← Chapters

ဘေးဒုက္ခထဲမှ ကောင်းကျိုး

Vol. 19 Ch. 362

ဘေးဒုက္ခထဲမှ ကောင်းကျိုး

Vol. 19 Ch. 362

မွေးဖွားစစာချုပ်သားရဲ၏ မွေးဖွားခြင်းမီးသည် ဝိညာဉ်သခင်တစ်ဦး အတွက် အထောက်အကူကြီးကိုဖြစ်စေသည်။ ပင်မတိုက်ကြီးတွင် အဂ္ဂိရတ် ပညာရှင်များနှင့် ဆေးသန့်စင်သူများအတွက် မီးရရှိရန် နည်းလမ်းလေးမျိုးရှိ သည်။ သာမန်မီး၊ လူတစ်ဦး၏ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲစေနိုင်သည့် မီးဒြပ်စင်ကို စုပ်ယူခြင်း၊ စာချုပ်မှော်သားရဲများမှရရှိသည့် မွေးဖွားခြင်းမီးနှင့် မွေးဖွားခြင်းမီးခန္ဓာကိုယ်ဟူ၍ ရှိသည်။ နောက်ဆုံးတစ်ခုမှာ အထူးတလည် ရှားပါးသည်။ ဆေးသန့်စင်ခြင်းအရည်အသွေး သို့မဟုတ် သန့်စင်ရေးလက်နက် များသည် မီးနှင့် အနီးစပ်ဆုံးဖြစ်သည်။ သာမန်မီးများသည် အဆင့်မြင့် ဝိညာဉ်လက်နက်များ သို့မဟုတ် ဆေးများကို မသန့်စင်နိုင်ပေ။ မွေးဖွားခြင်း မီးခန္ဓာကိုယ်သည် မှတ်တမ်းများတွင်ရှိသည့် ဒဏ္ဍာရီလာတည်ရှိမှုဖြစ်ကာ မည်သူမှ မျက်လုံးနှင့်တပ်အပ်မမြင်ဖူးကြပေ။ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲရန် မီးဒြပ်စင်စွမ်းအင်စုပ်ယူခြင်းသည် အလွန်စွန့်စားရာကျသည်။ ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်နှင့် သန့်စင်သူများသည် မွေးဖွားခြင်းမီးတောက် ရှိသည့်မှော်သားရဲများကို ရွေးချယ်စာချုပ်တည်ထောင်ကာ ဆေးသို့မဟုတ် လက်နက်သန့်စင်ရာတွင် မှော်သားရဲများ၏ မီးတောက်ကို အသုံးပြုကြသည်။

ကိုးရောင်မီးများသည် သူမမျက်စိရှေ့တွင် တဖြည်းဖြည်းပျောက်ကွယ် သွားကာ မင်၏အသံသည်လည်း ပျောက်ကွယ်သွားလေသည်။ သူမခေါင်းထဲ တွင် အုန်းခနဲအသံထွက်လာပြီးနောက် ရင်းနှီးသောအသံတစ်ခုသည် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲမှ ထွက်လာကာ သူမ၏ခေါင်းကို ကိုက်ခဲ သွားစေသည်။

“အိုး ကောင်းတယ် ကောင်းတယ် ဟားဟား သခင့်ရဲ့ သိုလှောင်လက်ပတ် က တကယ်ကြီးကျယ်လာပြီ” မိုးကြိုးသွား၏ အသံဖြစ်ကာ အသံနေအသံထား မှာ အလွန်ပင် နှလုံးသားမဲ့လှသည်။

“အရူး ခုနက ငါတို့ သခင်နဲ့ စာချုပ်ပျက်တော့မလိုဖြစ်သွားတာကို ဘာလို့ စိတ်မပူတာလဲ” လျှပ်စီးသည် မိုးကြိုးသွားအား အထင်သေးစွာ ငေါက်ငမ်းလေ သည်။

“ဘာကြောက်စရာလိုလို့လဲ ခေါင်းဆောင်ကြီး မင်ရှိနေသရွေ့ ဘာကြောက်ဖို့လိုလဲ” မိုးကြိုးသွားပြောလေသည်။

“သခင့်ရဲ့နေရာက ရုတ်တရက်ကြီး ဘာလို့ကြီးလာတာလဲ.. သခင် တစ်ခုခုများဖြစ်လို့လား” လင်းမိုသည် စိုးရိမ်တကြီးမေးလေသည်။

“နွယ်ပင်လေးက အပြင်မှာပဲ.. ဘာတွေဖြစ်နေလဲဆိုတာ နွယ်ပင်လေးကို မေးလိုက်” အလင်းတန်းမှ ပြောလေသည်။

“သခင် သတိရှိလား”

နောက်ဆုံးတွင် ကျို့ယန်၏အသံသည် သူမ၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည်။ ပေထင်းဟွမ်သည် အသိစိတ်ကို လက်ကောက်ထဲရှိ လေဟာ ပြင်သို့ပို့လိုက်သည်။ မြက်ခင်းပြင်သည် သူမ၏ သားရဲများဖြင့် ပြည့်နေသည်။ အစက သူတို့သည် မြက်ခင်းပြင်တွင် ကွက်တိရှိနေခဲ့သည်။ လက်ရှိ သူမရှေ့ တွင် လေဟာပြင်သည် အဆပေါင်းမရေမတွက်နိုင်အောင် ကျယ်ပြန့်သွားလေ သည်။ နေ၊ လ၊ ကြယ်များ၊ တောင်များ၊ မြစ်များ၊ မြက်ပင်နှင့် သစ်ပင်များသည် လွတ်လွတ်လပ်လပ်ရှိနေကြသည်။ ၎င်းသည် ပြီးပြည့်စုံသည် သဘာဝဂေဟ စနစ်ဖြစ်သည်။

“ရှောင်ကျို့ ရှောင်ကျို့”

ချူဖုန်း၏ စိုးရိမ်နေသောအသံသည် ထပ်ခါ ထပ်ခါထွက်လာသည်။ ပေထင်းဟွမ်သည် အသိစိတ်ကို အလျင်အမြန်ပင် သိမ်းလိုက်သည်။ သူမ၏ ဦးခေါင်းသည် မနာတော့ဘဲ စိတ်လည်းကြည်သွားသည်။

“ငါ ဘာမှမဖြစ်ဘူး”

ပေထင်းဟွမ်၏ မျက်လုံးများ ပွင့်လာသည်။ သူမရှေ့တွင် ချူဖုန်း၏ မျက်နှာသည် နီးကပ်စွာရှိနေသည်။ မူလကစိုးရိမ်နေသည့် မျက်လုံးအစုံသည် သူမကိုမြင်လိုက်သည့်အခိုက် ရေခဲမြစ်ပေါ်တွင် အလင်းများတောက်ပသွား သကဲ့သို့ပင်။ “ရှောင်ကျို့ နောက်ဆုံးတော့ မင်းနိုးလာပြီလား မင်းနိုးလာပြီ”

ချူဖုန်းသည် တအံ့တဩပင် အော်လေသည်။ သူသည် လက်ကိုပြန်ရုတ် ကာ ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်လေသည်။ သူ့နှလုံးသားသည် အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။

ထိုနေရာမှ လှုပ်ရှားမှုများကို အာရုံစိုက်နေသည့်အဂူးသည် လျင်မြန်စွာ ပင်ရောက်လာသည်။ သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကြီးချကာ ဝမ်းနည်းသောလေသံဖြင့်ပြောလေသည် “သခင် မင်း သတိမေ့နေတာ သုံးည သုံးရက်ရှိပြီ”

“သုံးညနဲ့ သုံးရက်တောင်ရှိပြီလား” ပေထင်းစွမ်သည် ချူဖုန်း၏ ရင်ခွင် ထဲမှထလိုက်သည်။ သူမ ထလိုက်သည်နှင့် တောင်တန်းလေသည် သူမမျက်နှာ အားတိုက်ခတ်သွားလေသည်။ လှည့်ပတ်ကြည့်လိုက်ရာ သူမ၏ အမြင်အာရုံ သည် အဆတစ်ရာလောက် ပိုကျယ်ပြန့်သွားသလိုပင်။ သူမသည် တောင်ခြေမှ ဂူထဲရှိ ဝိညာဉ်ကြွက်များ၏ အသံကိုပင် ကြားနေရသလိုပင်။

မင်ပြောသလိုပင် သူမ၏ဝိညာဉ်အင်အားသည် တည်ငြိမ်ပြီး ကြီးမားစွာ တိုးတက်လာပုံပင်။ ဤအခိုက်အတန့်တွင် သူမသည် စာချုပ်သားရဲများ၏ အမြင့်ဆုံးအရေအတွက်အကန့်အသန်ကို မခံစားရတော့ပေ။ သူမ၏ အကြား အာရုံနှင့် အမြင်အာရုံသည် အဆပေါင်းတစ်ရာခန့် ပိုထက်လာသည်။ သူမ မေ့မြောနေသည့် လုပ်ငန်းစဉ်အတွင်းတွင် သူမ၏ကမ္ဘာဦး ကစဥ့်ကလျားနတ် အရင်းအမြစ်နှင့် ဒြပ်စင်စွမ်းအင်တို့သည် မရပ်တန့်ခဲ့ပေ။ သူတို့သည် အဆုံးမရှိ ရူးသွပ်စွာ အလုပ်လုပ်နေခဲ့ကာ သူမ၏ကျင့်ကြံခြင်းလောကကို အခြေတည်ငြိမ် စေခဲ့သည်။

မထင်မှတ်စွာပင် သူမသည် ဘေးဒုက္ခဆီမှ အကျိုးအမြတ်ရခဲ့ပြီး သူမ၏ စိတ်ခွန်အားသည် များစွာတိုးတက်လာခဲ့သည်။ ၎င်းသည် ကျင့်ကြံခြင်းကို တစ်ဝက်အားထုတ်လိုက်သည်နှင့် နှစ်ဆအောင်မြင်သည့် ရလဒ်ဖြစ်ခဲ့သည်။

All Chapters