ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကာကွယ်ဖို့မွေးဖွား လာတာ
Vol. 19 Ch. 361
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင် မင်းက ငါ့ကိုဘယ်တုန်းကမှ စိတ်မပျက် စေခဲ့ဘူး” ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ စိတ်ရင်းဖြင့် ပြော လိုက်သည် “မင်းသိလား.. အချိန်တော်တော်များများမှာ ငါက အကြောက်အလန့်ကင်းပြီး လုပ်ချင်တာလုပ်လို့ မင်းဒီကိုရောက်လာတယ်ဆို တာကို ငါသိလို့လေ.. မင်းရှိနေရင် ငါ့ဒဏ်ရာတွေ ဘယ်လောက်ပဲပြင်းထန်ပါစေ မင်းကြောင့် ငါသေမှာမဟုတ်ဘူး”
“ပေထင်းဟွမ် မင်းပြောတာမှန်တယ်” ကိုးရောင်မီးတောက် ပျံ့လွင့်သွား သော်လည်း မင်၏နူးညံ့သော ခန္ဓာကိုယ်အရိပ်အယောင်ကို မတွေ့ရပေ။ သူ့ အသံတစ်ခုသာ နွေဦးလေပြေကဲ့သို့ဖြစ်နေသည် “မင်းနဲ့ငါက အသက်စာချုပ်ရှိ နေတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ယုံရမယ်လေ.. အဲဒါကအကောင်း ဆုံးပဲ.. ပေထင်းဟွမ် ငါက ကမ္ဘာဦးကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့် မင်းနဲ့ စာချုပ်တည်ထောင်ခဲ့တာဆိုပေမဲ့ မင်းတစ်ယောက်တည်းမှာပဲ ကမ္ဘာဦး ကစဥ့်ကလျားနတ်အရင်းအမြစ် ရှိတာလေ.. ဒါကကံကြမ္မာပဲ.. ငါတို့ ဝိညာဉ် တွေကဆက်စပ်လို့မရရင်၊ မင်းသာ ငါ့ကိုမယုံရင် နိဗ္ဗာန်ကိုပဲ ပြန်ဝင်ဖို့ ငါရွေးတာပဲကောင်းလိမ့်မယ်”
အဆင့်မြင့်မှော်သားရဲများအားလုံးသည် ၎င်းတို့၏ကိုယ်ပိုင် မွန်မြတ်သော ဂုဏ်သိက္ခာရှိကာ အလွန်အမင်း ထောင်လွှားကြသည်။ ၎င်းသည် မင်ကဲ့သို့ ဘုရင်တစ်ပါးအတွက် အထူးတလည် မှန်ကန်သည်။ သူ၏သွေးသားဆက်ခံမှု သည် အလွန်အားကောင်းကာ လူသားများ၏ စာချုပ်မှော်သားရဲဖြစ်ရန် ပို၍ မလိုလားကြပေ။
သို့သော် ပေထင်းဟွမ်ကို မင်ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ သူသည် ကစဥ့် ကလျားနတ်အရင်းအမြစ်ကြောင့် သူမကို အစကတည်းကပင် ရွေးချယ်ခဲ့သည်။ ပေထင်းဟွမ်သည် သူ့ကို ဆင့်ခေါ်ခဲသည်။ သို့သော် ပေထင်းဟွမ်၏ ခြွင်းချက် မရှိ ယုံကြည်မှုသည် မင်ကို ရင်ထဲထိစေလောက်သည်။
“ဇာမဏီ ငါက ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကာကွယ်ဖို့ မွေးဖွား လာတယ်ဆိုပေမဲ့ နှစ်ပေါင်းတစ်သောင်းကြာပြီးတော့ ကစဥ့်ကလျားနတ် အရင်းအမြစ်ကို ကာကွယ်တာက ငါ့တာဝန်မဟုတ်တော့ဘူး.. လက်လျှော့ တော့မယ့်အချိန်မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို အာရုံခံမိခဲ့တယ်.. အဲဒါ ကြောင့် ဒီလောကကို ရောက်လာတာပဲ.. ဒါပေမဲ့ ကစဥ့်ကလျားနတ်အရင်း အမြစ်ကိုပိုင်ဆိုင်တဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာ ငါ မသိဘူး.. မင်းစိတ်ထဲက မာကြောမှုကို ခံစားမိပြီးတော့ မိုးကြိုးသွားကို စမ်းသပ်ပြီး ဆွဲဆောင်ဖို့ ငါ ခိုင်း လိုက်တာ.. အဲဒါကြောင့် မင်းကို ငါ့သခင်အဖြစ်ရွေးဖို့ ဆုံးဖြတ်လိုက်တာ.. ဇာမဏိ မင်းစိတ်ထဲမှာ ယုံကြည်မှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေရှိနေတာကို ငါ အကြိမ် တိုင်းခံစားမိတယ်.. ငါ တွေ့တဲ့လူက မင်းပဲ” မင်၏ အသံသည် ထိုလေဟာပြင် တွင် တိုက်ခတ်နေသည့် လေပြေညှင်းကဲ့သို့ပ့င်။ အမြဲတမ်းလွှမ်းမိုးနိုင်ပြီး မောက်မာကာ အေးစက်သောသူသည် ဤမျှနူးညံ့နိုင်သလားဟုပင် တွေးရခက် သည်။
ပေထင်းဟွမ်သည် ပျော်မိသည်။ သူမသည် မင်၏ လွှမ်းမိုးနိုင်မှုကို သဘောကျသည်။ မင်သည်လည်း သူမ၏ထောင်လွှားမှုကို လေးစားသည်။ လူတစ်ယောက်၏ အကျင့်စရိုက်ထက် မည်သည့်အရာမှ အရေးမကြီးပေ။ လူတစ်ယောက်၏ ခွန်အားသည် တဖြည်းဖြည်းတိုးလာနိုင်သည်။ မင်ပြောခဲ့သလိုပင် ဇွဲရှိရန် အရေးအကြီးဆုံးဖြစ်သည်။ သန်မာသောလူတစ်ဦး ၏ စိတ်နှလုံးသည် တန်ဖိုးအရှိဆုံးဖြစ်သည်။ ဝိညာဉ်သခင်နှင့် စာချုပ်သားရဲတို့ အကြားတွင် ကံကြမ္မာသည် ပြီးပြည့်စုံသောအရာဖြစ်သည်။ ကိုယ်ရည်ကိုယ် သွေးအမျိုးမျိုးနှင့် လူအမျိုးမျိုးရှိကြသည်။ ပေထင်းဟွမ်နှင့် မင်တို့ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်လေးစားကြသူမှာ ရှားပါးလှသည်။
“မင် မင်းနဲ့တွေ့ရတာ ငါ အရမ်းကံကောင်းတယ်.. မင်းမရှိရင် ငါ့မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိရင်တောင် အသုံးမဝင်နိုင်တာ ငါသိပါတယ်” ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် “မင် စိတ်မပူနဲ့ ငါ သေချာပေါက် သန်မာလာမှာ.. မှော်သားရဲတွေရဲ့ အသက်က လူသားတွေထက်တောင် ပိုရှည်သေးတယ်.. မင်းဖြစ်ဖြစ် တခြားစာချုပ်သားရဲ တွေဖြစ်ဖြစ် ငါ့ကြောင့်နဲ့ မထိခိုက်စေရဘူး”
“ပေထင်းဟွမ် ငါ မင်းကိုယုံတယ်” ကိုးရောင်မီးသည် ပေထင်းဟွမ်အား ခုန်အုပ်ပြီး နူးညံ့သောအင်အားတစ်ခုသည် သူမကို လေဟာပြင်မှ ဆွဲထုတ်သွား လေသည်။ မင်သည် သူမကို အဝေးသို့ပို့လိုက်သည်ကို ပေထင်းဟွမ်သိသည်။ သူ့အသံသည် ကိုးရောင်မီးကိုဖြတ်ပြီး သွားလာနေသည် “ဇာမဏီ ငါက မွေးကင်းစအဆင့်ကနေ ကြီးထွားတဲ့အဆင့်ကို ဝင်တော့မှာ.. နောက်လပိုင်း လောက် အိပ်ပျော်နေလိမ့်မယ်.. ငါ မင်းကို ကူညီနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ မင်း ခန္ဓာကိုယ်ကို ကိုးရောင်နိဗ္ဗာန်မီးက ပိုမြင့်တက်စေမှာ.. မင်း ကိုးရောင်နိဗ္ဗာန်မီး ကို လွတ်လွတ်လပ်လပ်ဆင့်ခေါ်နိုင်တယ်.. နတ်အဆင့်ကျွမ်းကျင်သူကတောင် ဒီလိုမီးကို ကြောက်ကြတယ်.. မင်း ကောင်းကောင်းအသုံးပြုရင် နောက်ဆို အထောက်အကူကြီးဖြစ်လိမ့်မယ်…”