာလဲ။ ဒီည လသာတယ်။ ငါ့ကို ပြောပြပါ့လား”
....
တစ်ညကြာအောင်ကျင့်ကြံပြီးသောအခါတွင် ကောင်းကင်က တောက်ပလာပြီး အရှေ့အရပ်မှ ခရမ်းရောင်ချီများ ပေါ်ထွက်လာသည်။
မြစ်နှလုံးသားကျွန်းပေါ်တွင် လူတချို့ အော်ဟစ်လိုက်သည်။
ထို့နောက် ပုံရိပ်များလှုပ်ရှားသွားပြီး တချို့က ဓားပျံများကို စီးနင်းလိုက်သည်။ တချို့ကတော့ ကြေးခွံနက်ငါးမိစ္ဆာများ၏ကျောပေါ်သို့ တက်လိုက်သည်။
လင်တောက်တာအိုဂိုဏ်းအား ဝိုင်းရံနေသောလူများမရှိသလို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စောင့်နေသောလူများလည်း မရှိပေ။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ကိုယ့်အတွက်ကိုယ် ရှင်သန်နေသည့်အတွက် တခြားလူများအတွက် ဂရုစိုက်နေရန်မလိုပေ။
ဟန်မူယဲ့က ဝင်္ကပါပြားကိုသိမ်းလိုက်ပြီး ရယ်သည်။ သူ့ခြေထောက်အောင်တွင် ကျောက်စိမ်းဖြူရောင်တောင်ပံတစ်စုံပေါ်လာပြီး မြစ်တစ်လျှောက် ပျံသန်းသွားသည်။
သူမလှုပ်ရှားခင်မှာ ကူယွမ်လုံက ရှေ့တက်လာပြီး သူ့ရှေ့သို့ရောက်သွားသည်။
ဂိုဏ်းအသီးသီးမှ သောင်းချီနေသောလက်ရွေးစင်တပည့်များသည် အလျော့မပေးခဲ့ပေ။ ဓားအလင်းနှင့်ချီစွမ်းအင်အလင်းများသည် မြစ်ထဲတွင် မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။
ကောင်းကင်ထက်ရှိတိမ်တိုက်သည် ပြန်လည်ပေါင်းစပ်သွားခဲ့သည်။ မြစ်ကမ်းပါးနှစ်ဖက်တွင် ကျင့်ကြံသူများ၏မျက်နှာထားက ထူးဆန်းနေသည်။
လက်ရွေးစင်တပည့်များသည် တစ်ညအတွင်း ပြန်လည်မွေးဖွားလာသကဲ့သို့ မတူညီသောကိုယ်ဟန်များရှိနေသည်။
သူတို့က မြစ်ထဲတွင်ရှေ့ဆက်သွားနေပြီး အန္တရာယ်နှင့်ရင်ဆိုင်ရသောအခါတွင် ဦးဆောင်ပေးရန်အတွက် တခြားလူကို မလိုအပ်တော့ပေ။ တချို့လူများက အလိုလျောက် လှုပ်ရှားလာလိမ့်မည်။
လောယန်ချောက်နက်ထက် ကျဉ်းမြောင်းသောနေရာတွင် ရာချီနေသောဓာကျင့်ကြံသူများ စုပေါင်း၍ ဓားချက်တချို့ထုတ်သုံးပြီး မြစ်ကမ်းပါးတွင်ရှိသောတောင်နံရံကို ဖြိုချခဲ့သည်။
ရေတိမ်ပိုင်းသို့ရောက်သောအခါတွင် သူတို့က ပေါင်တစ်သိန်းခန့်လေးသော ကြေးခွံနက်ငါးများကို ဆွဲခေါ်သွားကြသည်။ တချို့က ပျံသန်းခြင်းတာမြစ်ဝင်္ကပါကိုဆန့်ကျင်၍ ကြေးခွံနက်ငါးကိုဆွဲပြီး မိုင်တစ်ရာခန့်အထိ ပျံသန်းသွားသည်။
ပေတစ်ထောင်မြင့်သောရေတံခွန်သို့ ရောက်လာသောအခါတွင် ထောင်ချီနေသော မြေဓာတ်ကျင့်ကြံသူများ ပူးပေါင်းလိုက်ပြီး ရေတံခွန်ကို ဖြိုချခဲ့သည်။
မြစ်ထဲတွင်ရှိသော လက်ရွေးစင်တပည့်များသည် တောက်ပမှုများကို ဆယ်ရက်ဆက်တိုက် ထုတ်ပြခဲ့သည်။
ဂိုဏ်းအသီးသီးပျိုးထောင်ထားခဲ့သော ခေါင်းဆောင်တပည့်များသည် တောက်ပနေဆဲဖြစ်သော်လည်း တချို့ကတော့ တိုက်ခိုက်နိုင်စွမ်းထူးချွန်သောလူများနှင့် အစားထိုးခံလိုက်ရသည်။
ဓားဖယ်ထုတ်ခြင်းဂိုဏ်း၏ ဟူဝူရှန့်သည် နာမည်မရှိသောလူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူက မြစ်ထဲတွင်သောင်းကျန်းနေပြီး ဓားကျင့်ကြံသူ၁၈ယောက်ကို ဆက်တိုက်စိန်ခေါ်ခဲ့သည်။ မြစ်ကိုဖြတ်သန်းသွားသောနဂါးတစ်ကောင်ဟု သူ့ကို ခေါ်ကြသည်။
တောင်တစ်ဝက်ကို လက်သီးတစ်ချက်ဖြင့်ဖြိုချခဲ့ပြီး မြစ်ရေစီးကို အသက်သုံးခါရှုချိန်အထိ ရပ်တန့်စေခဲ့သော ယုဟွားချန်လည်းရှိသည်။ သူက သစ်သားဝိညာဉ်တာအိုဂိုဏ်းတွင် အဆင့်အနိမ့်ဆုံးဖြစ်ခဲ့သည်။
ဟန်မူယဲ့က လက်ထဲတွင် ဓမ္မရတနာဓားကို ကိုင်ထားသည်။
အဖြူရောင်တောင်ပံတစ်စုံကလည်း ဓမ္မရတနာပင်ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကတွင် အင်မော်တယ်ဟန်ကဲ့သို့ ဓမ္မရတနာနှစ်ခုပိုင်သောလူ မရှိနိုင်ပေ။
အင်မော်တယ်ဟန်ပီသသည်။
....
ဆည်းဆာအချိန်တွင် သူတို့က တာအိုကို ဆွေးနွေးသည် အရုံတက်ချိန်တွင် သူတို့က ရေလှိုင်းများနှင့်ယှဉ်ပြိုင်သည်။
မြစ်ကမ်းပါးနှစ်ဖက်တွင် ကျင့်ကြံသူများက လက်ရွေးစင်တပည့်များ၏ တာအိုဆွေးနွေးပွဲမှတ်တမ်းကို ဖြန့်ထုတ်လိမ့်မည်။ နေ့ဘက်တွင် သူတို့က မြစ်ပေါ်တွင်တိုက်ခိုက်နေသော လက်ရွေးစင်တပည့်များကို စောင့်ကြည့်သည်။
တိမ်တိုက်များပေါ်တွင် လေထုသည် ပိုမိုထူးဆန်းနေသည်။
လင်တောက်တာအိုဂိုဏ်း၏ သူတော်စင်ဝမ်ဟွားမရှိသောအခါတွင် လူတိုင်းက စကားပြောလျက် ရယ်မောနေကြသည်။
သူတော်စင်ဝမ်ဟွားပေါ်လာသောအခါတွင် အားလုံး တိတ်ဆိတ်သွားသည်။
မြစ်ပေါ်တွင် ဟန်မူယဲ့က တောင်ပံတစ်စုံကိုစီးနင်းပြီး လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ထားသည်။
ကျင်းကျားလင်းကထိုကျောက်စိမ်းပေလွှာကို ငှက်တစ်ကောင်ဖြင့် ပေးဖို့ခဲ့သည်။
ကျောက်စိမ်းပေလွှာတွင်ပါသောအချက်အလက်များအရ ကြေးခွံနက်ငါးအုပ်စုတစ်ခုသည် မြစ်ရေကိုဆန်တက်၍ နှင်းတောင်တန်းများကိုဖြတ်သန်းပြီး မြောက်ပိုင်းသို့သွားခဲ့သည်။
ထိုဝိညာဉ်သံချပ်ကာမိစ္ဆာအုပ်စုသည် မြောက်ပိုင်းကုန်းမြေတွင် မျိုးပွာရန်စီစဉ်ခဲ့သည်။
သို့သော် မြောက်ပိုင်းသည် အလွန်အေးစက်သောကြောင့် သူတို့က ဖြည်းဖြည်းချင်းပဲ ပြန့်ပွားလာနိုင်သည်။
သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် မြောက်ပိုင်း၏နှင်းတောင်ဓားဘုရင်သည် ဓားကိုဆွဲထုတ်ပြီး တောင်ကိုဖြိုခွဲ၍ ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ဖိနှိပ်ခဲ့သည်။
မြောက်ပိုင်း၏နှင်းမိစ္ဆာများဟု လူသိများသော မိစ္ဆာအုပ်စုသည် ကြေးခွံနက်ငါးမိစ္ဆာများကို အကူအညီတောင်းခဲ့သည်။
ထို့ကြောင့် ကြေးခွံနက်ငါးမိစ္ဆာအုပ်စုသည် ရေစီးကိုဆန်တက်လာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လင်တောက်တာအိုဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။
ကြေးခွံနက်ငါးမိစ္ဆာမျိုးနွယ်တွင် ကျွမ်းကျင်သူများရှိနေဆဲဖြစ်ပြီး တောင်ပိုင်းကုန်းမြေတွင် ချင်းထုံနှင့်တိုက်ခိုက်ခဲ့သည်ဟု ကျောက်စိမ်းပေလွှာထဲတွင် ရေးသားထားသည်။ ငါးမိစ္ဆာအများစုသည် တားဆီးခံလိုက်ရသော်လည်း မြောက်ပိုင်းသို့လွတ်မြောက်သွားသောမိစ္ဆာတချို့ ရှိနေသေးသည်။
ဓားဘုရင်ယွမ်ထျန်းက ပြင်ပဘုံကျင့်ကြံသူ ကျောက်ဆောင်သူတော်စင်ကိုဖိနှိပ်ရန်အတွက် နဂါးတက်လှမ်းစင်မြင့်ကို တည်ဆောက်ခဲ့သည်။
ထိုကျင့်ကြံသူကြီးသည် ဂိုဏ်းတပည့်များ၏ ဝိညာဉ်၊ သွေးနှင့် ချီစွမ်းအားများကို လောင်ကျွမ်းပြီး ထိပ်တန်းအဆင့်ရတနာတစ်ခုကို အတားအဆီးအဖြစ်အသုံးပြု၍ မြေအောက်တွင်ရှိနေခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက အရှေ့ပင်လယ်၏ ပင်လယ်ငြိမ်သက်ခြင်းကျောက်တိုင်၁၃ခုကို အသုံးပြု၍ ကျောက်ဆောင်သူတော်စင်ကို ဖိနှိပ်ထားခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက သူသတ်ဖြတ်ခဲ့သောနဂါး၏ အစစ်အမှန်နဂါးပုလဲနှင့် အရှေ့ပင်လယ် ရေနဂါးကလန်၏ ပင်လယ်ငြိမ်သက်ခြင်းကျောက်တိုင်များကို လဲလှယ်ခဲ့သည်။ ထို့ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အစစ်အမှန်နဂါးအကြွင်းအကျန်ရှိနေကြောင်း ရေနဂါးကလန်က သိသွားခဲ့သည်။
ချင်းထုံက အခွင့်အရေးရှဖွေရန်အတွက် မြစ်ကိုဆန်တက်လာခဲ့သည်။
ကျောက်စိမ်းပေလွှာထဲတွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် သူတော်စင်ဝမ်ဟွားတို့ကြားရှိ သဘောတူညီချက်ကိုလည်း ဖော်ပြထားသည်။
သူတော်စင်ဝမ်ဟွားက သန့်စင်ရေကန်နှင့် နဂါးတက်လှမ်းစင်မြင့်အောက်တွင်ရှိသော အခွင့်အရေးများကို လဲလှယ်ခဲ့သည်။ ကြေးခွံနက်ငါးမိစ္ဆာများသည် အမျိုးမျိုးသောရတနာများနှင့် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ပေးရမည်။
အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးအကြောင်းကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်လုံးများကျဉ်းမြောင်းလိုက်သည်။
သူက ကောင်းကင်ဘုံအဆင့်မဟာမိစ္ဆာကို သတ်ဖြတ်ခဲ့သောအခါတွင် တည်နေရာရွေ့ပြောင်းနိုင်သောနေရာလွတ်ကလည်း ပျက်စီးသွားခဲ့သည်။ ရတနာအများအပြားက ပျက်စီးသွားခဲ့သော်လည်း သူက အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများကို မမြင်ခဲ့ရပေ။
‘ရတနာတွေက အခုထိရောက်မလာသေးတာလား ဒါမှမဟုတ် သူတော်စင်ဝမ်ဟွားကို ပေးလိုက်တာလား’ သူတွေးမိသည်။
သူတော်စင်ဝမ်ဟွားသည် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးသုံးတုံးနှင့် ပြင်ပဘုံအာကာသလမ်းကြောင်းကိုဖွင့်ရန် စောင့်ဆိုင်းနေခဲ့သည်။
အာကာသလမ်းကြောင်းပွင့်သွားခဲ့လျှင် ပြင်ပဘုံကျွမ်းကျင်သူများကို ဆွဲဆောင်မိလိမ့်မည်။
ထိုဖြစ်ရပ်ကို တားဆီးရမည်။
ကျောက်စိမ်းပေလွှာထဲတွင်ရှိသော အချက်အလက်များအားလုံးသည် လျှို့ဝှက်ချက်ဖြစ်သည်။
ဟန်မူယဲ့ကို ပြန်လည်ပေးဆပ်ရန်အတွက် ရေနဂါးများက အစွမ်းကုန်ထုတ်သုံးထားပုံပေါ်သည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကိုသိမ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။
ရှေ့တွင် တိမ်တိုက်များထဲအထိရောက်နေသော နှင်းတောင်များရှိနေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် မြောက်ပိုင်းကုန်းမြေ၏နယ်စပ်တွင် နှင်းတောင်တန်းများရှိနေသည်။
မြစ်ထဲတွင် လေတိုက်သံများကို ကြားနေရသည်။
ဓားအလင်းနှင့် ချီစွမ်းအင်အလင်းသည် နေအလင်းရောင်ကဲ့သို့ တောက်ပနေသည်။
ဤဆယ်ရက်အတွင်း၌ မရေမတွက်နိုင်လောက်သော လက်ရွေးစင်တပည့်များသည် အဆင့်တက်သွားခဲ့သည်။
မြစ်ကမ်းပါးတွင် လူအများအပြားက ကျင့်ကြံဆင့်တိုးတက်သွားပြီး စိတ်အခြေအနေ မြင့်မားလာခဲ့သည်။
မိုင်တစ်သောင်းခရီးသွားပြီး တာအိုကိုဆွေးနွေးခဲ့သည်။ ဤအကျိုးအမြတ်မျိုးကို နှစ်တစ်ရာအတွင်း၌ မြင်ရခဲသည်။
ယနေ့သည် ပြောင်းလဲရန်အချိန်ဖြစ်သည်။
ယနေ့တွင် နဂါးတက်လှမ်းစင်မြင့်၏ရှေ့တွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။ နည်းစနစ်အမျိုးမျိုးကို မြင်ရနိုင်သည်။
ဟန်မူယဲ့က တွန့်ဆုတ်နေပုံပေါ်သည်။
“ဘုန်း”
ရှေ့တွင်ရှိသော နှင်းတောင်ခြေတွင် နဂါးအင်းကွက်နှင့် ရွှေရောင်တိုင်လုံးများ ပေါ်ထွက်လာသည်။
တိုင်လုံးဆယ့်သုံးခုသည် အလယ်တွင်ရှိနေပြီး အစိမ်းရောင်သဘာဝစွမ်းအင်များ ထုတ်လွှတ်ပေးနေသော ကျောက်တိုင်တစ်ရာဖြင့် ဝိုင်းရံထားသည်။
တိုင်လုံးတစ်ခုချင်းစီသည် ဆယ်ပေမြင့်ပြီး ဆယ်ပေကျယ်သည်။
ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းကို ရရှိနိုင်ရန်အတွက် ရွှေနဂါးတိုင်လုံး၁၃ခုကို သိမ်းပိုက်ရန်လိုအပ်သည်။
နဂါးတိုင်လုံးကို အရင်ဆုံးမြင့်တက်လာအောင်လုပ်နိုင်သောဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လိမ့်မည်။
ဓားရှည်တစ်ချောင်းသည် ကောင်းကင်ထက်တွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။
ထိုဓားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်အကြီးအကဲကျူးရှန်၏ ဓားဖြစ်ခဲ့သည်။
ဟန်မူယဲ့၏မျက်လုံးများက အေးစက်လာသည်။
လက်ရွေးစင်တပည့်များအားလုံးသည် နှင်းတောင်ခြေသို့ပျံတက်သွားပြီး နဂါးတိုင်လုံးများကို တိတ်ဆိတ်စွာကြည့်နေသည်။
ယနေ့အတွက် မိုင်တစ်သိန်းခရီးသွားခဲ့သည်။
တိမ်တိုက်များပေါ်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏မျက်လုံးထဲတွင် မျှော်လင့်မှုများရှိနေသည်။
ဂိုဏ်းခေါင်းဆောင်လီမူပိုင်က သူတော်စင်ဝမ်ဟွားကို လှည့်ကြည့်သည်။
သူတော်စင်ဝမ်ဟွားက ခပ်ဟဟရယ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ဂိုဏ်းခေါင်းဆောင်လီ၊ စိတ်မပူပါနဲ့။ နဂါးတက်လှမ်းစင်မြင့်ရဲ့အောက်မှာ မရေမတွက်နိုင်လောက်တဲ့ရတနာတွေကို ဖိနှိပ်ထားတယ်။ ငါတို့က နဂါးတိုင်လုံးတွေကို မြင့်တက်လာအောင်လုပ်နိုင်ရင် အားထုတ်စရာမလိုဘဲ ရတနာတွေကို ရနိုင်လိမ့်မယ်”
“ငါက စိတ်မပူပါဘူး”
လီမူပိုင်၏မျက်နှာထားက တည်ငြိမ်နေပြီး တီးတိုးပြောသည်။
အောက်တွင် လင်တောက်တာအိုဂိုဏ်း၏ လီချင်းချန်က ဖြည်းဖြည်းချင်းနီးကပ်လာသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက နှာမှုတ်၍ ပျံသန်းသွားသည်။
သူ့နောက်တွင် လင်တောက်တာအိုဂိုဏ်း၏တပည့်များက ချီစွမ်းအင်ကိုထုတ်ဖော်၍ နဂါးတိုင်လုံးကို လွှမ်းခြုံလိုက်သည်။
“ဘုန်း”
ဓားအလင်းတစ်ခုပေါ်ထွက်လာပြီး လုချင်းချန်၏လမ်းကြောင်းကို တားဆီးလိုက်သည်။
လင်းရှန်က ဓားကိုင်ထားပြီး ရပ်နေသည်။
သူ့ဘေးတွင် လုကော၊ ကူယွမ်လုံနှင့် ဟယ်ရွှမ်ချီတို့က ဓားရိုးကို ကိုင်ထားသည်။
“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး စင်ပေါ်ကိုတက်ပါ”
လင်းရှန်က အော်ဟစ်လိုက်သည်။
“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး စင်ပေါ်ကိုတက်ပါ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက ပြိုင်တူအော်ဟစ်လိုက်သည်။
“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး စင်ပေါ်ကိုတက်ပါ”
ရုတ်တရက်ဆိုသလိုပဲ မရေမတွက်နိုင်သောအသံများ ပေါ်ထွက်လာသည့်အတွက် လင်တောက်တာအိုဂိုဏ်း၏တပည့်များ မျက်နှာထားပြောင်းလဲသွားသည်။
တိမ်တိုက်ပေါ်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများက ထို့ပါ့ချန်ကိုကြည့်သည်။
“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး စင်ပေါ်ကိုတက်ပါ”
နှင်းတောင်ခြေတွင် လက်ရွေးစင်တပည့်များအားလုံးက ဖြည်းဖြည်းချင်းလမ်းလျှောက်လာနေသော ဟန်မူယဲ့ကိုလှမ်းကြည့်သည်။
အဝေးတစ်နေရာတွင် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက လက်သီးဆုပ်ထားပြီး ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာကြည့်နေသည်။
မရေမတွက်နိုင်သောလက်ရွေးစင်တပည့်များက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်မော်တယ်ဟန်ကို နဂါးတက်လှမ်းစင်မြင့်ပေါ်သို့ ပထမဆုံးတက်ရောက်ရန် သဘောတူခဲ့သည်။
စင်မြင့်ပေါ်သို့ ပထမဆုံးတက်ရောက်နိုင်သောဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်သည်။
ယခုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းကို မဆုံးဖြတ်ရသေးသော်လည်း လူတိုင်း၏နှလုံးသားထဲတွင် ဆုံးဖြတ်ပြီးသွားခဲ့သည်။
သူတို့အားလုံးက မျှော်လင့်နေမိသည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင်ရှိသော တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားသည်။ သူက ရယ်လိုက်ပြီး အလယ်တွင်ရှိသော ရွှေနဂါးကျောက်တိုင်ပေါ်သို့ ပျံတက်သွားသည်။