← Chapters

မိစ္ဆာဓား

Vol. 109 Ch. 1513

မိစ္ဆာဓား

Vol. 109 Ch. 1513

“အာ...”

ကျန်းရီသည် အားတင်းကာ ထရပ်လိုက်ပြီး အကြိမ်အနည်းငယ် နာကျင်စွာ ညည်းတွားပြီးမှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူ၏ အာရုံကို ဖမ်းစားသွားသည့် တစ်ခုတည်းသောအရာမှာ သူ့အရှေ့တွင် ဒူးထောက်နေသော ကျန့်ရှဘုရင် ဖြစ်ပေသည်။ ကျန်းရီ အလွန်ကြောက်ရွံ့သွား၏။ သူက အပြင်းအထန်လည်း ဒဏ်ရာရထားရာ ဒူးများချောင်လာပြီး မြေပြင်ပေါ် ထပ်မံ လဲကျသွားသည်။

ရွှီး...

သို့သော် ကျန်းရီ၏ တုံ့ပြန်မှုက လျင်မြန်ခဲ့သည်။ သူ့လက်တစ်ဘက်မှနေ၍ ပေါင်းစည်းမီးတောက်များနှင့် ပုလဲလုံးတစ်လုံး ထွက်လာ၏။ ထိုပုလဲလုံးထဲမှနေ၍ သဲဝါပိုးကောင်အုပ်ကြီးတစ်အုပ် ထွက်လာသည်။ သူ ကောင်းကင်ဝါးမျိုသားရဲလေးကိုလည်း အတင်းနှိုးလိုက်ပေသည်။ သူ၏ကျန်လက်တစ်ဘက်တွင်မူ မီးနဂါးဓား ထွက်ပေါ်လာလေသည်။ ကျန်းရီသည် ဤတစ်ခေါက်တွင် သူ့၌ရှိသည့်အရာအားလုံးကို ထုတ်လိုက်၏။ ကျန့်ရှမျိုးနွယ်က သူ့ကို အလွန်ကြောက်ရွံ့သွားစေပြီး သူ့ကိုယ်သူ ကာကွယ်လိုသွားစေပေသည်။

ရွှီး...

မီးနဂါးဓား ထွက်‌ပေါ်လာသည့် အခိုက်တွင် ကျန်းရီ ပြဿနာတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းက ပြင်းထန်စွာ တုန်ခါနေပြီး တရွှီးရွှီးအသံများ ထုတ်လွှတ်နေသည်။ ကျန်းရီ ထိုအခြေအနေကို ကောင်းစွာသိ၏။ ယင်းကို သူ အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ဖူးသည်။

“အာ...”

ကျန်းရီ၏အကြည့်က ဒူးထောက်နေသော ကျန့်ရှမျိုးနွယ်ဝင်ဆီ ပြန်ရောက်သွား၏။ သူ့မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။ ထိုကျန့်ရှမျိုးနွယ်ဝင်ကလည်း မီးနဂါးဓားကဲ့သို့ တုန်ခါနေပေသည်။ ထိုအဖြစ်မှာ မီးနဂါးဓား မီးဝိညာဉ်ပုလဲ၊ ဆန်းကြယ်နတ်ဘုရားဓားတို့နှင့် နီးကပ်သွားခဲ့စဉ်တုန်းက အဖြစ်ကဲ့သို့ပင်။

‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျန့်ရှမျိုးနွယ်က မီးနဂါးဓားရဲ့ အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခုလား’

ကျန်းရီ၏ ဦးနှောက်ထဲတွင် မေးခွန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ သူ အလွန်အံ့အားသင့်နေပေသည်။ ဤကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် ကျန့်ရှမျိုးနွယ်ဝင် သန်းရာနှင့်ချီ၍ ရှိသည်။ ထိုကျန့်ရှမျိုးနွယ်က အနည်းဆုံး သက်တမ်းနှစ်တစ်သောင်း ရှိပြီဖြစ်ပြီး ၎င်းတို့၏ ခက်ထန်ရက်စက်သော အကျင့်စရိုက်ကြောင့်လည်း ကျော်ကြားသည်။ မကြာသေးခင်ကပင် ကျန်းရီနှင့် ချီချင်ချန်တို့က ၎င်းတို့ကြောင့် သေမလိုဖြစ်ခဲ့သေးသည်။ ယခုတွင်မူ ကျန့်ရှမျိုးနွယ်ဝင်တစ်‌ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး မီးနဂါးဓားနှင့် ဆက်နွယ်မှုရှိသည်ပုံစံ ပြနေသည်လော။ ယင်းကို ကျန်းရီ မည်သို့ ယုံကြည်ရမည်နည်း။

‘မဟုတ်သေးဘူး...နေဦး။ ဒီကျန့်ရှမျိုးနွယ်ဝင်က နည်းနည်းကွဲပြားတယ်’

ကျန်းရီသည် သူ့အရှေ့မှ ကျန့်ရှမျိုးနွယ်ဝင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်က အခြားကျန့်ရှမျိုးနွယ်ဝင်များထက် အတန်ငယ်ပိုနီပြီး ၎င်း၏ကျောပေါ်မှ ဆူးချွန်များက သွေးနီရောင်ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ၎င်းက ကျန့်ရှမျိုးနွယ်၏ အုပ်စိုးသူဖြစ်ပြီး ကျန်မျိုးနွယ်ဝင်များက ၎င်း၏ကိုယ်ပွားများသာ ဖြစ်နေသည်လော။

ရွှီး...

မီးနဂါးဓားက ပို၍ပင် ပြင်းထန်စွာ တုန်ခါလာသည်။ ၎င်းကို ထိန်းချုပ်၍ပင် မရနိုင်တော့ချေ။ ကျန်းရီသည် များစွာ တွေးမနေတော့ဘဲ မီးနဂါးဓားကို လက်ထဲမှ လွှတ်ပေးလိုက်ပြီး မည်သည့်အရာ ဖြစ်ပျက်လာမည်နည်းဟု စောင့်ကြည့်နေလိုက်သည်။

ဝှစ်...

မီးနဂါးဓားသည် ကျန့်ရှဘုရင်ဆီသို့ တိုက်ရိုက်ပျံဝင်သွား၏။ ထို့နောက် အဆိပ်ဝိညာဉ်၊ ယိုထျန်းနီနှင့် အခြားသူများအားလုံးကို မှင်တက်သွားစေသော အရာတစ်ခု ဖြစ်ပျက်လာပေသည်။ မီးနဂါးဓားနှင့် ကျန့်ရှဘုရင်တို့က အတူပျံတက်သွားကာ ပေါင်းစည်းသွားပြီး စူးရှသော အနီရောင်အလင်းကို ဖြာထုတ်လိုက်သည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်ကြောင်းကို မည်သူမှ အတိအကျ လှမ်းမမြင်နိုင်ပေ။

မကြာခင်တွင် အနီရောင်အလင်းလင်းက တဖြည်းဖြည်း မှိန်လာ၏။ သို့သော် ကျန့်ရှဘုရင်က ပျောက်ကွယ်သွားပြီဖြစ်ပြီး လေထဲတွင် ရတနာဓားတစ်လက်သာ နတ်ဘုရားအလင်းဖြာထုတ်ကာ ရှိနေသည်။ ထိုရတနာဓားက တစ်မီတာ၏ သုံးပုံတစ်ပုံ ရှည်ပြီး ဓားရိုးနှင့် ဓားသွားတွင် အနီရောင်ဆူးချွန်ဆယ်ခု ကပ်တွယ်နေသည်။ ဓားပေါ်ရှိ နဂါးပုံသဏ္ဌာန်သုံးခုကလည်း ‌လေးခုဖြစ်သွားသည်။

မျှော်လင့်ထားသလိုပင်...

ကျန်းရီ၏ မျက်ဝန်းများက ကြယ်တာရာများကဲ့သို့ လင်းလက်သွား၏။ သူ အလွန်လည်း စိတ်လှုပ်ရှားလာသည်။ ကျန့်ရှမျိုးနွယ်က အမှန်ပင် မီးနဂါးဓား၏ တစ်စိတ်တစ်ပိုင်းပင်။ မီးနဂါးဓားသည် ၎င်း၏စတုတ္ထအစိတ်အပိုင်းနှင့် အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်လိုက်ပြီဖြစ်သည်။

‘အဲ့ဓားရဲ့ အရှိန်အဝါက ပိုပြီးအားကောင်းလာတာပဲ’

ကျန်းရီ တံတွေးမျိုချလိုက်၏။ မီးနဂါးဓား၏ မူလအရှိန်အဝါကပင် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခု၏ အရှိန်အဝါနှင့် ယှဉ်နိုင်နေခဲ့ပြီးဖြစ်သည်။ ယခုတွင်မူ ၎င်းက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်ထက်ပင် စွမ်းအားကြီးသွားသည်ဟု ခံစားရပေသည်။ ကျန်းရီ တုံ့ဆိုင်းမနေဘဲ လက်တစ်ဘက်ဆန့်တန်းကာ မီးနဂါးဓားကို ဆုပ်ကိုင်လိုက်သည်။

ထန်း...ထန်း...

မီးနဂါးဓားက စတင်တုန်ခါကာ ကျန်းရီ၏ဆုပ်ကိုင်မှုမှ ရုန်းထွက်ရန် လုပ်နေ၏။ ထိုအဖြစ်မှာ မီးနဂါးဓား ဆန်းကြယ်နတ်ဘုရားဓားနှင့် ပေါင်းစည်းသွားပြီးနောက် ဖြစ်ခဲ့သောအဖြစ်ကဲ့သို့ပင်။ ၎င်းက ကျန်းရီကို မနာခံလိုက်တော့ပုံပင်။

“မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ မီးနဂါးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ တံဆိပ်စာလုံးများကို ထုတ်ကာ မီးနဂါးဓားထဲ ထည့်သွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် မီးနဂါးဓားကို လျင်မြန်စွာ သိမ်းသွင်းနိုင်လိုက်၏။ ကျန်းရီ ဓားနှင့် ပြန်၍ ဝိညာဉ်ဆက်နွယ်မှု ရသွားသည်။

ရွှီး...ရွှီး...ရွှီး...

မီးနဂါးဓားက တောက်ပစွာ လင်းလက်လာပြီး ၎င်းပေါ်မှ နဂါးလေးကောင်က ရွေ့လျားလာ၏။ ထို့နောက် တံဆိပ်စာလုံးများ ထွက်ပေါ်လာသည်။ ၎င်းတံဆိပ်စာလုံးအသစ်များသည် တံဆိပ်စာလုံးအဟောင်းများနောက်လိုက်ကာ ကျန်းရီ၏ခေါင်းထဲ ဝင်သွားကြသည်။ ထိုအခါ ကျန်းရီ၏ စိတ်ထဲ၌ ညွှန်ကြားချက်များ ထွက်ပေါ်လာပေသည်။

“ကျင့်စဉ်အသစ် ထွက်ပေါ်လာပြီ... ဟားဟားဟား...”

ကျန်းရီသည် တံဆိပ်စာလုံးအသစ်များနှင့် ညွှန်ကြားချက်များကို စီစဉ်နေရာချပြီးနောက် မီးနဂါးဓားကို လေပေါ်သို့မြှောက်ကာ ဝမ်းသာအားရ အော်လိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင် တစ်သန်းကလည်း သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာနေကြပြီး စူးရှစွာ အော်ဟစ်နေကြသည်။ ထိုမြင်ကွင်းက ထင်မှတ်မထားသော မြင်ကွင်းပင်။

“အရှင်...အရှင်ငယ်...”

အဆိပ်ဝိညာဉ်သည် မည်သည့်ကိစ္စ ဖြစ်ပျက်သွားသည်ကို မသိပေ။ ထိုအရှင်ငယ်က အလွန်စွမ်းအားကြီးကာ ဆန်းကြယ်သည်ဟုသာ သူသိပေသည်။ သို့သော် ယခုက ကျန်းရီကို ချီးကျူးနေရမည့်အချိန် မဟုတ်သေးပေ။ ကျန့်ရှမျိုးနွယ်ဝင်များ နီးကပ်လာပြီဖြစ်၍ အဆိပ်ဝိညာဉ် ပါးစပ်ထဲမှ သွေးများကို အတင်းမျိုချကာ အသံပို့လွှတ်လိုက်သည်။

“အရှင်ငယ်... မြန်မြန်ထွက်ပြေးပါ။ ကျန့်ရှမျိုးနွယ်တပ် ရောက်လာပါပြီ”

ဝှစ်...ဝှစ်...ဝှစ်...

ကျန့်ရှဘုရင်၏ အမြန်နှုန်းက အလွန်လျင်မြန်၍ ၎င်းက အရင်ဆုံး ရောက်လာခဲ့ခြင်းပင်။ သို့သော် အခြားကျန့်ရှမျိုးနွယ်ဝင်များက မကြာခင်မှာပင် မီလာမည်ဖြစ်သည်။ ထိုအခိုက်တွင် အနီရောင်တိမ်ထုကြီးကဲ့သို့သော ကျန့်ရှမျိုးနွယ်တပ်ကြီးက ကျန်းရီ၏ အနောက်ဘက် ပေတစ်သိန်းအကွာတွင် ရှိနေပေသည်။ ၎င်းတို့၏ ခက်ထန်သော သတ်ဖြတ်အရှိန်အဝါများက ပေတစ်သိန်းအဝန်းအဝိုင်းကို လွှမ်းခြုံထားသည်။ လေများ ဆက်မတိုက်ခတ်တော့ဘဲ မြစ်ရေလည်း အစီးရပ်သွားသည်။

“ထွက်ပြေးရမှာလား...”

ကျန်းရီ၏ နှုတ်ခမ်းစွန်းတွင် သွေးများ ရှိနေဆဲပင်။ သူ အဆိပ်ဝိညာဉ်ကို လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်တို့က ဘာလို့ ထွက်ပြေးရမှာလဲ”

ဝှစ်...

ကျန်းရီ အဆိပ်ဝိညာဉ်ဆီသို့ ပျံသန်းသွားလိုက်၏။ သူ ဒယိမ်းဒယိုင်ဖြင့် ရပ်ကာ ဆက်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... မစိုးရိမ်ပါနဲ့။ ဒီကျန့်ရှမျိုးနွယ်ဝင်တွေက ကျွန်တော်တို့ကို အန္တရာယ်ပြုတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်က ကျန့်ရှမျိုးနွယ်ရဲ့ ဘုရင် ဖြစ်သွားပြီ”

ဝှစ်...ဝှစ်...ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်များက ကျန်းရီဆီသို့ ပျံသန်းလာပြီး ကျန်းရီကို ဝန်းရံလိုက်၏။ သို့သော် ၎င်းတို့က မတိုက်ခိုက်ဘဲ လေထဲတွင်သာ ရပ်နေကြသည်။ ၎င်းတို့သည် စစ်သူကြီးကို ကာကွယ်နေသော တပ်သားများကဲ့သို့ပင်။

“ဒါက...”

အဆိပ်ဝိညာဉ်သည် ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးကာ မျက်လုံးများ လင်းလက်လာသည်။ သူ သွေးအန်လိုက်ပြီး ကျန်နေသေးသော လက်တစ်ဘက်ဖြင့် တုန်တုန်ယင်ယင် လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

“အရှင်ငယ်... ယိုထျန်းနီတို့က ဟိုနေရာမှာ ပုန်းကွယ်နေကြတာပါ။ စစ်သူကြီးက သူတို့လက်ထဲမှာပဲ ရှိပါသေးတယ်။ အဲ့မှာ ရီဝူတို့လည်း ရှိနေပါတယ်...”

“အွန်း...”

ကျန်းရီ၏ မျက်လုံးများ အေးစက်လာသည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ မီးနဂါးဓားက လင်းလက်လာပေသည်။ ထို့နောက် ရုတ်ခြည်းပင် ကျန့်ရှမျိုးနွယ်ဝင်တစ်သန်းက ယိုထျန်းနီတို့ ပုန်းကွယ်နေသောနေရာသို့ ပျံသန်းကာ ထိုနေရာကို ဝန်းရံလိုက်ကြသည်။ ထိုနေရာရှိ အစီအရင်က အတန်ငယ် တုန်ခါသွား၏။ သို့သော် ယိုထျန်းနီတို့ မလှုပ်ဝံ့ကြပေ။ သူတို့ မည်သို့လုပ်ရမည်မသိ ဖြစ်နေကြပုံပင်။

ရွှက်...ရွှက်...

ကျန်းရီက မီးနဂါးဓားကို ဝှေ့ယမ်းလိုက်သောအခါ ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်လာ၏။ ထိုအသံများ ထွက်ပေါ်လာသောအခါ ကီလိုမီတာငါးသန်း အဝန်းအဝိုင်းအတွင်းရှိ ကျန့်ရှမျိုးနွယ်ဝင်များက ဤနေရာသို့ လျင်မြန်စွာလာရောက် စုဝေးကြ၏။ သို့ဖြင့် လှည့်ဖြားအစီအရင်ကို ဝန်းရံထားသော ကျန့်ရှမျိုးနွယ်ဝင်များ ပို၍ ပို၍ များလာပေသည်။ သို့သော် တစ်ကောင်မှ မတိုက်ခိုက်ကြသေးဘဲ တိတ်တဆိတ်သာ ရပ်နေကြလေသည်။

‘ငါတို့ ဘာလုပ်သင့်လဲ.. ဘာလုပ်ရမလဲ’

ယိုထျန်းနီတို့သည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အစောတွင် ကျန့်ရှဘုရင်ရောက်လာကတည်းက သူတို့ တစ်ယောက်မှ မလှုပ်ဝံ့ခဲ့ကြပေ။ သူတို့ထဲက မည်သူကမှ ကျန့်ရှဘုရင်၏ပြိုင်ဘက် မဟုတ်ကြောင်း သူတို့ သိပေသည်။ သူတို့ အလျင်စလို ပြုမူလိုက်လျှင် အားလုံး ဤနေရာတွင် သေရမည်ဖြစ်သည်။

သို့သော် ယခုတွင် အခြေအနေက ပို၍ပင် ဆိုးလာပေပြီ။

ကျန်းရီ၏ ဓားက ကျန့်ရှဘုရင်ကို ဝါးမျိုသွားသည်လော။ ကျန်းရီက ကျန့်ရှဘုရင် ဖြစ်သွားသည်လော။ ယခုတွင် သူက ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်သွားပြီလော။ ပတ်ဝန်းကျင်မှ ခက်ထန်သော သတ်ဖြတ်အရှိန်အဝါများကြောင့်သာ မဟုတ်လျှင် ယိုထျန်းနီတို့သည် သူတို့က အိပ်မက်မက်နေခြင်းဖြစ်ပြီး ဤအခြေအနေက အစစ်အမှန်မဟုတ်ဟု ထင်မိကြပေလိမ့်မည်။

ကျန့်ရှမျိုးနွယ် တည်ရှိခဲ့သည်မှာ နှစ်တစ်သောင်းကျော်ခဲ့ပြီဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာက ဤနေရာသို့ လာရောက်၍ ကျန့်ရှမျိုးနွယ်၏ ဖြစ်တည်မှုအကြောင်းကို စုံစမ်းခဲ့ကြသည်။ သို့သော် ကျန့်ရှမျိုးနွယ်က မည်သည့်နေရာမှ အစပြုခဲ့သည်ကို မည်သူမှ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ကို ထိန်းချုပ်ရန် မဆိုထားနှင့် ၎င်းတို့က မည်သို့သောသတ္တဝါများ ဖြစ်ကြောင်းကိုပင် မသိကြချေ။ ကျန်းရီက မည်သူနည်း။ အဘယ်ကြောင့် သူ၏ဓားက ကျန့်ရှဘုရင်ကို ဝါးမျိုးနိုင်ရသနည်း။ သူက မည်သူမို့ ကျန့်ရှမျိုးနွယ်ကို ထိန်းချုပ်နိုင်ရခြင်းနည်း။

ထိုအဖြစ်က ရယ်စရာကောင်းသော ဟာသတစ်ခုသကဲ့သို့ပင်။

အားလုံး၏ ခေါင်းထဲတွင် အတွေးများနှင့် ပြည့်နှက်နေသည်။ သို့သော် သူတို့က အရူးများမဟုတ်သဖြင့် ဤအချိန်က ထိုအကြောင်းများကို တွေးတောနေရမည့် အချိန်မဟုတ်ကြောင်း သိပေသည်။

ယိုထျန်းနီတို့သည် လွတ်လမ်းတစ်ခုကို လျင်မြန်စွာ ရှာလိုက်ကြသည်။ ကျန့်ရှမျိုးနွယ်ဝင်များက စက္ကန့်နှင့်အမျှ ပိုရောက်လာကြနေသည်။ သူတို့ မြန်မြန် မလှုပ်ရှားလျှင် ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမား သုံးယောက်တို့မှလွဲ၍ ကျန်လူအားလုံးက ဤနေရာတွင် ပိတ်မိကာ အသတ်ခံရမည်ဖြစ်သည်။ သို့သော် ကျန်းရီ၏ ဓားက ကျန့်ရှဘုရင်ကိုပင် ဝါးမျိုးနိုင်ခဲ့၍ ရီဝူတို့သည်ပင် ယနေ့တွင် သူတို့ ရှင်သန်နိုင်ပါမည်လောကို သံသယရှိလာကြပေသည်။

ယိုထျန်းနီတို့သည် ခေတ္တမျှ တွေးတောကာ တစ်ယောက်ဆီတစ်ယောက် အသံပို့လွှတ်၍ ဘုံသဘောတူညီမှု ယူလိုက်ကြသည်။ အခြေအနေက အလွန်ဆိုးဝါးနေပြီဖြစ်၍ ယခုတွင် လွတ်မြောက်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ကျန်းရီကို သတ်၍ သူ၏မိစ္ဆာဓားကိုလုယူရန်သာ ရှိတော့ပေသည်။

All Chapters