← Chapters

စစ်နိုင်ပစ္စည်းများ၊ မင်းတကယ်ကြိုက်မှာပဲ

Vol. 19 Ch. 372

စစ်နိုင်ပစ္စည်းများ၊ မင်းတကယ်ကြိုက်မှာပဲ

Vol. 19 Ch. 372

“ဟင်း မင်းက ငါ့စာချုပ်ရှင်ကို ထိခိုက်အောင်လုပ်ချင်နေတာလား.. ကြေးခွံနက်နတ်ဆိုးနဂါး မင်းက သေချင်နေတာပဲ”

သွေးနီရောင်မီးတောက်တစ်ခုသည် ပေထင်းဟွမ်ရှေ့တွင် မီးတံတိုင်းကဲ့သို့ ရပ်လိုက်သည်။ မီးတောကများအကြားတွင် သွေးနီရောင် ဝတ်စုံတိုပြတ်ပြတ်ကိုဝတ်ဆင်ထားသော အဂူးသည် မားမားမတ်မတ်ရပ်လျက် ရှိသည်။ သူ၏ ခပ်တိုတိုဆံပင်သည် မီးတောက်များ က,သည်နှင့် လေနှင့်အတူ လွင့်ပါနေသည်။ သူသည် လက်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ သွေးနီရောင် ဓားကောက်တစ်ခုသည် မီးတောက်ကြားထဲတွင် ပေါ်လာသည်။ သူသည် မြင့်မြင့်မြှောက်ကာ ရုတ်တရက် ကြေးခွံနက်နတ်ဆိုးနဂါးအား ခုတ်လိုက်သည်။

သူ့အနောက်တွင် ခရမ်းရောင်လခြမ်းဓားသည် ကြီးမားသောစွမ်းအင် လှိုင်းလုံးကြီးအဖြစ် သယ်ဆောင်ကာ ခုတ်လေသည်။ သွေးလဓားကောက်သည် အရှေ့မှ မညှာမတာခုတ်လေသည်။ ကြီးမားသောစွမ်းအင်လှိုင်း၏ အကြပ်ကိုင် မှုအောက်တွင် မပြည့်စုံသော အထွတ်အမြတ်သားရဲ၏ ကြီးမားသောခန္ဓာကိုယ် သည် ချက်ချင်းဆိုသလို ပြိုကွဲလေသည်။ ၎င်းသည် သေသွားလေပြီ။

“စူး” သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ပေထင်းဟွမ်၏ ခန္ဓာကိုယ် သည် အနည်းငယ် အားလျော့သွားသည်။ ပထမဆုံးအကြိမ်အနေနှင့် သူမသည် ကိုးရောင်မီးတောက်ကို သူမ၏အဆီအနှစ်စွမ်းအင်ထဲသို့ သိမ်းဆည်းလိုက်ကာ ဓားပျော့ထဲထည့်လိုက်သည်။ သူမသည် ခွန်အားကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သဖြင့် အဆီအနှစ်စွမ်းအင်ကို စုပ်ယူလိုက်ရသည့် ခံစားချက်သည် သူမကို အထူးတလည်မသက်မသာဖြစ်စေသည်။

“မင်း ဘာလို့ အဲလောက်တောင် အ,ရတာလဲ” အဂူးသည် သူမကို လက်တစ်ဖက်ဖြင့် တွဲပေးထားပြီး သူမလက်စွပ်ထဲမှ ရွှေရောင်ဆေးကို ထုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်ကို ကြည့်နေခဲ့သည်။ သူမ၏ ဒြပ်စင်စွမ်းအင်မှာ ကုန်ခမ်းသွားပြီး နတ်ဆေးသောက်မှပင် ပြန်ကောင်းလာမည်ကို သူသိ သော်လည်း အဂူးသည် ခေါင်းကိုက်နေတုန်းပင် “အဲဒါက ဒီအတိုင်းမြွေလေးပဲ ကို.. ကိုယ်တိုင် ဒီလိုမျိုးလုပ်ဖို့လိုလို့လား”

“ရှောင်ကျို့.. ဘယ်လိုနေလဲ” ချူဖုန်းသည် ရောက်လာနှင့်ပြီဖြစ်ကာ ပေထင်းဟွမ်ကို အဂူးဘေးမှလုယူလိုက်သည်။ သူသည် သူမကို လက်မောင်းမှ ကိုင်ပြီး ပြောလေသည် “ရှောင်ကျို့ အဆင်ပြေရဲ့လား”

“အခု အဆင်ပြေသွားပါပြီ” ပေထင်းဟွမ်သည် အဂူးကိုကြည့်ပြီးနောက် ချူဖုန်းကို ကြည့်လိုက်သည်။ သူမသည် ဒြပ်စင်စွမ်းအင် ကုန်ခမ်းခြင်းဖြစ်ရာ နတ်သေးသောက်လိုက်လျှင် ကောင်းသွားမည်ဖြစ်သည်။ ထိုလူနှစ်ယောက် သည် ဘာမှမဟုတ်သည့်ကိစ္စကို ဇာချဲ့နေသည်။ သို့သော် သတိတရနှင့် ဂရုစိုက် ခံရသည့်ခံစားချက်သည် ဘာကြောင့် ဤမျှခံစားရကောင်းသနည်း။

ပေထင်းဟွမ်၏ နဂိုဖြူဖျော့နေသော မျက်နှာသည် တဖြည်းဖြည်းနီရဲလာ ပြီး သူမမျက်လုံးထဲရှိ မှိုင်တွေနေသောအကြည့်မှ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်ကိုမြင်သောအခါ ချူဖုန်းသည် စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ သူသည် သူမကို စစ်ဆေးပြီးနောက် သူမ ဒဏ်ရာမရ သည်ကိုအတည်ပြုပြီးသည်နှင့် လွှတ်ပေးလိုက်သည် “နောက်ဆို ဒီလိုမလုပ်နဲ့.. ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ရတနာဖြစ်ပါစေ မင်းအသက်လောက် အရေးမကြီး ဘူး”

“အင်းပါ.. စစ်နိုင်ပစ္စည်းတွေ သွားယူရအောင်” ပေထင်းဟွမ်သည် အဂူးနှင့်ချူဖုန်းတို့ကို ဆွဲကာဖြင့် သူတို့သုံးယောက်သည် ကျွန်းငယ်ထိပ်ပိုင်းသို့ ပျံသွားလိုက်ကြသည်။ ကြေးခွံနက်နတ်ဆိုးနဂါးသည် သေဆုံးသွားပြီဖြစ်ရာ ကျွန်းပေါ်မှ မြူခိုးမည်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မူလပုံစံပေါ် လာပြီဖြစ်သည်။

ရွှံနွံဧရိယာသည် ထူထဲလှသောတောထဲတွင် မျက်စိတစ်ဆုံးထိမြင်နိုင် လောက်အောင် ကျယ်ပြန့်လှသည်။ ကျွန်းအလယ်တွင် အဆုံးမရှိသော တောင်တန်းများသည် နိမ့်ချည်တက်ချည်နှင့်။ ကျွန်းအလယ်ရှိ အေးစိမ့်သော ကန်တွင် ချီဝိညာဉ်များပေါကြွယ်ဝကာ အမတမြက်ပင်နှင့် ဝိညာဉ်သစ်သီးများ ကို အာဟာရဖြည့်တင်းပေးနေသည်။ ချောက်ကမ်းပါးအနီးရှိ အေးစိမ့်သောကန် ပေါ်တွင် မျက်စိကိုဖမ်းစားနိုင်လောက်သည့် ကျောက်စိမ်းနက်နှင့်တူသည့် အနက်ရောင်သစ်ပင်ငယ်လေး တစ်ပင်ရှိသည်။ ၎င်းတွင်တွဲလောင်းကျနေသည့် အနီရောင်သစ်သီးများသည် ဖန်စပျစ်သီးများနှင့်တူနေသည်။ ထိုအသီးများ သည် ပုလဲအရွယ်အစားရှိကာ ကြည်လင်လှသည်။

“ကောင်းကင်သစ်သီးလား” ပေထင်းဟွမ်သည် အလွန်ပင် အံ့အားသင့် လျက်ရှိသည်။ သူမသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ အထွတ်အမြတ်သားရဲ အမြုတေကိုပင် ဂရုမစိုက်တော့ဘဲ ကောင်းကင်အသီးဆီသို့ ပျံသွားလိုက်သည်။

ချူဖုန်းသည် ပိုက်ဆံတူးသူ၏ အသွင်အပြင်ကိုကြည့်ပြီး မတတ်သာစွာ ဖြင့် ခေါင်းခါလိုက်သည်။ သူသည် လက်ထဲတွင် ဓားပျော့ကိုကိုင်ထားပြီး အထွတ်အမြတ်သားရဲ၏ အမြုတေကို သွားယူလေသည်။ လက်ဝင်လှ သော်လည်း သူသည် ကြေးခွံနက်နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်မှ အဖိုးတန်အရာ များကို အရေခွံခွာပြီး အရွတ်ထိပါ ဆွဲနှုတ်လေသည်။ ၎င်း၏အရိုးများပင် မချန်ဘဲ အပြောင်ရှင်းလေသည်။

“သခင် ဒီမှာပစ္စည်းကောင်းရှိသေးတယ်.. မြင်လိုက်ရင် သေချာပေါက် ကြိုက်မှာပဲ” နှစ်ပေါင်းတစ်သောင်းကြာအောင် နေခဲ့သည့် အထွတ်အမြတ် သားရဲ အဂူးသည် ပေထင်းဟွမ်ထက်ပင် မြင်တတ်သည်။ သူသည် ကျွန်းပေါ်ရှိ အမတဆေးပင်နှင့် ဝိညာဉ်သစ်သီးများကို ဂရုမစိုက်ပေ။ သူသည်ရေအေးကန် အလယ်တွင် အလင်းဖြင့်တောက်ပနေသော ရတနာများကိုသာ စိတ်ဝင်စား သည်။ “ဒီမှာဝိညာဉ်သွေးကြောရှိနေတယ်.. အဲဒါကြောင့် အဲဒီအထွတ်အမြတ် သားရဲက ဒီမှာနှစ်တစ်သောင်းကြာအောင် နေနေတာကိုး..”

All Chapters