← Chapters

တိုက်ခိုက်မယ်၊ ကောင်းကင်ရဲ့ တရားမျှတမှု

Vol. 19 Ch. 369

တိုက်ခိုက်မယ်၊ ကောင်းကင်ရဲ့ တရားမျှတမှု

Vol. 19 Ch. 369

သူမခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်မီးတောက်များ တောက်လာသည်။ သွေးနီရောင်ချပ်ဝတ်တန်ဆာသည် သူမ၏ခန္ဓာကိုယ်တွင် ကျိုးနွံစွာရစ်ပတ်ကာ လူငယ်၏ပုံရိပ်ကို ရှေးဟောင်းစစ်နတ်ဘုရားထက်ပင် ပိုခမ်းနားအောင် ပြုလုပ် ပေးနေသည်။ ချပ်ဝတ်တန်ဆာပေါ်တွင် လှပသောပုံစံလက်ရာများဖြင့် ပုံဖော် ထားသည်။ နတ်သားရဲ၏ချပ်ဝတ်တန်ဆာသည် နတ်သားရဲတစ်ကောင်ထက် ပင် ပိုမြင့်မားသည်။ သူမ၏သွေးနီရောင်ဆံပင်များသည် လေနှင့်အတူလွင့်ပါ နေကာ ဆံနွယ်များအဆုံးရှိ သွေးနီရောင်မီးတောက်များသည် လေထဲတွင် လောင်ကျွမ်းနေသည်။ သူမ၏သွေးနီရောင်မျက်လုံးများသည် မြူခိုးမည်းထဲရှိ ကြေးခွံနက်နတ်ဆိုးနဂါးဆီသို့ ကျရောက်နေသည်။ သူမသည် လက်ထဲမှ ဓားပျော့ကိုမြှောက်ကာ တစ်ဖက်လူကိုညွှန်ပြလိုက်သည် “နတ်ဆိုးသားရဲ သေစမ်း”

ချူဖုန်း၏မျက်လုံးများသည် သွေးနီရောင်လက်သွားသည်။ သူ့နှလုံးသည် ဗုံတစ်ခုသဖွယ် မြည်ဟီးနေကာ အထိန်းချုပ်မဲ့ခုန်နေသည်။ သူသည် ကြည်လင် သောအသံဖြင့် အော်လိုက်သည် “ဇိကျီ ချပ်ဝတ်တန်ဆာပြောင်းမယ်”

သူ့ခြေထောက်အောက်တွင် တူညီစွာပင် ပဉ္စဂံအဖွဲ့အစည်းပေါ်လာ၏။ ခရမ်းရောင်မီးတောင်ပံခြင်္သေ့သည် သူ့ကို လျှပ်စီးတစ်ကြောင်းသဖွယ် ခုန်အုပ် လေသည်။ လူငယ်၏ပုံရိပ်သည် ကြံ့ခိုင်သည့်သစ်ကြုတ်လိုပင်။ သူ့တစ်ကိုယ် လုံးကို ထူးခြားသည့်ပုံစံရှိသည့် ခရမ်းရောင်ချပ်ဝတ်တန်ဆာက ရစ်ပတ်လိုက် သည်။ သူ၏ရင်ဘတ်တွင် လက်သီးဆုပ်အရွယ်အစားရှိသည့် ခြင်္သေ့ဘုရင်၏ ဦးခေါင်းသည် ရက်စက်ပုံပေါ်လသည်။ ၎င်းသည် နတ်သားရဲစစ်ချပ်ဝတ် တန်ဆာ၏ သင်္ကေတပင်ဖြစ်သည်။

လေထဲတွင် ခရမ်းရောင်ဆံပင်လွင့်နေပြီး သူ့ကို ပို၍ပင်ဆွဲဆောင်မှုရှိစေ သည်။ သူ၏ခရမ်းရောင်မျက်လုံးအစုံသည် တောက်ပနေသည်။ သူသည် မြေကြီးကို ခြေဖျားဖြင့် တော့လိုက်သည်။ ချူဖုန်းသည် လက်ထဲတွင် ဓားရှည် ကိုင်ဆောင်ထားကာ ပေထင်းဟွမ်နောက်လိုက်ပြီး ကြေးခွံနက်နတ်ဆိုးနဂါးဆီ သို့ ခုန်အုပ်နေသည်။

“ဝမ်းကွဲ သူ့နောက်ကျောကို တိုက်ခိုက်လိုက်.. ငါ့ သူ့ရှေ့ကိုတိုက်ခိုက်မယ်”

သူတို့နှစ်ယောက် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ချူဖုန်းသည် စိတ်မငြိမ်သလို ပေထင်းဟွမ်လည်း စိတ်လှုပ်ရှားနေ သည်။ သူမခန္ဓာကိုယ်သည် မြားတစ်ချောင်းသဖွယ် ဖြောင့်တန်းနေသည်။ လက်ထဲမှ ဓားပျော့ဆီသို့ ဒြပ်စင်စွမ်းအင်ထည့်ပြီးနောက် သူမ ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ရှည်လျားသော ကြာပွတ်ကဲ့သို့ပင် သူမသည် ကြေးခွံနက် နတ်ဆိုးနဂါးအား ခုတ်ချလိုက်သည်။

“ဟာသပဲ.. မင်းမှာ သွေးသားရှိတဲ့ အထွတ်အမြတ်တစ်ကောင်ရှိတာနဲ့ပဲ ငါ့ကိုနိုင်မယ်လို့ ထင်နေတာလား ဟင်း.. ကလေး အခုပဲပြန်ပြီး နို့ပြန်သောက် လိုက်ပါ.. ငါကတော့ ဖြစ်ခဲ့တာတွေ မေ့ပေးနိုင်ပါတယ်” စူးရှသောအလင်းသည် ကြေးခွံနက်နတ်ဆိုးနဂါး၏မျက်လုံးထဲမှ ထွက်လာသည်။ အထွတ်အမြတ် သားရဲတစ်ကောင်အနေနှင့် သူ၏ဂုဏ်သိက္ခာသည် စိန်ခေါ်ခံခဲ့ရသည်။ တစ်ဖက် လူသည် အားကောင်းလျှင်တောင် သူ နောက်ဆုတ်မည်မဟုတ်ပေ။

“ဟင်း လူတစ်ယောက်ရဲ့ ခွန်အားကို အသက်နဲ့လိုက်တွက်နေလို့မရဘူး.. ကြေးခွံနက်နတ်ဆိုးနဂါးစုတ်.. မင်းဒီမှာ အဆိပ်ခတ်ခဲ့တဲ့ သက်ရှိတွေ ဘယ်လောက်များလိုက်လဲ.. ဒီနေ့ ငါ့ဝမ်းကွဲအစ်ကိုနဲ့ မင်းအသက်ကို အတူနှုတ် ယူပြီး ကောင်းကင်ကိုယ်စား တရားမျှတမှုယူပေးမယ်” ချူဖုန်း၏လက်ထဲမှ ဓားရှည်ကို ဒြပ်စင်စွမ်းအင်အလွှာဖြင့် ရစ်ပတ်လိုက်သည်။ ၎င်းသည် အပြာ ရောင်အလင်းတန်းများ တောက်ပနေသည်။ ပေထင်းဟွမ်နှင့် ပူးပေါင်းကာ ကြေးခွံနက်နတ်ဆိုးနဂါးအား အားပါပါခုတ်လိုက်ကြသည်။

အထွတ်အမြတ်သားရဲ၏ အားကောင်းသောခွန်အားသည် မလှုပ်မယှက် ပင်။ ကြေးခွံနက်နတ်ဆိုးနဂါး၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းသည် ရုတ်တရက် တိုးပွားလာပြီး အင်အားစုနှစ်ခုသည် ပေထင်းဟွမ်၏ ဓားပျော့နှင့် ချူဖုန်း၏ဓားရှည်တို့ကို အသီးသီးခုခံကြလေသည်။ သူတို့နှစ်ယောက်သည် အလိုလိုနောက်ဆုတ်သွားလေသည်။

ကြေးခွံနက်နတ်ဆိုးနဂါးသည်လည်း မလွယ်ကူလှပေ။ သူ့ခန္ဓာကိုယ်မှ ကြေးခွံများအက်ကွဲလာရာ နာကျင်မှုများမြင့်တက်လာပြီး စိတ်ထဲတွင် အကြောက်တရားများ ပေါက်ဖွားလာသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျှသာ ဖြစ်သော်လည်း ထိုလူနှစ်ယောက်သည် သူ၏အထွတ်အမြတ်သားရဲပိုင်နက်ကို ဖြိုခွဲကာ သူ့ကိုဒဏ်ရာရအောင်လုပ်နိုင်သည်။

“အားကောင်းလိုက်တာ” သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်း၏မျက်လုံးများထဲတွင် မီးကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ခိုင်မာမှုများကို တွေ့လိုက်ရသည်။

သူတို့သည် ဘေးချင်းယှဉ်ကာ အထွတ်အမြတ်သားရဲကိုတိုက်ခိုက်နေကြ သည်။ ဘဝမှာ ဒီလိုအခွင့်အရေးမျိုး ဘယ်လောက်ရနိုင်မှာလဲ။

“တိုက်ခိုက်မယ်”

ပေထင်းဟွမ်သည် အော်ပြီး လေထဲတွင် ပေါလောပေါ်နေသည်။ သူမသည် ညင်သာစွာလက်ဖျောက်တီးလိုက်သည်နှင့် သွေးနီရောင်မီးတောက် လုံးသည် သူမ၏လက်ချောင်းထိပ်မှ ခုန်ထွက်လာသည်။ ပွင့်ဖတ်နှစ်ထပ်နှင့် လှပသောသွေးနီရောင်ပန်းသည် သူမလက်မှထွက်လာသည်။ နူးညံ့စွာ တွန်း လိုက်သည်နှင့် ၎င်းသည်ထွက်လာသည်။ ၎င်းသည် ပေထင်းဟွမ်နှင့် သုံးပေ အကွာရောက်သောအခါ ၎င်း၏အရှိန် ရုတ်တရက်မြင့်တက်လာပြီး ကြေးခွံနက် နတ်ဆိုးနဂါးဆီသို့ တိုးဝင်သွားကာ ပေါက်ကွဲသံတစ်ခုပေါ်ထွက်လာသည်။

“သွေးရိုက်ချက် ပန်းရွေ့လျား”

နတ်သားရဲအဂူး၏သွေးသားအရည်အချင်းသည် သူမလက်မှတစ်ဆင့် ထွက်ပေါ်လာသည်။ ၎င်းစွမ်းအားသည် အဂူး၏ကိုယ်ပိုင်ခွန်အားထက် အဆ ပေါင်းရာချီ ပိုသန်မာသည်။

All Chapters