← Chapters

စေ့စပ်ထားတဲ့သူ နောက်တစ်ယောက်လား

Vol. 19 Ch. 377

စေ့စပ်ထားတဲ့သူ နောက်တစ်ယောက်လား

Vol. 19 Ch. 377

ချူဖုန်းသည် လက်မြှောက်ကာ ဒြပ်စင်စွမ်းအင်ထုတ်မည်ပြုသည်။ အဆင့် ၂ ပညာရှင်တစ်ယောက်သည် အဆင့် ၄ ပညာရှင်ကို လာရန်စရဲသည်။ ၎င်းသည် ဦးနှောက်မရှိခြင်းပင်။

“ဝမ်းကွဲအစ်ကို အဲလူတွေကို လျစ်လျူရှုလိုက်စမ်းပါ” ပေထင်းဟွမ်သည် ထိုလူများ၏ပခုံးပေါ်မှ ရေနက်ပုံသဏ္ဍာန်ကိုကြည့်လိုက်သည်။ ထိုပုံစံသည် ထိုနေ့က ဟွမ်ယွမ်ပေးခဲ့သည့် တံဆိပ်ပင်။ ဤကြေးစားအဖွဲ့သည် ရေနက်အဖွဲ့ ဖြစ်သည်။

ပေထင်းဟွမ်သည် ထိုမိန်းကလေး မည်သူဖြစ်သည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်၏။ ထိုလူများသည် သူမကို အကြီးဆုံးသခင်မလေးဟုခေါ်ကာ လေးစားကြသည်။ သူမသည် ဟွမ်ယွမ်၏သမီးဖြစ်သူ ဟွမ်မုန့်ဖြစ်မည် “မိတ်ဆွေဟောင်းမျက်နှာကိုထောက်ပြီး သူတို့ကို အရှင်ထားလိုက်တာပေါ့”

ထိုလူများကို တစ်ယောက်ပြီးတစ်ယောက်ကြည့်ရာတွင် ပေထင်းဟွမ်၏ မျက်လုံးများတွင် လူသတ်မည့်အကြည့်များဖြင့် ပြည့်နေသည်။ ထိုလူများ သူမ ကိုအနိုင်ကျင့်လျှင် ဘာမှမဖြစ်ပေ၊ သို့သော် သူမရှေ့တွင် သူမလူကို အနိုင်ကျင့် ရဲလျှင် ကြီးလေးသောရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းပင်။ ထိုသတိပေးချက် သည် ရေနက်ကြေးစားအဖွဲ့ကို အချက်မပြပေ။ ထိုအစား သူတို့သည် ပို၍ ဒေါသထါက်လာသည်။ ဟွမ်မုန့်ဘေးမှ လူငယ်သည် ချက်ချင်းပင်အော်လေ သည် “ကောင်စုတ် ဘယ်သူက မင်းကိုလွှတ်ခိုင်းလို့လဲ.. မင်းတို့နှစ်ယောက်က တော်တော် မောက်မာတာပဲ.. ငါတို့ မင်းနဲ့ စကားမများချင်ဘူး.. သုံးရက်နေလို့မှ ကာကွယ်ကြေးမပေးနိုင်ရင် မှော်သားရဲတောကနေ ထွက်နိုင်မယ်လို့မထင်နဲ့”

လူငယ်သည် ကြီးမားသောဓားကို ယမ်းကာလျှောက်လာသည်။ သူသည် ချူဖုန်းအား ဓားထိပ်ဖြင့်ချိန်ရွယ်ကာ ဂုဏ်ယူစွာဖြင့် ဟွမ်မုန့်ရှိရာဘက်သို့ ခေါင်းလှည့်လိုက်သည် “အကြီးဆုံးသခင်မလေး.. ဒီငတုံးနှစ်ယောက်ကို သင်ခ်းစာပေးလိုက်မယ်.. ရေနက်အဖွဲ့ကို အမြတ်ထုတ်ဖို့က အဲလောက် မလွယ်ဘူး”

အစပိုင်းတွင် သူမသည် ဟွမ်ယွမ်၏မျက်နှာကိုထောက်ကာ သူ၏ ဦးနှောက်မရှိသည့်သမီးဖြစ်သူနှင့် ရန်မများလိုခဲ့ပေ။ ဟန်မုန့်သည် ဤမျှ သိနားလည်မှုမရှိလိမ့်မည်ဟု ထင်မထားပေ။

အကြီးဆုံးသခင်မလေးသည် ချိန်ဆနေသည်။ သူမသည် မေးကို မြင့်မြင့် မော့လိုက်သည်။ “ဟင်း.. ဒီနှစ်ယောက်က အစ်ကိုကြီးချင်းယွိနဲ့ သခင်ပေယဲ့တို့ နဲ့ယှဉ်ရင် တော်တော်နိမ့်ကျတဲ့ ပေါင်းပင်တေါပဲ.. သူတို့တွေက ငါတို့နောက်ကနေတောင် လိုက်ရဲတယ်.. တခြားရည်ရွယ်ချက်ရှိမလားလို့ သူတို့ကိုမေးလိုက်”

“ဟုတ်ကဲ့ပါ အကြီးဆုံးသခင်မလေး” လူငယ်သည် ရုတ်တရက် သဘောပေါက်လာသည်။ ပေထင်းဟွမ်နှင့် ချူဖုန်းတို့သည် ဆိုးရွားသည်ဟုပင် သူ ဖော်ပြနိုင်တော့သည် “သူတောင်းစားအနံ့နဲ့.. ဒီဆင်းရဲသားနှစ်ယောက်က ငါတို့သခင်မလေးကို တပ်မက်ရဲတယ်.. ငါတို့ ဘယ်သူတွေလဲဆိုတာ သိရဲ့လား ငါတို့က ရေနက်ကြေးစားအဖွဲ့ပဲ.. တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်နှစ် ကြေးစား အဖွဲ့ပဲ.. ဟင်း ငါပြောလိုက်ရင် မင်းတို့လန့်ပြီးသေသွားလိမ့်မယ်.. ငါတို့ကို ခန့်လိုက်တာ ဘယ်လိုဧည့်သည်မျိုးလဲသိလား.. သခင်ပေယဲ့.. လွန်ခဲ့တဲ့တစ်လ က တိုက်ကြီးကိုလှုပ်ခါစေခဲ့တဲ့ နာမည်ပဲ.. မင်းတို့ ကြားရောကြားဖူးရဲ့လား.. သူကနတ်သားရဲတစ်ကောင်ရှိတဲ့ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးပဲ.. သူက မင်းတို့ ပြစ်မှားလို့ရတဲ့သူလား”

“ကျုံးလီ အဲဒါမပြောနဲ့” လျှာစောင်းထက်ပြီး မျောက်ပါးပြင်ရှိသောလူ သည် ချေငံစွာဖြင့် ပြောလေသည် “သခင်ပေယဲ့က ငါတို့ရဲ့ဧည့်သည် အကြီးအကဲဖြစ်ရုံတင်မကဘူး ငါတို့ အကြီးဆုံးသခင်မလေးရဲ့ ခင်ပွန်းလောင်း ပဲ.. ဘာလို့လဲ.. ကလေး ကြောက်သွားပြီလား.. မင်းတို့ ဘယ်သူ့ကိုတပ်မက်မိ သွားလဲဆိုတာ သိပြီလား.. ဒါက သခင်ပေယဲ့ရဲ့ ဇနီးလောင်းပဲ.. မင်းတို့ နှစ်ယောက်ရဲ့သတ္တိကိုတော့ လေးစားပါတယ်.. သခင်ပေယဲ့ကိုတောင် ရန်စရဲ သေးတယ်”

အားလုံးသည် ပေထင်းဟွမ်အား သနားစဖွယ်ကြည့်ကြလေသည်။ ဤ အခိုက်အတန့်တွင် ပေထင်းဟွမ်သည် လုံးဝပင်မှင်တက်သွားလေ၏။ သူမသည် မျက်နှာပေါ်တွင် ငေးကြောင်နေသော မျက်နှာထားသာ ထားရှိနိုင်တော့ည်။ တခြားသူများသည် ပေယဲ့ကို မသိလျှင်မသိဘဲနေလိမ့်မည်။ သို့သော် ပေထင်းဟွမ်သိသည်။ သူမသည် ရေနက်အဖွဲ့၏ ဧည့်သည်အကြီးအကဲဖြစ်ရန် ကတိပေးခဲ့သည်မှာ မှန်သည်။ သို့သော် ရင်သားမရှိ ဦးနှောက်မရှိသည့် ဇနီးလောင်းရှိနေသည်ကိုတော့ သူမ ဘာကြောင့်မသိခဲ့သနည်း။

ဒီလိုမိန်းကလေးမျိုးကို လက်ထပ်ရမှာလား။ တစ်စုံတစ်ယောက်သည် မိသားစုပေးနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမသည် ရိုးရှင်းသောပန်းအိုးမျိုး မဟုတ်ပေ။ ဇနီးလောင်းမုချင်းလင်နှင့်ယှဉ်ရလျှင် သူမသည် ခေါင်းကိုက်စရာ ပင်။ သူမသာ ရေနက်၏ ဧည့်သည်အကြီးအကဲတစ်ယောက်အနေနှင့် ယခုလို တာဝန်မျိုးယူရမည်ကို ကြိုသိထားလျှင် အရိုက်ခံရပြီးသေလျှင်တောင် သဘော တူမည်မဟုတ်ပေ။

အစ်ကိုကြီးချင်းယွိသည် သူမကို လှည့်စားခဲ့သည်။

All Chapters