Chapters

ထိန်းချုပ်မှု လွတ်သွားခြင်း

Vol. 32 Ch. 438

ထိန်းချုပ်မှု လွတ်သွားခြင်း

Vol. 32 Ch. 438

အမွေးပွလေး၏ ထျန်းလောင်ပုံရိပ်ယောင်ကျင့်စဥ်မှာ အစွမ်းထက်သောကြောင့် ပိုလင်း၏စိတ်ကို တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် သူမက အဆုံးမဲ့အဆင့်ငါး ကျင့်ကြံသူဖြစ်သည့်အပြင် အမွေးပွလေးက ကျင့်စဥ်ကို မကျွမ်းကျင်သောကြောင့် အောင်မြင်စွာ မထိန်းချုပ်နိုင်ခဲ့ပေ။ အမွေးပွလေးမှာ တန်ပြန်ဒဏ်ကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

အစီအရင်အတွင်း၌ ပိုလင်းမှာ ရုတ်တရက် ကြက်သေသေနေသောကြောင့် ယဲ့ချန်က အံ့သြနေခဲ့သည်။ ထို့နောက် သူမက မိုးကြိုးမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်ဖြင့် သူ့ကိုဖမ်းချုပ်ပြီး မြေပြင်ပေါ်လှဲချလိုက်သောအခါ ထိတ်လန့်သွားရသည်။

"ယင်အာ အမကြီးလင်းက မင်းကို ညှင်ညှင်သာသာလေး ပြုစုပေးမယ်"

ပိုလင်းမှာ ထျန်းလောင်ပုံရိပ်ယောင်ကျင့်စဥ်၏ အကျိုးဆက်ကြောင့် သူမ၏မြင်ကွင်းအတွင်း၌ မိုးကြိုးမျိုးနွယ်မှ လောင်ယင်ဆိုသော မိန်းမလှလေးကို မြင်တွေ့နေရသည်။ သူမ၏လျှို့ဝှက်ချက်မှာ ယောက်ျားများကို စိတ်ဝင်စားခြင်းမရှိဘဲ မိန်းကလေးများအပေါ်၌ ချစ်မြတ်နိုးခြင်းဖြစ်သည်။ ထို့ကြောင့် သူမက လဲကျနေသော ယဲ့ချန်ကို လောင်ယင်အမှတ်ဖြင့် အပေါ်မှ တက်ထိုင်လိုက်သည်။

ယဲ့ချန်မှာ အချုပ်အနှောင်ကျင့်စဥ်ကို ဖျက်ဆီးလိုလျှင် အစွမ်းကုန်ထုတ်သုံးရမည့်အပြင် ပိုလင်းပါ သေဆုံးသွားနိုင်သောကြောင့် ရှေ့တိုးမရ၊နောက်ဆုတ်မရ အကျပ်ရိုက်နေခဲ့သည်။ ဤသို့ဖြင့် မမြင်အပ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

(မှတ်ချက်။ ။ ဤအပိုင်းရှိ အကြောင်းအရာများသည် ဆင်ဆာနှင့် ကင်းလွတ်ခြင်းမရှိသောကြောင့် အကျဥ်းချုံး၍ ဖော်ပြလိုက်ရခြင်းကို သည်းခံကြပါခင်ဗျာ)