Chapters

ကာကွယ်ကြေး၊ တောဝံပုလွေပြာ

Vol. 19 Ch. 378

ကာကွယ်ကြေး၊ တောဝံပုလွေပြာ

Vol. 19 Ch. 378

“ဟုတ်ပြီ မလိုတာတွေ ပြောမနေနဲ့တော့.. ပေယဲ့သာသိသွားရင် ဒေါသ ထွက်လိမ့်မယ်” ဟန်မုန့်သည် ပေထင်းဟွမ်နှင့် ချူဖုန်းတို့ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည် “ပြီးတော့ ဒီလိုလူရှေ့မှာ သူ့နာမည်ကို ထုတ်ပြောလိုက်တာ ကိုပေယဲ့သာသိရင် ငါမင်းတို့အတွက် အသနားခံမပေးဘူးလို့ မပြောနဲ့နော်”

ဆိုလိုတာက သူတို့ရှေ့မှာ ပေယဲ့နာမည်ကို ထည့်ပြောဖို့တောင် မတန်ဘူး လား။

ပေထင်းဟွမ်သည် ထိုစကားများကြောင့် မူးဝေလာကာ အသက်ရှူသံများ ပင် ပုံမှန်မဖြစ်နိုင်တော့ပေ။ ဘာတွေဖြစ်နေပြီလဲဆိုတာ သူမကို ဘယ်သူပြော နိုင်လဲ။ ချူဖုန်းကို သူမ၏လက်ဖြင့်ကိုင်ထားပြီး ပေထင်းဟွမ်သည် အားနည်း စွာဖြင့် ပြောလိုက်သည် “ဝမ်းကွဲအစ်ကို ငါ အိပ်မက်ထဲရောက်သွားသလိုပဲ.. ပေယဲ့ရဲ့နာမည်ကို ကြားဖို့တောင်မတန်ဖူးလို့ ပြောလာတဲ့လူရှိနေတာပဲ”

အားလုံးသည် ပေထင်းဟွမ်အား ကြည့်ပြီးပြောလေသည် “အနည်းဆုံး တော့ ဘာကမင်းအတွက်ကောင်းတယ်ဆိုတာ သိတာပေါ့” ကျုံးလီဟုခေါ်သော လူငယ်သည် ပေထင်းဟွမ်ဆီသို့ လက်ဆန့်ထုတ်လာပြန်သည် “ဟင်း အခု ငါတို့ က ဘယ်သူတွေလဲဆိုတာ မင်သိပြီဆိုတော့ ကာကွယ်ကြေးမြန်မြန်ပေးတော့”

“ကာကွယ်ကြေးဟုတ်လား”

ပေထင်းဟွမ်သည် စိတ်မရှည်တော့ပေ။ သူမကို ရေနက်ကြေးစားအဖွဲ့မှ ရန်စလာသည်ကို သည်းခံနိုင်သော်လည်း ဤမိန်းကလေးနှင့် ပေယဲ့ကို တွဲပြော သည်ကိုတော့ သည်းမခံနိုင်ပေ။

ရုတ်တရက်ဆန်သောကန်ချက်နှင့်အတူ သူမ၏ခြေထောက်သည် အညှာတာမဲ့စွာဖြင့် လူငယ်၏လည်တိုင်ကို ဖြတ်ကန်လိုက်သည်။ ထိုလူသည် ဥက္ကာပျံကဲ့သို့ မှော်သားရဲတော၏ဘေးလမ်းဆီသို့ လွင့်သွားလေသည်။ သစ်ပင် ကြီးတစ်ပင်နှင့်တိုက်မိမှပင် နာကျင်စွာအော်သံထွက်ပေါ်လာပြီးနောက် စူးရှ သော အော်သံကြီးလိုက်ပါလာသည်။

“ကာကွယ်ကြေးနဲ့ ငရဲသွားလိုက်လေ.. ငါ့ဆီက ကာကွယ်ကြေးတောင် လာတောင်းရဲသေးတယ်.. အသက်မရှင်ချင်တော့တာ မင်းတို့ပဲဖြစ်မယ်ထင် တယ်”

လူသတ်တော့မည့်အကြည့်သည် ပေထင်းဟွမ်၏အေးစက်သောမျက်လုံး များထဲတွင် ပေါ်လာသည်။ သူမရှေ့တစ်လှမ်းတိုးတော့မည်အပြုတွင် မှော်သားရဲတောအနက်ပိုင်းထဲမှ ကမ္ဘာမြေကြီးကိုလှုပ်ခါသွားစေလောက်သည့် အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သားရဲတစ်ကောင်သည် ကောင်းကင်အားမျှော်ကြည့်ပြီး မာန်ဟိန်းလေသည်။ ၎င်းသည် အားကောင်းပြီး ခြိမ်းခြောက်နိုင်သည်။

“မိုးနတ်မင်းရေ တောဝံပုလွေပြာပဲ” ဟွမ်မုန့်သည် သူမ၏ပါးစပ်ကို အုပ် လိုက်ကာ မျက်နှာမှာလည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ ရာချီရှိ သော တောဝံပုလွေကြီးများ ခုန်ပေါက်လာသည်ကို သူမမျက်လုံးနှင့်ကြည့်ပြီး သူမ၏ အစိမ်းရင့်ရောင်မျက်လုံးများသည် အေးစက်သောအလင်းဖြင့် လက် သွားသည်။ ဟွမ်မုန့်၏စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ လှိမ့်တက်လာ၏။

ဝံပုလွေအုပ်သည် ကျုံးလီရှိအား နင်းချေလိုက်၏။ အသက်မျှော့မျှော့သာ ကျန်တော့သောလသည် သူတို့နောက်ဆုံးအချိန်အူပြီးနောက် အသားအနှစ် အဖြစ် အနင်းခံလိုက်ရတော့သည်။ ထိုမြင်ကွင်းသည် ပို၍ရက်စက်လှသည်။ ရေနက်ကြေးစားအဖွဲ့တစ်ခုလုံးသည် ငေးကြောင်နေကြသည်။ သူတို့သည် ခုခံ ဖို့ကိုပင် မစဉ်းစားနိုင်တော့ပေ။ ခုခံရန်အတွက် အဖွဲ့ဖွဲ့ရမည်ဆိုသည်ကိုပင် တွေးမထွက်တော့ပေ။

“မဖြစ်ဘူး မြန်မြန်တိုက်ကြ.. ငါတို့က မင်းတို့ကို ပိုက်ဆံပေးပြီးပြီ ရပ်မနေနဲ့” ရေနက်ကြေးစားအဖွဲ့ကို ပိုက်ဆံပေးထားသော လူငါးယောက်သည် အခြေခံအားဖြင့် အသက် ၂၀ အရွယ်ရှိသော လူငယ်များဖြစ်ကြသည်။ သူတို့ ခွန်အားသည် အဆင့် ၂ အောက်နိမ့်သည်။ သူတို့သည် နဂိုက အင်ပါယာ ကျောင်း၏ ပဏာမလူရွေးပွဲအဆင့်တွင် ဝင်ပြိုင်ရန်ဖြစ်သည်။ သူတို့သည် တိုက်ကြီး၏ နံပါတ်နှစ် ရေနက်ကြေးစားအဖွဲ့ကို ငှားရမ်းပြီးနောက် မွဲပြာကျ လုနီးပါးပင်။ သူတို့သည် အန္တရာယ်များသော ဤမှော်သားရဲတောမှ ထွက်တော့ မည့်အချိန်မှပင် ကံဆိုးပြီး တောဝံပုလွေပြာနှင့် တွေ့ရလိမ့်မည်ဟု ထင်မထား ကြပေ။

တောဝံပုလွေပြာသည် အုပ်စုဖွဲ့နေသည့် အဆင့် ၈ မှော်သားရဲများဖြစ် ကြသည်။ သူတို့၏ခွန်အားသည် လူသား အဆင့် ၂ အဆင့်မြင့်ကြယ်ဝိညာဉ် သခင်များနှင့် ညီမျှသည်။ တောဝံပုလွေပြာ အနည်းငယ်သာဆိုလျှင် ရေနက် ကြေးစားအဖွဲ့၏ လက်ရှိခွန်အားနှင့် တိုက်ခိုက်ရန် ပြဿနာမဖြစ်နိုင်ပေ။

ပြဿနာမှာ ရေနက်၏ ဝိညာဉ်သခင် ၁၈ ယောက်သည် ရာချီသော မှော်သားရဲများနှင့် ရင်ဆိုင်နေရခြင်းပင်။ သူတို့သည် လူအင်အားတွင် အားသာ နေသည်။ လူသားများသည် စွမ်းအားကုန်သွားလိမ့်မည်။ ဤမျှကြီးမားသော မှော်သားရဲအုပ်နှင့်ဆိုလျှင် သူတို့သည် လှည့်ပတ်တိုက်ခိုက်ရင်း သေဆုံးလိမ့် မည်…