ငွေလရောင်, ဟာသ
Vol. 19 Ch. 375
သူတို့ရှေ့တွင် လူနှစ်ဆယ်ကျော်နှင့် ကြေးစားအဖွဲ့ ၁၈ ဖွဲ့ရှိသည်။ သူတို့ ပြောနေပုံများအရ သူတို့သည် လူငါးဦးကို အဖွဲ့နှင့်အတူခေါ်ဆောင်ပြီး မှော်သားရဲတောကိုဖြတ်၍ မဟာမိတ်မြို့သို့လာခဲ့သည်ဟုဆိုသည်။ ဤတိုက် ကြီးတွင် ထိုကဲ့သို့ဧည့်သည်များသည် အတွေ့များကာ အပြိုင်အဆိုင်လိုချင်ကြ သည်။
“ဝမ်းကွဲအစ်ကို ငါတို့ကြေးစားအဖွဲ့ကို အစည်းအရုံးမှာ စာရင်းသွင်းပြီး သွားရင် အဲလိုမျိုးတာဝန်တွေယူရနိုင်တယ်… အစတော့ စီ အဆင့်ကြေးစား အဖွဲ့အနေနဲ့ပဲ စာရင်းသွင်းနိုင်မယ်.. ဘီ အဆင့်ရောက်ဖို့ ဘယ်လိုအဆင့်မြှင့်ရ မလဲဆိုတာတော့ မသိဘူး.. အေ အဆင့်ကတော့ အကောင်းဆုံးဖြစ်မယ်” ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကိုပွတ်ကာ တွေးတောပြီးပြောလေ သည်။
“မင်းက တကယ် ရည်မှန်းချက်ကြီးတာပဲ” ချူဖုန်းသည် သူမ၏ဦးခေါင်း ကို ချစ်စနိုးဖြင့် ပွတ်လေသည် “ဒါပေမဲ့ ငါတို့ကြေးစားအဖွဲ့ခွန်အားနဲ့ဆိုရင် တိုက်ကြီးမှာ နံပါတ်တစ် ကြေးစားအဖွဲ့မဖြစ်ရင် နှမြောစရာကြီးလေ”
လူအယောက်တစ်ရာအဖွဲ့၏ တစ်ယောက်ချင်းစီတွင် မွန်မြတ်သော သားရဲ တစ်ကောင်စီပိုင်ဆိုင်ကြသဖြင့် အားကောင်းသည့် မွန်မြတ်သောသားရဲ တပ်ကြီးပင်ဖြစ်သည်။ ဤခဲ့သို့ခွန်အားသည် တိုက်ကြီးမှလူများကို ကြောက်လန့်စေလောက်သည်။ ထိုလူအယောက် ၁၀၀ လုံးသည် တိုက်ခိုက်ရာ တွင် တော်ကြသည်။ ငကြောက်ဟူ၍ မရှိပေ။
“ဝမ်းကွဲအစ်ကို မင်းသိုလှောင်လက်စွပ်ထဲမှာ မှော်သားရဲ ရာဂဏန်းနဲ့ နတ်သားရဲဒါဇင်လောက်ရှိသေးတယ်… ဒီကိစ္စပြီးရင် အဖွဲ့ကိုထပ်ခွန်အားတိုး ကြမယ်.. အဖွဲ့ရဲ့ခွန်အားတိုးဖို့ ဆေးသန့်စင်ဖို့အတွက် အချိန်ယူလိုက်ဦးမယ်. အများဆုံးမှ နှစ်တစ်ဝက်မပြည့်ပါဘူး.. ငွေလရောင်အင်ပါယာကို အပြတ်ရှင်း နိုင်ဖို့ မျှော်လင့်ပါတယ်” ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ထားသော ပုံစံဖြင့် ကြည့်လေသည်။ သူမ၏ခံစားချက်များ ဆူပွက်လာသည်။ သူမ ချူဖုန်းနှင့် ကြာကြာနေလေ သူချုပ်တည်းထားရသည့် ပူဆွေးမှုနှင့် ဒေါသများကို ခံစားမိ လေဖြစ်သည်။
“ရှောင်ကျို့ ငါ အလောမကြီးပါဘူး…” ချူဖုန်းသည် ပေထင်းဟွမ်၏ လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုစကားပြောချိန်တွင် သူ မတော်တဆ အားထည့်လိုက်မိသည်ကိုပင် သတိမထားမိလိုက်ပေ။ သူ၏ ဖျစ်ညစ်မှုကြောင့် ပေထင်းဟွမ်၏လက်မှာ နာကျင်သွားသည် “၁၄ နှစ်တောင် သည်းခံလာပြီးပြီပဲ.. နောက်ထပ် ၂ နှစ်လောက် ထပ်စောင့်ရလည်း ဘာအရေး လဲ.. ငွေလရောင်အင်ပါယာက ဝိညာဉ်သခင်မိသားစုကြီးလေးခုလောက် အားမကောင်းပေမဲ့ စီရင်ချက်ဗိမာန်လိုမျိုး ပထမတန်းစားအင်အားစုရှိသလို အင်ပါယာထဲမှာ တိုင်းပြည်ကိုကာကွယ်ဖို့ အားကောင်းတဲ့ စစ်သည်တွေလည်း အများကြီးရှိနေတာ.. အလောကြီးဖို့မလိုဘူး”
ပေထင်းဟွမ် ခေါင်းညိတ်လိုက်၏။ အကယ်၍ ဤတိုက်ကြီးကိုသာ အမျိုးအစားခွဲလျှင် အင်ပါယာ၏အင်အားသည် တတိယအဆင့်ဟု သတ်မှတ်ရ မည်။ ဆန့်ကျင်ဘက်အနေနှင့် ဝိညာဉ်သခင်မိသားစုလေးခုသည် ဒုတိယအဆင့် အဖြစ် ခွဲခြားနိုင်သည်။ ဤတိုက်ကြီးတွင် ဝိညာဉ်သခင်များသည် မှော်သားရဲ များကို ၎င်းတို့၏ တိုက်ခိုက်ရေးအဖော်များအဖြစ် စာချုပ်တည်ထောင်နိုင် သဖြင့် အားသာချက်ရှိကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်ကန့်သတ်ချက် များကြောင့် ဤပြည်မကြီးတွင် ဝိညာဉ်သခင် အဖြစ်ကျင့်ကြံနိုင်သူမှာ နည်းပါး လှသည်။ လူဦးရေ တစ်သောင်းတွင် တစ်ယောက်မရှိနိုင်ဟုဆိုကြသည်။ ၎င်းတို့ ထဲမှ ၈၀ ရာခိုင်နှုန်းကျော်သည် ဝိညာဉ်သခင်မိသားစုကြီးလေးခုမှဖြစ်ကြသည်။
စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမတို့ကဲ့သို့ ရှေးအဖွဲ့အစည်းများ တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အုတ်မြစ်များရှိကြသည်။ နှစ်ပေါင်းတစ်သောင်းအတွင်းတွင် သူတို့သည် ဤတိုက်ကြီးတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြသည်။
သို့သော် ယန်မြို့အတွင်းတွင် နတ်ဘုံကျွမ်းကျင်သူများ ပေါ်ပေါက်လာ သဖြင့် ယန်မြို့သည် ကွဲပြားသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နတ်ဘုံမှ ပညာရှင်သည် စီရင်ချက်ဗိမာန်၏ နတ်ဆိုးဧကရာဇ်ကို သတ်ခဲ့သည့်အချိန်မှ စပြီး ဤတိုက်ကြီးအတွင်း ယန်မြို့၏ရာထူးသည် ပို၍ပင်ထူးခြားလာခဲ့သည်။
“ဝမ်းကွဲအစ်ကို ငွေလရောင်အင်ပါယာက ဟာသမဟုတ်ဘူးနော်.. သူတို့ ကို ဖြစ်နိုင်သလောက် မြန်မြန်ရှင်းလိုက်ကြမယ်.. အဲထက်အရေးကြီးတာတွေ လုပ်ရမှာတွေရှိသေးတယ်.. ငါတို့မိဘတွေကို ဘယ်သူသတ်သွားလဲဆိုတာ မေ့သွားပြီလား.. အဲလူကြောင့်သာမဟုတ်ရင် မင်းရောငါရော ဒီလိုအဆုံးသတ် မှာမဟုတ်ဘူး” ပေထင်းဟွမ်သည် ချူဖုန်း၏လက်ကို ဆုပ်ကိုင်လိုက်သည် “ဝမ်းကွဲအစ်ကို သံမဏိသွေးကေ သာမန်ကြေးစားအဖွဲ့မဟုတ်ဘူး.. နောက်ဆို သံမဏိသွေးက ငါတို့နောက်မှာ အင်အားတစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်”
လူငယ်၏ စိတ်ဓာတ်တက်ကြွသော မျက်နှာကိုကြည့်ပြီး ချူဖုန်း၏ တစ်ကိုယ်လုံးမှ ဆူပွက်သောသွေးများ ထကြွလာသည်။ သူသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီ ရှောင်ကျို့.. ငါ သံမဏိသွေးအဖွဲ့ကို ဒီတိုက်ကြီးမှာ ပထမတန်းစားအင်အားဖြစ်အောင် သေချာပေါက် ပြောင်းလဲ ပေးမယ်.. ငါတို့ညီအစ်ကို ဘေးချင်းယှဉ်တိုက်ခိုက်ကြမယ်”