← Chapters

အကြီးဆုံးသခင်မလေး ထွက်ပြေးခြင်း

Vol. 19 Ch. 379

အကြီးဆုံးသခင်မလေး ထွက်ပြေးခြင်း

Vol. 19 Ch. 379

“ဟီး ဟီး ဟီး ဟူး” ဟွမ်မုန့်သည် ကြောက်လွန်းသဖြင့် စတင်ငိုတော့၏။

ကံကောင်းစွာပင် သူမသည် ကြောက်လန့်၍ မေ့လဲခြင်းတော့မရှိပေ။ သူမသည် လျင်မြန်စွာပင် သူမ၏မှော်သားရဲအပေါင်းအဖော်ကို ဆင့်ခေါ်လိုက် သည်။ ၎င်းသည် မွန်မြတ်သောသားရဲဖြစ်သည်။

ထိုမွန်မြတ်သောသားရဲသည် ရင်းနှီးသလိုရှိသည်။ အတန်ကြာအောင် စဉ်းစားပြီးနောက် ပေထင်းဟွမ်သည် မှတ်မိသွားသည်။ ဒါက သူမ မြင့်မြတ် သောဝိညာဉ်အပျက်အစိးတွင် ထိန်းကျောင်းပေးခဲ့သည့် ကောင်းကင်မာန်ဟိန်း ဂဠုန်မဟုတ်ပါလား။ ထိုစည်က သူမသည် အစ်ကိုကြီးချင်းယွိအတွက် မွန်မြတ် သောသားရဲ ငါးကောင်ချန်ထားပေးခဲ့သည်။ ကောင်းကင်မာန်ဟိန်းဂဠုန်သည် ထိုထဲမှတစ်ကောင်ဖြစ်သည်။

ပေထင်းဟွမ်သည် ရေနက်၏ဧည့်သည်အကြီးအကဲသာဖြစ်သော်လည်း မြင့်မြတ်သောဝိညာဉ်အပျက်အစီးတိုက်ပွဲအတွင်းတွင် ရေနက်အတွက် မှော်သားရဲနှင့် ဝိညာဉ်သားရဲများကို ထိန်းကျောင်းပေးခဲ့သည်။ သူမသည် တခြားဘာမှမလုပ်လျှင်တောင် ဧည့်သည်အကြီးအကဲတစ်ယောက်အနေနှင့် သူမ၏ အဆင့်အတန်းအတိုင်းနေရန် လုံလောက်သည်။ အကယ်၍ သာမန် မှော်သားရဲကို သားရဲထိန်းသခင်အသင်းတွင် ရောင်းလျှင် ၎င်း၏အဆင့်မည်မျှ ရှိသည်ကိုမဆိုထားနှင့် အဆင့်မှီသည်ဆိုလျှင်ပင် အနည်းဆုံးပတ္တမြားသန်းချီ တန်ကြေးရှိသည်။

မဟုတ်လျှင် သားရဲထိန်း၊ အဂ္ဂိရတ်ပညာရှင်များနှင့် လက်နက်ပညာရှင် များသည် တိုက်ကြီးတွင် အရှားပါးဆုံးနှင့် အချမ်းသာဆုံးသူများဖြစ်သည်ဟု အဘယ်သို့ ပြော၍ရမည်နည်း။

သူမသည် ချင်းယွိနှင့် ဆက်ဆံရေးတစ်ခုရှိသဖြင့် ထွက်မလာခင်က သူ့အတွက် မွန်မြတ်သောသားရဲငါးကောင် ချန်ထားပေးခဲ့သည်။ ချင်းယွိသည် ထိုထဲမှတစ်ကောင်ကို ရေနက်အားပေးလိုက်လိမ့်မည်ဟုထင်မထားပေ။ ပြောရန်ပင်မလိုပေ.. ၎င်းသည်လည်း သူမ၏အမည်နာမနှင့်ပေးခြင်းပင်။

ကောင်းကင်မာန်ဟိန်းဂဠုန်သည် ဟွမ်မုန့်အတွက်ဖြစ်လာလိမ့်မည်ကို ကြိုသိထားလျှင် သူမ သိမ်းသွားခဲ့မည်ဖြစ်သည်။

“ကောင်းလိုက်တာ အကြီးဆုံးသခင်မလေးမှာ မွန်မြတ်တဲ့သားရဲရှိနေတာ ပဲ.. ဟားဟား သခင်မလေးရဲ့ မွန်မြတ်တဲ့သားရဲရှိရင် ဒီဝံပုလွေတွေကို ဘာအရေးစိုက်စရာလိုလဲ” ရေနက်ကြေးစားအဖွဲ့သည် တက်ကြွသွားလေ၏။ လျှာစောင်းထက်ပြီး မျောက်မျက်နှာနှင့်လူသည် ချက်ချင်းပင် အမူအရာ ပြောင်းသွားကာ လူငယ်ငါးယောက်အား ကြည့်လိုက်သည် “ဘာတွေကြောက်ဖို့ လိုလို့လဲ.. ငါတို့ ရေနက်ကြေးစားအဖွဲ့က ကိုယ့်စကားကိုယ်မတည်မှာ ကြောက် နေတာလား”

“ဟုတ်တယ် မွန်မြတ်တဲ့သားရဲတစ်ကောင်ရဲ့ ဖိအားက ဒီမှော်သားရဲအုပ် ကို အလွယ်လေးဖိနှိပ်နိုင်မှာ.. ဒီမွန်မြတ်တဲ့သားရဲက သခင်ကြီးပေယဲ့က ငါတို့ သခင်မလေးကိုပေးထားတာ.. သခင်ကြီးပေယဲ့က သားရဲထိန်းသခင်ကြီးပဲ”

“ဟုတ်တယ် ငါတို့မှော်သားရဲအဖော်တွေကို ဆင့်ခေါ်ပြီး တိုက်ပွဲစရအောင်”

“ဟင်း မင်းတို့နှစ်ယောက် ငါတို့အကြီးဆုံးသခင်မလေးက ဒီသားရဲတွေကို ရှင်းပြီးရင် ငါမင်းတို့နဲ့ရှင်းမယ်.. ရေနက်ကလူတွေကို ထိရဲရင် မင်းတို့ကို ပညာ ပေးမယ်” လျှာစောင်းထက်သော မျောက်မျက်နှာနှင့်လူသည် ပေထင်းဟွမ်တို့ ကို အော်လေသည်။

ပေထင်းဟွမ်သည် အစကတည်းကပင် ဤမွန်မြတ်သောသားရဲသည် ဦးနှောက်မဲ့၊ ရင်သားမဲ့သော မိန်းကလေးလက်ထဲရောက်သွားသည့်အပေါ် စိတ်ဓာတ်ကျလျက်ရှိသည်။ သို့သော် ဒေါသထွက်နေသော မှော်သားရဲများရှေ့ တွင် ကြောက်လန့်နေကြသော လူငယ်ငါးယောက်ကိုမြင်သောအခါ ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ ထားလိုက်ပါတော့.. မွန်မြတ်တဲ့သားရဲ တစ်ကောင်က လူငယ်ငါးယောက်ရဲ့ အသက်ကိုကယ်နိုင်တာပဲ။ သူတို့တွေက အနာဂတ်မှာ ကျောင်းနေဖက်ဖြစ်လာနိုင်တာပဲ။ တန်ပါတယ်။

မထင်မှတ်စွာပင် ဟွမ်မုန့်သည် မွန်မြတ်သောသားရဲ ချပ်ဝတ်တန်ဆာ မပြောင်းပေ။

ထိုအစား သူမသည် ကောင်းကင်ဂဠုန်ပေါ်သို့ခုန်တက်ကာ ၎င်း၏ ကျောကို ပုတ်လိုက်သည် “သွားမယ် သွားမယ်”

အားလုံး မှင်တက်သွားကြသည်။ ဤအရေးကြုံနေသောအခိုက်အတန့် တွင် ရေနက်ကြေးစားအဖွဲ့၏ သခင်မလေးသည် လက်အောက်လုပ်သားနှင့် အပေါင်းအဖော်များကို လျစ်လျူရှုကာ တစ်ယောက်တည်းထွက်ပြေးရန် ကြံစည်နေသည်လား။

ပေထင်းဟွမ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။ သူမသည် လက်ပိုက်ရပ်နေကာ ကောင်းကင်မာန်ဟိန်းဂဠုန်ပေါ်တွင်ထိုင်ပြီး မိုးပေါ်သို့ ပျံသွားသော ဟွမ်မုန့်အားကြည့်ပြီး သဲ့သဲ့ပြုံးလိုက်သည်။ သူမ၏ မျက်နှာသည် ဖြူဖျော့ပြီး ယောက်ယက်ခတ်နေသည်။ သူမသည် လှည့်ပင် မကြည့်ဘဲ မဟာမိတ်မြို့ရှိရာဘက်သို့ ပျံပြေးသွားသည်။

“ဟီး ဟီး စိတ်ဝင်စားစရာကောင်းတာပဲ” ပေထင်းဟွမ် နှာမှုတ်လိုက် သည်။

“အာ.. ဘယ်လိုအကြီးဆုံးသခင်မလေးကများ ဒီလိုမျိုးလုပ်ရပ် လုပ်ထွက် တာလဲ.. ရေနက်ကြေးစားအဖွဲ့က တိုက်ကြီးမှာ နံပါတ်နှစ်အဖွဲ့ဖြစ်ဖို့ ဘာများ အရည်အချင်းရှိလို့လဲ.. သူတို့တွေက အေအဆင့် ကြေးစားအဖွဲ့ဖြစ်ဖို့ ဘာ အရည်အချင်းရှိလဲ” လုပ်သားထဲမှ လူငယ်တစ်ယောက်သည် ဒေါသတကြီး ဆဲဆိုလေသည်။

“သခင်မလေး ကျွန်တော့်ကိုစောင့်ပါဦး” မျောက်မျက်နှာနှင့်လူသည် အဖွဲ့သားများနှင့် လူငယ်ငါးယောက်ကို ပစ်ပြေးကာ ဟွမ်မုန့်နောက်လိုက်လေ သည်။

“သတ်လိုက် အဲကောင်ကို သတ်လိုက်”

ဝံပုလွေများ သူတို့ကိုမဝိုင်းခင်တွင် လူငယ်ငါးယောက်သည် ဒေါသထွက် ကာဖြင့် လက်ထဲမှ လက်နက်များကိုမြှောက်ကာ မျောက်မျက်နှာနှင့်လူကို ခုတ်လေသည်။ ဒေါသနှင့် စိတ်ပျက်မှုတို့သည် ထိုလူငယ်ငါးယောက်တို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားစေသည်။ သူတို့သည် မျောက်မျက်နှာနှင့်လူကို လွတ်မြောက်ခွင့်မပေးပေ…

All Chapters