← Chapters

ဖော်ထုတ်ခံရခြင်း

Vol. 50 Ch. 700

ဖော်ထုတ်ခံရခြင်း

Vol. 50 Ch. 700

အစစ်အမှန် မွေးဖွားခြင်း...

အစစ်အမှန် မွေးဖွားခြင်း ဆိုသော နာမည်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားကာ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း မသိသူ မရှိသည့် နာမည် တစ်ခု ဖြစ်သည်။ သူတို့၏ လုပ်ဆောင်ချက်များမှာ အမျိုးမျိုး ကွဲပြားသည့်တိုင် မိစ္ဆာဆန်သည့် လုပ်ရပ်များကို ဗဟိုပြုကြသည်ချည်း ဖြစ်သည်။ ရှန့်ထိုခန်းမ ကိုးခု ထဲတွင်ပင် သူတို့ အဖွဲ့ဝင်များ ရှိသည်။

သို့သော်လည်း သူတို့ကို ခြေရာခံရန်က အလွန်ပင် ခက်ခဲလှသည်။ ယခုအချိန်အထိ အစစ်အမှန် မွေးဖွားခြင်း၏ ခေါင်းဆောင်က လျှို့ဝှက်ချက် တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သလို သူတို့ မည်သို့မည်ပုံ လည်ပတ်နေသည်ကိုလည်း သိသူ မရှိကြချေ။ သူတို့၏ ဖုံးကွယ်မှု နည်းစနစ်များက သေမျိုးတစ်ပိုင်း အရှင်များကိုပင် ကောင်းကောင်းကြီး လှည့်စားနိုင်ကာ မြေကြီးရှန့်ထိုများ ပင်လျှင် ဖော်ထုတ်ရန် လွဲချော်နေကြဆဲ ဖြစ်သည်။

တစ်ခါတုန်းက မြေကြီးရှန့်ထို တစ်ယောက်မှာ အစစ်အမှန်မွေးဖွားခြင်းနှင့် ဆက်စပ်ရင်း အရိပ်ဥကို ရှဦဖွေ တွေ့ရှိခဲ့သည်။ သို့သော်လည်း အရိပ်ဥက ပေါက်ကွဲသွား သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့သည်။ ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက်တွင် ဝိညာဥ်ကိုပင် ထွင်းဖောက်သွားသည့် ဒဏ်ရာများကြောင့် သူ သေဆုံး သွားခဲ့သည်။

မိစ္ဆာ ကျင့်ကြံခြင်း နည်းလမ်းများကို အချို့ ကြယ်တာရာ နယ်မြေများတွင် လုံးလုံးလျားလျား တားမြစ်တားခြင်း မရှိကြချေ။ မြေကြီးရှန့်ထို တစ်ယောက်၏ အဖိုးတန် မြေးမကလေး ပင်လျှင် လင်းမင် အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်း သုံးခဲ့သည့် ကိစ္စတွင် ပါဝင် ပတ်သက်ခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်း ကတော့ လုံးဝ စည်းကမ်း ဘောင်ပင် မရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ သူတို့ကြောင့် ဖြစ်ပေါ်လာသည့် ကြယ်တာရာ နယ်မြေ အတွင်း လူပျောက်ဆုံးမှုများ၊ သေဆုံးမှုများကို ရေတွက်၍ပင် မရနိုင်ချေ။ မည်သူကမှလည်း သူတို့ကို မစုံစမ်းနိုင်ချေ။

သူတို့၏ နည်းလမ်းများက မဟာ ပုရောဟိတ်နှင့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်တို့ ကဲ့သို့သော ကံကြမ္မာ ဟောပြောသူများ၏ အမြင်အာရုံကိုပင် တားမြစ်နိုင်စွမ်း ရှိသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ယေဘုယျ အားဖြင့် မိစ္ဆာ နည်းလမ်းများကို တင်းတင်းကြပ်ကြပ် တားမြစ်ခြင်း မရှိသော်လည်း အဖွဲ့အစည်း အဖြစ် ပေါင်းစည်းခြင်းကိုတော့ ပိတ်ပင်ထားသည်။ ထိုခြေလှမ်း လှမ်းသည်နှင့် အများစုမှာ တိုက်ခိုက် ဖျက်ဆီး ခံလိုက်ရသည်ချည်း ဖြစ်သည်။

သို့သော်လည်း အစစ်အမှန်မွေးဖွားခြင်းကတော့ လတ်ဆတ် တည်ငြိမ်စွာပင် ယနေ့တိုင် ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။

“ဒီနေရာကနေ ဟင်းလင်းပြင် သင်္ဘောတစ်ခု ထွက်သွားတဲ့ ခြေရာလက်ရာတွေ ကျန်ခဲ့တယ်... သူတို့ကို ခြေရာခံ လိုက်ရမလား”

မိန်းကလေးက မေးလိုက်၏။ မည်သို့ပင် ဆိုစေ... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေသားများ အနေဖြင့် အစစ်အမှန် မွေးဖွားခြင်းကို ဖော်ထုတ်နိုင်ရန် ခြေရာ ရှိသမျှ နောက်မှ လိုက်သင့်ပေသည်။

“...”

အခြား နှစ်ယောက်ကတော့ တိတ်ဆိတ်နေ၏။ အရိပ်ဥ အတွင်းနှင့် အမှောင် ဟင်းလင်းပြင်ထဲတွင် ကြွင်းကျန်ရစ်သည့် မီးစွမ်းအင် အငွေ့အသက်များကို သူတို့ ခံစား၍ ရပေသည်။ ကြည့်ရသည်က ထိပ်သီး ပညာရှင် တစ်ယောက်မှာ အရိပ်ဥကို ရှာဖွေ တွေ့ရှိကာ တိုက်ရိုက် ရင်ဆိုင်ခဲ့ဟန် ရသည်။ နောက်ဆုံးရလဒ်ကတော့ မြင်ရသည့် အတိုင်းပင်။

ကျူးကျော် တိုက်ခိုက်သွားသူမှာ မြေကြီးရှန့်ထို မဟုတ်လျှင် အလွန့် အလွန် အစွမ်းထက်သည့် သေမျိုးတစ်ပိုင်း အရှင် ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ကျင့်ကြံသူ တစ်ယောက် နောက်ကို နောက်ယောင်ခံလိုက်ရန် သူတို့ ထိုမျှလောက် မအ သေးချေ။

မိန်းကလေး၏ မျက်နှာ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားကာ လက်ရှိ အခြေအနေကို သဘောပေါက် သွား၏။ သူမက ဝိညာဥ် အာရုံကို ဖြန့်ကျက်ရင်း နောက်တစ်ကြိမ် အရိပ်ဥကို လေ့လာ လိုက်သည်။ ကြည့်ရသည်က အရိပ်ဥမှာ အားအနည်းဆုံး ဧရိယာ ဖြစ်သည့် အတွင်းပိုင်းမှ တိုက်ခိုက် ခံလိုက်ရဟန် ရသည်။ ထို့ကြောင့်ပင် သူတို့ အချိန်မှီ ခုခံနိုင်စွမ်း မရှိပဲ ဖျက်ဆီးခံလိုက်ရပုံ ပေါ်သည်။ သို့သော်လည်း.. မေးစရာ ရှိသည်က ထိုကဲ့သို့ ပညာရှင် တစ်ယေက်ကို အစစ်အမှန် မွေးဖွားခြင်းက အဘယ်ကြောင့် အတွင်း ဝင်ခွင့် ပြုခဲ့ရသနည်း။

“ဒီနေရာကို ချိပ်ပိတ်လိုက်တော့... ငါတို့ သေချာ ထပ်ပြီး စစ်ဆေး ကြတာပေါ့... ဒါပေမဲ့ မြင်ရတဲ့ ပုံစံ အရ ဆိုရင် ဘယ်အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်မှ အသက်ရှင် ကျန်ရစ်တဲ့ပုံ မရဘူး”

ဂင်တိုတိုနှင့် လျှို့ဝှက် အာဏာရှင်က ပင့်သက်တစ်ချက် ရှိုက်ရင်း ပြောလိုက်၏။ ဆံပင်ဖြူနှင့် ချောမောသော လူငယ်ကလည်း ခေါင်းညိတ်လိုက်သည်။

“ငါတို့ သန့်ရှင်းရေး လုပ်ကြတာပေါ့လေ... ဒါနဲ့ ဒီနေရာမှာ အာကာသ ချိုးဖောက်ခြင်း လက္ခဏာတွေတောင် ရှိမနေတာ ခင်ဗျားတို့ သတိထားမိကြလား... ကြည့်ရတာ လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် လွတ်မြောက် မသွားတဲ့ပုံ ရတယ်”

အာကာသ ချိုးဖောက်ခြင်း လက္ခဏာ ဆိုသည်မှာ ဟင်းလင်းပြင် ခုန်ကူးခြင်း နည်းစနစ်များကို အသုံးပြုပြီး နောက်တွင် ပေါ်ထွက်လာတတ်သည့် လက္ခဏာများ ဖြစ်သည်။ ဝေ့ဝူယင်၏ နည်းစနစ်က ဟင်းလင်းပြင် ခုန်ကူးခြင်းနှင့် ခြားနားစွာပင် ပေါ်တယ်တစ်ခု ဖန်တီးကာ သွားလာခြင်း ဖြစ်သည်။ ၎င်းက သာမန် နည်းလမ်းများထက် ကျော်လွန်နေရာ လူအများ သတိထားမိရန် ခက်ခဲလှသည်။

ထို့အပြင် သာမန် ဟင်းလင်းပြင် ဂိတ်တံခါး အများစုမှာ အာကာသ စွမ်းအင်များကိုသာ အသုံးပြုကြခြင်း ဖြစ်သည်။ ဟင်းလင်းပြင် စွမ်းအင်ကို သုံးခြင်း မဟုတ်ချေ။ ဟင်းလင်းပြင် ဂိတ်တံခါးဟု ခေါ်ရသည့် အကြောင်းရင်းက ဟင်းလင်းပြင်ကို ခုန်ကူးနိုင်သည့် ၎င်းတို့၏ စွမ်းရည်များကြောင့်ပင် ဖြစ်သည်။

မိန်းကလေးက မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းကို အနည်းငယ် စူလိုက်၏။

“တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့ ရှန့်ထိုပဲ... သူ့ အမှိုက်ထုပ်တွေနဲ့ ငါတို့ကို ထားသွားတယ်”

“လီမင်ရှု... စကားကို ပေါ့ပေါ့တန်တန် လျှောက်မပြောရဘူးလေ... ဟဟ... ခုချိန်ထိ သူ နားထောင်နေသေးရင် ဘယ်လိုလုပ်မလဲ”

ဆံပင်ဖြူ လူငယ်က ရယ်မောလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လျှို့ဝှက် စွမ်အင်များကို ပို့လွှတ်၍ အရိပ်ဥ တစ်ခုလုံးကို ချိပ်ပိတ်ရန် ကြိုးစားလိုက်တော့သည်။

လီမင်ရှုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း စိတ်အတွင်းတွင်တော့ သူမ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေသည်။ အကယ်၍ ထိုရှန့်ထိုသာ သူမ၏ စကားကို ကြားသွားပါက... စကားလုံး တစ်လုံးတည်းကပင် အသက် ဆုံးရှုံးမှုကို ဦးတည် သွားစေနိုင်စွမ်း ရှိသည်။ နံဘေးတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို လောလောလတ်လတ် တက်လှမ်းထားသည့် ကျင့်ကြံသူ တစ်ယောက် ရှိသည့်တိုင် သူမ ထပ်မံ မစမ်းသပ် ရဲတော့ချေ။

လီမင်ရှုက ပါးစပ်ကို ပိတ်လိုက်ရင်း လက်ဟန် ချိပ်တံဆိပ်များကိုသာ ဖော်ဆောင်ကာ ဆံပင်ဖြူ လူငယ်ကို ကူညီလိုက်တော့၏။

အဖွဲ့ ခေါင်းဆောင် ဖြစ်ပုံ ပေါ်သည့် စီယန်မှာ ငြိမ်သက်စွာပင် ဆံပင်ဖြူ လူငယ်နှင့် လီမင်ရှုတို့ အလုပ်လုပ်နေသည်ကို ကြည့်နေခဲ့၏။ သူ၏ ဝိညာဥ်အာရုံကတော့ မိုင်ထောင်ပေါင်း များစွာကို လွှမ်းခြုံကာ အရိပ်ဥ အတွင်းကို နှံ့နှံစပ်စပ်ပင် စစ်ဆေးနေခဲ့သည်။ မကြာခင်မှာပင် သူ့ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အလွန်အမင်း ထက်ရှသွား၏။

“ဒါက ယန်ထုတ်ယူခြင်း စခန်းပဲ... ဘယ်လောက်တောင် ရက်စက်လိုက်လဲ.... ဟိုအရူးလေးသာ ဒါကို မြင်ရင် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမှာ သေချာတယ်”

သူက ငြီးငြူကာ ခေါင်းကို ခါလိုက်သည်။ အတန်ကြာပြီးနောက် စီယန်က အဝေးရှိ ဟင်းလင်းပြင် သင်္ဘော ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။ ကြည့်ရသည်က ထိုသင်္ဘောမှာ အရိပ်ဥ အနားကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဟန် ရသည်။ ၎င်း၏ ပိုင်ရှင်က မြေကြီး ရှန့်ထို တစ်ယောက်များလော။ သေမျိုး တစ်ပိုင်း အရှင်အဆင့်များတွင် အရိပ်ဥကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။

တစ်ခဏကြာပြီးနောက် သူ့မျက်လုံးများမှာ တစ်စုံတစ်ရာကို သတိရသွားဟန်နှင့် တဖျပ်ဖျပ် တောက်ပလာ၏။

“ရင်းနှီးတဲ့ အော်ရာ တစ်ခု ရှိနေတယ်...”

သိချင်စိတ် ပြင်းပြစွာပင် သူ မှတ်ဉာဏ်များကို ပြန်လည် မွှေနှောက် လိုက်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ် သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို မတက်လှမ်းခင် အချိန်တုန်းက စစ်ပွဲလောက ကောင်းကင်နယ်မြေ အတွင်း...

“ဝေ့ဝူယင်...”

မဟာစက်ဝန်း ကြယ်တာရာ နယ်မြေတစ်ခုလုံးကို လှုပ်ခါ သွားစေခဲ့သည့် ထိုနာမည်...

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဒုတိယမြောက် ရွေးချယ်ခံ...

အသက် အငယ်ဆုံး မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်...

အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား ဖော်စပ်ခဲ့သူ...

စီယန်၏ နှလုံးသားက တဒိန်းဒိန်း တုန်ရီသွား၏။ သူက ထိုအော်ရာ နောက်ကို လိုက်ရန် ဟန်ပြင်လိုက်သော်လည်း ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်သီး ကျင့်ကြံသူ များစွာမှာ သူ့ကို ခြေရာခံရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရွှေရောင် အသက်နန်းတော် ပင်လျှင် သူ့ကို ရှာမတွေ့ခဲ့ချေ။

ယခုတွင်တော့ သူက ကြယ်ကိုးပွင့် ရှန့်ထို နယ်မြေတွင် ပြန်လည် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ပိုမို၍ အရေးကြီးသည့် အရာက အစစ်အမှန် မွေးဖွားခြင်း ကိုင်းခွဲတစ်ခုကိုသာ ရှင်းသွားခဲ့ခြင်း ဖြစ်သည်။

စီယန်မှာ ပေါ့ပေါ့ဆဆ မလုပ်ရဲတော့ချေ။ အကယ်၍ မြေကြီးရှန့်ထိုက ဝေ့ဝူယင် ဤနေရာကို ရောက်ရှိလာသည့် ခြေရာလက်ရာများကို ဖျက်ချင်လျှင် ဘယ်လိုလုပ်မည်နည်း။ မည်သူမှ သူ့အား ရှာမတွေ့ခဲ့ခြင်းကို ထောက်ချင့်လျှင် ထိုအရာက ဖြစ်နိုင်ချေ ရှိသည်။

အချိန်အတန်ကြာ တွေးပြီးနောက် သူက ခေါင်းကို ခါလိုက်၏။

“အနည်းဆုံးတော့ ဟိုအရူးလေးကို ဒီကြောင်း ပြောပြလို့ ရတာပဲ...”

ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူက ဝေ့ဝူယင် ထွက်ခွာသွားသည့် လမ်းကြောင်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။

သေမျိုး တစ်ယောက် အဖြစ်ဖြင့် ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် လူငယ်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူက မြေကြီးရှန့်ထိုများပင် ရင်ဆိုင်ရန် ခက်ခဲလှသည့် အစစ်အမှန် မွေးဖွားခြင်း၏ အကိုင်းအခက် တစ်ခုကို ဖြိုချ ဖျက်ဆီးပစ်ခဲ့သည်။ သူက အဘယ်ကြောင့် ဤနေရာကို ရောက်လာရသနည်း။ မည်သည့် ရူးသွပ်ဖွယ်ရာ အဖြစ်အပျက်များက သူနှင့် အတူ ယှဥ်တွဲ၍ ပါလာမည်နည်း။

All Chapters