← Chapters

ကျန့်ရှဘုရင်

Vol. 109 Ch. 1511

ကျန့်ရှဘုရင်

Vol. 109 Ch. 1511

မျှော်လင့်ချက်ကင်းမဲ့မှု၊ နာကျင်မှု...

ထိုအခိုက်တွင် ကျန်းရီ ထိုခံစားချက်များကို ခံစားနေရ၏။ သူသည် ထိုခံစားချက်များကို ယခင်ကလည်း အကြိမ်များစွာ ခံစားခဲ့ရဖူးသော်လည်း ဤတစ်ကြိမ်ခံစားချက်များက ပိုပြင်းထန်ပေသည်။

ကျန်းရီသည် ချီချင်ချန်အပေါ် ဖိုမခံစားချက်များ မရှိပေ။ သူ ထိုကဲ့သို့သော မျှော်လင့်ချက်များလည်း မရှိဝံ့ချေ။ သူမက သူနှင့် အဆင့်အတန်း မတူကြောင်း သူသိသည်။ သူသည် သူ့နှလုံးသားကို ချိပ်ပိတ်ထားပြီးလည်းဖြစ်၍ ပြန်ဖွင့်ရန် မကြိုးစားဝံ့ပေ။ ထို့ကြောင့် သူ၏ ချီချင်ချန်အပေါ်ထားသော ခံစားချက်များက အလွန်ရှုပ်ထွေးပေသည်။

သို့သော် မည်သည့်ယောက်ျားမဆို ချီချင်ချန်ကဲ့သို့သော မိန်းမလှတစ်ယောက်ကို အိပ်မက် မက်မိကြမည်သာ။ ယောက်ျားများတွင် လှပသောအရာများကို လိုချင်တတ်သော သဘာဝရှိပေသည်။ လူအားလုံးက တစ်ကိုယ်ကောင်းဆန်သည်။ သူတို့အတွက် ကောင်းသည့်အရာများကိုသာ အလိုရှိကြသည်။ ဤလောကထဲတွင် သူတော်စင်များ မရှိပေ။

ကျန်းရီက ချီချင်ချန်အပေါ် အကြွေးတင်နေသည်။ ချီချန်ချန်သည် ရီဖျောင်ဖျောင်ကို လေးစားသူတစ်ယောက်လည်းဖြစ်သလို ရီဖျောင်ဖျောင်၏ မိတ်ဆွေလည်းဖြစ်သည်။ ဘုံတစ်သောင်းပြိုင်ပွဲတွင် ချီချင်ချန်သည် သူမ၏ဓားဖြင့် ဝိညာဉ်ဘုရင်၏တိုက်ခိုက်မှုကို ကာပေးခဲ့သည်။ ထိုကတည်းက ကျန်းရီတစ်ယောက် ချီချင်ချန်အပေါ်တွင် ခံစားချက်များ စရှိလာခဲ့ခြင်းဖြစ်သည်။ သူ သူမကို မိတ်ဆွေတစ်ယောက်ကဲ့သို့ စတင် သဘောထားခဲ့သည်။

ထို့နောက်တွင် ကျန်းရီနှင့် ချီချင်ချန်တို့သည် မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် အတူတကွ တာဝန်များထမ်း‌ဆောင်ရသည်။ အထူးသဖြင့် အစောတွင် ချီချင်ချန်က ကျန်းရီကို ကုန်းပိုး၍ ပျံသန်းခဲ့စဉ်က သူတို့နှစ်ယောက် အချိန်တစ်ခုအထိ အသားချင်းထိတွေ့မှု ရှိခဲ့သည်။ ထို့ကြောင့် ကျန်းရီ၏ ချီချင်ချန်အပေါ်ထားသော ခံစားချက်များက ပို၍ရှုပ်ထွေးလာသည်။ ချီချင်ချန်သည် သူမ၏အသက်ကိုရင်း၍ ကျန်းရီကို ကာကွယ်ပေးရန် လုပ်ခဲ့သည်။ သူ့အတွက်ကြောင့် သူမ ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုကို အကြိမ်များစွာ ခံခဲ့ရသည်။ ကျန်းရီ၏ နှလုံးသားထဲတွင် ချီချင်ချန်က အလွန်အရေးပါသော မိတ်ဆွေတစ်ယောက် ဖြစ်လာပြီဖြစ်သည်။

ယခုတွင် ထိုမိတ်ဆွေသည် ယောက်ျားတစ်ယောက်၏ လှောင်ပြောင် အသားယူခြင်းကို ခံနေရသည်။ ဤအဖြစ် ဖြစ်ပျက်ပြီးသွားလျှင် ချီချင်ချန်က မည်သည့်အခါတွင်မှ မူလအတိုင်း ပြန်မဖြစ်နိုင်လောက်တော့ပေ။ ကျန်းရီသည်လည်း အရေးပါသော မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံးသွားရပေလိမ့်မည်။

မည်သည့်ယောက်များမဆို သူတို့ တန်ဖိုးထားသော အမျိုးသမီးတစ်ယောက်က အခြားယောက်ျားတစ်ယောက်၏ အသားယူနေခြင်း ခံနေရသည်ကို မြင်လျှင် ဒေါသူပုန်ထသွားကြမည်သာ။ သို့သော် ကျန်းရီ မည်သို့မှ မလုပ်နိုင်ပေ။ သူမကို ကူညီရန်အတွက်ပင် သူ မတိုက်ခိုက်နိုင်ချေ။

“ဟင်း...ဟင်း...”

ကျန်းရီ ပို၍ ဒေါသထွက်လာပြီး အသက်ရှူမြန်လာကာ မျက်လုံးများ နီရဲလာသည်။ သူ့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။ ထိုမီးများက ကောင်းကင်ကို လောင်ကျွမ်း၊ သမုဒ္ဒရာများကို ဆူပွက်၊ လောကကို ဖျက်ဆီးပစ်နိုင်လောက်သည်။ သို့သော် လူတစ်ယောက်ကိုတော့ မကယ်တင်နိုင်ပေ။ ကျန်းရီ၏လည်ပင်းကို ညှစ်ထားသော ဘွဲ့ထူးရစစ်နတ်ဘုရားက ရုတ်တရက် ကျန်းရီ၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်၏။ ချက်ချင်းပင် သူ သတိလစ်သွားပေတော့သည်။

“ဒီနေရာဆို ရ‌လောက်ပြီ။ ဝေးဝေးမသွားတာကောင်းမယ်... အဆိပ်ဝိညာဉ်က အလစ်တိုက်ခိုက်ချင်တိုက်မှာ”

မြစ်နှင့် ငါးကီလိုမီတာအကွာသို့ ပျံသန်းပြီးနောက် အဘိုးအိုတစ်ယောက်က မျက်နှာသေဖြင့် ပြောလိုက်ရာ စွမ်းအားကြီး သိုင်းသမားအယောက်နှစ်ဆယ် ရပ်တန့်လိုက်ကြသည်။ အဘိုးအိုက ဆက်ပြောသည်။

“အားလုံး လူခွဲပြီး သတိရှိရှိ စောင့်ကြည့်နေကြပါ။ တစ်ခုခု ဖြစ်လာရင် ချက်ချင်း သတင်းပြန်ပို့ကြပါ”

“ဟုတ်ကဲ့ပါ”

ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ အခြား စွမ်းအားကြီး သိုင်းသမားသုံးယောက်က စောင့်ကြပ်နေသော်လည်း အဘိုးအိုနှင့် ကျန်လူများက စိုးရိမ်နေကြပေသေးသည်။ ယိုထျန်းနီက ယိုမျိုးနွယ်က တစ်ဦးသောမြေးဖြစ်သည်။ သူ သေသွားလျှင် ကောင်းကင်ဘုရင်ယိုက သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။ ဤနယ်မြေ၏ အခြားတစ်နေရာတွင် ‘ယိုထျန်းနီ’ရှိသေးသော်လည်း ထိုသူက အတုဖြစ်ပေသည်။

တပ်သားအယောက်နှစ်ဆယ်သည် လူဖြန့်၍ မြစ်ကို ဝန်းရံလိုက်ကြ၏။ သို့သော် သူတို့ မြစ်နားသို့တော့ ကပ်မသွားဝံ့သလို ကောင်းကင်စိတ်အာရုံဖြင့်လည်း အာရုံမခံဝံ့ကြပေ။ သူတို့သည် ယိုထျန်းနီ၏ အကျင့်စရိုက်ကို ကောင်းကောင်းသိကြသည်။ ယိုထျန်းနီ၏ အစီအစဉ်များကို ဖျက်ဆီးမိသူတိုင်း အကျိုးဆက်များကို ခံရမည်ဖြစ်သည်။

ဝုန်း...

အားလုံး လူဖြန့်ပြီးနောက်တွင် အဝေးရှိ ကောင်းကင်၌ အနီရောင်အလင်းတစ်ခု လင်းလက်လာ၏။ ထို့နောက် ကျန်းရီကို ဖမ်းထားသော စွမ်းအားကြီး သိုင်းသမားသည် မျက်နှာပျက်သွားပြီး မြစ်ဆီသို့ ရုတ်ခြည်း ပျံသန်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်ဘက်သို့ ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အသံပို့လွှတ်လိုက်သည်။

“ဘာဖြစ်တာလဲ”

“ကျန့်ရှမျိုးနွယ်ပါ... အဲ့မျိုးနွယ်ဝင်တွေအများကြီး လာနေပါတယ်”

လူတစ်ယောက်က အသံပြန်ပို့လွှတ်လိုက်ရာ အားလုံး မြစ်ဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်ကြသည်။ မြစ်အနီးရှိ မြင်ခင်းပြင်ပေါ်တွင် ယိုထျန်းနီသည် ချီချင်ချန်ကို ပွေ့ဖက်၍ သူမ၏ စစ်ချပ်ဝတ်ကို ချွတ်ပစ်ရန် လုပ်နေသည်။ အားလုံး ပြန်ပျံသန်းလာသည်ကို တွေ့လိုက်သောအခါ သူ ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ကျန့်ရှမျိုးနွယ်ဝင်တွေ အများကြီး ဒီဘက်ကို လာနေကြပါတယ်။ သူတို့က ဒီနေရာကို ဦးတည်လာနေကြတာပါ”

လူတစ်ယောက်က တင်ပြလိုက်၏။ ထို့နောက် အာကာပြင် နေရာအနည်းငယ်တွင် တုန်ခါသွားပြီး ရီဝူနှင့် အဖော်များ ထွက်ပေါ်လာသည်။ ရီဝူက ‌အေးစက်စက် ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်ပဲ... သူက ကျန့်ရှမျိုးနွယ်ကို ဒီကို မျှားခေါ်လာခဲ့တာ”

“သောက်ကောင်... ငါ သူ့ကို အပိုင်းပိုင်းအပြတ်ပြတ် ဖြတ်ပစ်မယ်”

ယိုထျန်းနီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက သူ၏ဘောင်းဘီကိုပင် ချွတ်ပြီးပြီဖြစ်သည်။ သို့သော် ယခုတွင် သူ ရပ်ရပေတော့မည်။ သူက ဆက်လုပ်နေစဉ်တွင် ကျန်လူများအား ကျန့်ရှမျိုးနွယ်ကို တားထားရန် ခိုင်း၍မဖြစ်သည် မဟုတ်ပါလား။ ထို့ပြင် တပ်သားအယောက်နှစ်ဆယ်က ကျန့်ရှမျိုးနွယ်တပ်ကြီးကို တားနိုင်ပါမည်လော။

‘မတားနိုင်တောင် တားရမှာပဲ’

ယိုထျန်းနီ၏ အတွေးများက ပုံမှန်မဟုတ်တော့ပေ။ သူ မည်သူ့ကိုမှလည်း အရေးမစိုက်တော့ပေ။ ချီချင်ချန်၏ ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်လိုက်ပြီဆိုလျှင် သူ၏အစီအစဉ်က အောင်မြင်သွားမည်ဖြစ်သည်။ သူ အေးစက်စက် အမိန့်ပေးလိုက်သည်။

“ရီဝူ... ခင်ဗျားတို့ လေးယောက်က အဆိပ်ဝိညာဉ်ကို ဆက်ပြီးလိုက်ဖမ်းပါ။ ယိုကျန်း... ဒီမှာ ကျွန်တော့်ကို ကာကွယ်ပေးဖို့ လူသုံးယောက်ထားခဲ့ပြီး ကျန်တဲ့သူတွေနဲ့ ကျန့်ရှမျိုးနွယ်တပ်ကို အဝေးဆီ မျှားခေါ်သွားပါ။ ကျွန်တော် အချိန်တစ်နာရီလိုတယ်။ ခင်ဗျားတို့ ကျွန်တော့်အတွက် အချိန်တစ်နာရီရအောင် လုပ်ပေးရမယ်”

“ဟုတ်ကဲ့ပါ”

အားလုံးသည်လည်း မတော်တဆမှုတစ်ခု ဖြစ်လာမည်ကို ကြောက်ကြသည်။ အကယ်၍ ချီချင်ချန်သာ အကောင်းအတိုင်း လွတ်မြောက်သွားလျှင် သူတို့အားလုံး ပြဿနာတက်မည်ဖြစ်သည်။ ရီဝူ အံကြိတ်ကာ အော်ပြောလိုက်သည်။

“အားလုံး ထွက်ခွာကြ... ဒီတစ်ခေါက် ကျွန်တော်တို့ အဲ့သစ္စာဖောက်ကို သတ်နိုင်ရမယ်။ သူ့ကို ထပ်ပြီး လွတ်မြောက်သွားခွင့်ပေးလို့ မရတော့ဘူး”

ဝှစ်...

ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားသုံးယောက်တို့ လေထဲတွင် ပျောက်ကွယ်သွားကြ၏။ ယိုကျန်းသည်လည်း ယိုထျန်းနီကို ကာကွယ်ရန် တပ်သားသုံးယောက် ထားခဲ့ပြီး ကျန်တပ်သားများကို ခေါ်၍ ကျန့်ရှမျိုးနွယ်တပ်ကြီးဆီ လျင်မြန်စွာ ပျံသန်းသွားသည်။ ထိုကျန့်ရှမျိုးနွယ်တပ်ကြီးက အင်အားတစ်သန်းလောက် ရှိသည်။ သို့သော် သူတို့၏ တာဝန်က ထိုတပ်ကို အဝေးသို့ တစ်နာရီကြာ မျှားခေါ်သွားရန်သာဖြစ်ရာ သူတို့အတွက် ပြဿနာမရှိပါပေ။

“ဟင်းဟင်း...”

ယိုထျန်းနီ၏ လက်က အဖြူရောင်အလင်း လင်းလက်လာ၏။ သူ ချီချင်ချန်၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ထဲသို့ စွမ်းအင် ဆက်ထည့်သွင်းလိုက်သည်။ ထိုချပ်ဝတ်ကို စုတ်ဖြဲပစ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် အတင်း သန့်စင်ပစ်ရန်သာရှိသည်။ ယခုတွင် ချီချင်ချန်က အသိလွတ်နေသဖြင့် ပြန်မခုခံနိုင်ရာ ငါးမိနစ်မှ ဆယ်မိနစ်လောက် သန့်စင်ပြီးနောက်တွင် ချပ်ဝတ်က အလိုလို ကျွတ်ကျသွားပေလိမ့်မည်။

ချပ်ဝတ်ကို ဖယ်နိုင်လိုက်ပြီဆိုလျှင် ချီချင်ချန်က ယိုထျန်းနီ၏ အမျိုးသမီး ဖြစ်လာမည်ဖြစ်သည်။

ချီချင်ချန်၏ မျက်နှာက နီမြန်းနေ၏။ သူမ၏အသက်ရှူသံကလည်း ဖျော့တော့နေသည်။ သူမသည် မီးအပူဒဏ် ခံနေရသော ကြောင်လေးတစ်ကောင်ကဲ့သို့ ပျော့ခွေနေသည်။ သို့သော် သူမ၏ စိတ်ဝိညာဉ်ကတော့ အချစ်သစ်ပင်၏ အာနိသင်ကို အလိုလို ခုခံနေလောက်ပေသည်။ ထို့ကြောင့် သူမ၏အခြေအနေက ဤထက်ပိုမဆိုးလာခြင်းဖြစ်သည်။

“မြန်မြန်...မြန်မြန်...”

ယိုထျန်းနီ အလွန်စိတ်လှုပ်ရှားလာသည်။ သူ ကောင်းကင်စွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု မှားသွားနိုင်ခြေ ပိုများလာနိုင်သည်။ ဤတစ်ခေါက်တွင် အရင်းအနှီးက အလွန်ကြီးသည်။ သူ အမှားမခံနိုင်ပေ။

“သခင်လေး... မြန်မြန် ထွက်ပြေးပါတော့”

ချီချင်ချန်၏ စစ်ချပ်ဝတ်ကို သန့်စင်ပြီးခါနီးတွင် အဝေးမှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လူများစွာ ယိုထျန်းနီဆီသို့ ပျံသန်းလာသည်။ ယိုထျန်းနီ ဒေါသထွက်သွားပြီး ပြန်အော်ပြောလိုက်သည်။

“ဒီတစ်ခေါက်ရော ဘာဖြစ်ပြန်ပြီလဲ။ ခင်ဗျားတို့ အကုန်လုံးက သုံးစားမရဘူး။ သူတို့ကို တစ်နာရီလောက်‌တောင် ထိန်းမထားနိုင်ဘူးလား”

လူတစ်ယောက်က လျင်မြန်စွာ ပျံသန်းလာပြီး အော်ပြောလိုက်သည်။

“သခင်လေး... မြန်မြန် ထွက်ပြေးပါတော့။ မဟုတ်ရင် ကျွန်တော်တို့အကုန်လုံး သေရလိမ့်မယ်။ အဆိပ်ဝိညာဉ်က ကျန့်ရှဘုရင်ကို ဒီကို မျှားခေါ်လာပါတယ်”

“ကျန့်..ကျန့်ရှဘုရင်လား”

ယိုထျန်းနီ တုန်လှုပ်သွားပြီး ချက်ချင်း လေသံပျော့သွားသည်။ ကျန့်ရှဘုရင်သည် ကျန့်ရှမျိုးနွယ်၏ တစ်ဦးတည်းသော အုပ်စိုးသူဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားမဟုတ်လျှင်၊ ထူးခြားသော ဆန်းကြယ်စွမ်းရည်များ မရှိလျှင် မည်သူမဆို ကျန့်ရှဘုရင်နှင့် ကြုံပါက သေချာပေါက် သေရမည်ဖြစ်သည်။

ယိုထျန်းနီ ချီချင်ချန်ကို ပွေ့ခေါ်ကာ ပျံပြေးရန် ဟန်ပြင်လိုက်၏။ သို့သော် နောက်ဆုံးအခိုက်တွင် သူ စိတ်အေးအေးထားလိုက်ပြီး အော်ပြောလိုက်သည်။

“ရီဝူ... မြန်မြန် လှည့်ဖြားအစီအရင် ထုတ်လိုက်ပါ”

ထိုအစီအရင်က ဝိညာဉ်မျိုးနွယ်၏ ထူးခြားသော ဆန်းကြယ်စွမ်းရည်ဖြစ်သည်။ ၎င်းကို ထုတ်လွှတ်လိုက်လျှင် အစီအရင်အတွင်းရှိ လူအားလုံးက ကိုယ်ပျောက်သွားမည်ဖြစ်သည်။ အစောတွင်လည်း သူတို့သည် ထိုအစီအရင်ကိုသုံး၍ ကျန့်ရှမျိုးနွယ်တပ်များကို ရှောင်ခဲ့ကြပေသည်။ ကျန့်ရှဘုရင်က မည်မျှလျင်မြန်ပါသနည်း။ တွေးကြည့်၍ပင် မရပေ။ သူတို့ သွေးရူးသွေးတန်းဖြင့် ပျံပြေးမည်ဆိုလျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ အဆိပ်ဝိညဉ်က ကျန့်ရှမျိုးနွယ်ဝင်များစွာကိုလည်း မျှားခေါ်လာခဲ့ပြီဖြစ်၍ သူတို့ လုံခြုံစွာ ပုန်းအောင်းနေမှသာ ရှင်သန်နိုင်ခြေများမည်ဖြစ်သည်။

“ကောင်းပြီ...”

ရီဝူ လေထဲတွင် ထွက်ပေါ်လာသည်။ အစောတွင် သူသည် ကျန့်ရှဘုရင်၏ အရှိန်အဝါကြောင့် အလွန်ကြောက်ရွံ့ခဲ့သည်။ ယခုတွင်မူ သူ အတန်ငယ်ပြန်၍ စိတ်တည်ငြိမ်နေပြီဖြစ်သည်။ အဆိပ်ဝိညာဉ်က ကျန့်ရှဘုရင်၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်လျှင် သူတို့လည်း ရှောင်ရှားနိုင်ပေလိမ့်မည်။

တပ်သားနှစ်ဆယ်သည် ယိုထျန်းနီကို ဝန်းရံထား၏။ ယိုထျန်းနီက ချီချင်ချန်ကို ပွေ့ချီထားပြီး ယိုဟုန်က ကျန်းရီကို ဖမ်းထားသည်။ ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားသုံးယောက်က သတ်မှတ်နေရာလေးနေရာတွင် နေရာယူလိုက်ကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက အဖြူရောင်အလင်း လင်းလက်လာသည်။

“ကျန်းရီကို အစီအရင်အပြင်ဘက်ကို ပစ်လိုက်။ ကျန့်ရှမျိုးနွယ်ဝင်တွေ သူ့ကို တိုက်ခိုက်တဲ့အခါကျ အဆိပ်ဝိညာဉ်က သေချာပေါက် သူ့ကို ကယ်မှာပဲ။ အဲ့ကျရင် ကျွန်တော်တို့ အစွမ်းကုန်သုံး တိုက်ခိုက်ပြီး အဆိပ်ဝိညာဉ်ကို သတ်ကြမယ်”

အစီအရင် ပုံပေါ်လာနေစဉ်တွင် ယိုထျန်းနီသည် ရုတ်တရက် အကြံတစ်ခုရသွား၍ အော်ပြောလိုက်သည်။

“ဟုတ်တယ်...”

ယိုဟုန် မျက်လုံးများ တောက်ပလာပြီး ကျန်းရီကို အစီအရင်၏ အဝေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် အဖြူရောင်အလင်းများ လင်းလက်လာကာ အားလုံး ပျောက်ကွယ်သွားကြ၏။ မြေပြင်ပေါ်တွင် သတိလစ်နေသော ကျန်းရီသာ မလှုပ်မယှက် ကျန်ခဲ့လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အဝေးမှနေ၍ လေခွင်းသံများ ထွက်ပေါ်လာပြီး အားကောင်းသော သတ်ဖြတ်အရှိန်အဝါများ ရောက်ရှိလာသည်။ အရှေ့ဘက် ကောင်းကင်မှနေ၍ အနီရောင်တိမ်တစ်အုပ် တလိပ်လိပ်ပျံသန်းလာ၏။ ၎င်းက ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမျိုပစ်တော့မလိုပင်။

ကျန့်ရှမျိုးနွယ်တပ် ရောက်လာပေပြီ။

***

All Chapters