ဓား ၇ ချောင်း၊ အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်
Vol. 19 Ch. 363
သေချာပေါက်ပဲပေါ့.. ပေထင်းဟွမ်ပျော်သည်။ မနက်ခင်းနေရောင်နှင့် မျက်နှာချင်းဆိုင်ရာ သူမ၏မည်းနက်သောမျက်လုံးများသည် ခိုင်မာချက်များ ဖြင့်ပြည့်နေသည်။ သူမနှုတ်ခမ်းထောင့်သည် အနည်းငယ်ကွေးတက်သွားကာ အလွန်ပင် ခံစားချက်ကောင်းနေပုံပေါ်လသည်။
“အဂူး မင်း တကယ်ပဲ ငါ့ကိုသခင်အဖြစ် သတ်မှတ်ဖို့ဆန္ဒရှိတာလား.. ငါ့မှာ ဝမ်းတွင်းမှော်သားရဲတစ်ကောင်ရှိနှင့်တာ မင်းသိတာပဲ.. အဲဒါကြောင့် ငါ မင်းနဲ့ သခင် အစေခ့စာချုပ်ပဲတည်ထောင်နိုင်မယ်” ပေထင်းဟွမ်သည် သူမ ဘေးမျလိုက်လာသော အနီရောင်နတ်ဆိုးပုံစံနှင့်လူကို စောင်းငဲ့ကြည့်လိုက်၏။ သူသည် သူမကိုမြင်သည့်အချိန်တိုင်း ဒယ်စောက်လေးကဲ့သို့ပြုမူပြီး သူမကို ဘာကြောင့် သခင်ဟုခေါ်ဝေါ်နေသည်ကို မသိသော်လည်း သူရော ဒယ်စောက် လေးပါ သူမကိုထိခိုက်အောင်မလုပ်နိုင်ဟု အရိုးထဲမှ လျှို့ဝှက်ဆန်းကြယ်စွာပင် ယုံကြည်နေသည်။
ထို့ကြောင့်ပင် အဂူးမိုးပေါ်မှ ပြုတ်ကျချိန်တွင် သူမကိုယ်သူမ မထိန်းချုပ် နိုင်တော့ဘဲ သူ့ကိုကယ်ရန်အတွက် ချပ်ဝတ်တန်ဆာပြောင်းလိုက်ရခြင်းပင်။
“သခင် ငါဆန္ဒရှိပါတယ်”
သူသည် မျက်လုံးပင့်ကာ သူ့ရှေ့မှ အနက်ရောင်ဝတ်ထားသောလူငယ်ကို ကြည့်လိုက်သည်။ သူ မမှားနိုင်ပေ။ ကိုးရောင်အလင်း၊ စစ်နတ်ဘုရားနှင့်တူ သော မိန်းကလေး ပြိးနောက် သူမကျောတွင် ငှက်တောင် ၁၈ ချောင်းရှိနေ၏။ ၎င်းသည် ကမ္ဘာပေါ်တွင် ကိုးရောင်နဂါးဇာမဏီတွင်သာ ရှိသည်။ ထိုမယုံကြည် နိုင်လောက်သော တည်ရှိမှုမှလွဲပြီး မှော်သားရဲများတွင် ဤမျှအားကောင်းသည့် စွမ်းအင်ရှိရန်မဖြစ်နိုင်ပေ။
ထိုတည်ရှိမှုသည် ကမ္ဘာကိုပင်အသိအမှတ်မပြုနိုင်လောက်သည်အထိ အလွန်ဂုဏ်ယူစရာကောင်းလှသည်။ ၎င်းသည် သူ့သခင်မှလွဲပြီး တခြားလူနှင့် စာချုပ်တည်ထောင်ရန် လုံးဝမဖြစ်နိုင်ပေ။
ကမ္ဘာဦးကစဥ့်ကလျားနတ်အရင်းအမြစ်လည်းရှိသေးသည်။ ၎င်းသည် သခင်ကို သာမန်ကာလျှံကာ ရွေးလိုက်ခြင်းမဟုတ်ပေ။
လှည့်လည်သွားလာသူစခန်းတွင်ရှိသည့်နေ့က သူသည် စကြာဝဠာတွင် နှစ်ပေါင်းတစ်သောင်းအတွင်း သွေးအအေးဆုံးဖြစ်သည့်လူနှင့် တိုက်ခိုက်ခဲ့ကာ ဘယ်အရာကြောင့်မှပင် လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့ပေ။ သူနှင့်တိုက်ခိုက်သည့် အချိန်အတွင်းတွင် လူငယ်တစ်ယောက်သည် စစ်မြေပြင်တွင် ရုတ်တရက် ပေါ်လာပြီး ထိုလူငယ်ကို သွားကယ်ခဲ့သည်။ ထိုလူငယ်သည် သူ့သခင်ဖြစ်နေ ပြန်သည်။
အဲလူတွေက တကယ်လူယုတ်မာတွေပဲ။ သူ့သခင်ကိုတွေ့တာတောင် သူ့ကိုမပြောပြဘူး။
“ငါ မင်းရဲ့ ခွန်အားကိုလိုတယ် မင်းရဲ့သခင်ဖြစ်ခွင့်ပေးပါ”
သူမရှေ့တွင် ဒူးထောက်နေသည့် မောက်မာသည့်လကိုကြည့်ပြီး ပေထင်းဟွမ်သည် နှင်းဖြူရော်လက်ကိုမြှောက်ကာ သူ့ခေါင်းပေါ်သို့တင်လိုက် သည်။ သူမသည် မျက်လုံးများကို မှိတ်ကာ ခါတိုင်းလိုပင် ပြုမူလေသည်။ ၎င်း သည် အလွန်ချောမွေ့ကာ ငွေရောင်အလင်းတန်းကျလာပြီး သူတို့နှစ်ယောက် ကြားမှ စာချုပ်တည်ထောင်လေသည်။ ရှေးခေါင်းလောင်းသည် လူနှင့်သားရဲတို့ ၏ စိတ်ထဲတွင် မြည်ဟီးသွားသည်။ ငွေရောင်အလင်းတန်းပြန့်ကျဲသွားပြီး စာချုပ်ပြီးမြောက်လေသည်။ အဂူး၏မူလခန္ဓာကိုယ်သည် ငွေရောင်အလင်း တန်းအတွင်းတွင် ပေါ်လာသည်။ ၎င်းသည် သွေးအကျဉ်းထောင်မှ ခေါင်းသုံးလုံး စပါးအုံးမြွေဖြစ်သည်။
အရွယ်အစားသည် အဇူရာ၏မူလခန္ဓာကိုယ်ထက်မလျော့ပေ။ ၎င်း၏ သွေးနီရောင်အကြေးခွံများသည် ထူးဆန်းသောအလင်းဖြင့် တောက်ပနေ၏။ ၎င်း၏ဝမ်းဗိုက်မှ ခြေလေးချောင်းပေါက်နေကာ နဂါးကဲ့သို့ ချွန်ထက်နေသည်။ ၎င်း၏ချိတ်နှင့်တူသော ချွန်ထက်သည့်လက်သည်းများသည် အနည်းငယ် ကွေးကုတ်နေကာ ကြီးမားသောခေါင်းသုံးလုံးသည် အပေါ်သို့ထိုးထွက်နေ သည်။ တိမ်တိုက်များသည် ၎င်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တွဲလွဲခိုနေ သည်။ ၎င်း၏ထိတ်လန့်သောမျက်လုံးအစုံသည် မြေပြင်သို့ငုံ့ကြည့်ပြီး ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ ၎င်း၏ကမ္ဘာကြီးကို တုန်ခါစေလောက် သည့် အသံသည် ကမ္ဘာပေါ်တွင် ပဲ့တင်ထပ်လာသည် “သခင် နောက်ဆုံးတော့ ငါ့ ပင်မခန္ဓာကိုယ်ကို ပြန်ရသွားပြီ”
သူ့အသံသည် မိုးကြိုးပစ်လိုက်သလိုပင် ပေထင်းဟွမ်နှင့်ချူဖုန်းတို့အား နားပင်းသွားစေလောက်သည်အထိ တုန်ခါသွားစေသည်။ ထိုအခိုက်အတန့်တွင် ဤတောအတွင်းရှိ မှော်သားရဲများအားလုံးသည် လဲပြိုကြသည်။ သူတို့သည် ဒူးထောက်လျက်သားဖြစ်ကာ အထွတ်အမြတ်သားရဲ၏ ဖိအားကို တောင့်ခံရင်း ဘုရင်ရောက်လာသည်ကို ကြိုဆိုလျက်ရှိသည်။
“ဝိုး ကြီးလိုက်တဲ့ ပင်မခန္ဓာကိုယ်ကြီးပဲ” ချူဖုန်း၏မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ပေထင်းဟွမ်အတွက် စိတ်ထဲမှ ပျော်ရွှင်မိသည်။ ဤမျှအားကောင်းသော မှော်သားရဲနှင့်ဆိုလျှင် အနာဂတ်တွင် မည်သူမှ ရှောင်ကျို့ကို အနိုင်ကျင့်ရဲတော့မည်မဟုတ်ပေ။
ချူဖုန်းသည် သူမကို သိကတည်းက အဖြစ်အပျက်များကို မေ့သွားသည့် ပုံပင်။ တခြားသူတွေကို အနိုင်ကျင့်တာကမှ ပေထင်းဟွမ်ပဲမလား။
သူ အဂူး၏ပင်မခန္ဓာကိုယ်ကြောင့် သတိပြန်မဝင်လာခင်တွင် ကောင်းကင်နှင့် မြေကြီး၏ နောက်စည်းမျဉ်းတစ်ခုကျလသည်။ ပေထင်းဟွမ်၏ ခြေထောက်အောက်၌ ပဉ္စဂံထောင့်အဖွဲ့အစည်းအတွင်းတွင် ငွေရောင် ကြက်ခြေခတ်ဓားလေးချောင်း ထွက်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို ထပ်မံဆင့်ခေါ်လိုက်သည်။ သန့်စင်သောဓား ၇ ချောင်းသည် ယပ်တောင်ပုံစံစီဉ်ထားပြီး ပေထင်းဟွမ်၏လက်ရှိခွန်အား အဆင့်မြင့်ဓားကြယ် ဝိညာဉ်သခင်ဖြစ်သည်ကို ပြသနေသည်။
“ဓား ၇ ချောင်းလား.. ဘာလို့ အဆင့်တက်တာ ဒီလောက်မြန်ရတာလဲ” ချူဖုန်းသည် အမြဲတမ်းတည်ငြိမ်တတ်သောသူဖြစ်သည်။ သူသည် အတန်ကြာ သည်အထိ မလှုပ်မယှက်နေတတ်သော အေးစက်သည့်လူတစ်ယောက်ဖြစ် သည်။ သူ ပေထင်းဟွမ်နှင့်အတူရှိပြီးသည့်နောက်တွင် တည်ငြိမ်ဖူးခြင်းမရှိ တော့သလိုပင်။ သူသည် အံ့ဩထိတ်လန့်မှုများနှင့် အမြဲတမ်းကြုံတွေ့ခဲ့ရသည် …