← Chapters

နတ်ဆိုးဧကရာဇ်ရဲ့ဇနီးလား

Vol. 19 Ch. 364

နတ်ဆိုးဧကရာဇ်ရဲ့ဇနီးလား

Vol. 19 Ch. 364

သူ သူမနှင့် ပထမဆုံးအကြိမ်တွေ့စဉ်က သူမသည် ကြယ် ၉ ပွင့် ဝိညာဉ် သခင်ကြီးသာဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် အဆင့် တက်ကာ ဓားတစ်ချောင်းကြယ်ဝိညာဉ်သခင်ဖြစ်ခဲ့သည်။ သူမသည် ကြယ် ၉ ပါင့်နတ်သားရဲတစ်ကောင်ကို ထိန်းကျောင်းရုံနှင့် နှစ်ဆအဆင့်တက်ခဲ့သည်။ ရက်အနည်းငဘ်အကြာတါင် သူမသည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ဖြစ် ခဲ့သည်။

“ဝမ်းကွဲအစ်ကို ကိုယ့်ကိုယ်ကိုယ်လည်း မမေ့နဲ့ဦး.. မင်းက ငါ့ထက် ဓား နှစ်ချောင်းအဆင့်ပဲနိမ့်တာ” ပေထင်းဟွမ်သည် သဘောကျစွာဖြင့် နှာခေါင်းကို ထိလိုက်သည်။ သူမ၏ခန္ဓာကိုယ်ထဲမှ ကြီးမားသောစွမ်းအားကိုခံစားမိပြီး ၎င်း သည် မနည်းငယ်မတည်မငြိမ်ဖြစ်နေသည်ကိုလည်း ခံစားမိသည်။ သူမ မျက်မှောင်ထပ်ကြုတ်လိုက်သည် “ဟူး အဆင့်ထပ်တက်ပြန်ပြီ.. စိတ်တိုဖို့ ကောင်းလိုက်တာ ငါ့လောကက မငြိမ်ပြန်တော့ဘူး”

ချူဖုန်း၏ ဒူးများခွေယိုင်သွားကာ မြေကြီးပေါ်တွင် လဲကျလုမတတ်ပင်။ သူသည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလိုစိုက်ကြည့်နေသည်။ သူ့၏မျက်လုံးများတွင် နာကြည်းမှုများ တစ်စွန်းတစ်စရှိနေသည်။

ဒီမကောင်းဆိုးဝါးကို သူမသိဘူးလို့များ ပြောရမလား။ ဒီတိုက်ကြီးမှာ ခွန်အားမတိုးတက်လို့ နေ့တိုင်းစိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့လူတွေ ဘယ်လောက် များလဲဆိုတာ သူမသိရဲ့လား။ တစ်ဖက်မှာ သူမက ဒီလောက်မြန်မြန်အဆင့် တက်လို့ လောကမတည်ငြိမ်တာကို စောဒကတက်နေသေးတယ်။

ဒီဟာလေးကတော့လေ.. သူမ ဒီလိုမျိုးပြောလိုက်ရင် တိုက်ကြီးက လူတွေအကုန်လုံးက ရိုက်ချင်သွားကြမှာကိုရောသိရဲ့လား။

ချူဖုန်းသည် လက်မြှောက်ကာ သူ့နဖူးသူ ကိုင်လိုက်သည်။ သူသည် မခံ နိုင်လောက်အောင် ခေါင်းကိုက်လာသလို ခံစားရသည်။ သူသည် အသက်ပြင်း ပြင်းရှူကာ လေးလံသောအသံနေအသံထားဖြင့် ပြောလေသည် “ရှောင်ကျို့ မင်း ချုပ်တည်းထားတာကောင်းမယ်.. လူတွေကို အကြောင်းအရင်းမရှိ ရန်သွား မစမိစေနဲ့.. စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့လူတွေရှေ့မှာ ဂုဏ်မောက်တဲ့ စကား မျိုးသွားမပြောမိစေနဲ့ မဟုတ်ရင် လူတွေဒေါသထွက်လိမ့်မယ်”

“တခြားသူတွေရှေ့ကို မပြောပါဘူး.. ဝမ်းကွဲအစ်ကို မင်းရော.. မင်း အဆင့်တက်တာ တစ်လတောင်မကြာဘူး.. အဲဒါလည်း မြန်တာပဲမဟုတ်ဘူး လား” ပေထင်းဟွမ်သည် နှုတ်ခမ်းဆူလေသည်။

သူမ မိန်းကလေးတစ်ဦးသဖွယ် ပြုမူသည်မှာ ရှားပါးလှသည် “မင်းက ငါ့အကြောင်း လာပြောနေသေးတယ်”

“ကောင်းတယ် ကောင်းတယ် မင်းအကြောင်းမပြောတော့ဘူး ရှောင်ကျို့ အကြောင်းလည်းမပြောတော့ဘူး ဟုတ်ပြီလား” ချူဖုန်းသည် လက်ဆန့်ထုတ် ကာ သူမ၏ပခုံးကိုဖက်ကာ နူးညံ့သောအသံဖြင့် ချော့မော့လေသည် “မင်းလို ငရှုပ်က လူတွေကိုမထိခိုက်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးထင်တယ်”

ကြီးမားသောတိုက်ပွဲအတွင်းတွင် မှော်သားရဲတစ်ထောင်ကျော်သည် တောင်ကြားအတွင်းတွင် အသတ်ခံရသလို ဒဏ်ရာများရကြသည်။ ပေထင်းဟွမ် သတိမေ့နေသည့်သုံးရက်အတွင်းတွင် အဂူးသည် လျင်မြန်စွာ လုပ်ဆောင်ကာ စစ်နိုင်ပစ္စည်းများကို သိမ်းယူသည်။ သူသည် လူသားကမ္ဘာကို ကောင်းစွာသိသည်။ သူသည် ချူဖုန်းဆီမှ အသက်လှောင်အိမ်များတောင်းပြီး အသက်ရှင်ကျန်ရစ်သော အဆင့်မြင့်မှော်သားရဲများကို သိုလှောင်ထားသည်။ အားလုံးပေါင်း တစ်ရာခန့်ရှိသည်။ သေသွားသောအကောင်များအကို အမျိုးအစားလိုက်ခွဲသည်။ အဖိုးတန် နတ်ဆိုးအူတိုင်၊ လက်သည်း၊ အမွေး၊ အရိုး နှင့်တခြားသောအရာများကို သပ်ရပ်စွာထုပ်ပိုးထားသည်။

ထိုအခိုက်အတန့်တွင် တောင်ထိပ်ပေါ်၌ မှောအမြုတေရာချီသည် အရောင်မျိုးစုံထွက်နေသည်။ အသက်လှောင်အိမ်များကို တောင်ထိပ်တစ်ခုလုံး တွင် ချထားသည်။ ဘေးရှိအသက်လှောင်အိမ်ထဲတွင် ကျောက်စိမ်းရောင်မြွေ တစ်ကောင်သည် ဘောလုံးကဲ့သို့ ခွေနေသည်။ ၎င်း၏ခန္ဓာကိုယ်သည် ဒဏ်ရာ များဖြင့် ရှုပ်ပွနေသည်။ ၎င်း၏ခေါင်းထိပ်တွင် အနက်ရောင်သွေးပေါက်ကြီးရှိ ကာ သွေးများစီးကျနေတုန်းပင်။ ၎င်းသည် အဇူရာဖြစ်သည်။

ပေထင်းဟွမ် အနားကပ်သွားသောအခါ အဇူရာတစ်စုံတစ်ရာကို အာရုံခံ မိလေသည်။ သူသည် ဝိညာဉ်မဲ့နေသောမျက်လုံးများကိုဖွင့်ပြီး ပေထင်းဟွမ် အားကြည့်လေသည်။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ရှိနေသည်။ ကိုးရောင်မီးတောက်သည် သူ့ကို ထိတ်လန့်သွားစေပုံပင် “မင်းက အမြင့်ဆုံး သားရဲထိန်းလား”

အစပိုင်းက သူသေတော့မည်ဟု ထင်ခဲ့သည်။ အဂူးနှင့်တိုက်ပွဲပြီးနောက် သူသည် ယှဉ်မရသည်ကိုသိသဖြင့် သေရန်ဆုံးဖြတ်ခဲ့သည်။ လမ်းတစ်ဝက်တွင် ဤလူငယ် ပေါ်လာလိမ့်မည်ဟု ထင်မထားပေ။ သူသည် ၁၄၊ ၁၅ နှစ်အရွယ် သာရှိသေးသည်။ သို့သော် ခွန်အားသည် အားကောင်းလွန်းကာ ကောင်းကင်ကို ကိုင်လှုပ်နိုင်လောက်သည်။

အဂူးရဲ့သခင်ဟုတ်လား။ ဒီလူက လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကမ္ဘာကို နှစ်ခြမ်းခွဲခဲ့တဲ့ နတ်ဆိုးဧကရာဇ်ရဲ့ဇနီးလို့အသိများတဲ့ လူမဟုတ်ဘူးလား။ သူမ က သေသွားပြီမဟုတ်ဘူးလား။

သေသွားတဲ့လူက အသက်ပြန်ရှင်နိုင်ပါ့မလား။

အဇူရာ၏စိတ်ထဲတွင် ထောင်ပေါင်းများစွာသော အတွေးများဖြင့် ပြည့်နေ သည်။ တားမြစ်ချက်တစ်ခု သူ့ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားသည်ကိုမြင်ပြီးနောက် ကြောက်ရွံ့သောခံစားချက်ဖြစ်ပေါ်လာသည်။ သူသည် အဂူးပြောသည့်စကား များကို ကြားလိုက်ရသည် “သခင် ဒီငတုံးမြွေကို အသက်ရှင်မထားနိုင်မှာစိုး တယ်.. သူက ဒီတောထဲမှာ နှစ်တစ်သောင်းလောက်နေလာတာ.. အသူရာ ရွှံ့နွံ ချောက်နက်ရဲ့ တားမြစ်ဧရိယာအကြောင်းတော်တော်များများသိထားတယ်”

ရွှံ့နွံချောက်နက်လား။ ပေထင်းဟွမ်သည် မျက်လုံးများကိုပင့်ကာ ဝိညာဉ် ခွဲချောက်နက်၏ အနက်ဆုံးအပိုင်းကိုကြည့်လိုက်သည်။ ၎င်းသည် အဂူးလာရာ နေရာဖြစ်သည်။ အထဲတွင် လျှို့ဝှက်ချက်များစွာရှိပုံပေါ်သဖြင့် သူမ သွား စုံစမ်းရမည်။

သူ၏ကိုယ်ပိုင် ကံကြမ္မာကိုမသိသည့်ခံစားချက်သည် အလွန်ပင် မသက်မသာဖြစ်လှသည်…

All Chapters