← Chapters

မဟာမိတ်မြို့တော်သို့ပြန်ခြင်း

Vol. 19 Ch. 374

မဟာမိတ်မြို့တော်သို့ပြန်ခြင်း

Vol. 19 Ch. 374

ဝိညာဉ်ခွဲချောက်နှင့် မှော်သားရဲတောအစွန်းအကြားတွင် လမ်းလျှောက် သွားနိုင်သည့် ရေကြည်ရာမြက်နုရာလမ်းဖောက်ထားသည့် လမ်းလေးရှိသည်။ ထိုလမ်းကလေးသည် မှော်သားရဲတောတစ်ဝက်ကို ဖြတ်သွားပြီး လမ်းကျဉ်းလေးအဖြစ် မြင်နိုင်သည်။ ၎င်းသည် ကြမ်းတမ်းပြီး မညီမညာဖြစ် ကာ ရှန်းယန်မြို့သို့ ခြေလျင်လျှောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။

ထိုလမ်းသည် အန္တရာယ်များသောမှော်သားရဲတောအတွင်းတွင် မရေမတွက်နိုင်သော လှည့်လည်သွားလာသူများနှင့် စွန့်စားသူများ နှစ်ပေါင်း သောင်းချီသွားလာခဲ့သည့်လမ်းဖြစ်သည်။ သာမန်လူများ ထိုနေရာသို့ ရောက် မလာနိုင်ပေ။ သူတို့ စွန့်စားလျှင်တောင် ကောင်းကင်အဆင့်ကျွမ်းကျင်သူများ ၏ စောင့်ရှောက်မှုအောက်၌သာ လျှောက်သွားနိုင်ကြသည်။ သူတို့အဖွဲ့ဖွဲ့လျှင် တောင် အဆင့် ၃ အထက်ရှိသော ကျွမ်းကျင်သူများသာ ဝင်ရဲကြသည်။

“ငါတို့ ဖြစ်နိုင်သလောက်မြန်မြန် မြို့ကိုသွားရမယ်.. မှော်သားရဲတော နယ်နိမိတ်က မဟာမိတ်မြို့တော်ထိပဲရောက်နိုင်မယ် အဲဒီကို ခြင်္သေ့ပျံစီးသွား မယ်” ချူဖုန်းသည် မြေပြင်နှင့်ပိုရင်းနှီးသည်။ ခေတ္တမျှစဉ်းစားပြီးနောက် သူသည် လမ်းကြောင်းကို အစီအစဉ်ဆွဲလေသည်။

ခြင်္သေ့ပျံများကို မျိုးရိုးမြင့်လူတန်းစားများမှ သွားရေးလာရေးများတွင် အသုံးများကြသည်။ တကယ်တော့ သူတို့သည် နူးညံ့သောမှော်သားရဲများဖြစ် ကြသည်။ သူတို့သည် ယဉ်ပါးအောင်လုပ်ရန်မလိုဘဲ လူသားများမှ အသုံးပြုနိုင် ကြသည်။ ထို့အပြင် ခြင်္သေ့ပျံကဲ့သို့ မှော်သားရဲပျံများသည် ခရီးဝေးသွားရန်နှင့် အဝေးသို့ ပျံသန်းရာတွင် အသုံးပြုရန် အသင့်တော်ဆုံးဖြစ်သည်။

သေချာပေါက်ပဲပေါ့.. ခြင်္သေ့ပျံစီးရာတွင် ကုန်ကျစရိတ်မှာလည်း အလွန် ဈေးကြီးသည်။ သာမန်လူများသည် လုံးဝမစီးနိုင်ကြပေ။ အနီးဆုံးမြို့နှစ်မြို့ ကြားမှ အကွာအဝေးပင်လျှင် ၎င်းတို့ကို မွဲပြာကျသွားစေနိုင်သည်။

သူတို့နှစ်ယောက်သည် ရှေ့သို့ဆက်တိုးကြသည်။ သူတို့ အလျင်လိုသည် နှင့် မှော်သားရဲများ လှုပ်လှုပ်ရှားရှားဖြစ်သည့် နေရာများကို ရှောင်ရှားရန် ကြိုးစားကြသည်။ သူတို့နှစ်ယောက်လုံးသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူ များဖြစ်ကြသဖြင့် တောင်တန်းများကို ဖြတ်ကျော်ရသည်မှာ သူတို့အတွက် ပြဿနာမဟုတ်ပေ။ ပေထင်းဟွမ်၏ ဝိညာဉ်စွမ်းအားသည် ‘အားကောင်းသည်’ ဟု ဖော်ပြ၍မရနိုင်ပေ။ အထွတ်အမြတ်သားရဲအဂူး၏ အားကောင်းသော ဖိနှိပ် မှုနှင့် ခရီးသည် အလွန်ချောမွေ့နေသည်။

လှည့်လည်သွားလာသူနှင့် စွန့်စားသူများ ဝင်ထွက်သွားလာနေလေ့ရှိ သော မှော်သားရဲတောနယ်နိမိတ်သို့ နီးစပ်လာချိန်တွင် ရုတ်တရက် စည်ကား လာသည်။ အဆုံးမရှိသော လူအုပ်ကြီးသည် သွားသွားလာလာပင်။ အစောင့်အကြပ်များ၏ ကာကွယ်မှုအောက်တွင် လှည်းစီးနေသော မျိုးရိုးမြင့် များရှိသလို သာမန်လူများဖြင့် ဖွဲ့စည်းထားသည့် စွန့်စားသူအဖွဲ့များလည်းရှိ ကြသည်။ တိုက်ကြီးရှိ ကုန်သည်များနှင့် ကြေးစားအဖွဲ့များနှင့် လိုက်ပါလာ သည့် အဖွဲ့ဝင်များကိုမြင်တွေ့ပြီးနောက် ပေထင်းဟွမ်သည် စိတ်ထဲမှ သံသယ များကို မချုပ်တည်းနိုင်တော့ပေ။ သူမသည် ကြေးစားအဖွဲ့တစ်ဖွဲ့နောက်လိုက် သွားကာ သတင်းတချို့ကို နားထောင်ဟန်ပြုသည်။

မည်သို့ပင်ဖြစ်စေကာမူ သူမသည် မှော်သားရဲတောတွင် တစ်လ၊ နှစ်လ ကြာအောင် ပိတ်မိနေခဲ့ရာ အပြင်ဘက်ကမ္ဘာမှအကြောင်းကို ဘာမှမသိတော့ ပေ။ အလောတကြီး မဆင်မခြင် အပြင်ထွက်သည်မှာ သူမ၏ပုံစံမဟုတ်ပေ။

၅ လပိုင်းတွင်ဖြစ်သည်။ မြက်ပင်များရှည်နေပြီး ငှက်များပျံနေကြသည်။ သစ်ပင်များသည် စိမ်းလန်းပြီး အသက်ဝင်နေသည်။ ရာသီဥတုသည် ပူနေပြီ ဖြစ်၏။ မှော်သားရဲတောအစွန်နားရှိ သစ်ပင်များသည် ကျိုးတို့ကျဲတဲဖြစ်နေ သည်။ သစ်ပင်ထိပ်ကိုဖြတ်တိုက်လာသော လေသည် အေးစိမ့်သောခံစားချက် ကိုသယ်ဆောင်လာသည်။

ပေထင်းဟွမ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲပင်။ နွယ်ပင်လေးမှ အသွင်ပြောင်းထားသော မျက်နှာဖုံးသည် သူမ၏မျက်နှာ အစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားကာ အရောင်လက်နေသော မျက်လုံးနက် များကိုသာ လှစ်ဟထားသည်။ သူမ၏ ပြောင်မြောက်သောမေးရိုးသည် ကျောက်စိမ်းနှင့်တူကာ လှပသောနှုတ်ခမ်းရဲရဲများသည် အနည်းငယ် တွန့်ချိုး နေကာ သူမ၏ ပြတ်သားသောစရိုက်ကို ဖော်ပြနေသည်။ အနက်ရောင်ဝတ်ရုံ သည် သူမကို ခေါင်းအစခြေအဆုံး တင်းကြပ်စွာ ဖုံးအုပ်ထားသည်။ သူမ၏ တစ်ကိုယ်လုံးသည် အေးစက်ပြီး ပြေပြစ်ကာ မြင့်မြတ်သောရောင်ဝါကို ထုတ်လွှတ်နေသည်။

တစ်ဖက်တွင် ချူဖုန်းသည် ပြောင်မြောက်သောငွေရောင်အလင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ၏နှင်းဖြူရောင်ဝတ်ရုံသည် သူ့ကို ခေါင်းအစခြေအဆုံးဖုံးအုပ်ထားသည်။ သူသည် ကျောပြင်တွင် ဓားရှည်ကို လွယ်ထားကာ သူ၏ ဖြူစွတ်ပြီးချောမွတ်သည့် မေးစေ့ကို ဖွင့်ဟထားသည်။ သူ့တစ်ကိုယ်လုံးရှိ ရောင်ဝါသည် နှစ်တစ်သောင်းကြာ အရည်မပျော်သည့် ရေခဲကဲ့သို့အေးစက်နေသည်။ ပေထင်းဟွမ် သူ့ကိုစကားပြောသည့်အခါမှပင် အေးစက်သောရောင်ဝါသည် အနည်းငယ်အရည်ပျော်သည်။

သုံးရက်ကြာအောင် လမ်းလျှောက်ပြီးနောက် အင်ပါယာကျောင်းတော် သည် လက်ရှိတွင် ကျောင်းသားများ စုဆောင်းနေသည်ဆိုသည့် သတင်းမှလွဲပြီး တခြားသတင်းမရခဲ့ပေ။ မြို့တော်သို့သွားပြီး ဆရာနန်လင်းကိုတွေ့ရန် အချိန် လိုသေးရာ ချူဖုန်းသည် ကြေးစားအစည်းအရုံးသို့သွားပြီး သံမဏိသွေး ကြေးစားကို စာရင်းသွင်းသည်။ ပေထင်းဟွမ် ဤကြေးစားအဖွဲ့ကို တည်ထောင်သည်မှာ လအနည်းငယ်ကြာပြီဖြစ်သော်လည်း ၎င်းသည် တရားမဝင်အဖွဲ့အစည်းဖြစ်နေသေးသည်။ သာမန်အဖွဲ့အစည်းအဖြစ် လည်ပတ်ရန်အတွက် ကြေးစားအစည်းအရုံးတွင် စာရင်းပေးသွင်းရန်လိုအပ် သည်…

All Chapters