← Chapters

ဇိကျီ လေဟာပြင်ခွဲခုတ်ချက်

Vol. 19 Ch. 370

ဇိကျီ လေဟာပြင်ခွဲခုတ်ချက်

Vol. 19 Ch. 370

“ဇိကျီ လေဟာပြင်ခွဲခုတ်ချက်”

သူ့တစ်ကိုယ်လုံးသည် ခရမ်းရောင်ဖြစ်နေသည်။ ထူထဲသောတော၏ အရိပ်ထဲတွင် သူသည်ငရဲအဇူရာနှင့်တူနေသည်။ ၎င်းသည် ချူဖုန်း နတ်သားရဲ ၏ ဝမ်းတွင်းပါအရည်အချင်းကို သုံးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့အနောက်တွင် များပြားလှသော ခရမ်းရောင်ပုံရိပ်များ ပေါလောပေါ်နေ၏။ သူ၏ခရမ်းရောင်မျက်အိမ်မှ လခြမ်းသဏ္ဍာန်နှင့်တူသော အလင်းထွက်ပေါ်လာ ကာ လေထဲတွင် ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏စွမ်းအား သည် မိုးပေါ်ထိမြင့်တက်ကာ ရောင်ဝါသည် ကျယ်ပြန့်လာသည်။ စူးရှသော လူသတ်မည့်ရည်ရွယ်ချက်ဖြင့် ၎င်းသည် ကြေးခွံနက်နတ်ဆိုးနဂါးဆီသို့ တဟုန် ထိုးပြေးဝင်သေည်။

သွေးနီရောင်နှင့် ခရမ်းရောင်အလင်းများတွင် အားကောင်းသော စွမ်းအင် ပါဝင်ကာ အသက်ဝင်လာပြီး ကြေးခွံနက်နတ်ဆိုးနဂါး၏ဦးခေါင်းကို တိုက်ခိုက် လေသည်။ သူတို့၏အရှိန်သည် အလွန်မြန်ဆန်ကာ လေကိုခွင်းသည့် စွမ်းအင် အသံသည် နားစူးစေသည်။ ၎င်းသည် ညလယ်ခေါင်တွင် ကြားရသည့် ညည်းညူသံကဲ့သို့ ခေါင်းမွေးများပင် ထောင်သွားစေနိုင်သည်။

အေးစက်သောအလင်းသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ နီရဲသော မျက်လုံးထဲတွင် လင်းလက်လာသည်။ အထွတ်အမြတ်သားရဲသည် လူသား အသွင်ဆောင်နိုင်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ၎င်းသည် လူသားများကို အလွန်မုန်းတီးခဲ့သည်။ ဤအခိုက်အတန့်တွင် သူသာ သတ်နိုင်လျှင် ပေထင်းဟွမ်နှင့် ချူဖုန်းတို့သည် အဆပေါင်းတစ်ထောင် အစိတ်စိတ်အပိုင်းခံရမည်။ ထူထဲသောမြူခိုးမည်းထဲတွင် ကြီးမားသော စပါးအုံး မြွေနှစ်ကောင်ရုတ်တရက်ပေါ်လာပြီး သွေးနီရောင်ပန်းနှင့် ခရမ်းရောင် လခြမ်း ဓားတို့ကို ရင်ဆိုင်လေသည်။

ကြီးမားသောစပါးအုံးမြေကြီးသည် သူတို့အသက်နှင့်သူတို့ ရှိသည့်ပုံပေါ် သည်။ ၎င်းသည် သွေးဆာနေသောပါးစပ်ကိုဖွင့်ပြီး ခရမ်းရောင်လခြမ်းဓားကို ချွန်ထက်သောအစွယ်များဖြင့် ကိုက်ဖြတ်သေလည်။ သို့သော် ပေထင်းဟွမ်၏ သွေးနီရောင်ပန်းသည် စပါးအုံးမြွေကြီး၏ဦးခေါင်းကို ထိုးဖောက်ကာ ကြေးခွံ နက်နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်လေသည်။ ကြီးမားသော ပေါက်ကွဲသံကြီးထွက်လာပြီး ၎င်း၏လည်ပင်းမှကြေးခွံများသည် တစ်ခုပြီးတစ် ခု ပြုတ်ကျလေသည်။ သွေးမည်းများစီးကျလာပြီး သွေးညှီနံ့များလေထဲတွင် ပျံ့သွားသည်။

အနက်ရောင်အလင်းတန်းသည် ရုတ်တရက်ပေါ်လာပြီး မြူခိုးမည်းသည် သူတို့နှစ်ယောက်ဆီသို့ ပျံ့နှံ့လာသည်။ ၎င်းသည် အထွတ်အမြတ်သားရဲ၏ ပိုင်နက်ဖြစ်သည်။ ထိုအရာထဲတွင် ပိတ်မိသွားပါက လက်ခုတ်ထဲကရေဖြစ် သွားကာ အသနားခံရလိမ့်မည်။

“ဝမ်းကွဲ နောက်ဆုတ်မယ်”

အဂူးနှင့် အဇူရာတို့ကြားမှ တိုက်ပွဲကိုမြင်တွေ့ပြီးနောက် ချူဖုန်းသည် ထိုအရာကို ကောင်းစွာသိသည်။ ပေထင်းဟွမ်၏ စိုးရိမ်တကြီးအော်သံသည် သူ့ကို ထပ်မံသတိပေးလိုက်သည်။ ချူဖုန်း၏ခန္ဓာကိုယ်သည် ရုတ်တရက် နောက်သို့ပြန်ခုန်ကာ ခရမ်းရောင်ကောင်းကင်မီးတောက်သည် သူ့ရှေ့တွင် ပြင်းထန်စွာလောင်ကျွမ်းနေသည်။ သူသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ နယ်ပယ်ကို ယာယီနှိမ်နင်းပြီး သီးခြားခွဲထုတ်ကာ မီးတံတိုင်းတစ်ခု တည်ဆောက်လိုက်သည်။

နယ်ပယ် ဖိနှိပ်ခြင်း.. ပေထင်းဟွမ်သည် စိတ်ထဲမှ အေးစက်စွာ နှာမှုတ်မိ သည်။ သူမခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအင်များ တဟုန်ထိုး တက်လာခဲ့ပြီး တစ်ချိန် တည်းမှာပင် ကိုးရောင်နိဗ္ဗာန်မီးသည်လည်း ပေါက်ထွက်လာသည်။ မူလက ထိုင်းမှိုင်းပြီး အေးစက်သောဧရိယာသည် ချက်ချင်းပင် အပူများဖြင့် ပြည့်နှက် လာသည်။ အဆုံးမရှိသော ကိုးရောင်ဒြပ်စင်စွမ်းအင်စီးဆင်းမှုသည် သူမလက် ထဲရှိ ဓားပျော့ဆီသို့ စီးဆင်းလာသည်။ သူမသည် အေးစက်စွာ အော်လိုက်၏ “ဓားသုံးထောင်နတ်မိစ္ဆာခုတ်ချက်”

ဓားပျော့ ၂၇ လက်လသည် တစ်သားတည်းပေါင်းစည်းသွားသည်။ ကြေးခွံနက်နတ်ဆိုးနဂါး၏ ဦးခေါင်းထက်တွင် ကိုးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လင်းလက်တောက်ပနေသည်။ ကိုးရောင်မီးတောက် တောက် လာသည်နှင့် လေထဲမှ စိုထိုင်းမှုများအားလုံးကို ယူဆောင်သွားလေသည်။ ရွှံ့နွံ တစ်ခုလုံးတွင် မြူခိုးများဖြင့် ဝန်းရံသွားလေသည်။ ညှိုးနွမ်းနေသော မြက်ပင်ရိုင်းများ ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီ ပြင်းထန်သော စွမ်းအင် လှိုင်းလုံးများသည် ကောင်းကင်သို့ပျံတက်သွားခဲ့သည်။

“သောက်ကောင်” ကြေးခွံနက်နတ်ဆိုးနဂါးသည် အလွန်အမင်း ထိတ်လန့်သွားသည်။ ဓားပျော့က သူ့ခေါင်းပေါ်မှာ ဘယ်တုန်းကရောက်သွား တာလဲ။ ကိုးရောင်မီးတောက်များသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် အစောက သွေးနီရောင်အလင်းတန်းထက်ပင် သူ့ကို တုန်ယင်စေ သည်။ သူ၏နီရဲသောမျက်လုံးများသည် အလွန်ပင်မှိုင်းလာသည်။ ကောင်းကင် အဆင့်ကျွမ်းကျင်သူ ပေါက်စတစ်ယောက်သည် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားပေ။

“လူသား မင်းက အရမ်းသန်မာတာပဲ.. ဒါပေမဲ့ မင်း ငါ့ကို ဒီလိုမျိုး အနိုင်ရသွားမယ်လို့ထင်လား အိပ်မက်မက်နေလိုက်”

အေးစက်သောအသံသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ ပါးစပ်မှထွက်လာ သည်။ ၎င်း၏နီရဲသောမျက်လုံးများသည် ရုတ်တရက် မီးတောက်သလို ပွင့်လာ သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မြူခိုးမည်းများ မြင့်တက်လာပြီး ဦးချိုပေါ်ရှိ မြူခိုးမည်းများသည် ရေဝဲအဖြစ် လှည့်ပတ်သွားလေသည်။ နောက်ဆုံးတွင် ၎င်းသည် အချွန်ကဲ့သို့ပြောင်းကာ ခေါင်းအထက်ရှိ ဓားပျော့နှင့်ရင်ဆိုင်လေ၏။

ကိုးရောင်သည်မျဉ်းတစ်ကြောင်းအသွင်ပြောင်းကာ နှင်းဖြူရောင်အလင်း ကို ခပ်ဝါးဝါးမြင်နေရသည်။ မျဉ်းကြောင်းသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ အချွန်နှင့် ပြင်းထန်စွာတိုက်မိပြီး ပြိုးပြိုးပြက်ပြက်လင်းနေသာ အလင်းတန်း များထွက်ပေါ်လာသည်။ ၎င်းသည် လူအများကို မျက်စိစူးသွားစေလောက်သည် …

All Chapters