← Chapters

ကြေးခွံမည်းနတ်ဆိုးနဂါး

Vol. 19 Ch. 368

ကြေးခွံမည်းနတ်ဆိုးနဂါး

Vol. 19 Ch. 368

စူးရှလှသောအသံသည် ကျွန်းအလယ်ရှိ ရွှံနွံတောဆီသို့ ပြင်းထန်သော ဖိအားဖြင့်ကျလာသည်။ အထွတ်အမြတ်သားရဲပီသသည်။ ပေထင်းဟွမ်သည် မျက်မှောင်အသာကြုတ်လိုက်သည်။

သူသည် မင်ထက်ပင် ပို၍ထောင်လွှားသည်။ ဤကဲ့သို့ထောင်လွှားမှုသည် ထိတ်လန့်စရာကောင်းသည်။ လူသားတွေဘက်လိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ လူသားနဲ့မှော်သားရဲတို့ စာချုပ်တည်ထောင်ပြီး တွဲဖက်တွေ ဖြစ်လာတာ ဘာမှားလို့လဲ။

“မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ.. သူများတွေကို ဘာဝေဖန်ပိုင်ခွင့်ရှိ လဲ.. ဟင်း မင်းက ကျွန်းပေါ်မှာပုန်းပြီး ခပ်ကျုံ့ကျုံ့လေးနေနေရတာ.. မင်းမှာ အစွမ်းအစရှိရင် ထွက်လာပြီး ငါနဲ့တိုက်ခိုက်လေ” ပေထင်းဟွမ်သည် သူမကိုယ် သူမ မယိုင်အောင်ထိန်းကာ လေပေါ် ပေါလောပေါ်ပြီး ခါးထောက်ထားသည်။ သူမ၏ အနက်ရောင်ဝတ်ရုံသည် လေထဲတွင် လွင့်ပါပြီး သူမ၏ဆံနွယ်ရှည်များ သည် လေထဲတွင် လွင့်နေသည်။ သူမ၏အေးစက်သောမျက်နှာပေါ်တွင် မျက်လုံးနက်များသည် စစ်ပွဲဆာလောင်နေသည့် အလင်းများဖြင့် ပြည့်နေ၏။

ကျွန်းပေါ်တွင် မြူခိုးမည်းများ တဖြည်းဖြည်းတက်လာပြီး အပေါ်ဘက်သို့ ရွှေ့လျားသွားလေသည်။ ကြီးမားသော နတ်သားရဲ၏ခန္ဓာကိုယ်ကို မြူခိုးမည်း များဖြင့် လုံးဝဖုံးအုပ်လိုက်သည်။ မီးပုံးအရွယ်အစားရှိသည့် မျက်လုံးများသည် မြူခိုးမည်းများအနောက်တွင် အနီရောင်အလင်းများ တောက်ပနေသည်။

“လူသားအစုတ်အပြတ် မင်းက ဘယ်လိုတောင် ငါ့ရဲ့ ဂုဏ်သိက္ခာကို ရန်စ ရဲတာလဲ ဟီး ဟီး အားနည်းတဲ့လူသားတစ်ယောက်လောက်ကတော့ ငါသွားကြားတောင်မညပ်ဘူး” မြူခိုးမည်းများ လွင့်ပါပြီး ဖောင်းကားလာသည်။ လေထဲတွင် စူးရှသောအသံ ပျောက်ကွယ်သွားသောအခါ မြူခိုးမည်းသည် ရွှံ့နွံ ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ပိုင်းကို ပေါ်လာစေသည်။

ပေထင်းဟွမ် ထိတ်လန့်သွားသည်။ အကျည်းတန်လှသော တြိဂံခေါင်း သည် ပြောမပြနိုင်လောက်အောင်ပင် ကြီးမားကာ ၎င်း၏အေးစက်သော မျက်လုံးများသည် အလင်းများဖြင့် တောက်ပနေသည်။ ၎င်း၏ခေါင်းပေါ်တါင် အနက်ရောင်ဦးချိုတစ်စုံရှိနေကာ ဓားသွားထက်ပင် ထက်သည်။ ၎င်း၏ခေါင်း သည် ခန္ဓာကိုယ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတွင် လည်ပင်းမရှိကာ သွေးဆာနေသော ပါးစပ်ဟ,လာသည်။ ၎င်းသည် ပေထင်းဟွမ်နှင့် တခြားလူကို မြင်သောအခါ မြူခိုးမည်းများကို ပါးစပ်မှထုတ်လွှတ်ပြီး မုန်တိုင်းတစ်ခုဖန်တီး လေသည်။

“ရှောင်ကျို့ သတိထား” ချူဖုန်းသည် ရှေ့သို့ခုန်ပြီး ပေထင်းဟွမ်၏ရှေ့ တွင်ရပ်မည်ပြုသည်။ သို့သော် ပေထင်းဟွမ်သည် ချူဖုန်းကို ဆုပ်ကိုင်ပြီး နှာမှုတ်လိုက်သည် “မင်းက ငါ့အသက်ကို ဒီလိုမျိုးလိုချင်တာလား.. မင်းကိုယ် မင်းတော်တော် အထင်ကြီးနေတာပဲ”

အလင်းတန်းထွက်လာသည်နှင့် ပေထင်းဟွမ်သည် ဤမျှကြီးမားသော မှော်သားရဲ၏ မျက်မှောက်တွင် သတိလက်လွတ်မလုပ်ရဲတော့ပေ။ အထွတ်အမြတ်သားရဲ၏ ဘာမှမဟုတ်သော တိုက်ခိုက်မှုတစ်ခုသည် သူမ၏ အသက်ကိုနှုတ်သွားနိုင်သည်။ သူမသည် ထောင်လွှားသည်။ သို့သော် သူမကိုယ်သူမ အထင်မကြီးပေ။

မြူခိုးမည်းသည် သူမ၏မျက်လုံးများထဲတွင် ကခုန်နေသည်။ သို့သော် သူမ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို မကိုင်လှုပ်နိုင်ပေ “အဂူး ချပ်ဝတ်တန်ဆာ အပြည့်ပြောင်းမယ်”

ငွေရောင်ပဉ္စဂံအဖွဲ့အစည်းသည် ပေထင်းဟွမ်၏ခြေထောက်အောက်၌ ပေါ်လာသည်။ ငွေရောင်ကြက်ခြေခတ် ဓားငယ် ၇ လက်သည် ပေထင်းဟွမ်၏ ခွန်အားကိုပြသနေသည်။ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်.. ကြေးခွံနက် နတ်ဆိုးနဂါးထက်မနိမ့်သော မှော်သားရဲသည် ပေထင်းဟွမ်ဘေးတွင်ပေါ်လာ သည်။ ကမ္ဘာကြီးတွင် သွေးနီရောင်များဖြင့် ပြည့်နက်သွားလေသည်။ သွေးနီ ရောင်သည် မြူခိုးမည်းကို ဝါးမျိုကာ သူမနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော မှော်သားရဲ၏ တစ်ကိုယ်လုံးကို ရောင်ပြန်ဟပ်နေသည်။ ၎င်းသည် ကြေးခွံနက် နတ်ဆိုးနဂါးဖြစ်သည်။ ကျွန်းတစ်ခုလုံးတွင် ပုံသဏ္ဍာန်အမျိုးမျိုး၊ မျိုးစိတ် အမျိုးမျိုးရှိသည့် အရိုးများဖြင့် ပြည့်နေသည်။ ရွှံ့နွံအလယ်တွင် ကျွန်းတစ်ခုရှိ နေသည်။

၎င်းသည် ကြေးခွံနက်နတ်ဆိုးနဂါးပီသသည်။ ပေထင်းဟွမ်သည် အစက ဤအထွတ်အမြတ်သားရဲကို ဆွဲဆောင်ချင်သော်လည်း အရိုးတောကိုမြင်သော အခါ အသက်ပင်မရှူနိုင်တော့ပေ။ ဒီလိုနတ်ဆိုးသားရဲကို ထားထားတော့လည်း ဘာအသုံးဝင်မှာလဲ။ သူမရဲ့ အကျင့်စရိုက်ကိုတောင် သွားသက်ရောက်လိမ့်ဦး မယ်။

ကြေးခွံနက်နတ်ဆိုးနဂါး၏မျက်လုံးများတွင် ထူးဆန်းသောအနီရောင် အလင်းတန်း ထွက်ပေါ်လာသည်။ ၎င်းသည် အဂူး၏မူလခန္ဓာကိုယ်ကိုမြင် သောအခါ ကြောက်လန့်မှုအရိပ်အယောင်ကို ပြသလိုက်မိကာ အော်ပြောလေ သည် “ဒါ ဒါ ဘယ်လို မှော်သားရဲအမျိုးအစားလဲ”

သွေးနီရောင်အလင်းတန်းမှာ တလက်လက်တောက်နေသည်။ အနီရောင် တိမ်တိုက်လှိုင်းလုံးများသည် ကြေးခွံနက်နှင့် မြူခိုးမည်းများကို ပျောက်ကွယ် သွားစေသည်။ သူ့ထက် ကြီးမားသော ပင်မခန္ဓာကိုယ်ကိုမြင်လိုက်သောအခါ သူ၏ ဝိညာဉ်အတွင်းထဲမှပင် တုန်ယင်ကာ သူ့ကိုယ်သူပင် မထိန်းနိုင်လောက် အောင်ဖြစ်နေသည်။

၎င်းသည် သူ၏သွေးသားဆီမှလာသော ဖိအားဖြစ်သည်။

“ဒါ ဘယ်လိုမှော်သားရဲအမျိုးအစားလဲဆိုတာ သိလာမှာပါ” ပေထင်းဟွမ် သည် ဤကြေးခွံနက်နတ်ဆိုးနဂါးကို စိတ်ထဲမှ မုန်းတီးနေပြီဖြစ်သည်။ လူသား ဖြစ်စေ မှော်သားရဲဖြစ်စေ သူ့တန်ဖိုးနှင့်သူရှိသည်ဟု ပြော၍ရသည်။ ရွှံနွံပေါ်မှ မြူခိုးမည်းများ၊ နတ်ဆိုးနဂါး၏အသွင်အပြင်နှင့် အရိုးပုံကြီးကိုမြင်ပြီးနောက် ပေထင်းဟွမ်သည် ၎င်းကိုသတ်ရန် စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်…

All Chapters