← Chapters

အများကြီးပဲလား ကောင်းကင်အသီးကလေ

Vol. 19 Ch. 366

အများကြီးပဲလား ကောင်းကင်အသီးကလေ

Vol. 19 Ch. 366

“အများကြီးပဲဟုတ်လား ပြီးတော့ ကောင်းကင်အသီးကလေ” ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ကောင်းကင်အသီးသည် ကောင်းကင်အဆင့်ဝိညာဉ်သစ်သီးဖြစ်သည်။ ထိုစဉ်က သူမသည် အထွတ်အမြတ်သားရဲဆီမှ ကောင်းကင်အသီးလုချင်သည်ဟု ပြောခဲ့ဖူးသည်။ ထိုနေ့သည် လျင်မြန်စွာရောက်လာလိမ့်မည်ဟု ထင်မထားပေ။

ဤအခိုက်အတန့်တွင် သူမသည် သူရဲကောင်းဆန်မှုကို မခံစားဘဲမနေနိုင် တော့ပေ။ သူမသည် လက်မြှောက်ကာ ဝေ့ယမ်းလိုက်သည် “သွားကြမယ်”

ပေထင်းဟွမ်၏ခွန်အား တိုးတက်လာသည်မှာ မြန်ဆန်လွန်းရာ သူမ၏ လောကသည်လည်း မတည်ငြိမ်ပေ။ သူမသည် ဝိညာဉ်ခွဲချောက်၏ အနက်ဆုံး အပိုင်းတွင် အဆင့်တက်ရန် ဆုံးဖြတ်ထားသည်။ အထဲမှဝိညာဉ်အသီးနှင့် အမတဆေးပင်များကို ရိတ်သိမ်းရန်အပြင် တခြားအရေးကြီးသည့် အကြောင်းအရင်းတစ်ခုရှိသေးသည်။ သူမသည် သူမ၏ခွန်အားကို လေ့ကျင့်လို သည်။ မဟုတ်လျှင် အထွတ်အမြတ်သားရဲ အဂူးသည် မျက်နှာပြရဲတော့မည် မဟုတ်ပေ။

ပေထင်းဟွမ်၏ မှော်သားရဲနေရာကို အမြဲတစေ မင်တစ်ယောက်သာ အပိုင်စီးထားသည်။

မှော်သားရဲများအတွက် လူသာမှော်သားရဲနေရာသည် မှော်သားရဲများ၏ အကောင်းဆုံးသော ကျင့်ကြံရန်နေရာဖြစ်သည်။ သို့သော် ပိုင်နက်အတွက် မင်နှင့်မည်သူကများ ယှဉ်ပြိုင်ရဲသနည်း။

အဂူးလည်း မယှဉ်ပြိုင်ရဲပေ။

ကံကောင်းစွာပင် ပေထင်းဟွမ်၏ လက်ပတ်နေရာသည် ပင်မတိုက်ကြီး ထက်မနိမ့်ပေ။ အထဲမှဝိညာဉ်ချီသည် အလွန်ပင်ပေါကြွယ်ဝကာ ပတ်ပတ် လည်တွင် အနက်ရောင်အငွေ့ခပ်ဖျော့ဖျော့ရှိသည်။ ၎င်းသည် ယန်ယဲ့၏ သိုင်းပညာမှထုတ်လွှတ်လိုက်သည့် စွမ်းအင်နှင့်တူသည်။ ထိုအရာသည် ဘာလဲ ဆိုသည်ကို ပေထင်းဟွမ်မပြောနိုင်သော်လည်း သူမ၏သားရဲများ ကြိုက်ကြ သည်။ တစ်ကောင်ချင်းဆိုသလို နေရာထဲမှ အော်ပြောကြသည်။ တော်တော်ပင် အသက်ဝင်လှသည်။

“သခင်က အရမ်းကောင်းတာပဲ.. သူမက အားအရမ်းကောင်းတယ်.. ဒီကလေက အရမ်းကောင်းတယ် ငါကြိုက်လိုက်တာ” မိုးကြိုးသွားသည် မြက်ပင်ပေါ်တွင် လူးလှိမ့်နေသည်။ တခြားသောမှော်သားရဲများသည်လည်း သူတို့၏အပိုင်စားရမည့် ပိုက်နက်များအားလုံးကို ရှာထားကြသော်လည်း ဤငတုံးလေးသည် အလောမကြီးပေ။

“အရူး မင်းသခင်က ဘယ်သူလဲဆိုတာ ဘာလို့မကြည့်တာလဲ.. မင်းသခင် နောက်ကိုလိုက်တာ အကောင်းဆုံးပဲ” လျှပ်စီးသည် မိုးကြိုးသွား၏ ဉာဏ်ရည် ကို အမြဲတမ်းစိတ်ပူပေးသည်။

“ဟုတ်ပြီ ပူညံပူညံမလုပ်နဲ့တော့.. ဒီကစွမ်းအင်က အခုအရမ်းများနေပြီ မြန်မြန်ကျင့်ကြံပြီးတော့ ခွန်အားတိုးအောင်လုပ်.. အဲဒါမှ သခင့်ကိုကူညီနိုင်မှာ .. မင်းအဆင့်တက်ဖို့အတွက် သခင့်ကိုမှီခိုချင်လို့လား” ကျို့ယန်သည် အလယ်က အမြီးကို လက်သည်းဖြင့် ဖြည်းညင်းစွာဖီးနေသည်။

သူမ ထိုသို့ပြောလာသဖြင့် မည်သူဘာပြောရဲတော့မည်နည်း။ မှော်သားရဲ များသည် တစ်ကောင်ပြီးတစ်ကောင် အလျင်အမြန်ပြေးကြတော့သည်။ သူတို့ သည် ကိုယ်ကျေနပ်သည့်ပိုင်နက်ကို သွားကာစတင်ကျင့်ကြံကြတော့သည်။

အဂူးဝင်လာချိန်တွင် အထဲမှရင်းနှီးသောမြင်ကွင်းကိုကြည့်နေသည်။ တခြားသူများသည် လေထဲတွင်ပေါလောပေါ်နေသော အနက်ရောင်စွမ်းအင်ကို မသိချင်မသိလိမ့်မည်။ သို့သော် ၎င်းသည် နတ်ဆိုးစွမ်းအင်ဖြစ်သည်ကို သူ သိသည်။ ၎င်းသည် ပင်မတိုက်ကြီးမှ ဝိညာဉ်သခင်များ ကျင့်ကြံသည့် ဝိညာဉ် စွမ်းအင်နှင့် ကွာခြားသည်။ အထဲမှနတ်ဆိုးစွမ်းအင်သည် အရင်လိုပင် ဖြူစင် ကာထူထဲနေတုန်းပင်။ နှစ်ပေါင်းတစ်သောင်းကြာသည့်တိုင်အောင် အားနည်း သွားခြင်းမရှိပေ။

သူတို့သည် မှော်သားရဲများဖြစ်သည့်အလျောက် နတ်ဆိုးစွမ်းအင်သည် သူတို့အတွက် အသင့်တော်ဆုံးစွမ်းအင်အရင်းအမြစ်ဖြစ်သည်မှာ ထင်ရှားလွန်း သည်။

ပေထင်းဟွမ်သည် သူမ၏နေရာထဲမှ သေးငယ်သော ပြောင်းလဲမှုများကို မသိပေ။ သူမနှင့်ချူဖုန်းတို့သည် နှစ်ရက်ကြာအောင် လျှောက်ခဲ့ကြသည်။ ဝိညာဉ်ခွဲချောက်အဆုံးတွင် အသူရာရွှံ့နွံချောက်နက်အစွန်ပိုင်းရှိသည်။ ၎င်း သည် ဝိညာဉ်ခွဲချောက်၏အစွန်ထက် ပိုကျယ်ပြန့်သည်။ မရေမတွက်နိုင်သော အဆင့်မြင့်မှော်သားရဲများလည်းရှိသည်။ သုံးရက်အတွင်းတွင် သူတို့ နှစ်ယောက်သည် အဆင့်မြင့်နတ်သားရဲ ၁၀ ကောင်ကျော်နှင့် အဆင့်နိမ့် နတ်သားရဲ ၂ ကောင် သတ်ပြီးလေပြီ။ သူတို့သည် မှော်သားရဲများကို ရှောင်တိမ်းချိန်တွင် ပိုတွေ့တတ် သည်။

ရွှံနွံချောက်နက်၏ အလယ်သို့ရောက်ရန် နောက်ထပ်လတစ်ဝက်ခန့် ခရီးသွားရဦးမည်ဖြစ်ကာ မှော်သားရဲအရေအတွက်မှာလည်း တိုးပွားလာသည်။ ရံဖန်ရံခါတွင် နတ်သားရဲအုပ်နှင့်တွေ့တတ်ရာ ပေထင်းဟွမ်ပင် အံ့ဩရသည်။ ဤနေရာသည် တိုက်ကြီးတွင် အန္တရာယ်အကြီးဆုံးနေရာဖြစ်ထိုက်သည်။ ရွှံ့နွံ ချောက်နက်သည် မှော်သားရဲတော၏ သုံးပုံတစ်ပုံကို သိမ်းယူထားသည်။ ဤနေရာတွင် အားကောင်းသောမှော်သားရဲများစွာရှိကာ တိုက်တစ်ခုလုံး၏ လူလက်တစ်ဆုပ်မျှသာ ဤနေရာသို့ဝင်ရဲကြသည်။

၎င်းကို ရွှံ့နွံချောက်ဟုသောခေါ်ဆိုသော်လည်း ညွန်မြေသည် အလယ် ပိုင်းတွင်သာရှိသည်။ အစွန်အဖျားတွင် မိုးထိသော ရှေးသစ်ပင်များရှိသေးသည်။ အစေ့များသည် နေရာတိုင်းတွင် ကြီးပြင်းကာ မှော်သားရဲများသည် သန်စွမ်း လွန်းသည်။ အားကောင်းသော အဆင့်မြင့်မှော်သားရဲများသည် တောင်ကြီး တောင်ငယ်များကို သိမ်းပိုက်ထားကြသည်။ အန္တရာယ်သည် နေရာတိုင်းတွင်…

All Chapters