← Chapters

သူတို့တွေကမင်းနဲ့တူတူ.. အထွတ်အမြတ်သားရဲတွေ လား

Vol. 19 Ch. 365

သူတို့တွေကမင်းနဲ့တူတူ.. အထွတ်အမြတ်သားရဲတွေ လား

Vol. 19 Ch. 365

“အဂူး မင်းသူ့ကိုသတ်ဖို့ သနားနေတာဖြစ်မယ်.. အရင်ဆုံး အရှင်ထား လိုက်တာပေါ့.. ငါသူ့ကိုသုံးစရာနေရာရှိသေးတယ်” ပေထင်းဟွမ်သည် သည် တစ်ခေါက်မြို့တော်သို့ပြန်ချိန်တွင် အစ်ကိုကြီးကို မည်သို့တွေ့ရမည်ကို တွေးတောနေသည်။ သူမသည် အစ်ကိုကြီးဖြစ်သူအတွက် လက်ဆောင် မပြင်ဆင်ရသေးပေ။ ထို့ကြောင့် ဤနတ်သားရဲကို ကိုင်တွယ်ထားရမည် “အိုး ဟုတ်သားပဲ မင်းက ဘာလို့ ဒီကောင်နဲ့တိုက်ခိုက်နေတာလဲ”

ပေထင်းဟွမ်သည် အနည်းငယ် သိချင်နေသည်။ သူတို့နှစ်ယောက် အကြားမှ ပြောစကားများအရ ခရမ်းရောင်မီးတောက်သွေးသားအရင်းအမြစ် ကြောင့်ဖြစ်နိုင်သည်။ ထို့အပြင် ဇိကျီသည် ခြင်္သေ့အထီးဖြစ်သည်။ ခြင်္သေ့ငယ် လေးကို မွေးရန်မဖြစ်နိုင်ပေ။ ၎င်းသည် ဇိထုံ၏နောက်ခံနှင့် ဆက်စပ်နေသည်။

“သခင် ပြီးခဲ့တဲ့တစ်လက ခရမ်းရောင်မီးတောင်ပံခြင်္သေ့ဘုရင်က ရွှံ့နွံချောက်ထဲမှာ မွေးဖွားခဲ့တယ်.. လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းကဆို အသူရာ ရွှံ့နွံချောက်ထဲမှာမွေးတဲ့ ကလေးကအရမ်းကံကောင်းတယ်.. အဲဒီ ကလေးမှာ ချီလင်းမျိုးနွယ်ရဲ့သွေးသား ၃၀ ရာခိုင်နှုန်းပါတယ်.. ငါတို့အကုန်လုံး ပျော်ကြတာပေါ့.. အဲနေရာက အနက်ရောင်မြူခိုးတွေက ကျိန်စာတွေနဲ့ပြည့်နေ ပြီးတော့ အေးစက်တဲ့စွမ်းအင်တွေကို ချိပ်ပိတ်ထားတယ်.. ခြင်္သေ့လေးမွေးပြီး တဲ့နောက် သူ့ခန္ဓာကိုယ်ကပျက်စီးလာပြီး အသက်စွမ်းအားလည်း နည်းနည်းစီ အားနည်းလာတယ်.. သူ့ကို ထုတ်ပေးဖို့ နည်းလမ်းစဉ်းစားခဲ့ကြတယ်”

အဂူးသည် အဇူရာအား ရက်စက်စွာ စိုက်ကြည့်လိုက်သည် “ရွှံ့နွံချောက် တစ်ခုလုံးမှာ ငါတစ်ယောက်ပဲ အလိုက်တသိနဲ့ ထထွက်သွားခဲ့တယ်.. ငါ ခြင်္သေ့ လေးကိုထုတ်ပေးပြီးတော့ ဒီကောင်က ခရမ်းရောင်မီးတောက်သွေးသောက် အရင်းအမြစ်ကို လုဖို့လှုပ်ရှားခဲ့တယ်.. ဇိကျီနဲ့ငါက အတူပူးပေါင်းပြီး သူ့ကို ဖယ်ရှားခဲ့တာ.. နောက်ရက်နည်းနည်းကြာတော့ သူ ဇိကျီကိုသွားရှာမှာကို ကြောက်လို့ ငါက ဒီနေရာမှာစောင့်နေတာ.. လွန်ခဲ့တဲ့သုံးရက်က ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ကို ခြင်္သေ့လေးစားလိုက်တာကို သူသိ သွားတော့ ငါနဲ့စစ်ကြေညာတာ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ သခင်က သူနဲ့တွေ့ခဲ့ တယ်”

ပေထင်းဟွမ်၏အကြည့်များသည် အတန်ကြာသည်အထိ မရုတ်သိမ်းပေ “အဂူး ရွှံ့နွံချောက်ထဲမှာ… အဲဒီမှာ အကုန်လုံးက.. မင်းလိုပဲ အထွတ်အမြတ် သားရဲတွေလား”

အဂူးသည် သူ့ရှေ့မှ လူငယ်ကိုကြည့်လိုက်သည်။ သူမသည် တစ်စုံတစ်ခု ကို ခန့်မှန်းမိပုံပင်။ သူမမျက်နှာသည် မျက်မှောင်ကြုတ်လျက်သားပင်။ သို့သော် စိတ်ဓာတ်ကျသွားခြင်းမျိုးမရှိပေ။ “သခင် ဘာသိချင်လဲ.. နတ်ဆိုးဧကရာဇ်.. မဟုတ်သေးဘူး ညအရှင်နဲ့ ဦးလေးမင်က ပြောပြမျာပါ”

ပေထင်းဟွမ်ပြုံးလိုက်သည်နှင့် မျက်ခုံးများပြေသွားသည်။ သူမ ခေါင်းညိတ်လိုက်သည် “ဟုတ်ပါပြီ.. တစ်နေ့ကျသိမှာပါ.. အခုငါသိတာက သန်မာဖို့နဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ ခွန်အားရှိဖို့ပဲ”

သူမသည် အတိတ်ကိုရင်ဆိုင်ရဦးမည်ဟု အဂူးပြောချင်သော်လည်း မပြောခဲ့ပေ။ သူ၏သခင်သည် သတ္တိရောခွန်အားရော ယုတ်လျော့ခြင်းမရှိခဲ့ပေ။

သူမလက်ပတ်အတွင်းမှ နေရာသည် ပိုပိုကြိးလာသော်လည်း သူမ၏ သားရဲများသည် စစ်နိုင်ပစ္စည်းများကို ရွံရှာနေတုန်းပင်။ ကံကောင်းစွာပင် ပေထင်းဟွမ်တွင် ယန်ယဲ့၏အသက်ဝင် သိုလှောင်လက်စွပ်ရှိနေသည်။ ချုဖုန်း ၏ သိုလှောင်လက်စွပ်သည်လည်း မသေးလှပေ။ သူတို့နှစ်ယောက်သည် လက်ကိုဝေ့ယမ်းကာ စစ်နိုင်ပစ္စည်းများကို သိမ်းယူလိုက်သည်။ မွန်မြတ်သော သားရဲနှင့်နတ်သားရဲတစ်ရာ၊ တောင်ငယ်တစ်လုံးစာရှိသော မှော်အမြုတေနှင့် ရှားပါးသောခွန်အားနှင့် အထွတ်အမြတ်သားရဲတို့ပါဝင်သည်။ ပေထင်းဟွမ်ပင် လျှင် မယုံနိုင်ပေ။ သူမသည် ပြုံးပြီးပြောလိုက်သည် “ဝမ်းကွဲအစ်ကို ငါတို့တွေ ချမ်းသာတော့မှာပဲ.. ကံကောင်းလို့ ငါတို့မှာအဂူးရှိနေပြီ”

“မင်းက ဓားပြကြီးပဲ” ချူဖုန်းသည် သူမ၏ နှာခေါင်းကို ချစ်စနိုးဖြင့် ဆွဲ လိုက်သည် “အခု ဘယ်သွားကြမလဲ”

“ဝမ်းကွဲအစ်ကို ငါ အစ်ကိုကြီးကို လက်ဆောင်အဖြစ် အဇူရာကိုပေးမလို့.. ဘယ်လိုထင်လဲ” ပေထင်းဟွမ်သည် ချူဖုန်း၏လက်မောင်းကိုဖက်ကာ ရှားရှားပါးပါး မိန်းကလေးကဲ့သို့ ပြုမူလေသည်။

“ရှောင်ကျို့ မင်းလုပ်ချင်တာသာလုပ်” ချူဖုန်းက ဘယ်လိုလုပ် သဘောမတူဘဲနေမလဲ။ ထို့အပြင် ပေထင်းဟွမ်နှင့် ပေထင်းကျင်းတို့သည် ဤကမ္ဘာပေါ်တွင်ကျန်သော သူ၏ဆွေမျိုးသာဖြစ်သည်။

ဝိညာဉ်ခွဲချောက်၏ အနက်ဆုံးအပိုင်းကိုကြည့်ပြီးနောက် ပေထင်းဟွမ် ပြောလိုက်သည် “ငါ ရွှံနွံချောက်ကိုသွားကြည့်ချင်တယ်.. အဲဒီမှာအမတ ဆေးပင်တွေနဲ့ ဝိညာဉ်အသီးတို့လို သဘာဝရတနာတွေရှိလား.. သတ္တုနဲ့ ဝိညာဉ် နွယ်ပင်တွေဆိုလည်း မဆိုးဘူး”

“သခင် မင်းက ဆေးနဲ့လက်နက်တွေ သန့်စင်ချင်နေတာမလား” အဂူးသည် ပျော်ရွှင်နေသည်။ ထင်ထားသည့်အတိုင်း သူ့သခင်ပီသသည်။ ဤတိုက်တွင် သူ့သခင်မလုပ်နိုင်သည့်အလုပ်ဟူ၍မရှိပေ “သခင် ရွှံနွံချောက်ကို ဝင်လို့မရဘူး.. ဒါပေမဲ့ အစွန်အဖျားမှာတော့ ရှားပါးတဲ့ အမတမြက်ပင်တွေနဲ့ ဝိညာဉ်အသီးတွေရှိတယ်.. အဲထဲမှာ ဒီတိုက်ရဲ့ဝိညာဉ်သခင်တွေ အိပ်မက်မက် နေကြတဲ့ ကောင်းကင်ဘုံအသီးတွေအများကြီးရှိတယ်..”

All Chapters