အဆုံးစွန်တိုက်ကွက်
Vol. 19 Ch. 371
သူ ထင်ထားသကဲ့သို့ မြေကြီးလှုပ်ခါသွားစေလောက်မည့် ပေါက်ကွဲမှုမျိုး ဖြစ်မလာပေ။ ကိုးရောင်အလင်းသည် အနက်ရောင်အချွန်၊ အားကောင်းသော နတ်သားရဲ၏နယ်ပယ်ကို ထိုးဖောက်သွားကာ ကြေးခွံနက်နတ်ဆိုးသားရဲ၏ မာကျောသောကြေးခွံမှတစ်ဆင့် လည်ချောင်းမှဝင်ရောက်ကာ ကြီးမားသည့် ခန္ဓာကိုယ်ဆီသို့ ထိုးဖောက်သွားလေသည်။
“မဟုတ်သေးဘူး မဖြစ်နိုင်ဘူး” ကြေးခွံနက်နတ်ဆိုးနဂါး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရူးခါစွာ ယမ်းသွားသည်။ ၎င်း၏ကြီးမားသောအမြီးသည် မြောက်တက်လာပြီး တိုက်မိသဖြင့် ရွှံနွံဘေးမှ နှစ်တစ်သောင်းသက်တမ်းရှိ ရှေးသစ်ပင်ကြီးကိုပင် အမြစ်မှပြုတ်သွားစေသည်။ ၎င်းသည် မြေကြီးကို ပြင်းပြင်းထန်ထန်ရိုက်ချရာ ပတ်ပတ်လည်မှ တောင်များပင် ပြားလုမတတ်ဖြစ် သွားသည်။ ဓားပျော့သည် တည့်တည့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်ကို ထိုးစိုက်သွား လေ၏။ ကိုးရောင်မီတောက်များသည် သူ့ခန္ဓာကိုယ်အတွင်းတွင် လောင်ကျွမ်း နေသည်။ စူးရှသောနာကျင်မှုသည် သူ့အရိုးအတွင်းထဲမှပင် ခံစားရလေသည်။ ဤလူသားတွင် ဤမျှအားကောင်းသော ခွန်အားရှိလိမ့်မည်ဟု သူ ထင်မထား ပေ။
ရှေးအထွတ်အမြတ်သားရဲမှ ပြောင်းလဲလိုက်သည့် ချပ်ဝတ်တန်ဆာသည် နတ်လက်နက်ဖြစ်သည်။ ၎င်းသည် ဓားပျော့ဖြစ်ကာ ကိုးရောင်နိဗ္ဗာန်မီး၏ အသက်မီးတောက်ရှိသည်။
ဒီလူက ဘယ်သူလဲ။
၁၄ နှစ်အ၇ွယ် ကောင်းကင်အဆင့်မြင့် ဓားဝိညာဉ်သခင်တစ်ယောက်ပင်။ သူသည် ဤတိုက်ကြီးတွင် နေလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော် သူမအကြောင်းကို မကြားဖူးပေ။ သူမတွင် ရှေးဟောင်းသွေးသား မှော်သားရဲ နှစ်ကောင်ရှိသည်။ ကောင်းကင်ဘုံက ဒီလိုမျိုးမကောင်းဆိုးဝါးကို ဒီကမ္ဘာကြီးမှာ ဘာလို့ထားထားတာလဲ။
ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေလောက်သည့် နာကျင်စွာ အော်ဟစ်သံသည် အလွန်ပင် စူးရှလွန်းသည်။ ကောင်းကင်နှင့်မြေကြီးအကြား တွင် အနက်ရောင်သွေးညှီနံ့များ ပျံ့သွား၏။ ၎င်းသည် မိုးမည်းများ ရွာကျနေသလိုပင်။ ထောင်လွှားပြီး မောက်မာသည့် ကြေးခွံနက်နတ်ဆိုးနဂါး သည် ဓားဖြင့်အထိုးခံရပြီး လဲကျသွားသည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုး လုံးကြီးထွက်ကျလာ၏။ သူ့စိတ်ထဲမှ သေရမည်ကိုကြောက်သည့် အကြောက် သည် ငြိမ်ကျသွားလေပြီ။ အထွတ်အမြတ်သားရဲတစ်ကောင်၏ ဂုဏ်သိက္ခာ သည် သူ့ကိုနောက်ဆုတ်ခွင့်မပေးလျှင်တောင် ဤအခိုက်အတန့်တွင် သူသည် အရှုံးပေးရန် တွေးနေလေပြီ။
ဘုန်း…
ကိုးရောင်အလင်းသည် တစ်ခါတည်း ပေါက်ကွဲထွက်သွားသည်။ ဓားပျော့ ကို ဗဟိုပြု၍ပေါက်ကွဲခြင်းမှ ထွက်လာသော ကြီးမားသည့်စွမ်းအင်သည် မြင်နိုင်သောရေလှိုင်းပုံစံဖြင့် လမ်းကြောင်းအားလုံးကို ချဲ့ထွင်လာခဲ့သည်။ အသားနှင့်သွေးများ ပေါက်ကွဲရာ သွေးများသည် နေရာတိုင်းတွင် မိုးရွာသလို ရွာနေခဲ့သည်။ အစိတ်စိတ်အမွှာမွှာကွဲသွားသော အသားတုံးနှင့်သွေးများသည် မိုးသီးကဲ့သို့ မြေပြင်ပေါ်ကျလာသည်။ မြင်မကောင်းလှသော မြင်ကွင်းပင်။
“လူသားစုတ်…” ကြေးခွံနက်နတ်ဆိုးနဂါးသည် ဒေါသတကြီးမာန်ဟိန်း ကာ ပေထင်းဟွမ်အား ကြမ်းကြုတ်သောမျက်လုံးအစုံဖြင့် ကြည့်လေသည်။ ဤလူသားသည် ဤမျှရက်စက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ တစ်ချက်တည်းနှင့်ပင် သူသည် သူ၏အဆုံးစွန်အသက်ကယ် တိုက်ကွက်ကို မသုံးလိုက်ရဘဲနှင့် တိုက်ခိုက်ရေးခွန်အားကို လုံးဝဆုံးရှုံးလိုက်ရသည်။
မလိုလားမှုများ၊ ဒေါသနှင့် ရက်စက်မှုများသည် သူ၏နီရဲသောမျက်လုံး များထဲတွင် ပေါ်လာသည်။ နှစ်ပေါင်းတစ်ထောင်အတွင်းတွင် သူသည် ဤမျှ ကြီးမားသော ဆုံးရှုံးမှုမျိုးမဖြစ်ဖူပေ။
“ဝမ်းကွဲအစ်ကို ကျန်တာကို မင်းကိုပဲ အပ်ထားလိုက်တော့မယ်” ပေထင်းဟွမ်သည် သူမ၏ခါးကိုကိုင်ပြီး ရပ်လေသည်။ ဤဓားတစ်ထောင် နတ်ဆိုးခုတ်ချက်သည် သူမ၏အဆီအနှစ်စွမ်းအင်များကို ကုန်ခမ်းသွားစေ သည်။ ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် နေထိုင်မကောင်းတော့ပေ။
“ဟုတ်ပြီ ငါ့ကိုကြည့်နေလိုက်”
ပေထင်းဟွမ်သည် နတ်ဆိုးနဂါးကို အရှင်ထားရန် ဆန္ဒမရှိသည်ကို သိသဖြင့် ခရမ်းရောင်မီးတောင်ပံခြင်္သေ့ကြီးသည် ချူဖုန်းနောက်သို့ ပျံလာခဲ့၏။ ၎င်း၏ခရမ်းရောင်မျက်လုံးနှစ်ခုထဲမှ လခြမ်းနှင့်တူသော လင်းတန်းများထွက် လာခဲ့သည်။ ၎င်းတို့သည် လေထဲတွင်ပေါင်းစည်းသွားပြီး လခြမ်းဓားဖြစ်သွား လေ၏။ ထွက်ပေါ်လာပြီးနောက် စွမ်းအင်သည် ကမ္ဘာမြေကြီးကို အက်ကွဲသွား စေသည်။ ကြယ် ၉ ပွင့်နတ်သားရဲနှင့် ဓား ၅ လက်ကြယ်ဝိညာဉ်သခင်တို့မှ ထုတ်လွှတ်လိုက်သော ကြယ်ဝိညာဉ်သိုင်းသည် အံ့ဩစရာကောင်းလှအောင် အားကောင်းလှသည်။
“လူသား မင်းကို အလွယ်တကူရအောင် ခွင့်မပေးနိုင်ဘူး”
ဒေါသတကြီးမာန်ဟိန်းပြီးနောက် ကြေးခွံနက်နတ်ဆိုးနဂါးသည် ချူဖုန်း ၏ ကြယ်တိညာဉ်သိုင်းကို လျစ်လျူရှုနေ၏။ အပေါက်များဖြင့် ကြည့်နေသည့် ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် ရုတ်တရက် ပေထင်းဟွမ် ဆီသို့ တဟုန်ထိုးပြေးဝင်လာခဲ့သည်။
“ရှောင်ကျို့”
လခြမ်းဓားသည် ရုတ်တရက် ဘေးသို့တွန်းပို့ခံလိုက်ရသည်။ ချူဖုန်း၏ ခန္ဓာကိုယ်သည် လကိုလိုက်နေသည့် ဥက္ကာပျံကဲ့သို့ ကြေးခွံနက်နတ်ဆိုးနဂါး၏ နောက်သို့လိုက်လေသည်။ သူသည် ကြေးခွံနက်နတ်ဆိုးအားတားပြီး ပေထင်းဟွမ်ရှေ့၌ရပ်ရန်ကြိုးစားလိုက်သည်။
အထွတ်အမြတ်သားရဲသည် မည်မျှပင် ကာကွယ်ရေးစွမ်းအား ပျောက်ကွယ်သွားသည်ဟု ဆိုစေကာမူ ၎င်း၏နောက်ဆုံးတိုက်ကွက်သည် ပေထင်းဟွမ်ကို ခြေကုန်လက်ပမ်းကျစေသည်…