← Chapters

သူ၏ဂုဏ်သတင်းကို ဖျက်ဆီးခဲ့မိသည့်အတွက် ပေးရသောတန်ကြေး

Vol. 108 Ch. 1499

သူ၏ဂုဏ်သတင်းကို ဖျက်ဆီးခဲ့မိသည့်အတွက် ပေးရသောတန်ကြေး

Vol. 108 Ch. 1499

မီးဖီးနစ်တပ်သည် ဤတစ်ခေါက်တာဝန်အတွက် စုစုပေါင်း တိုက်ပွဲအမှတ်တစ်သန်း ရခဲ့၏။ ဤတစ်ကြိမ်တွင် မီးဖီးနစ်တပ်သား တစ်ရာ့လေးဆယ်လုံး တာဝန်ထမ်းဆောင်ခဲ့သည်။ ချီချင်ချန်က သူမ၏ဝေစုကို မယူလျှင်ပင် တိုက်ပွဲအမှတ်များကို ကျန်လူများအကြား အညီအမျှ ခွဲဝေပေးမည်ဆိုပါက တစ်ယောက်လျှင် တိုက်ပွဲအမှတ် ခြောက်ထောင်ကျော် ခုနစ်ထောင်လောက်သာ ရမည်ဖြစ်သည်။ ကျန်းရီက ကြီးကြပ်စစ်သူကြီးဖြစ်၍ အနည်းငယ်တော့ ပိုရနိုင်သည်။ သို့သော် တိုက်ပွဲအမှတ်ငါးသောင်းတော့ မရနိုင်ပါပေ။

တိလင်အာက ချိုသာစွာပြုံး၍ ရှင်းပြသည်။

“အကုန်လုံးက အဲ့လိုလုပ်ချင်ခဲ့တာပါ။ ရှင်ရှိနေရင် ကျွန်မတို့က မိစ္ဆာချေဖျက်ဆေးလုံးတွေ မလိုတော့ဘူးလေ။ မိစ္ဆာချေဖျက်ဆေးလုံးတွေကိုသာ ဝယ်ရမယ်ဆိုရင် တိုက်ပွဲအမှတ်တွေ အများကြီး သုံးရမှာ။ ပြီးတော့ ဒီတစ်ခေါက် ရှင် အများကြီး အားစိုက်ထုတ်ခဲ့တာပဲ။ အဲ့တော့ ကျွန်မကလည်း ကျွန်မရဲ့ဝေစုကို ရှင့်ကို ပေးလိုက်တာ။ ကျွန်မအတွက် တိုက်ပွဲအမှတ်တွေကို သုံးစရာနေရာ သိပ်မရှိပါဘူး”

“အာ...”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ထို့နောက် သူ မည်းမှောင်သော မျက်နှာဖြင့် ပြောလိုက်သည်။

“သခင်မလေးလင်အာ... ကျွန်တော် လက်မခံနိုင်ပါဘူး။ သခင်‌မလေးလည်း ကျင့်ကြံဖို့ တိုက်ပွဲအမှတ်တွေ လိုတယ်မလား။ ဘာလို့ သခင်မလေးရဲ့ တိုက်ပွဲအမှတ်တွေကို ကျွန်တော့်ကို ပေးရတာပါလဲ”

“ဟီးဟီး...”

တိလင်အာသည် သူမ၏ ပန်းရောင်လျှာကလေးကို ထုတ်၍ ပြုံးကာ ပြန်ဖြေလိုက်၏။

“ကျွန်မရဲ့အဘိုးက ဘုံတစ်ခုရဲ့ စံအိမ်အရှင်တစ်ယောက်ပါ။ ကျွန်မအတွက် တိုက်ပွဲအမှတ်တွေရဖို့က လွယ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်နေပါပြီ။ ကျွန်မက တိုက်ပွဲအတွေ့အကြုံပဲ လိုနေတာ။ အဲ့ဒါကြောင့်လည်း ဒီစစ်တပ်ကို လာခဲ့တာပဲ.. သခင်မလေးချင်ချန်လိုပေါ့။ ကျန်းရီ.. နောက်ကျ ရှင် အောင်မြင်မှုကြီးကြီးမားမား ရလာရင် ကျွန်မကို တိုက်ပွဲအမှတ်တွေ ပြန်ပေးပေါ့”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

ကျန်းရီ တိလင်အာကို ကျေးဇူးတင်စွာ ကြည့်လိုက်၏။ ထို့နောက် သူ ထရပ်ကာ ပြောလိုက်သည်။

“အနားယူလိုက်ပါဦး။ ကျွန်တော် ဆန်းကြယ်စွမ်းရည်ခန်းမကိုသွားပြီး နတ်ဘုရားအသံစည်းမျဉ်းတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို သွားရှာလိုက်ပါဦးမယ်”

“နတ်ဘုရားအသံစည်းမျဉ်းတွေလား”

တိလင်အာ၏ မျက်လုံးများ တောက်ပသွား၏။

“ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်လေ။ ကျွန်မလည်း နတ်ဘုရားအသံစည်းမျဉ်းတွေကို ကျင့်ကြံတယ်ဆိုတာ ရှင်သိတာပဲ။ ကျွန်မ အဲ့အကြောင်းတွေကို နည်းနည်းတော့ သိပါတယ်”

“ဟုတ်သား...”

ကျန်းရီ ယခုမှ အမှတ်ရသွား၏။ တိလင်အာ၏ နတ်ဘုရားအသံစည်းမျဉ်းများအပေါ် နားလည်ထားမှုက အတော်လေးနက်ရှိုင်းနေပြီဖြစ်သည်။ သူက ပို၍စွမ်းအားကြီးရခြင်းမှာမူ သူ၏အတတ်ထဲ ကောင်းကင်စမ်းရည်စည်းချက်ကို ပေါင်းထည့်နိုင်ခဲ့၍သာဖြစ်သည်။ တိလင်အာက မျိုးနွယ်ကြီးတစ်ခုမှဖြစ်၍ နတ်ဘုရားအသံစည်းမျဉ်းများနှင့် ရင်းနှီးလောက်ပေသည်။

ကျန်းရီ တိလင်အာကို မေးလိုက်၏။

“သခင်မလေးလင်အာ... အသံကို ကိုယ်ပို့ချင်တဲ့နေရာကိုပဲ ပို့လို့ရတဲ့နည်းလမ်းကို သိပါသလား။ ပြောရရင် ကျွန်တော် ကြားစေချင်တဲ့သူတွေကိုပဲ အသံကြားရအောင် လုပ်တာမျိုးပေါ့”

“အာ...”

တိလင်အာက ဉာဏ်ရည်မြင့်မားသူတစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် သူမသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ ကျင့်ကြံခြင်းအဆင့်မြင့်နေမည် မဟုတ်ချေ။ အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ရထားသည့် သခင်လေးများနှင့် သခင်မလေးများ အများအပြားရှိသည်။ သို့သော် မိမိကိုယ်တိုင်က ပါရမီပါမှ အလွန်လျင်မြန်စွာ အဆင့်တက်နိုင်မည်ဖြစ်သည်။ ကျန်းရီ၏ မေးခွန်းတစ်ခုတည်းနှင့် တိလင်အာ နားလည်သွားသည်။ သူမ တောက်ပသော မျက်ဝန်းများဖြင့် ပြန်ပြောလိုက်သည်။

“ကျန်းရီ... ရှင်က နတ်ဘုရားအသံစည်းမျဉ်းတွေကို သုံးပြီး တမလွန်ဘုံနဲ့ တိုက်ခိုက်ချင်လို့လား”

“ဟုတ်ပါတယ်”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်၏။

“သခင်မလေးလင်အာဆီမှာ အကြံလေးဘာလေး ရှိပါသလား”

“အသံကို ကိုယ်ပို့ချင်တဲ့ဆီပဲ ပို့ဖို့က အဲ့လောက်မခက်ပါဘူး”

တိလင်အာ၏ စကားက ကျန်းရီကို ချက်ချင်း ရင်အေးသွားစေ၏။ သို့သော် သူမဆက်ပြောလိုက်သော စကားက သူ့ကို ပြန်၍ စိတ်ပျက်သွားစေလေသည်။

“ဒါပေမဲ့... တမလွန်ဘုံမိစ္ဆာတွေမှာ စိတ်ဝိညာဉ်ရှိပေမဲ့ သူတို့ရဲ့စိတ်ဝိညာဉ်က လူသားတွေရဲ့ စိတ်ဝိညာဉ်နဲ့ ကွာတယ်။ တမလွန်ဘုံက သက်ရှိတွေအကုန်လုံးက တမလွန်ဘုံအရှိန်အဝါကနေ မွေးဖွားလာကြတာ။ သူတို့မှာ လူသားတွေလို အတွေးတွေ၊ ခံစားချက်တွေ၊ အလိုဆန္ဒတွေ၊ နောင်တတွေ မရှိကြဘူး။ နတ်ဘုရားအသံစည်းမျဉ်းတွေက အဲ့စိတ်ခံစားချက်တွေကိုသုံးပြီး ရန်သူတွေကို တိုက်ခိုက်တာမလား...”

“သမိုင်းတစ်လျှောက်မှာ နတ်ဘုရားအသံစည်းမျဉ်းတွေကို ကျင့်ကြံတဲ့သူတွေ အများကြီးက အဲ့စည်းမျဉ်းတွေကို သုံးပြီး တမလွန်ဘုံမိစ္ဆာတွေကို တိုက်ခိုက်နိုင်မဲ့ နည်းလမ်းတွေကို ရှာခဲ့ကြတယ်။ ဒါပေမဲ့ အဲ့နည်းလမ်းတွေက သိပ်မထိရောက်ခဲ့ဘူး။ ရှင့်ရဲ့ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်က ထူးခြားပေမဲ့ အဲ့ဒါက တမလွန်ဘုံမိစ္ဆာတွေအပေါ် သက်ရောက်နိုင်ပါ့မလားဆိုတာ ကျွန်မလည်း သေချာမပြောနိုင်ဘူး”

“အဲ့လိုကိုး...”

ကျန်းရီ စိတ်ပျက်သွား၏။ သို့သော် သူ လက်မလျှော့နိုင်သေးဘဲ ပြောလိုက်သည်။

“ကျွန်တော် ခဏလောက်တော့ သွားလေ့လာလိုက်ပါဦးမယ်။ တကယ် အလုပ်မဖြစ်နိုင်ဘူးဆိုရင်လည်း ကျွန်တော် လက်လျှော့လိုက်ပါမယ်”

“အွန်း... သွားပြီးတော့ လေ့လာကြည့်တာပေါ့။ အဲ့ဒါက အလုပ်ဖြစ်မယ်ဆိုရင် တကယ့်ကို အသုံးဝင်မှာပဲ”

တိလင်အာက အလွန်စိတ်လှုပ်ရှားနေပုံပေါ်၏။ သူမသည် သူမ၏ ကိုယ်ပိုင်ဆန်းကြယ်စွမ်းရည်အကြောင်းကို ပြောနေသကဲ့သို့ပင်။ သူမ ကျန်ရီဘက်တွင် ရပ်တည်ကာ ထိုသို့ ကူညီပေးနေရခြင်းမှာ ကျန်းရီ တီးခတ်ခဲ့သော နတ်ဘုရားတေးသွားကြောင့်လည်းပါသည်။ သူမက နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို နှစ်သက်သည်။ ကျန်းရီက ထိုအပိုင်းတွင် သူမထက်ပို၍ ကျွမ်းကျင်ပုံပေါ်သည်။ ထို့ကြောင့် သူမ သူ့ကို လေးစားအားကျပေသည်။

ကျန်းရီ၊ အဆိပ်ဝိညာဉ်နှင့် တိလင်အာတို့ ရဲတိုက်ထဲမှထွက်ကာ ပင်မရဲတိုက်ကြီးသို့ သွားလိုက်ကြ၏။ ပင်မရဲတိုက်ကြီးက အလွန်ကြီးပြီး ရဲတိုက်ထဲတွင် အခန်းကြီး၊ အခန်းငယ် အမြောက်အမြား ရှိပေသည်။ အခန်းစုစုပေါင်း နှစ်ထောင်နီးပါး ရှိရမည်ဟုပင် ကျန်းရီ ခန့်မှန်းသည်။ ဆန်းကြယ်စွမ်းရည်ခန်းမက ဒုတိယထပ်တွင် ရှိခြင်းပင်။

ကျန်းရီတို့သုံးယောက် ပင်မရဲတိုက်ထဲ ဝင်သွားသည်နှင့် လူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရ၏။ ထိုလူအများစုက ကျန်းရီကို ကြည့်နေကြခြင်းပင်။ ယခုတွင် ကျန်းရီက မိစ္ဆာချေဖျက်တောင်ကြားတစ်ခွင်လုံးတွင် ကျော်ကြားနေပြီဖြစ်သည်။ သူ့ကို မသိသူမှာ အနည်းငယ်သာ ရှိတော့သည်။ သို့သော် ထိုအကြည့်များက ဖော်ရွေ၍တော့ မနေပါပေ။ ရန်လိုမှုများနှင့်သာ ပြည့်နှက်နေသည်။

ကျန်းရီသည် ထိုသူများကို အရေးမစိုက်ပေ။ သူ ဒုတိယထပ်သို့ တန်းတက်သွားလိုက်ပြီး ဆန်းကြယ်စွမ်းရည်ခန်းမကို ရှာလိုက်သည်။ ဆန်းကြယ်စွမ်းရည်ခန်းမက အလွန်ကြီးသည်။ ထိုခန်းမထဲတွင် အခန်းငါးခန်းလည်း ရှိသေးသည်။ ထိုအခန်းအားလုံထဲတွင် စာအုပ်စင်များကို အတန်းလိုက် စီတန်းထားပေသည်။ ထိုစာအုပ်စင်များပေါ်မှ စာအုပ်များထဲတွင် ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကို မှတ်တမ်းတင်ထားပေသည်။ ထိုစာအုပ်အများစုမှာ လက်ဖြင့်ရေးသားထားခြင်းဖြစ်ပြီး ၎င်းတို့ပေါ်တွင် အကန့်အသတ်များ ရှိပေသည်။

ကျန်းရီသည် နတ်ဘုရားအသံစည်းမျဉ်းများနှင့် စည်းမျဉ်းဆန်းကြယ်စွမ်းရည်များအကြောင်းပါသည့် စာအုပ်များက မည်သည့်နေရာတွင် ရှိကြောင်းကို ခန်းမကြီးကြပ်သူအား မေးရန် စဉ်းစားထား၏။ သို့သော် သူတို့ ခန်းမထဲ ဝင်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က ရုတ်တရက် သူတို့ထံ ခပ်သွက်သွက် လျှောက်လာပြီး ပြောလိုက်လေသည်။

“ကျုပ် စိတ်မကောင်းပါဘူး။ ဆန်းကြယ်စွမ်းရည်ခန်းမကို ပြန်ပြင်ဆင်နေတုန်းမို့ အခုလောလောဆယ် ဘာစာအုပ်ကိုမှ မရောင်းသေးပါဘူး။ နောက်မှ ထပ်လာခဲ့ကြပါ”

“အန်...”

ကျန်းရီ၏အကြည့်က မာကြောသွား၏။ အစောကပင် စာအုပ်များကိုင်၍ ဤခန်းမထဲမှ ထွက်လာသူများကို သူ မြင်ခဲ့ရပေသည်။ သို့သော် သူ ခန်းမထဲဝင်လိုက်သည်နှင့် ခန်းမက ပြန်ဆင်နေဆဲ ဖြစ်သွားသည်လော။ ယိုထျန်းနီက သူ့ကို နှောင့်ယှက်နေခြင်း ဖြစ်ပေမည်။

တိလင်အာသည်လည်း ယခုကိစ္စက ယိုထျန်းနီ၏လက်ချက် ဖြစ်နိုင်ကြောင်း သိပေသည်။ သူမ ဒေါသတကြီးဖြင့် တံခါးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အဲ့ဒါဆို အစောကလူတွေက ဘယ်လိုလုပ် စာအုပ်တွေအများကြီး ဝယ်သွားနိုင်တာလဲ။ ကျွန်မတို့ကကျ ဘာလို့ ဝယ်လို့မရတာလဲ”

“အဲ့ဒါတော့ ကျုပ်လည်း မသိပါဘူး”

ကြီးကြပ်သူက ပခုံးတွန့်ကာ အေးစက်စက်ပြော၏။

“ကျုပ်က တပ်မှူးချန်ဆီက အမိန့်ရထားတာ။ မင်းတို့မှာ မေးခွန်းတွေ၊ သံသယတွေရှိရင် သူ့ကိုသွားရှာပြီး ရှင်းလိုက်”

“ကောင်းပြီလေ”

ကျန်းရီသည် တိလင်အာက ဆက်၍ငြင်းခုန်ရန် ဟန်ပြင်နေသည်ကိုတွေ့၍ လက်ပြကာ တားလိုက်၏။

“သခင်မလေးလင်အာ... ဒီကြီးကြပ်သူနဲ့ ပြောနေလို့ ဘာအကျိုးရှိမှာလဲ။ သွားကြစို့”

ကျန်းရီသည် ပြောပြီးသည်နှင့် တိလင်အာ၏လက်ကိုဆွဲကာ ထွက်သွားလိုက်၏။ သူတို့ လှေကားမှ ပြန်ဆင်းသည်အထိ တိလင်အာတစ်ယောက် ဒေါသထွက်နေသေးပေသည်။ သူမ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

“မဖြစ်တော့ဘူး... ကျွန်မ တပ်မှူးချန်ကိုသွားရှာပြီး ရှင်းပြချက်တောင်းမှရမယ်။ သူတို့က ကျွန်မတို့ကို အနိုင်ကျင့်နေတယ်ဆိုတာ အသိသာကြီးပဲ”

“ဟင်းဟင်း...”

ကျန်းရီ ခါးသက်သက်ရယ်၍ ပြန်ပြောလိုက်၏။

“သခင်မလေးလင်းအာ... သခင်မလေးက မျိုးနွယ်ကြီးတစ်ခုက လာခဲ့တာဆိုတော့ အပြင်လောကအကြောင်းကို ဘယ်သိပါ့မလဲ။ သခင်မလေး အဲ့အဘိုးကြီးတွေနဲ့ သွားငြင်းခုန်ရင် သူတို့စကားတွေထဲက ဟာကွက်တွေကို တွေ့နိုင်ပေမဲ့ အဲ့ကိစ္စကို ခေါင်းဆောင်သုံးယောက်ဆီ သွားတင်ပြလိုက်မယ်ဆိုရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒါက အစပဲရှိသေးတယ်။ နောက်ကျရင် ကျွန်တော်တို့ ဒီထက်ဆိုးတာတွေနဲ့ ကြုံရနိုင်တယ်။ ကျွန်တော်က ယိုထျန်းနီရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးမိခဲ့လို့ တန်ကြေးပြန်ပေးနေရတာပဲ”

တိလင်အာ နှုတ်ခမ်းဆူကာ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ကျန်းရီနောက်မှသာ လိုက်သွားလိုက်သည်။ အပြင်ကိုရောက်မှ သူမ စိတ်ပြန်တည်ငြိမ်လာပြီး ကျန်းရီကိုကြည့်ကာ ပြောလိုက်၏။

“ထားလိုက်ပါတော့... သူတို့က ကျွန်မတို့ကို စာအုပ်တွေ မရောင်းချင်ရင်လည်း ကျွန်မ အရေးမစိုက်တော့ဘူး။ ကျန်းရီ... ခဏပဲစောင့်ပါ။ ကျွန်မ အဘိုးဆီ လူတစ်ယောက် စေလွှတ်ပြီး ကျွန်မတို့ဆီ ချက်ချင်းစာအုပ်တွေ ပို့ပေးဖို့ ပြောလိုက်ပါမယ်”

“အဲ့ဒါက...”

ကျန်းရီ ချီတုံချတုံ ဖြစ်သွား၏။ အခြားသူများအပေါ် အကြွေးတင်မိလျှင် ပြန်ဆပ်ရမည်ဖြစ်သည်။ သို့သော် သူ့တွင် ဤပြဿနာကို ဖြေရှင်းရန် အခြားနည်းလမ်းလည်း မရှိတော့သဖြင့် ခေါင်းညိတ်ကာ ပြောလိုက်ရတော့သည်။

“ကျွန်တော် သခင်မလေးလင်အာနဲ့ စံအိမ်အရှင်ကိုပဲ ဒုက္ခပေးရပါတော့မယ်”

“ဘာဒုက္ခရှိလို့လဲ.. သွားကြစို့။ ကျွန်မတို့ ပြန်ကြမယ်။ ဒီဆန်းကြယ်စွမ်းရည်ခန်းမကို နောက်ဘယ်တော့မှ ထပ်မလာတော့ဘူး”

တိလင်အာသည် ဘောက်ဆတ်ဆတ်ဖြင့် လျှောက်သွား၏။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ သူမနောက်သို့ လိုက်သွားလိုက်ရသည်။ လမ်းတစ်ဝက်ရောက်သောအခါ တိလင်အာက လမ်းခွဲသွား၏။ သူမက တိချန်ကျွင်းထံသွား၍ တိမင်ဆီ သတင်းပို့ပေးရန် သွားပြောခြင်းဖြစ်မည်။

ကျန်းရီလည်း အဆိပ်ဝိညာဉ်ကိုခေါ်၍ ပြန်သွားပြီး အနားယူနေလိုက်သည်။ တိုက်ပွဲပြီးနောက်တွင် သူ ကောင်းစွာအနားမယူရသေးပေ။ အစတွင် ကျန်းရီသည် အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုခဲ့၏။ သို့သော် ဆန်းကြယ်စွမ်းရည်ခန်းမတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် သူ သွားလိုစိတ်မရှိတော့ပေ။ ထို့ပြင် တိလင်အာ၏ စာအုပ်များကလည်း မကြာခင်တွင် ရောက်လာလောက်သည်ဟု သူ ခန့်မှန်းသည်။ ထို့ကြောင့် စာအုပ်များ ရောက်မလာခင် သူ တစ်ရေးလောက်အိပ်လိုက်ခြင်းက ကောင်းပေလိမ့်မည်။

ကျန်းရီ တစ်ရက်လုံးနီးပါး အိပ်လိုက်၏။ သူ နိုးလာသောအခါ စိတ်ကြည်လင်သွားပြီဖြစ်သည်။ အဆိပ်ဝိညာဉ်သည် သူနိုးလာသည်ကို အာရုံရလိုက်၍ ချက်ချင်း ဝင်လာကာ တင်ပြလိုက်သည်။ တိလင်အာ၏ စာအုပ်များက ရောက်မလာသေးပေ။ ထိုအစား ကျန်းရီထံ အထူးဧည့်သည်တစ်ယောက် လာလည်သည်။ ထိုဧည့်သည်မှာ ရီပုဟွေပင်။ ရီပုဟွေသည် ကျန်းရီအိပ်နေစဉ်တစ်လျှောက်လုံး ဧည့်ခန်းထဲတွင် ထိုင်စောင့်နေခဲ့ပေသည်။

‘သူက တစ်လ ချုပ်နှောင်ခံထားရတာ မဟုတ်ဘူးလား။ ဘာလို့ စောစောလွတ်လာတာလဲ’

ကျန်းရီ သံသယဖြစ်သွား၏။ ရီပုဟွေက သူနှင့် ညီအစ်ကိုဝမ်းကွဲတော်၏။ သို့သော် သူ ဤသို့ ဘာလာလုပ်ကြောင်းကို ကျန်းရီ မသိပေ။ ရီဖျောင်ဖျောင်အကြောင်း သတင်းပေးရန် ရောက်လာခြင်းပေလော။

***

All Chapters