← Chapters

အမိုက်ဆုံးပဲ ရှောင်ကျို့

Vol. 19 Ch. 380

အမိုက်ဆုံးပဲ ရှောင်ကျို့

Vol. 19 Ch. 380

မှော်သားရဲများသည် သူတို့ကိုဝိုင်းလာသည်။ ပေထင်းဟွမ်နှင့် ချူဖုန်းပင် အဝိုင်းခံလိုက်ရသည်။ ရေနက်ကြေးစားအဖွဲ့မှ တခြားလူများသည် ကြုံရာသို့ ပြေးကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ ဘာလုပ်ကြမလဲ” လူငယ်ငါးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်ထားကြသည်။ သူတို့သည် ရေနက်ကို မှီခို၍မရတော့သဖြင့် တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ အချင်းချင်းအားကိုးရတော့သည်။

“ဟင်း ဘာလုပ်နိုင်ဦးမှာလဲ” ပေထင်းဟွမ်သည် သူတို့ငါးယောက်အား အထင်သေးစွာကြည့်လိုက်သည်။ “ဘယ်အချိန်မဆို ကိုယ်မှီခိုလို့ရမယ့်သူက ကိုယ်ကိုယ်တိုင်ပဲ.. ကိုယ့်ကံကြမ္မာကို သူများကို ထိန်းချုပ်ခွင့်ပေးရမှာလား.. အဲလိုဆို တစ်သက်လုံး ငကြောက်ပဲဖြစ်သွားလိမ့်မယ်”

သူမ၏အသံသည် အေးစက်နေကာ မခမ်းနားသော်လည်း အားလုံး၏ နှလုံးသားတစ်ခုလုံးကို မညှာမတာ တူဖြင့်ရိုက်လိုက်သလိုပင်။ အားလုံးသည် မျက်လုံးပြူးကျယ်သွားကာ ထိုလူငယ်အား ကြည့်လိုက်ကြသည်။ သူ၏ ကြယ် နှင့်တူသော မျက်လုံးနက်နက်များကို ကြည့်လိုက်တိုင်းတွင် ကြောက်ရွံ့မှုကို မခံစားရပေ။ ထိုမျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ သူတို့ ၏နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်များ နိုးကြွလာသည်။ သူတို့သည် လက်ထဲမှ လက်နက်များကို မြင့်မြင့်မြှောက်ကာ မှော်သားရဲများဆီသို့ ပြေးဝင် ကြသည်။

“ဝမ်းကွဲအစ်ကို ဘယ်လိုပဲဖြစ်ဖြစ် လုပ်စရာလည်းမရှိဘူး.. အကြာကြီး တိုက်ခိုက်မှာလည်းမဟုတ်ဘူး.. ဘယ်သူမှော်သားရဲအများဆုံး သတ်နိုင်လဲဆို တာ ဘာလို့မပြိုင်ရမှာလဲ” ပေထင်းဟွမ်၏မျက်လုံများသည် အရောင်လက်လာ လိုပင်။ ပတ်ပတ်လည်ဝိုင်းနေသော တောဝံပုလွေပြာများကိုကြည့်ပြီး ပေထင်းဟွမ်သည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။ သူမ၏လက်များ ယားယံလာသည် “ရှုံးတဲ့လူက နိုင်တဲ့လူရဲ့အဝတ်ကို တစ်လလျှော်ပေးရမယ်”

“ဟား” ရေခဲမြစ်လိုအေစက်သည့် ချူဖုန်းကဲ့သို့ ချောမောသောလူပင်လျှင် ပေထင်းဟွမ်၏စကားများကြောင့် အံ့အားသင့်မိသည်။ ဒီလူက ဘာမဆိုပြောရဲ နေတာပဲ။

သူသည် အဝတ်လျှော်သည့်ကိစ္စနှင့် လောင်းကြေးထပ်နေသည် “ဟုတ်ပြီ ရှောင်ကျို့က အဝတ်တွေ သေချာလျှော်နိုင်မလားဆိုတာ ဝမ်းကွဲအစ်ကိုကြည့် ရတာပေါ့”

“မင်းအဝတ်တွေကိုလျှော်ခိုင်းစေချင်ရင် လာလေ” ပေထင်းဟွမ်သည် ချပ်ဝတ်တန်ဆာပင်မဝတ်တော့ဘဲ မှော်သားရဲအုပ်ထဲသို့ ခုန်ဝင်သွားလိုက်၏။

“သေစမ်း အဲလူက ဘာကောင်လဲ.. သေမှာကိုမကြောက်ဘူးလား.. မှော်သားရဲလည်းမခေါ် ချပ်ဝတ်တန်ဆာလည်းမဝတ်ဘူး.. ဘယ်လိုလုပ် မှော်သားရဲအုပ်ထဲကို ဝင်ရဲတာလဲ”

ပေထင်းဟွမ်အားပေးလိုက်သော လူငါးဦးသည် မျှော်လင့်ချက်များ ပြန်ပြည့်လာသည်။ သူတို့သည် ပေထင်းဟွမ်အပေါ်တွင် အကောင်းမြင်လာကြ သည်။ ပေထင်းဟွမ်၏ အကြောက်အလန့်မရှိသော အပြုအမူကိုလည်း ထိတ်လန့်ကြသည်။ သူတို့သည် မှော်သားရဲများကို တတ်နိုင်သမျှ သတ် ပြီးနောက် ပေထင်းဟွမ်အား ချဉ်းကပ်ကြသည်။ သူတို့သည် သူမအား အော်ကြ လေသည် “ညီလေး ဒီဘက်ကိုမြန်မြန်လာ”

ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီး လူငယ်ငါးယောက်ကို ကြည့်လိုက်၏။ သူတို့သည် သူစိမ်းများဖြစ်ကြသော်လည်း သူတို့၏ပူပန်ပေးမှုကို ရင်ထဲထိသွား လေသည်။ သူမပြုံးပြီး လက်ထဲမှဓားတိုဖြင့် ဘေးရှိမှော်သားရဲကို ခုတ်လိုက်၏။ သူမသည် ဒြပ်စင်စွမ်းအင်ကို အသက်မသွင်းပေ။ သို့သော် နတ်လက်နက်၏ ထက်ရှမှုကို သာမန်မှော်သားရဲ၏ အသားနှင့်အရေသည် ခံနိုင်ရည်မရှိပေ။

ပေထင်းဟွမ်၏တိုက်ခိုက်သည့် ရှုထောင့်မှာ အလွန်ပရိယာယ်များသည်။ သူမသည် မှော်သားရဲကို တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ မှော်သားရဲ၏ ကြီးမားသောကိုယ်ထည်ကြီးသည် မြေပြင်ပေါ် သို့ကျသွားသည်နှင့် ဘေးမှမှော်သားရဲကိုလည်း သူမ ဓားတိုဖြင့် ထိုးစိုက်ပြီးနှင့် ပြီဖြစ်၏။ ပေထင်းဟွမ်ဖြတ်သွားသည့်နေရာတိုင်းမှာ မည်သူမှမရှိသည့်အတိုင်း ပင်။ သူမသည် မှော်သားရဲများအကြားတွင် လွတ်လပ်စွာ သွားလာနေသည်။ သူမ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းတွင် ခြေထောက်မပါပေ။ သူမသည် လက်နှင့်သာ တိုက်ခိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် ဘေးသို့ထပ်မံရွေ့လျား သွားသည်။ သူမသည် ကနေသည့်အတိုင်းပင်။ မှော်သားရဲအုပ်ကြီးသည် သူမ အနောက်မှ လဲကျနေခဲ့လေသည်။ ပိုထိတ်လန့်စရာကောင်းသည်မှာ သူမ၏ ခန္ဓာကိုယ်သည် သွေးများပေကျံခြင်းမရှိပေ။

အားလုံး၏ မျက်လုံးများသည် သူမအပေါ်ကျရောက်နေသည်။ သို့သော် ပေထင်းဟွမ်သည် ကျန်လူအယောက် နှစ်ဆယ်ခန့်ကို ပတ်ကာ တိုက်ခိုက်ပေး နေသည်။ မှော်သားရဲများ၏ အလောင်းများသည် အတားအဆီးသဖွယ် အပြင် ဘက်ရှိမှော်သားရဲများကို ကာဆီးထားပေးသည်။ မှော်သားရဲများမှထွက်လာ သော ဖိအားများသည် ချက်ချင်းပင်လျော့ပါးသွားသည်။

“မိုးနတ်မင်းရေ မိုက်လိုက်တာ”

မှင်တက်နေသောမျက်လုံးအစုံများသည် ပေထင်းဟွမ်ပေါ် ကျရောက် လာသည်။ သူတို့၏စိတ်ထဲတွင် ရှက်ရွံ့မှုနှင့် အပြစ်မကင်းသည့်စိတ်များ ဖြစ်ပေါ်လာသည်။ လွန်ခဲ့သည့်မိနစ်ပိုင်းကပင် သူတို့နှစ်ယောက်သည် သူတို့ အပေါ်အမြတ်ထုတ်သည်ဟု စွပ်စွဲခဲ့ကြသည်။ သူတို၏လူများ ကာကွယ်ကြေး တောင်းခဲ့သည်ကို ပြန်တွေးလိုက်ချိန်တွင် သူတို့၏အပြုအမူအတွက် နောင်တ ရသွားလေ၏။ ဒီလိုအရည်အချင်းရှိတဲ့လူကို ကာကွယ်ကြေးတောင်းရလောက် အောင် ဘယ်လောက်တောင် ကန်းနေကြလို့လဲ။

vv

All Chapters