အခန်း (၃၆၂)
Vol. 26 Ch. 362
ရှေ့ဆုံးတွင်ရပ်နေသော လင်တောက်တာအိုဂိုဏ်း၏ သူတော်စင်ဝမ်ဟွားက တည်ငြိမ်စွာပြောသည်။
“မဟာမိစ္ဆာတွေနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိရင် ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးသင့်ဘူး”
‘ရဲရင့်တဲ့ပုံစံမျိုးဖြစ်အောင် ကြိုးစားနေတာလား’ သူတွေးမိသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကိုယ်ပိုင်နဂါးကျောက်တိုင်ကို မကာကွယ်နိုင်ဘဲ တခြားလူကို ကူညီချင်နေသည်။ သူတို့က ရဲရင့်ချင်ယောင် ဆောင်နေသည်။
ယခုအချိန်တွင် မိစ္ဆာများက နဂါးကျောက်တိုင်ပေါ်သို့ရောက်လာပြီး တိုက်ခိုက်တော့မည်ဖြစ်သည်။
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ဓားကိုင်ထားသည်။
သူက ပတ်ဝန်းကျင်နှင့်ပေါင်းစပ်လိုက်သောအခါတွင် နှင်းတောင်ခြေတွင်ရှိသော ဖိနှိပ်နိုင်စွမ်းကို ခံစားမိသည်။
သူက ထိုစွမ်းအားကို စပါးစိမ်းတောင်ကုန်းတွင်လည်း ခံစားမိခဲ့သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ရှစ်ဟမ်တာအိုဂိုဏ်းမှ တောင်တန်းဓား၏စွမ်းအားဖြစ်သည်။
ဤနေရာတွင်ရှိနေသောအရာသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများမဟုတ်ဘဲ တာအိုဓားတစ်ဝက်ဖြစ်သည်။
တာအိုဓား၏ တခြားတစ်ဝက်သည် ဟန်မူယဲ့၏လက်ထဲတွင်ရှိသည်။
ကောင်းကင်နှင့်အပြည့်ဖြစ်နေသော မိစ္ဆာများကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။
အောက်တွင် ဖိနှိပ်ထားသောကျွမ်းကျင်သူရှိနေလျှင် ဖြစ်လာမည့်အကျိုးဆက်များကို စဉ်းစားရန်လိုအပ်သည်။
သို့သော် တောင်တန်းတာအိုဓားဖြစ်နေလျှင်တော့ ပြဿနာမရှိပေ။
ဟန်မူယဲ့က ဓားရိုးကိုလွှတ်လိုက်ပြီး လက်မြှောက်၍ လက်ညှိုးညွှန်သည်။
တိမ်တိုက်နဂါးဓားသည် နဂါးတစ်ကောင်အဖြစ်ပြောင်းလဲပြီး ပျံထွက်သွားသည်။
“ဘမ်း ....”
နဂါးသည် ပေတစ်ထောင်ရှည်သောကြေးခွံနက်ငါးကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ သွေးများက ရေတံခွန်ကဲ့သို့ ကျဆင်းလာသည်။
နဂါးကျောက်တိုင်ကို သွေးများစွန်းပေသွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးကျောက်တိုင်သည် လျင်မြန်စွာမြင့်တက်သွားသည်။
တိမ်တိုက်နဂါးဓားသည် ထပ်မံလှုပ်ရှားပြီး ပေတစ်ထောင်ရှည်သောကြေးခွံနက်ငါးတစ်ကောင်ကို သတ်လိုက်ပြန်သည်။
နဂါကျောက်တိုင်က ပေလေးထောင်အကွာသို့ရောက်လာသောအခါတွင် ဟန်မူယဲ့၏ပတ်ပတ်လည်တွင်ရှိသောအဝါရောင်အတားအဆီးက တုန်ခါလာပြီး ကောင်းကင်ထက်တွင် ဟိန်းဟောက်သံထွက်လာသည်။
ထိုအရာသည် ဖိအား၏အကန့်အသတ်ဖြစ်သည်။
ဟန်မူယဲ့က ဖိအားထွက်ပေါ်လာသောနေရာကို ကောင်းမွန်စွာသိနေသည်။
ဤနေရာသည်ချုပ်နှောင်ခြင်းဝင်္ကပါဖြစ်ပြီး တာအိုဓားကိုဖိနှိပ်ရန်အတွက် အသုံးပြုထားသည်။
ဝင်္ကပါ၏ချုပ်နှောင်ခြင်းမှ တာအိုဓားလွတ်မြောက်လာရန်အတွက် မိစ္ဆာများ၏သွေးကို ထပ်မံလိုအပ်နေသေးသည်။
ဟန်မူယဲ့က တိမ်တိုက်နဂါးဓားကိုသိမ်းလိုက်ပြီး လေထုထဲရှိမိစ္ဆာများကို ကြည့်သည်။
အောက်တွင်ရှိသော လင်တောက်တာအိုဂိုဏ်း၏ နဂါးကျောက်တိုင်ပေါ်တွင် လုချင်းချန်က ရယ်လိုက်သည်။
“မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နဂါးကျောက်တိုင်ကို ဘယ်လိုကာကွယ်မလဲကြည့်ရအောင်”
များပြားလှသောမိစ္ဆာများ၏တိုက်ခိုက်မှုအောက်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်နေလျှင်ပင် နဂါးကျောက်တိုင်ကို ကာကွယ်နိုင်မည်မဟုတ်ပေ။
ဂိုဏ်းကိုးဂိုဏ်း၏ နံပတ်တစ်ဖြစ်လုနီးပါးဖြစ်နေသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကျဆင်းသွားမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
အရေးအကြီးဆုံးအနေဖြင့် မိစ္ဆာများတိုက်ခိုက်လာလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်မှ ပါရမီရှင်ဖြစ်သူ အင်မော်တယ်ဟန်သည် သေဆုံးသွားရလိမ့်မည်။
လူတိုင်းက စကားမပြောရဲဘဲ စောင့်ကြည့်နေသည်။
အင်မော်တယ်ဟန်က နဂါးကျောက်တိုင်ကို အရှုံးပေးမည်လား သို့မဟုတ် အသက်စွန့်၍ တိုက်ခိုက်မည်လား။
“ဟင်း၊ သူ့လက်ထဲမှာရှိနေတဲ့ ဓမ္မရတနာကြောင့်သာမဟုတ်ရင် အရှုံးပေးလိုက်ရတာ ကြာနေပြီ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဘယ်လောက်သန်မာတယ်လို့ သူထင်နေတာလဲ”
တိမ်တိုက်ပေါ်တွင် လင်တောက်တာအိုဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သူ သူတော်စင်ဝမ်ဟွားက ရုတ်တရက်စကားပြောလိုက်သည်။
သူက အသံကို ဖုံးကွယ်မထားသောကြောင့် သူ့အသံက အောက်အထိရောက်သွားသည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓမ္မရတနာကြောင့် အားကောင်းသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ခွန်အားမရှိပေ။
ထိုအချိန်တွင် လူတချို့က မျက်လုံးများတောက်ပသွားပြီး တချို့က ခေါင်းခါလျက် ညင်သာစွာရယ်မောနေသည်။ တချို့က သက်ပြင်းချသည်။
“ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ခွန်အားမရှိဘူးတဲ့လား”
ထိုအချိန်တွင် အဝေးတစ်နေရာမှ အသံထွက်လာသည်။
ထိုအသံက မကျယ်သော်လည်း လူတိုင်းကြားလိုက်ရသည်။
ထိုအသံကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏မျက်နှာထား ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံအဆင့် …
ကောင်းကင်ဘုံအဆင့်၏စွမ်းအားဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။
တိမ်တိုက်များပေါ်တွင် ထို့ပါ့ချန်က ထူးဆန်းသောမျက်နှာထားဖြင့် နှင်းတောင်တန်းများကို လှည့်ကြည့်သည်။
ဟန်မူယဲ့ကလည်း နှင်းတောင်တန်းဘက်သို့ ကြည့်လိုက်သည်။
တုန်ခါနေသောမြေပြင်ကို လူတိုင်းခံစားနိုင်သည်။
ချက်ချင်းဆိုသလိုပဲ နှင်းတောင်များ တစ်တောင်ပြီးတစ်တောင် ပြိုကျသွားသည်။
“ဘုန်း”
လောကတစ်ခုလုံး ပြိုကျသွားသည်။
မြေပြင်ထက်မှ ကောင်းကင်ပေါ်သို့ နှင်းတောင်များပျံတက်လာသည်။
နှင်းတောင်၏အောက်တွင် လူတစ်ယောက်ရှိနေသည်။
သူက ကျောပေါ်တွင် နှင်းတောင်ကို သယ်ထားသည်။
လောကတွင် မည်သူက ထိုသို့ခွန်အားမျိုး ရှိနိုင်မည်နည်း။
တိမ်တိုက်များပေါ်တွင် လူတိုင်းထိတ်လန့်သွားသည်။
ရှေ့ဆုံးတွင်ရပ်နေသော သူတော်စင်ဝမ်ဟွားနှင့် လီမူပိုင်တို့ကလည်း ထိတ်လန့်သွားသည်။
နဂါးကျောက်တိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်က မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။
သူက ကျောက်တုံးနှင့်မြေဓာတ်မျိုးဆက်ကို ကျင့်ကြံပြီး တိုက်ပွဲတွင် ခွန်အားထုတ်ပြခဲ့သည်။
သို့သော် နှင်းတောင်သုံးခုအားသယ်ထားသော လူတစ်ယောက်ကို သူမြင်နေရသည်။
ကျောက်တုံးနှင့်မြေဓာတ်မျိုးဆက်တွင် ထိုသို့ အားကောင်းသောကျွမ်းကျင်သူမျိုး ရှိနေသည်။
နဂါးကျောက်တိုင်များအောက်တွင် လက်ရွေးစင်တပည့်များက နှင်းတောင်သုံးလုံးကို မယုံကြည်နိုင်စွာကြည့်နေသည်။
တိုက်ပွဲကိုစောင့်ကြည့်နေသော ကျင့်ကြံသူများက ထိတ်လန့်စွာနောက်ဆုတ်သွားကြသည်။
စိတ်ကူးမယဉ်နိုင်လောက်သော ကျွမ်းကျင်သူတစ်ဦး ရောက်လာခဲ့သည်။
“မြောက်ပိုင်းကုန်းမြေရဲ့ နှင်းတောင်ဓားဘုရင်က ကျောပေါ်မှာ နှင်းတောင်သုံးလုံကိုသယ်ထားပြီး နှင်းမိစ္ဆာကလန်ကို ဖိနှိပ်ခဲ့တယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ နံပတ်တစ်တိုက်ရိုက်တပည့် တင်းချွန်ကန်း”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်တပည့် …
နှင်းတောင်သုံးလုံးကိုသယ်ထားသော ပြိုင်ဘက်ကင်းကျွမ်းကျင်သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်တိုက်ရိုက်တပည့်ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထိုကျွမ်းကျင်သူမျိုး ရှိနေသည်။
ကျွမ်းကျင်သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထုတ်ပြောခဲ့သော်လည်း သူတို့က မယုံကြည်နိုင်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် ဟန်မူယဲ့က တစ်ဖက်လူ၏နာမည်ကို ထုတ်ပြောခဲ့သည်။
တိမ်တိုက်များပေါ်ရှိကျွမ်းကျင်သူများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေပေါ်တွင် တပည့်၉၉ယောက်ပဲရှိခဲ့ကြောင်း သတိရလိုက်သည်။ နေရာတစ်နေရာ လွတ်နေခဲ့သည်။
ယခု ထိုတပည့်ရောက်လာခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်တိုက်ရိုက်တပည့် တင်းချွန်ကန်း …
“ဟားဟား၊ မင်းက ဟန်ဆယ့်ကိုးမဟုတ်လား”
“မင်းက အရမ်းသန်မာတယ်လို့ ရွှမ်ခုံးဘုရားကျောင်းရဲ့ဘုန်းကြီးက ပြောခဲ့တယ်။ ငါပြန်မသွားရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အမွေအနှစ်က မင်းရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်တဲ့”
ကောင်းကင်ထက်တွင် တိမ်တိုက်နှင့်မိုးကြိုးများက အသံနှင့်ပေါင်းစပ်ပြီး တုန်ခါသွားသည်။
ထိုအသံက နှင်းတောင်များကို တုန်ခါသွားစေပြီး နှင်းများပြိုကျလာသည်။
“ဂိုဏ်းကိုးဂိုဏ်းရဲ့နံပတ်တစ်နေရာကိုရသွားရင် မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အမွေအနှစ်ကို ထိန်းချုပ်နိုင်ဖို့အရည်အချင်းရှိလား စစ်ဆေးကြည့်ပါရစေ”
တင်းချွန်ကန်း၏အသံထဲတွင် အဆုံးမရှိသောတိုက်ခိုက်လိုစိတ်များ ပါဝင်နေသည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် ကလေးကစားပွဲတစ်ခုသာဖြစ်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အမွေအနှစ်က ပိုအရေးကြီးပုံပေါ်သည်။
တင်းချွန်ကန်းက ဟန်မူယဲ့နှင့် တိုက်ခိုက်ချင်သည်။
ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး ညင်သာစွာခေါင်းညိတ်သည်။
“ကောင်းပြီ”
ဟန်မူယဲ့၏အဖြေကို ကြားလိုက်ရသောအခါတွင် တင်းချွန်ကန်းက ကျယ်လောင်စွာရယ်သည်။ သူကျောပေါ်တွင်ရှိသောနှင်းတောင်များကို ပစ်ချလိုက်သည်။
“မင်းတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက လက်မလျော့သေးဘဲ မြောက်ပိုင်းကို ကျူးကျော်ချင်နေတာလား”
“ကောင်းပြီ။ မင်းတို့ ရောက်လာသလောက် ငါသတ်ပေးမယ်”
နှင်းတောင်သုံးလုံးတွင် တစ်လုံးက ကျားလင်မြစ်ထဲသို့ ကျသွားသည်။
နောက်တစ်လုံးက နဂါးကျောက်တိုင်ဆီသို့ တိုးဝင်သွားသည်။
နောက်ဆုံးတစ်လုံးက ပေါက်ကွဲပြီး ပေတစ်သောင်းရှည်လျားသော နှင်းဓားရှည်အဖြစ်ပြောင်း၍ ခုတ်ချလိုက်သည်။
“ဘုန်း”
မြစ်ထဲသို့ကျသွားသောနှင်းတောင်သည် မြစ်ကို ချက်ချင်းနှစ်ခြမ်းခွဲလိုက်သည်။ မရေမတွက်နိုင်လောက်သော ကြေးခွံနက်ငါးမိစ္ဆာများသည် တောင်အောက်တွင်ဖိနှိပ်ခံရပြီး အမှုန့်ဖြစ်သွားသည်။
ကောင်းကင်ထက်တွင် သွေးချီနှင့် မိစ္ဆာချီများပြည့်နေသည်။
ပေတစ်သိန်းမြင့်မားသောနှင်းတောင်ပေါ်တွင် နှင်းမြူခိုးများထွက်ပေါ်လာပြီး ကြေးခွံနက်မိစ္ဆာများ၏သွေးနှင့်ချီကို စုစည်း၍ သွေးရောင်ပုတီးစေ့များအဖြစ် ပြောင်းလဲလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က အံ့အားသင့်သွားသည်။
ထိုနည်းလမ်းသည် ဓားဆေးလုံးကိုထိန်းချုပ်သော နည်းလမ်းဖြစ်သည်။
“အဲဒါက ဖုံးကွယ်တောင်၊ ဖုံးကွယ်တောင်ဓားဆေးလုံးပဲ”
တာအိုဆရာတယန်က အံ့အားသင့်စွာပြောသည်။
“စုစုပေါင်း ဖုံးကွယ်တောင်ဓားဆေးလုံး ခြောက်လုံးရှိတယ်။ ကောင်းကင်စက်ဝန်းဓားဝင်္ကပါမှာ သူတို့က တောင်နဲ့မြစ်တွေကို ဖိနှိပ်ရတယ်”
“တင်းချွန်ကန်းက ဖုံးကွယ်တောင်ဓားဆေးလုံးကိုရပြီး နှင်းမိစ္ဆာတွေကိုဖိနှိပ်ဖို့အတွက် မြောက်ပိုင်းကိုထွက်သွားတာဖြစ်လိမ့်မယ်”
“ဒါက ဓားဘုရင်ယွမ်ထျန်းချန်ထားခဲ့တဲ့ ဝှက်ဖဲဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
တာအိုဆရာတယန်က တီးတိုးပြောသည်။
“မင်းနဲ့တင်းချွန်ကန်းတိုက်ခိုက်ရမှာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အမွေအနှစ်တစ်ခုတည်းတင် မဟုတ်လောက်ဘူးထင်တယ်”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမွေအနှစ်တင်မကဘဲ ဓားဘုရင်ယွမ်ထျန်း၏ အမွေအနှစ်အတွက်လည်းဖြစ်သည်။
“ဘုန်း”
ဒုတိယနှင်းတောင်သည်နဂါးကျောက်တိုင်၏အထက်တွင်ရှိသော လေထုထဲသို့ ရောက်လာသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိငါးမိစ္ဆာများကို သွေးမြူအဖြစ် ပြောင်းလဲလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
ဟန်မူယဲ့က မျက်ခုံးပင့်သည်။
သူက မိစ္ဆာများ၏အသွေးအဆီအနှစ်ဖြင့် နဂါးကျောက်တိုင်ကို မြှင့်တင်ရဦးမည်။ တင်းချွန်ကန်းက သွေးအဆီအနှစ်များအားလုံး ယူသွားလို့မရပေ။
မြည်သံနှင့်အတူ တိမ်တိုက်နဂါးဓားက ပျံသန်းထွက်လာပြီး ကြေးခွံနက်ငါးမိစ္ဆာအချို့ကို သတ်ဖြတ်လိုက်သည်။
“ဂါး ....”
ကျားလင်မြစ်ထဲတွင် ဟိန်းသံတစ်ချက်ပေါ်ထွက်လာပြီး အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် ပြေးထွက်လာသည်။
ကောင်းကင်ဘုံအဆင့် …
တစ်ယောက်ထက်ပိုသည်။
ရေထဲမှ ခြောက်ယောက်ပြေးထွက်လာသည်။
ဧရာမဓားကြီးကိုထိန်းချုပ်ထားသော တင်းချွန်ကန်းက ရယ်မောလိုက်ပြီး ပျံထွက်သွားသည်။
ယခုအချိန်တွင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် အနှောင့်အယှက်များမရှိတော့ပေ။
လင်တောက်တာအိုဂိုဏ်း၏ နဂါးကျောက်တိုင်ပေါ်တွင် လုချင်းချန်နှင့် နောက်တွင်ရှိသောလူသုံးယောက်က မည်းမှောင်နေသောမျက်နှာထားများဖြင့် ထိုးတက်သွားသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ကျောက်တိုင်ကို ကြည့်နေရသည်။
သူ့ကို တားဆီးနိုင်သူမရှိတော့ပေ။
သူ့ကို တားဆီးရဲသောလူမရှိပေ။
နောက်ဆုံးအချိန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူခြောက်ဦးကို တစ်ဦးတည်းတိုက်ခိုက်နိုင်သော ကျွမ်းကျင်သူတစ်ယောက်ပေါ်လာခဲ့သည်။
ကျားလင်မြစ်ထဲတွင် ဓားအလင်းရောင်တောက်ပနေသည်။
ကောင်းကင်ဘုံအဆင့်မိစ္ဆာခြောက်ယောက်သည် တင်းချွန်ကန်း၏ဓားအလင်းကို မဖိနှိပ်နိုင်ခဲ့ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နာမည်မကြီးသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်တိုက်ရိုက်တပည့် တင်းချွန်ကန်းသည် စိတ်ကူးမယဉ်နိုင်လောက်သောတိုက်ခိုက်နိုင်စွမ်းကို ထုတ်ပြနေသည်။
တိမ်တိုက်များပေါ်တွင် တိတ်ဆိတ်မှုပဲရှိနေသည်။
“ဝီ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးကျောက်တိုင်က ပေငါးထောင်သို့ရောက်လာသောအခါတွင် လောကတစ်ခုလုံး တုန်ခါသွားပြီး မြေအောက်မှ ဟိန်းဟောက်သံထွက်လာသည်။
နဂါးကျောက်တိုင်များအားလုံး တုန်ခါလာသည်။
တိမ်တိုက်များပေါ်တွင် သူတော်စင်ဝမ်ဟွားနှင့် လီမူပိုင်က ပျော်ရွှင်သွားသည်။
ဟန်မူယဲ့က အောက်သို့ငုံ့ကြည့်သည်။
ရွှေရောင်ချီစွမ်းအင်များ ပေါ်ထွက်လာသည်။
ထိုအရာသည် တောင်တန်းတာအိုဓား၏ ဓားချီဖြစ်သည်။
တောင်တန်းတာအိုဓားသည် ကျိုးပဲ့သွားခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရသည်။ မဟာမိစ္ဆာများ၏သွေးမရှိလျှင် ဓားသည် နိုးထလာနိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် ဖိနှိပ်ထားသောနဂါးကျောက်တိုင်က ဆွဲထုတ်ခံလိုက်ရပြီး မဟာမိစ္ဆာ၏သွေးများ ရောနှောနေသောကြောင့် တာအိုဓား၏စွမ်းအင်ကို အသက်သွင်းနိုင်ခဲ့သည်။
ဟန်မူယဲ့က နဂါးကျောက်တိုင်ပေါ်တွင်ရပ်နေပြီး သူ့ရှေ့တွင်လွင့်မျောနေသောဓားကို ဆွဲယူသည်။
ထိုဓားရှည်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်အကြီးအကဲ ကျူးရှန်၏ဓားဖြစ်သည်။
ထိုဓားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အရှက်ရမှုများနှင့် အခက်အခဲများကို ဖော်ပြသည်။
သူက ဓားရိုးကိုဆုပ်ကိုင်ပြီး ဓားချီများထည့်သွင်းလိုက်သည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဆုံးရှုံးမှုများခံစားရပြီး အကြီးအကဲများ ဒုက္ခရောက်ခဲ့သည်။
ဓားစံအိမ်၏အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။
ကြင်နာတတ်ပုံရသောလူအိုကြီးသည် နေ့ရောညပါကျင့်ကြံပြီး နောက်ဆုံးတွင် ဓားရှည်နှင့်ပေါင်းစပ်နိုင်ခဲ့သည်။ သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားကို ရရှိခဲ့သည်။
လူအိုကြီးသည် နေရာတိုင်းတွင်တိုက်ခိုက်ပြီး ပြိုလဲလုနီးပါးဖြစ်နေသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကာကွယ်ခဲ့သည်။