← Chapters

အထွတ်အမြတ်သားရဲ အလွယ်လေးပဲလား

Vol. 19 Ch. 367

အထွတ်အမြတ်သားရဲ အလွယ်လေးပဲလား

Vol. 19 Ch. 367

လမ်းတစ်လျှောက်တွင် ကြယ် ၇ ပွင့်နတ်သားရဲအုပ်နှင့်တိုက်ခိုက် ပြီးနောက် မတတ်သာစွာပင် ပေထင်းဟွမ်သည် ချူဖုန်းကို ခရမ်းရောင် မီးတောင်ပံခြင်္သေ့ကို လွှတ်ခိုင်းရသည်။

သူမသည် ထိုမှော်သားရဲများကို ဖိနှိပ်ရန်အတွက် အဆင့်မြင့်ကြယ် မှော်သားရဲများ၏ ဖိအားကိုသုံးသည်။ မထင်မှန်စါာပင် သူမသည် မိုးကြိုးနှင့်တူ သည့် အသံတစ်ခုကို ရန်စမိသွားသည် “ဇိကျီ ဒါကမင်းပိုင်နက်မဟုတ်ဘူး.. ဖြစ်နိုင်ရင် မြန်မြန်ထွက်သွားသင့်တယ်”

အထွတ်အမြတ်သားရဲ၏ဖိအား ထွက်ပေါ်လာသည်။ ခရမ်းရောင်မီးတောင်ပံခြင်္သေ့သည် ချူဖုန်း၏မူလစွမ်းအင်ကို ထောက်ပံ့ရင်း မြေကြီးတွင်သာ နေရသည်။ ပေထင်းဟွမ်သည် ထိတ်လန့်မိသည်။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ။ သူတို့ ဝင်လာတာနဲ့ အထွတ်အမြတ်သားရဲတစ်ကောင်ကို တန်းတွေ့ရလောက်အောင်ထိ ကြောက်ဖို့ကောင်းနေတာလား။

“အဂူး မင်းရှိလား” ပေထင်းဟွမ်သည် အသိစိတ်ပင်လယ်ထဲမှ အဂူးကို ဆင့်ခေါ်လိုက်သည်။ သူမ ဤနေရာသို့ရောက်လာသဖြင့် လက်ဗလာနှင့်တော့ မပြန်နိုင်ပေ။ သူမသည် ထွက်မသွားခင် ရလောက်တော့ ယူသွားရမည် “ဒီမှာ အထွတ်အမြတ်သားရဲ ဘယ်နကောင်ရှိလဲ”

“သခင် ဒီအစွန်အဖျားမှာက အထွတ်အမြတ်သားရဲမများဘူး.. တစ်ကောင်ပဲရှိတယ်.. ဒြပ်စင်အတိဒုက္ခက တစ်ခါဆို နှစ်တစ်ထောင်လောက် ကြာတယ်… အဲဒါကြောင့် သူ့ကိုကြောက်ဖို့မလိုဘူး.. သခင်လိုချင်တဲ့ အမတဆေးပင်နဲ့ ဝိညာဉ်အသီးတွေက သူစောင့်ကြပ်နေတဲ့ပိုင်နက်ထဲမှာပဲ.. ငါတို့အတူလုပ်မယ်ဆို သူ့ကိုရှင်းရတာ အလွယ်လေးပဲ” အဂူးသည် ဘာမှမဟုတ်သလိုပြောလေသည်။

ပေထင်းဟွမ်၏ ခြေထောက်များ အားလျော့သွားကာ မြေကြီးပေါ်သို့ ကျလုမတတ်ဖြစ်သွားသည်။ ဒြပ်စင်အတိဒုက္ခဟုတ်လား။ နှစ်တစ်ထောင် မကြာဘူးတဲ့လား။ အဲဒါတောင် အလွယ်လေးတဲ့လား။ သူမသာ အဂူးနှင့် အဇူရာတို့ကြားမှ တိုက်ပွဲကို ကိုယ်တိုင်မျက်လုံးနှင့် မမြင်ခဲ့ရလျှင် သူမ၏ အထွတ်အမြတ်သားရဲသည် အတုဖြစ်သည်ဟုပင် ယုံကြည်သွားတော့မည်။ ဘာလို့ အဲလောက်တောင် အားမကိုးရတာလဲ။

“ရှောင်ကျို့ ဘာဖြစ်လို့လဲ” ချူဖုန်းသည် ပေထင်းဟွမ်၏မျက်နှာ အမူအရာပြောင်းလဲသွားသည်ကို မြင်ပြီး စိုးရိမ်တကြီးမေးလေ၏ “ဒီနေရာက အန္တရာယ်များလွန်းတယ်.. ငါတို့တွေ ဘာလို့မထွက်ရမှာလဲ”

သူလှမ်းလိုက်သည့် ခြေလှမ်းများတွင် မှော်သားရဲများကိုတွေ့နေရသည်။ အစောကအသံသည် အထွတ်အမြတ်သားရဲတစ်ကောင်၏ အသံပင်။ ဖိအားတစ်ခုတည်းကပင် ကြယ် ၉ ပွင့်နတ်သားရဲ ခရမ်းရောင်မီးတောင်ပံခြင်္သေ့ကို မြေပြင်တွင် ဒူးထောက်သွားစေသည်။ အထူးသဖြင့် အထွတ်အမြတ်သားရဲနှစ်ကောင်ကြားမှ တိုက်ပွဲကိုမြင်ပြီးနောက် ချူဖုန်းသည် သူ့အသက်ကို ခြိမ်းခြောက်ခံနေရသည် ဟုပင် ခံစားရသည်။ သူသည် အရင်က ငွေလရောင်မြို့တော်မှ ထွက်ပြေးခဲ့ရ သည့်အချိန်ထက်ပင် ပိုကြောက်သည်။

“မဟုတ်ဘူး ဝမ်းကွဲအစ်ကို.. ဒီကောင်က သာမန်ခွန်အားပဲရှိတဲ့ အထွတ်အမြတ်သားရဲလို့ အဂူးကပြောနေတာ.. စိတ်မပူပါနဲ့” ပေထင်းဟွမ် သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ မျက်လုံးကိုပင့်လိုက်သည်။

“ဒီခရီးက တကယ်ကို ဆုအကြီးကြီးရတာပဲ”

၎င်းသည် အားနည်းသည်ဟုဆိုသော်ငြား အထွတ်အမြတ်သားရဲဖြစ်၏။ ၁၄ နှစ်ကြာ ထွက်ပြေးလာခဲ့သမျှသည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ပေထင်းဟွမ် နောက်လိုက်ရာမှ ခံစားခဲ့ရသည့် ထိတ်လန့်မှုကို မယှဉ်နိုင်ဟုပင် ဆိုရမည်လား ပင်။

ချူဖုန်း သက်ပြင်းချလိုက်သည်။ ပေထင်းဟွမ်နောက်မှ တစ်လှမ်းချင်း လိုက်ရုံမှလွဲပြီး သူ ဘာလုပ်နိုင်ဦးမည်နည်း။ သူသည် ဤအရာလေးကို ကာကွယ်ကာ သူမကို ထပ်မံထိခိုက်ခွင့်မပြုနိုင်ပေ။

အစောကအထွတ်အမြတ်သားရဲ၏ဖိအားကြောင့် လမ်းတစ်လျှောက်တွင် မှော်သားရဲများကို မတွေ့ရတော့ပေ။ သစ်တောထူထပ်သလို လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းကျော်က စုပြုံကျလာသော သစ်ရွက်ခြောက်များသည် ဆွေးမြေ့သွားပြီး အလွန်ကြီးမားသော လေဖိအားနည်းရပ်ဝန်းတစ်ခုတွင် ညွန်တော ဖြစ်ပေါ်လာသည်။ အလယ်ရှိ ကျွန်းငယ်လေးကို မြူခိုးမည်းများ ဝန်းရံထားကြသည်။ အသံသည် မြူခိုးအနောက်မှ ထွက်လာသည်။

“လူသားအစုတ်အပြတ် မင်းက ငါ့ပိုင်နက်ကို လာရဲသေးတယ်.. မင်းက သေချင်နေတာပဲ”

ပေထင်းဟွမ်နှင့် ဝမ်းကွဲဆီသို့ မာန်ဟိန်းသံနှင့်အတူ မြူခိုးမည်းများ လိမ့်တက်လာသည်။ ချူဖုန်းသည် ပေထင်းဟွမ်၏လက်ကိုဆွဲကာ နောက်သို့ ပြန်ခုန်လေသည်။ မြူခိုးမည်းသည် သူတို့ရပ်ခဲ့သည့်နေရာသို့ ဆင်းသက်ကာ ကြီးမားသောအပေါက်ကြီး ပေါ်လာသည်။ နျစ်တစ်သောင်းရှေးသစ်ပင်၏ အမြစ်များသည် ပေါက်ကွဲပြီး သစ်ပင်ထိပ်ပိုင်းထိ လွင့်ထွက်သွားလေသည်။ သေဆုံးခြင်းဖိအားများသည် တစ်လွှာပြီးတစ်လွှာ ပြန့်သွားပြီး ထူထဲသောတော တွင် ပြည့်နှက်သွားစေသည်။

“အဲတော့ ကောင်းကင်အဆင့်ကျွမ်းကျင်သူ နှစ်ယောက်ပါလား.. လူသား ကောင်းကင်အဆင့်ပညာရှင်တေါက သေဖို့ကိုမကြောက်ကြဘူးပဲ.. ငါ့ပိုင်နက် ကို ဘယ်လိုတောင်လာရဲကြတာလဲ.. ဇိကျီ.. မင်းက ဒီလူသားနှစ်ယောက်ဘက် မှာ ရပ်တည်လိုက်တာလား.. မင်းက မှော်သားရဲမျိုးနွယ်တွေအတွက် အရှက်ရ စရာပဲ…”

All Chapters