← Chapters

မိမိကိုယ်ကိုချီးမြှောက်ခြင်း

Vol. 19 Ch. 376

မိမိကိုယ်ကိုချီးမြှောက်ခြင်း

Vol. 19 Ch. 376

သူတို့အနောက်တွင် အဖွဲ့တစ်ဖွဲ့ရှိသည်။ ပေထင်းဟွမ်နှင့်ချူဖုန်းတို့သည် စိတ်လွတ်ကိုယ်လွတ် စကားပြောနေကြရာ သူတို့ရှေ့မှအဖွဲ့သည် လမ်းဘေးရှိ ကျောက်တုံးပေါ်တွင် အနားယူရန် ထွက်သွားသည်ကိုပင် သတိမထားမိလိုက် ပေ။

သူတို့နှစ်ယောက် လျှောက်လာသည်ကိုကြည့်ပြီး ကြေးစားအဖွဲ့စီမံသည့် တူညီဝတ်စုံကိုဝတ်ဆင်ထားပြီး အဝါရောင်ဖဲကြိုးဖြင့် ဆံပင်များကိုစုချည်ထား သော ကြေးစားအဖွဲ့တွင်းမှအမျိုးသမီးငယ်သည် ထူးဆန်းသောအသံနေအသံ ထားဖြင့် ပြောလေသည် “အဲနှစ်ယောက်ကို ကြည့်ပါဦး.. အဝတ်အစားတွေက တော့ မဆိုးပါဘူး.. သူတို့ကို မျိုးရိုးမြင့်သခင်လေးတွေလို့ထင်နေတာ.. ချမ်းသာ ချင်ယောင်ဆောင်နေကြတဲ့လူတွေဖြစ်မယ်လို့ ထင်မထားမိဘူးပဲ.. အစောင့်အကြပ်ငှားဖို့တောင် ပိုက်ဆံမရှိဘဲ ငါတို့နောက်လိုက်လာနေသေး တယ်”

“သခင်မလေး ဒီကမ္ဘာမှာ အရမ်းဆင်းရဲပေမဲ့ ချမ်းသာချင်ယောင်ဆောင် ရတာကို ကြိုက်ကြတဲ့လူတွေရှိတာကို မသိဘူးလား.. အဲအင်္ကျီတွေကိုကြည့်ပါ ဦး၊ လူသေတွေဆီကယူလာတာပဲဖြစ်မယ်.. အဲလိုမျိုးက ငါတို့ကိုစောင့်ရှောက် ပြီး မှော်သားရဲတောကို ဖြတ်သွားရမယ်ဆိုရင် သူတို့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”

ဘေးမှမိန်းမငယ်နှင့် လေးလံသောဓားကြီးကိုကိုင်ထားသော လူငယ်တို့ သည် ပေထင်းဟွမ်တို့ကို စောင်းငဲ့ကြည့်ကြလေသည်။ သူ့အနောက်မှ တခြား သော ကြေးစားအဖွဲ့တင်များသည်လည်း သူတို့ကို အမြတ်ထုတ်မည့်သူများ အလား သူမနှင့်ဝမ်းကွဲအစ်ကိုတို့ကို အလွန် အထင်သေးသောအကြည့်ဖြင့် ကြည့်ကြလေသည်။

သို့သော် ထိုလူများသည် အပြစ်တင်ဝေဖန်ခြင်းမရှိပေ။ ထို့အပြင် ပေထင်းဟွမ်သည် ဤအားကောင်းသောအသင်းနောက်မှ သုံးရက်ကြာအောင် လိုက်လာခဲ့သည်။ တိုက်ကြီးတွင် ဒုတိယအဆင့်ရှိသော သူတို့၏ အားကောင်း သည့်ကြေးစားအဖွဲ့သည် တခြားသူများကို ပိုက်ဆံနှင့်ခန့်အပ်ခဲ့ရသည်။ သူတို့နှစ်ယောက်သည် သူများနှင့် ကပ်လိုက်လာသည်မှာတော့ အမှန်ပင်။

ဒါပေမဲ့ ဒီလူတွေ စကားပြောတာ တော်တော်လွန်နေပြီမဟုတ်ဘူးလား။

ပေထင်းဟွမ်သည် သူမခန္ဓာကိုယ်မှ အဝတ်အစားကိုကြည့်ပြီးနောက် ချူဖုန်းကို ပြန်ကြည့်လိုက်သည်။ သူတို့အင်္ကျီတွေက လူသေတွေဆီကယူထား တာဟုတ်လား။ သူတို့လက်ထဲတွင် ပိုက်ဆံမပေါများသည်မှာတော့ အမှန်ပင်။ ဒါပေမဲ့ သူတို့ကို အထင်သေးပြီး လှောင်ပြောင်ရလောက်အောင်ထိ မလိုဘူးလေ ဟုတ်တယ်မလား။

“ဟားဟား ငါတကယ်ကြည့်ချင်တယ်.. မှော်သားရဲအုပ်ကြီးသာ ရုတ်တရက်ရောက်လာရင် ဒီနှစ်ယောက်က ကြွက်တွေလိုပြေးပြီး ငါတို့ကို အကူအညီတောင်းကြမှာပဲ” ကြေးစားအဖွဲ့အတွင်းမှ လျှာစောင်းထက်သောလူ သည် ဒေါသတကြီးဖြင့်ပြောလေသည်။

“ဟင်း လျစ်လျူရှုလိုက်စမ်းပါ.. သူတို့မှာ ကာကွယ်ကြေးတောင် မပေးနိုင် တာ.. ရေနောက်တွေ စီးလာရင် ငါတို့တွေ ဘာနဲ့သွားစားသောက်ရတော့မှာလဲ အဲလိုလူတွေကို အရွံဆုံးပဲ” အကြီးဆုံးသခင်မလေးကဲ့သို့ ပြုမူနေသော မိန်းမငယ်သည် ပေထင်းဟွမ်အား အထင်သေးစွာဖြင့်ကြည့်လေသည်။ သူမသည် သစ်ပင်ကြီးကိုမှီပြီး မျက်လုံးမှိတ်နေသည် “မင်းတို့နှစ်ယောက် ငါတို့ကို ကာကွယ်ကြေးပေးရင် ငါတို့အဖွဲ့နောက်လိုက်ခွင့်ပေးမယ် မဟုတ်ရင် တော့.. ငါတို့အဖွဲ့နဲ့ကင်းအောင်နေပြီး လိုက်မလာနဲ့တော့.. မဟုတ်ရင် ရိုင်းလို့ ဆိုပြီး ဘာအပြစ်မတင်နဲ့”

ဘာ… ပေထင်းဟွမ် မှင်တက်သွားသည်။ တစ်စုံတစ်ယောက်သည် သူမကို ကာကွယ်ရေးအတွက် အခကြေးငွေတောင်းနေသည်။ သူတို့အဖွဲ့ကို ကြည့်လိုက်ရာတွင် အဆင့် ၃ ကျွမ်းကျင်သူသာရှိကာ ကျန်လူများသည် အဆင့် ၃ ပညာရှင်များဖြစ်သည်။ ဤကဲ့သို့ အားနည်းသောအဖွဲ့သည် သူမကို ကာကွယ်ကြေးတောင်းနေသည်။

ဤကဲ့သို့ရယ်ဖွယ်ရာကိစ္စကို ပေထင်းဟွမ် ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။

“ဝမ်းကွဲအစ်ကို စိတ်ဝင်စားစရာပဲ.. အပြင်ကလူတွေက စိတ်ဝင်စားဖို့ ကောင်းတာကို ကြိုသိခဲ့ရင် ဝိညာဉ်ခွဲတောင်တန်းမှာ ဘာလို့နေနေတာ့မှာလဲ.. အစောကြီးကတည်းက အပြင်ထွက်ခဲ့ပါတယ်” ပေထင်းဟွမ်သည် ခေါင်းလှည့် ပြီး ချူဖုန်းအား ပြုံးပြလေသည်။

“ငအလေး ဒါကဘယ်လိုလုပ် စိတ်ဝင်စားစရာကောင်းရမှာလဲ.. အနှောင့် တွေနဲ့လာတွေ့နေတာပဲ.. မင်းသူတို့နဲ့ ကစားချင်ရင် ငါခွင့်မပြုနိုင်ဘူး” ချူဖုန်း သည် ပေထင်းဟွမ်၏ ပခုံးကိုဆွဲထားသည်။ သူ၏အေးစက်ပြီး လျစ်လျူရှုတတ် သော မျက်လုံးများသည် တစ်ဖက်လူကို မြားတစ်စင်းသဖွယ် ကြည့်လေသည်။

“ဘယ်သူ့ကို အနှောင့်လို့လာခေါ်နေတာလဲ.. သေချင်လို့လား” လျှာစောင်းထက်သည့်လူသည် လက်ထဲမှဓားကေိုမြှောက်ပြီး ချူဖုန်းကို ခုတ်တော့မည်ပြုသည်။ ထိုလူသည် သူတို့ကိုအနှောင့်ဟု ခေါ်ရဲသည်။ သူသည် တန်ဖိုးမရှိသောစကားပြောတတ်သည့် ဤလူချောလေးနှစ်ယောက်ကို ကောင်းကောင်း ပညာပေးရမည်…

All Chapters