← Chapters

အားလုံးသေပြီ

Vol. 71 Ch. 995

အားလုံးသေပြီ

Vol. 71 Ch. 995

အခန်း (၉၉၅) အားလုံးသေပြီ

ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ အရှေ့တောင်ဓားနတ်မယ်နှင့် အခြားအကျွမ်းတဝင်ရှိသော မျက်နှာများကို တွေ့လိုက်ရသည်။

ကျင်းထင်တောင်မှ သိုင်းသမားများအပြင် မြောက်ပင်လယ်ဓားခန်းမမှ ခန်းမသခင် ကုဟုန်နှင့် ကျူတောပင်လယ်ဒေသတွင် လှုပ်ရှားနေကြသော သိုင်းသမားအတော်များများကို တွေ့မြင်လိုက်ရ၏။

ထိုနှစ်တွင် ယင်စန်းတောင်ဓားဘုရင် လုန်ဟန့်ဟွာက ကုဟုန်ကိုကယ်တင်ခဲ့ပြီးနောက် တာ့ရွှမ်မင်းဆက်သည်လည်း ပျက်သုဉ်းသွားခဲ့သည်။

ကုဟုန်ဒဏ်ရာများပြန်လည်သက်သာလာသည့်အခါ မြောက်ပင်လယ်သို့ပြန်သွားပြီး သူ၏ဂိုဏ်းကို ပြန်လည်တည်ထောာင်ခဲ့သည်။

ကြောက်မက်ဖွယ်ရာထိုးနှက်ချက်ကိုခံစားရပြီး ပျက်ဆီးလုနီးပါးဖြစ်ခဲ့ရသော မြောက်ပင်လယ်ဓားခန်းမသည် မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်း ပြန်လည်ထူထောင်လာနိုင်ခဲ့သည်။

ထိုသူများကိုတွေ့ရသော်လည်း ဝါဒတောင်မှ မည်သူမျှ မတွေ့ရသဖြင့် ဖခင်ဖြစ်သူ ရန်တိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်းမရှိသေးဟု ရန်ကျောက်ကဲ မှန်းဆလိုက်သည်။

ဝါဒတောင်မှ အခြားအကြီးအကဲများကတော့ အရှေ့တောင်ဓားနတ်မယ်နှင့် လိုက်ပါလာခြင်းမရှိဘဲ ကျူတောပင်လယ်ဒေသမှာပင် ကျန်ရစ်ခဲ့ကြခြင်း ဖြစ်နိုင်၏။

ဝါဒတောင်သည် ပြည်နယ်နှစ်ခုနယ်ခြားဒေသနှင့် အလွန်နီးကပ်သော ကျူတောပင်လယ်ဒေသ အနောက်ဘက်တွင် တည်ရှိသည်။

စက်ဝန်းတောင်တွင် ကြီးမားသည့်ကိစ္စကြီးတစ်ခု ပေါက်ကွဲထွက်ပြီးသည့်နောက် ဝါဒတောင်သည်လည်း သတိအပြည့်ဖြင့် စောင့်ကြည့်နေမည်သာပင်။

“မိတ်ဆွေလေး’ရန်’... ဘာများဖြစ်တာလဲ...”

အရှေ့တောင်ဓားနတ်မယ်က စိတ်ကိုတည်ငြိမ်စေပြီးသည့်နောက် သတိပြန်ဝင်လာပြီး ရန်ကျောက်ကဲ၏ နှုတ်ခွန်းဆက်စကားကို အသိအမှတ်ပြုလိုက်သည်။

ဤစကားက သူမ ပထမဆုံးပြောလိုက်သော စကားဖြစ်သည်။

ရန်ကျောက်ကဲက ရိုးရှင်းစွာပင် အဖြေပေးလိုက်သည်။

“ကျွန်တော် သီးခြားနယ်မြေတစ်ခုကနေ ပြန်လာပြီးတဲ့နောက် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က အဆုံးမဲ့တောင်တန်းကိုရောက်သွားတယ် ၊ အပြန်လမ်းမှာ တောင်ပိုင်းက သိုင်းကျင့်ကြံသူတွေ ဝိုင်းတိုက်တာခံရတာပါ”

သူက ဆက်ပြောသည်။

“စက်ဝန်းတောင်ကိုရောက်တော့ ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန်က လမ်းကိုပိတ်ထားပြီး မီးတောက်ဘုရင် ဖန်ဟယ်က နောက်ကလိုက်လာတယ် ၊ အဲဒါနဲ့ သူတို့ကိုရှင်းပစ်ဖို့ မြေပြင်အနေအထားကိုအသုံးပြုပြီး အစီအရင်တစ်ခု တည်ဆောက်လိုက်ရတာပါ”

အရှေ့တောင်ဓားနတ်မယ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“ငါမြင်တာမမှားဘူးဆိုရင် မင်းအသုံးပြုလိုက်တဲ့အစီအရင်က ဒဏ္ဍာရီထဲက မြစ်ဝါကိုးကွေ့အစီအရင်ပဲ မဟုတ်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပါပဲ... အဲဒါ မြစ်ဝါကိုးကွေ့ အစီအရင်ပါပဲ”

သူ့အရှေ့တွင် မျက်နှာများတည်ကြည်လေးနက်နေကြသည့် လူများကိုကြည့်ရင်း ရန်‌ကျောက်ကဲက ပြံးလိုက်သည်။

“ဟိုးအရင် ပြင်ပလောကကို ခရီးထွက်တုန်းက ဒီ ‘ရန်’ က မြစ်ဝါနဂါးဂိုဏ်းက လုန်မန်ဧကရာဇ်ရဲ့အဆက်အနွယ်တွေ နေထိုင်တဲ့ ကျောက်ဂူအိမ်‌တော်တစ်ခုကို ရောက်ခဲ့တယ်”

ထိုစကားကြားတော့မှ အရှေ့တောင်ဓားနတ်မယ်က အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့်...

“အိုး... ဟုတ်လား”

အခြားသူများကတော့ နားလည်ဟန်မရှိသေးဘဲ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အရှေ့တောင်ဓားနတ်မယ်က ရှင်းပြသည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ကိုးထပ်အထက်မှာရှိတဲ့ မိုးကောင်းကင်ခုံရုံးရဲ့ ကောင်းကင်ဘုံနန်းတော်က ရံဖန်ရံခါ လူ့လောကကိုဆင်းသက်လာပြီး သိုင်းပညာအမွေအနှစ်တွေကို ချန်ထားခဲ့ကြတယ်”

သူမက ဆက်ပြောသည်။

“သူတို့ထဲကတစ်ယောက်က မြစ်ဝါနဂါးဂိုဏ်းကိုတည်ထောင်ခဲ့ပြီး လုန်မန်ဧကရာဇ်က သူ့ကိုယ်သူ ဧကရာဇ်ဘွဲ့ခံယူပြီး လောကကို အကြီးအကျယ် မွှေနှောက်ခဲ့ဖူးတယ်”

“မြစ်ဝါနဂါးဂိုဏ်းက ယွိချင်အဆက်အနွယ်သိုင်းပညာတွေကို မဏ္ဍိုင်အဖြစ်ထားရှိတယ် ၊ တစ်ခုက မူလကောင်းကင်ကျမ်းစာ ကနဦး (၃)စောင်မှာပါဝင်တဲ့ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာဖြစ်ပြီး ကျန်တစ်ခုကတော့ လုန်မန်ဧကရာဇ်ကိုယ်တိုင်တီထွင်ခဲ့တဲ့ လုန်မန်သိုင်းပညာပါပဲ”

“ဒါပေမဲ့ မြစ်ဝါနဂါးဂိုဏ်းရဲ့ ပင်မအစီအရင်ကတော့ မြစ်ဝါကိုးကွေ့အစီအရင် ဖြစ်တယ်”

“အရင်တုန်းက စန်းရှောင်းဧကရီ (၃)ပါးက ကောင်းကင်ဘုံနန်းတော်ကိုဝင်ရောက်ပြီးတဲ့နောက် သူတို့ရဲ့ သိုင်းပညာတွေက ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်မှာ နှတ်တမ်းတင်ခံရတယ်လို့ ကောလဟလတွေရှိခဲ့တယ် ၊ ကြည့်ရတာ.. လုန်မန်ဧကရာဇ်ရရှိခဲ့တဲ့ မြစ်ဝါကိုးကွေ့အစီအရင်က ကောင်းကင်ဘုံနန်းတော်က ဆင်းသက်လာတာ ဖြစ်နိုင်တယ်”

“စိတ်မကောင်းစရာက မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက်မှာ မြစ်ဝါကိုးကွေ့အစီအရင်ကလည်း ပျောက်ကွယ်သွားခဲ့တယ် ၊ ငါတောင် သမိုင်းမှတ်တမ်းတွေထဲမှာပဲ ဒီအကြောင်း နည်းနည်းပါးပါး မှတ်သားခဲ့ရတာ”

ပြောပြီးသည်နှင့် အရှေ့တောင်ဓားနတ်မယ်က ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“အရင်ကကြားဖူးတာတော့ မင်းတို့ဝါဒတောင်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်တဲ့ ၊ အဲဒါလည်း အဲဒီ မြစ်ဝါနဂါးဂိုဏ်းရဲ့ ကျောက်ဂူအိမ်တော်က ရရှိခဲ့တာပဲလား”

ရန်ကျောက်ကဲကို ကြည့်နေသည့် အဘွားအို၏မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နက်နေသည်။

ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့ကို ရန်ကျောက်ကဲ တိုက်ခိုက်ခဲ့စဉ်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို အသုံးပြုခဲ့သည်။

ကျူတောပင်လယ်ဒေသ မိုးမြေတစ်ခွင်တွင် ထင်ကျန်ရစ်နေသော နတ်ဘုရားအဆုံးသတ်ဓားသိုင်း ဒဏ်ချက်များမှာ အချိန်ကြာမြင့်သည့်တိုင်‌ မှေးမှိန်သွားမည် မဟုတ်ပေ။

သို့တိုင် ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဒဏ်ချက်များနှင့် ဖုံးလွှမ်းလိုက်သဖြင့် အရှေ့တောင်ဓားနတ်မယ်နှင့် အခြားသူများက မည်သည့်အရာကိုမှ သံသယဝင်ခဲ့ကြခြင်း မရှိပေ။

ယခု မြစ်ဝါကိုးကွေ့အစီအရင်ကို ထပ်ပေါင်းထည့်ကာ ဤသိုင်းပညာ (၂)ရပ်အားသက်သေပြလိုက်ခြင်းဖြင့် ပို၍ပင် အယုံသွင်းရလွယ်ကူစေသည်။

ရန်ကျောက်ကဲက မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာလိုက်သည်။

“ဓားနတ်မယ်ပြောတာ မမှားပါဘူး ၊ ကျွန်တော်တို့ဂိုဏ်းက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို မြစ်ဝါနဂါးဂိုဏ်းရဲ့ ကျောက်ဂူအိမ်တော်ကပဲ ရရှိခဲ့တာပါ”

သူက ဆက်ပြောသည်။

“အဲဒီပညာရပ်တွေအပြင် လုန်မန်ဧကရာဇ်ရဲ့ လုန်မန်သိုင်းပညာကိုလည်း ရရှိခဲ့သေးတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ဘေးဘက်ရှိလေထုထဲသို့ လက်သီးတစ်ချက် ထိုးစိုက်ချလိုက်သည်။

သူ၏အစစ်အမှန်ကြယ်တာရာချီစွမ်းအားက ရှည်လျားသည့်မြစ်တစ်စင်းပမာ လေထုထဲတွင်စီးဆင်းသွားပြီး ရေများပမာ ယှက်နွယ်သွားကာ ကြီးမားသည့် ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာသည်။

မရေမတွက်နိုင်သော အခိုးအငွေ့များထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု အဆက်မပြတ်ရိုက်ခတ်မိကာ မိုးနှင့်မြေကို ဖျက်ဆီးပစ်မည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖြစ်တည်လာသည်။

“ဒီ’ရန်’ က လုန်မန်သိုင်းပညာကျမ်းစာတစ်ခုလုံးကိုဖတ်ရှုထားပေမယ့် တစ်ခါမှ နက်နက်နဲနဲ မလေ့ကျင့်ခဲ့ဖူးဘူး ၊ အခုလိုအပေါ်ယံလေးပြသနိုင်တာ ဓားနတ်မယ်ကို ရယ်စရာဖြစ်အောင်လုပ်နေသလိုပါပဲ”

ရန်ကျောက်ကဲက သူ့လက်ကိုပြန်လည်ရုတ်သိမ်းရင်းဆိုလိုက်သည်။

သူပြသလိုက်သည့် သိုင်းပညာက အမှန်တကယ်ပင် စစ်မှန်သော လုန်မန်သိုင်းပညာဖြစ်၏။

အရှေ့တောင်ဓားနတ်မယ်က ရန်ကျောက်ကဲကို တိတ်ဆိတ်စွာ ကြည့်နေသည်။

လုန်မန်သိုင်းပညာ သို့မဟုတ် မြစ်ဝါနဂါးဂိုဏ်းမှဆင်းသက်လာသော လျှို့ဝှက်သိုင်းပညာများအား သူမကိုယ်တိုင် တွေ့မြင်ဖူးခြင်းမရှိသော်လည်း ရှေးဟောင်းစာအုပ်များထဲတွင် ဖတ်ရှုဖူးသည်။

ရန်ကျောက်ကဲ၏ လက်ဟန်လှုပ်ရှားပုံအရ ရှေးဟောင်းစာအုပ်များထဲတွင်ဖော်ပြထားသည်နှင့် ခြားနားခြင်း မရှိပေ။

ဤသည်က အလွန်ကောင်းသည့်အချက်ပင်။

သူတို့အနေဖြင့် အခြားသူများကို ကောင်းစွာ ရှင်းလင်းချက်ပေးနိုင်တော့မည် ဖြစ်သည်။

အရှေ့တောင်ဓားနတ်မယ်က ခက်ထန်ပြီး သည်းခံတတ်သူတစ်ယောက်မဟုတ်သော်လည်း ရန်သူမိတ်ဆွေ ကောင်းစွာခွဲခြားတတ်သူတစ်ယောက် ဖြစ်သည်။

အရင်တစ်ချိန်က လင်ဟန့်ဟွာနှင့်ပတ်သက်ပြီး ရှုတ်ထွေးပြီး ရှင်းမပြနိုင်သော ကိစ္စရပ်များစွာ ရှိခဲ့သည်ပင်။

ဓားနတ်မယ်က....

“မင်းက ကံကောင်းတာပဲ မိတ်ဆွေလေး’ရန်’ ၊ မင်းတို့ဝါဒတောင် ဒီလောက်တိုးတက်ထွန်းကားနေတာ အံ့သြစရာမဟုတ်တော့ပါဘူး”

ထို့နောက် ဓားနတ်မယ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ကျန်းစုရန်အပြင် ဖန်ဟယ်ပါ စက်ဝန်းတောင်ကိုရောက်လာတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား”

ရန်ကျောက်ကဲက သူ့ဘေးနားမှ ပန်ပန်၏ဦးခေါင်းကိုအသာပုတ်လိုက်သည်။

ပန်ပန်က တိုးလျစွာတစ်ချက်ကြုံးဝါးသံပြုရင်း မြေပြင်ထက်သို့ ပြန်လည်ဆင်းသက်သွားသည်။

“ကျန်းစုရန်နဲ့ ဖန်ဟယ်အပြင် တခြား သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ရှိသေးတယ်”

ရန်ကျောက်ကဲက ဆိုသည်။

“ပုံရိပ်ယောင်တောင်ထွတ်က ချင်းယွမ်ဧကရာဇ်ရဲ့ တပည့်အကြီးဆုံး ချင်ရှုကျီ...”

ထိုစကားကိုကြားတော့ အရှေ့တောင်ဓားနတ်မယ် မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ဖြစ်သည့် ချင်ရှုကျီက သူမထက်အသက်များစွာငယ်သော်လည်း သူမထက် နာမည်ကျော်ကြားသူ ဖြစ်သည်။

ယခင်က တိုက်ပွဲတစ်ခုတွင် ချင်ရှုကျီကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ဖူးပြီး သူမက ချင်ရှုကျီထက် အနည်းငယ် တန်ခိုးစွမ်းအားလျော့နည်းနိုင်ကြောင်း အရှေ့တောင်ဓားနတ်မယ် သိရှိခဲ့သည်။

ကျန်းစုရန် ၊ ဖန်ဟယ် ၊ ချင်ရှုကျီ...။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ (၃)ဦး ပေါင်းစည်းလိုက်ပါက လူသားအထွတ်ထိပ်အဆင့်အောက် မည်သည့်ကျင့်ကြံသူမဆို အသက်ရှူကြပ်သွားနိုင်သည်။

အကယ်၍ ထိုသူ (၃)ယောက်သာ အရှေ့တောင်ပိုင်းသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာပါက ဓားနတ်မယ်သည်လည်း သူတို့အားမခခုံနိုင်ဘဲ တစ်ချက်တည်းအသက်ပျောက်သွားနိုင်သည်။

“သူတို့အခုဘယ်မှာလဲ ဆိုတာကတော့...”

ရန်ကျောက်ကဲ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ကောင်းကင်ထက်ပြန်တက်လာသော ပန်ပန်ကိုကြည့်လိုက်သည်။

ပန်ပန်၏ကျောထက်တွင် လူသေအလောင်းအချို့ပါလာသည်။

အချို့က အလွန်အရုပ်ဆိုးသောပုံစံဖြင့်သေဆုံးနေကြပြီး မူလရုပ်ရည်ကိုပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသည်။

“ဒီ’ရန်’ က စွမ်းအားကိုမထိန်းချုပ်ဘဲ တိုက်ခိုက်လိုက်လို့ ဒီအလောင်းတွေရဲ့မျက်နှာကတော့ ခွဲခြားရခက်သွားပြီ”

ရန်ကျောက်ကဲက တောင်းပန်စကားဆိုလိုက်သည်။

“ဒီလူတွေအားလုံးက စက်ဝန်းတောင်မှာ ကျွန်တော်နဲ့တိုက်ခိုက်ခဲ့တဲ့သူတွေပါပဲ”

အရှေ့တောင်ပိုင်းမှ သိုင်းသမားများအားလုံးမှာ အကြောင်းအရာများကိုတွေးတောရင်း ထိုလူသေအလောင်းများကိုကြည့်မိသည့်အခါ အားလုံး မှင်တက်သွားကြသည်။

အရှေ့တောင်ဓားနတ်မယ်က ချက်ချင်းရှေ့တစ်လှမ်းတိုးလိုက်ပြီး လက်တစ်ဖက်ပြတ်နေသည့် အလောင်းတစ်လောင်းကို စေ့စေ့ကြည့်လိုက်သည်။

ထိုအလောင်းက ချင်ရှုကျီ၏အလောင်းဖြစ်သည်။

ချင်ရှုကျီမှာ လက်တစ်ဖက်လိမ်ချိုးခံထားရပြီး ဦးခေါင်းကိုဓားဖြင့်ထိုးစိုက်ခံထားရသော်လည်းသူ့အသွင်အပြင်ကို ထိခိုက်ခြင်းမရှိပေ။

အရှေ့တောင်ဓားနတ်မယ်က အရင်က ချင်ရှုကျီနှင့်တွေ့ဆုံဖူးသူဖြစ်သဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိနိုင်စွမ်း ရှိသည်။

သို့သော် အလောင်းကိုကြည့်ရင်း အရှေ့တောင်ပိုင်းမှ အကြီးအကဲမှာ ကြက်သေသေ၍သွားရသည်။

သူမသတိပြန်ဝင်လာသည့်အခါ ဓားနတ်မယ် ပထမဆုံးတုံ့ပြန်သည်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ခြင်း ဖြစ်သည်။

အနီးပတ်ဝန်းကျင်တွင် ရန်ကျောက်ကဲကိုကူညီပေးသည့် အခြားသောတန်ခိုးစွမ်းအားရှင်များ ရှိလေမလားဟု သူမက အကဲခတ်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။

ဤသည်မှာ ဖြေရှင်းချက် တစ်ခုသာလျှင် ရှိသည်။

ယခုအသတ်ခံရသူအားလုံးက ရန်ကျောက်ကဲလက်ချက်ဖြင့်သေဆုံးသွားခြင်း ဖြစ်သည်။

“ဘယ်လိုများလုပ်လိုက်တာလဲ... ပြီးတော့ မြစ်ဝါကိုးကွေ့အစီအရင်‌ရောပဲ....”

အဘွားအိုသည် တုန်တုန်ယင်ယင်နှင့် မယုံကြည်နိုင်စွာ ရန်ကျောက်ကဲကိုစူးစိုက်ကြည့်ရင်း တည်ငြိမ်မှု ကင်းမဲ့သွားလေသည်။

All Chapters