← Chapters

ရွှံ့နွံချောက် ငါ သေချာပေါက် အဲဒီကိုသွားမယ်

Vol. 19 Ch. 373

ရွှံ့နွံချောက် ငါ သေချာပေါက် အဲဒီကိုသွားမယ်

Vol. 19 Ch. 373

“ဝိညာဉ်သွေးကြောလား” ပေထင်းဟွမ်သည် ကောင်းကင်သစ်သီးပင် ကို တူးပြီး သူမ၏သိုလှောင်လက်ပတ်အတွင်းတွင် စိုက်ရန် တွေးနေ၏။ သို့သော် ကောင်းကင်အသီးပင်သည် ရွှေ့လိုက်လျှင် မရှင်တော့မည်ကို စိုးရိမ် လျက်ရှိသည်။ ဝိညာဉ်သတ္တုကြောဟု ကြားလိုက်သည်နှင့် ပေထင်းဟွမ် ဘာမှ မပြောတော့ပေ။ ဒုန်းဆိုသည့်အသံနှင့်အတူ လက်ထဲမှဓားပျော့ဖြင့် တောင်ကို ခုတ်ကာ သူမ၏နေရာအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရေအေးကန် ဆီသို့ ပျံလာခဲ့သည်။

ဝိညာဉ်သွေးကြောသည် ပစ္စည်းကောင်းဖြစ်သည်။ ထိုအရာများရှိလျှင် အနာဂတ်တွင် အမတဆေးပင်နှင့် ဝိညာဉ်သစ်သီးများ ပြတ်လပ်မည်မဟုတ် တော့ပေ။

“သခင် ငါ့ကိုကြည့်” သူ၏ဝိညာဉ်စွမ်းအားကိုသုံးကာ ဝိညာဉ်သွေးကြော ကိုစမ်းကြည့်ရန်အတွက် အဂူးသည် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ သွေးနီရောင်မီးတောက်သည် သူ့လက်မောင်းကို ရစ်ပတ်လိုက်ပြီး သွေးနီရောင် ဓားကောက်သည် သူ့လက်ထဲတွင်ပေါ်လာကာ ရေအေးကန်ပတ်ပတ်လည်ကို ခုတ်ထစ်တော့သည်။ ရေအေးကန်တစ်ခုလုံးကို မြေတူးလိုက်သဖြင့် မီးပွားများ ထွက်လာသည်။

အဂူးမှ ဝိညာဉ်သွေးကြောကို တာဝန်ယူဖြေရှင်းချိန်တွင် ချူဖုန်းသည် ကြီးမားသောအထွတ်အမြတ်သားရဲ၏ ခန္ဓာကိုယ်ကို အပြောင်ရှင်းလင်းနေ၏။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ကျွန်းပေါ်မှ အမတမြက်ပင်နှင့် ဝိညာဉ်အသီး များကို ရိတ်သိမ်းနေသည်။ သူတို့သုံးရောက်သည် နေ့တစ်ဝက်နီးပါးကြာသော အချိန်တွင် အလုပ်များပြီးစီးလေသည်။ အဆုံးတွင် ပေထင်းဟွမ်၏ နောက်ဆုံး စစ်ဆေးခြင်းအောက်၌ သူတို့သည် ရှားပါးသတ္တုကြောတချို့ကိုပင် သိမ်းယူကြ သည်။ ဤခရီးသည် အလွန်ပင် အကျိုးအမြတ်ရှိလှသည်။

ပေထင်းဟွမ်အတွက် ဝိညာဉ်ခွဲချောက်အတွင်းပိုင်သို့သွားသည့် ဤခရီး သည် အလွန်ပင် အမြတ်ကျန်လှသည်။ ကောင်းကင်အဆင့်သို့တက်ပြီးနောက် သူမသည် အထွတ်အမြတ်သားရဲတစ်ကောင်၊ မှော်သားရဲအမြောက်အများ၊ အမတဆေးပင်များနှင့် ဝိညာဉ်သစ်သီးများရရှိခဲ့သည်။

အထွတ်အမြတ်သားရဲသုံးကောင်ထဲမှ တစ်ကောင်သေသွားခဲ့သော်လည်း ၎င်းအသေကောင်သည် များစွာအဖိုးတန်သည်။

ရွှံ့နွံအလယ်ရှိ ကျွန်းငယ်ပေါ်တွင်ရပ်ကာ ပေထင်းဟွမ်သည် ရွှံ့နွံချောက် နက်ရှိရာဘက်သို့ ကြည့်လိုက်သည်။ အတိတ်နမိတ်မကောင်းသော ရောင်ဝါ သည် သူမမျက်နှာကို လာရိုက်ခတ်လေသည်။ အဝေးမှကြည့်လျှင် သူမ၏ ပတ်ပတ်လည်ကို အနက်ရောင်မြူခိုးများဖြင့် ဖုံးအုပ်ထားသည်။ နတ်ဘုရား အဆင့်အထက်ရျိသောလူများသာ အစွန်အဖျားတွင်လျှောက်ရဲပြီး မည်သူမှ အနားမကပ်ရဲကြဟုဆိုကြသည်။

“အဂူး.. ဒီကနေဆက်သွားရင် ရွှံ့နွံချောက်နက်လား.. အထဲမှာ ဘာတွေရှိ တာလဲ” ပေထင်းဟွမ်သည် ရွှံ့နွံဘေးတွင်ရှိနေသည့် မြူခိုးမည်းများနှင့် ပတ်သက်ပြီး မည်သို့ခံစားရကြောင်းကို ရှင်းမပြတတ်တော့ပေ။

သူမ ထိုနေရာအပိုင်းအခြားကိုမြင်လိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်ပြီး တစ်စုံတစ်ရာဆုံးရှုံးလိုက်ရသည်ဟု အမြဲခံစားခဲ့ရသည်။

“သခင်.. အဲဒီကိုသွားဖို့ဆို… နတ်လောကကို ဝင်ပြီးမှ ဝင်လို့ရမယ်.. အခုသွားလို့မရဘူး” အဂူးသည် မပြောလိုသည့် အကြည့်ဖြင့် မျက်လွှာချထား ၏။ သခင်၏လက်ရှိခွန်အားနှင့်ဆိုလျှင် လှောင်အိမ်ကဲ့သို့နေရာကို ဝင်ရန် နည်းလမ်းမရှိပေ။ အထဲတွင် ကျိန်စာသင့်မှော်သားရဲများဖြင့် ပြည့်နေသည်။

ပေထင်းဟွမ်သည် ထိုနေရာအား ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကြည့် လိုက်ကြသည်။ ၎င်းသည် ဝေးကွာလွန်းသော်လည်း အရာအားလုံးသည် ကြည်လင်ပြတ်သားသည်။ မြူခိုးမည်းများ ဖုံးလွှမ်းနေသည့်နေရာသည် မြေပြင် ၏ အနက်ရှိုင်းဆုံးနေရာတွင်တည်ရှိသည်။ တစ်စုံတစ်ရာသည် သူမကို ထိုနေရာ မှခေါ်နေသလိုပင်။ သူမသည် စိတ်ထဲမှ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သည်တစ်ကြိမ် သူမမျက်လုံးဖွင့်လိုက်သည့်နေ့မှစပြီး ဤတာဝန်သည် အမြဲတစေ သူမပခုံးပေါ်တွင်ရှိနေပုံပင်။ သို့သော် ထိုအရာကို ထူးဆန်းသည်ဟု သူမ မထင်ပေ။ ဤအရာသည် ပေထင်းဟွမ်၏အသက်ဖြစ်သလို သူမ၏ အသက်လည်းဖြစ်သည်။

ပေထင်းဟွမ်နေထိုင်ခဲ့သည့် ၁၄ နှစ်တာသည် သူမပိုင်ဆိုင်သင့်သည်ဟု ပင် ထင်ယောင်ထင်မှားဖြစ်လာသည်။

“ငါ သေချာပေါက် အဲဒီကိုသွားရမယ်.. အဲနေ့ရောက်ဖို့ကလည်း မကြာပါ ဘူး”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် လှည့်ပြီး ဝိညာဉ်ခွဲချောက်မှ ထွက်လာလိုက်သည်။ သူမသည် သေချာပေါက် ထိုနေရာသို့သွားမည်။ ယခု မဟုတ်လျှင်တောင် မကြာမီသွားမည်။ ဤတိုက်ကြီးတွင် နတ်ဘုရားဆိုသည် မှာ ဒဏ္ဍာရီလာဖြစ်သော်လည်း ယန်ယဲ့သည် နတ်ဘုရားအဆင့်သို့တက်နိုင် သည်ဟုဆိုသဖြင့် သူမလည်း တစ်ပုံစံတည်းဖြစ်အောင်လုပ်ရမည်။

ထိုအရာသည် ခက်ခဲလျှင်တောင် သူမသည် လူအနည်းငယ်သာရောက် နိုင်သည့် ထိုနေရာကို သေချာပေါက်တက်ရမည်။

နတ်လောကကို အဆင့်တက်နိုင်သူများသာ ထိုဧရိယာကို ချဉ်းကပ်ရန် အရည်အချင်းရှိသည်။ ပေထင်းဟွမ်သည် သေချာပေါက် ထိုနေရာသို့ သွားရ မည်။ ထိုနေ့သည် မကြာတော့ပေ။ ဆိုလိုသည်မှာ သူမ နတ်လောကအဆင့်သို့ တက်နိုင်မည့်နေ့သည် မကြာခင်ရောက်လာတော့မည်။ သူမသည် ယုံကြည် ချက်ရှိလွန်းကာ မောက်မာသည်။ သို့သော် အဂူးနှင့် ချူဖုန်းတို့သည် သူမထက် ပင် ပို၍ယုံကြည်ချက်ပြင်းပြနေသည်။ သူမ ပေထင်းဟွမ်သည် မကြာမီတွင် နတ်လောကအဆင့်သို့ သေချာပေါက် တက်နိုင်လိမ့်မည်…

All Chapters