← Chapters

ပိုလင်း၏ ရွေးချယ်မှု

Vol. 32 Ch. 439

ပိုလင်း၏ ရွေးချယ်မှု

Vol. 32 Ch. 439

သန့်စင်သော မိုးကြိုးချီများက ယဲ့ချန်၏ကိုယ်တွင်းသို့ စီးဝင်လာခဲ့သဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ပိုလင်း၏ကောင်းကင်ချီများက သူ၏ဒန်တန်အတွင်း ဝင်ရောက်လာကာ ကြယ်ကိုးလုံးနှင့် ပေါင်းစပ်သွားခဲ့သည်။ သူ၏ကောင်းကင်ချီများ လှိုင်းထန်လာကာ ပိုလင်း၏ဝိညာဥ်အသိစိတ်ကိုပင် ခံစားနေရသည်။ ကောင်းကင်ချီများဖြစ်စေ ဝိညာဥ်များဖြစ်စေ သူတို့နှစ်ဦးက ပြည့်စုံစွာ ပေါင်းဖက်သွားကြသည်။

ယဲ့ချန်၏ရုပ်ခန္ဓာက လျင်မြန်စွာသန်မာလာနေပြီး စွမ်းအင်တစ်ခုက ကျင့်ကြံဆင့်အတားအဆီးကို ဖျက်ဆီးလိုက်သောအခါ အဆုံးမဲ့အဆင့်နှစ်မှ အဆင့်သုံးသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။ အကြောင်းမှာ သူက ပိုလင်း၏ကျင့်ကြံဆင့်တစ်ခုကို စုပ်ယူလိုက်မိသောကြောင့်ဖြစ်သည်။

အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားပြီး တားမြစ်အစီအရင်အတွင်းမှ အသံအချို့ ထွက်ပေါ်နေသည်။ တစ်နာရီအကြာတွင် ပုံရိပ်ယောင်ကျင့်စဥ်ကြောင့် ရှုပ်ထွေးနေသော ပိုလင်း၏မျက်လုံးများ ပြန်လည်ကြည်လင်လာခဲ့သည်။ သူမက လက်ရှိအခြေအနေကို မြင်လိုက်ရသောအခါ ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွား၏။ သူမ၏မျက်နှာထက်ရှိ တည်ငြိမ်သောအမူအရာက ပြောင်းလဲသွားကာ မျက်လုံးများတွင် ကြောက်စိတ်များ ထင်ဟပ်နေသည်။ ဤကြောက်စိတ်က သူမ၏စိတ်ကို နှိပ်စက်နေသည့်အပြင် ခန္ဓာကိုယ်မှ ပင်ပန်းမှုကို ခံစားနေရသည်။ သူမ၏ကျင့်ကြံဆင့်မှာ အဆုံးမဲ့အဆင့်ငါးမှ အဆင့်လေးသို့ ကျဆင်းသွားခဲ့လေသည်။

ဖြစ်ပျက်သမျှကို ပြန်လည်စဥ်းစားပြီးနောက် ပိုလင်းက အရာအားလုံးကို နားလည်သွားခဲ့သည်။ သူမက အပျိုစင်ဘဝကို အမြဲတစေထိန်းသိမ်းထားခဲ့သော်လည်း ယနေ့တွင် ပျက်စီးသွားရသည်။ မိုးကြိုးမျိုးနွယ်ဝင် မိန်းမပျိုတစ်ယောက်က ဤကိစ္စကြောင့် ကျင့်ကြံဆင့်များ ကျဆင်းသွားတတ်သည့်အပြင် သူမ၏ကျင့်ကြံဆင့်ကို တစ်ဖက်လူအား လွှဲပေးလိုက်ရသောကြောင့် ထပ်မံအဆင့်တက်ရန် ခက်ခဲသွားပေလိမ့်မည်။ ပိုလင်းသည် အပေါ်ယံတွင် ဆွဲဆောင်အားပြင်းသူဖြစ်သော်လည်း စိတ်နှလုံးထဲတွင် ခိုင်မာတည်ကြည်သော မာနကို ပိုင်ဆိုင်ထားသည်။ သို့မဟုတ်လျှင် သူမက ဤအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။

သို့သော် အရာအားလုံးက တစ်နေ့တည်းတွင် ပျက်စီးသွားခဲ့သည်။ ပိုလင်းမှာ ယဲ့ချန်ကို စိတ်ရှုပ်စွာကြည့်လိုက်မိသည်။ လက်ရှိတွင် ယဲ့ချန်မှာ သူမ၏လက်ချက်ဖြင့် ချုပ်နှောင်ခံထားရသောကြောင့် လှုပ်ပင်လှုပ်နိုင်ခြင်း မရှိချေ။ ယဲ့ချန်၏အမှား လုံးဝမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်သည် သူမ၏ ပထမဦးဆုံးယောက်ျားဖြစ်လာသည့် အချက်ကို ပြောင်းလဲ၍မရတော့ချေ။ သူမ၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည်။

ယဲ့ချန်သည် ပိုလင်း၏ ကြည်လင်သောမျက်လုံးများကို မော့ကြည့်လိုက်မိသောအခါ ထိတ်လန့်သွားခဲ့သည်။ သူမက ပုံရိပ်ယောင်ကျင့်စဥ်ကြောင့် ရှုပ်ထွေးနေရာမှ နိုးထလာသောအခါ ယဲ့ချန်မှာ မျက်နှာပူနေခဲ့သည်။ သူက ဖြတ်သွားဖြတ်လာတစ်ယောက်အဖြစ် ဆက်လက်သဘောထားရန် မသင့်တော်တော့သော မိန်းမပျိုကို စေ့စပ်စွာစိုက်ကြည့်လိုက်၏။ သို့သော် သူက အမွေးပွလေးနှင့် လော့အာမှလွဲလျှင် လက်ထပ်နိုင်မည်မဟုတ်ကြောင်း စဥ်းစားနေမိသည်။ ထိုအချိန်တွင် ပိုလင်းက ရုတ်တရက်ငုံ့၍ ယဲ့ချန်၏နားကို သွားဖြင့် ကိုက်ချလိုက်သည်။

"ဒီတစ်ခေါက် နင်က အရမ်းပျော်သွားလောက်တယ်မလား။ အမကြီးအပေါ်မှာ အခွင့်ကောင်းယူပြီး ဘယ်လိုလုပ်ပေးမှာလဲ"

သူမက အံကြိတ်၍ ပြောလိုက်ခြင်းဖြစ်သည်။

"ဒီကိစ္စက ကျုပ်နဲ့ဘာမှမဆိုင်ဘူး။ အခုအချိန်အထိ အမကြီးက ကျုပ်ကို ချုပ်နှောင်ထားတာပဲ။ လှုပ်တောင်မလှုပ်နိုင်ဘူးလေ"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်၍ စောဒကတက်လိုက်သည်။

"နင့်ခွန်အားနဲ့ ဒီကျင့်စဥ်ကို ဖျက်ဆီးနိုင်တယ်မလား ။နင်ပျော်နေလို့ ငြိမ်နေတာ မဟုတ်ဘူးလား"

ပိုလင်းက နှာခေါင်းရှုံ့လိုက်သည်။ အရာအားလုံးက ဖြစ်ပျက်ပြီးသွားသောကြောင့် သူမက ဆန္ဒမရှိသည့်တိုင်အောင် ပြောင်းလဲနိုင်စွမ်းမရှိပေ။ သူမက ယဲ့ချန်ကို မုန်းတီးနေပြီဖြစ်သည်။

"ကျုပ်က ကျင့်စဥ်ကိုဖျက်ဆီးချင်ရင် အမကြီးကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်မိလိမ့်မယ်။ ဒါကို အမကြီးသတိဝင်လာလို့ သိသွားရင် ကျုပ်ကို သေတဲ့အထိ တိုက်ခိုက်လိမ့်မယ်။ အမကြီးက ကျုပ်ကိုမသတ်နိုင်ရင် မိုးကြိုးမျိုးနွယ်ကို ခေါ်လာလိမ့်မယ်။ ဒါဆိုရင် ကျုပ်ရော ကြယ်ခန်းမရော အဆုံးသတ်သွားနိုင်လို့ မစွန့်စားရဲဘူး"

ယဲ့ချန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ လက်ရှိတွင် သူတို့၏ခန္ဓာကိုယ်များက ပူးကပ်နေဆဲဖြစ်သော်လည်း မေးခွန်းများဖြင့် တရစပ်ငြင်းခုံနေကြသည်။ ဤအချက်က ယဲ့ချန်ကို မသက်မသာခံစားရစေသည်။

"နင့်ကို ဒီကိစ္စ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် မိုးကြိုးမျိုးနွယ်ရဲ့မိန်းမတွေက အပျိုရည်ပျက်သွားရင် ကျင့်ကြံဆင့်က ကြီးကြီးမားမားထိခိုက်သွားတတ်တယ်။ အခု ငါက အဆုံးမဲ့အဆင့်ငါးက အဆင့်လေးကို ကျဆင်းသွားပြီ။ နောက်ရက်ကျရင် အဆင့်သုံးအထိ ကျသွားလိမ့်မယ်။ ငါ့မျိုးနွယ်ကိုပြန်ရောက်ရင် သူတို့က ချက်ချင်းသိသွားမှာပဲ။ ဒါဆိုရင် နင် ဘာဆက်လုပ်မလဲ""

ပိုလင်းမှာ ယဲ့ချန်ကိုသတ်လိုက်လျှင်လည်း ဖြစ်ပျက်သမျှကို ပြောင်းလဲမရကြောင်း နားလည်ထားသည်။ နောက်ဆုံးတွင် စတင်မှားခဲ့သူမှာ သူမသာ ဖြစ်သည်။ ထိုကြောင့် သူမသည် ယဲ့ချန်နှင့်ပတ်သက်၍ မည်သို့လုပ်ရမည်ကို စဥ်းစားမရပေ။

"အမကြီးကို ကြယ်ခန်းမမှာ လက်ခံထားပေးမယ်။ ကျုပ်က အားနည်းပေမယ့် အမကြီးကို ကာကွယ်ပေးမယ်"

ယဲ့ချန်က တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်သည်။ သူက ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ဤကိစ္စကို ခေါင်းမရှောင်လိုပေ။ သူ၏ကျင့်ကြံဆင့် ရုတ်တရက်မြင့်တက်သွားခြင်းမှာ မိုးကြိုးမျိုးနွယ်၏ လျှို့ဝှက်ချက်ကြောင့်ဖြစ်ကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။

"မိုးကြိုးမျိုးနွယ်က ကြယ်ခန်းမကို လက်ချောင်းလေးလှုပ်ရုံနဲ့ ဖျက်ဆီးပစ်လိုက်နိုင်တယ်။ မောင်လေးမှာ ဒီလိုစိတ်ထားမျိုးရှိနေတဲ့အတွက် အမကြီးကြောင့် မင်း မခက်ခဲစေရပါဘူး။ ငါ့ကို ဓားကျိုးသုံးခုသာ ပေးလိုက်ပါ။ ဒီလောက်တော့ ရတယ်မလားဟင်"

ယဲ့ချန်၏ တည်ကြည်သောအဖြေကြောင့် ပိုလင်း၏ တင်းမာနေသောမျက်နှာက ပြေလျော့လာခဲ့သည်။

"ဟုတ်ကဲ့"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ပိုလင်းမှာ မိုးကြိုးမျိုးနွယ်သို့ပြန်ရောက်လျှင် သေမည်ရှင်မည်ကိုပင် သေချာစွာမသိရပေ။ ထို့ကြောင့် သူက ထျန်းယွမ်ဓားကျိုးများကို တွန့်တိုနေခြင်း မရှိတော့ချေ။

"အနည်းဆုံးတော့ နင့်မှာ အသိစိတ်ရှိသေးတယ်နော်"

ပိုလင်း၏မျက်ဝန်းလေးများတွင် မျက်ရည်စအချို့ ရှိနေခဲ့သည်။ သူမက ယဲ့ချန်၏နဖူးကို လက်ချောင်းသွယ်သွယ်လေးဖြင့် ကြင်နာစွာထောက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

"မိုးကြိုးမျိုးနွယ်ကို ပြန်ရောက်ရင် ဘယ်လိုဆက်လုပ်မယ် စဥ်းစားထားလဲ"

ယဲ့ချန်က စိုးရိမ်စွာ မေးလိုက်သည်။ သူ၏စိတ်ထဲတွင် ပိုလင်းကို မည်သည့်အန္တရာယ်မှ မကျရောက်စေလိုပေ။

"နင်က အမကြီးကို စိတ်ပူနေတာလား။ နင့်ကိုယ်နင် စိတ်ပူနေတာလား။ မစိုးရိမ်ပါနဲ့ အမကြီးက နင့်အကြောင်း လျှို့ဝှက်ထားပေးပါမယ်။ နင်တို့ယောက်ျားတွေဟာ ဒီအတိုင်းချည်းပါပဲလေ။ ကိစ္စတစ်ခုဖြစ်ပြီးသွားရင် ခေါင်းရှောင်ကြတာပါပဲ"

ပိုလင်းက သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။

"မဟုတ်ဘူး။ အမကြီးကို မိုးကြိုးမျိုးနွယ်ကထုတ်ပယ်လိုက်ရင် ကျုပ် ခေါ်ထားမယ်"

ယဲ့ချန်က လေးနက်စွာ ဖြေလိုက်၏။ ပိုလင်းက ယဲ့ချန်ကို အကြည့်ချင်းဆုံအောင်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးက ပြုံးယောင်သန်းလာသည်။ အကယ်၍ ကြယ်ခန်းမသာ မိုးကြိုးမျိုးနွယ်ကို ဆန့်ကျင်လျှင် ကပ်ဘေးကြီးတစ်ခု ရင်ဆိုင်ရပေလိမ့်မည်။ ယဲ့ချန်က သူမအတွက် ဤမျှအထိ စွန့်စားပေးလိုခဲ့သည်။

"ထားလိုက်ပါ။ အများဆုံးမှ ငါ ပြန်ရောက်ရင် တွေ့ရာကောင်တစ်ယောက်ကို လက်ထပ်လိုက်ရုံပါပဲ။ အနာဂတ်မှာ ငါက သာမန်မိန်းမတစ်ယောက်အဖြစ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေသွားလိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ပါဘူးလေ"

ပိုလင်းက ညှင်သာစွာပြုံးလိုက်သော်လည်း ခံစားချက်များ ခါးသက်နေခဲ့သည်။ ယဲ့ချန်မှာ သူမ၏စကားကြောင့် နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့၏။ ပိုလင်းသည် သူ၏ပထမဆုံး ဇနီးမယားအရာမြောက်ခဲ့သူဖြစ်သောကြောင့် အခြားယောကျ်ားတစ်ယောက်၏ မယားဖြစ်မည်ကို မလိုလားပေ။ ဤကား သူမ၏ရွေးချယ်မှုဖြစ်လျှင်ပင် ယဲ့ချန်က သူ၏အမျိုးသမီးကို ဤသို့အသက်မရှင်စေလိုချေ။ သူက ခေါင်းမော့၍ ပိုလင်းကို စေ့စပ်စွာကြည့်လိုက်သည်။ သူမ၏အလှက အမွေးပွလေး၊ ယဲ့လော့နှင့် ထန်တိုက်လင်အောက် များစွာမနိမ့်ကျပေ။ သို့သော် သူမတွင် ပြိုင်ဘက်ကင်းညှို့ငင်အားတစ်ခု ပိုင်ဆိုင်ထားပြီး ညှင်သာသိမ်မွေ့သော်လည်း တစ်ချိန်တည်းမှာပင် မောက်မာ၍ မာနကြီးသူဖြစ်သည်။

"မောင်လေးက မမကို သဝန်တိုနေတာလားဟင်။ ဒါဆိုရင် မမကို နောက်ဆုံးတစ်ကြိမ် ချစ်ပေးပေါ့"

ယဲ့ချန်၏အမူအရာကို မြင်သောအခါ ပိုလင်းက ယဲ့ချန်၏နားသို့ကပ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမက ယဲ့ချန်ကိုချုပ်နှောင်ထားသော လျှို့ဝှက်ကျင့်စဥ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ယဲ့ချန်၏ရင်ထဲတွင် ခံစားချက်များကို ချုပ်တည်းထားနိုင်စွမ်း မရှိတော့ပေ။ သူသာ လုံလောက်အောင်အစွမ်းထက်လျှင် ပိုလင်းအား မိုးကြိုးမျိုးနွယ်ထံမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ နောက်ဆုံးတွင် နှစ်ယောက်လုံး၏နှုတ်ခမ်းချင်း ဂဟေဆက်သွားပြီး အမှန်တကယ်လှပသော အချစ်ဇာတ်လမ်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ပိုလင်းသည် ယဲ့ချန်၏မျက်နှာကို ကြင်နာစွာ စိုက်ကြည့်လိုက်သည်။ သူမက မိုးကြိုးမျိုးနွယ်သို့ပြန်ရောက်လျှင် ရွေးချယ်ရန် လမ်းနှစ်သွယ်ရှိသည်။ တစ်ခုက မျိိုးနွယ်အကြီးအကဲများ၏ အပြစ်ပေးခြင်းကို လက်ခံရမည်ဖြစ်သည်။ နောက်တစ်နည်းက အခြားယောကျ်ားတစ်ယောက်ကိုလက်ထပ်၍ သာမန်မိန်းမတစ်ယောက်အဖြစ် နေသွားရပေလိမ့်မည်။ သို့သော် သူမက ဤနှစ်မျိုးလုံးကို မရွေးချယ်လိုပေ။

မိုးကြိုးမျိုးနွယ်ဝင် မိန်းမတစ်ယောက်က လက်ထပ်လိုက်လျှင် အမျိုးသားဖြစ်သူကို သူမ၏ကျင့်ကြံခြင်းအားလုံးကို လွှဲပြောင်းပေးရသော ကံကြမ္မာကို မရှောင်လွှဲနိုင်ပေ။ ထို့ကြောင့် မျိုးနွယ်တွင် ယောကျ်ားများ၏နေရာအဆင့်အတန်းက အရေးပါသည်။ ပိုလင်းမှာ ဤကိစ္စကို ရှောင်လွှဲချင်သောကြောင့် ကံကြမ္မာကို ဆက်တိုက်ရှောင်တိမ်းခဲ့သော်လည်း ယဲ့ချန်ထံတွင် ကျရှုံးသွားရသည်။ သူမ၏နှလုံးသားထဲတွင် ယဲ့ချန်အပေါ် ခံစားချက်များပေါက်ဖွားလာ၍ ဘဝတွင် ယောကျ်ားတစ်ယောက်တည်းကိုသာ သစ္စာရှိလိုသော်လည်း ရွေးချယ်စရာမရှိပေ။

"တကယ်လို့ အမကြီးရဲ့ကျင့်ကြံဆင့်သာ မကျဆင်းသွားဘူးဆိုရင် မိုးကြိုးမျိုးနွယ်က ဒီကိစ္စကို မသိနိုင်လောက်ဘူး။ ငါ သူမကို ကူညီပေးနိုင်လောက်တယ်"

ယဲ့ချန်သည် ပိုလင်း၏ခံစားချက်များကို မသိနိုင်သော်လည်း ဖြေရှင်းရမည့်နည်းလမ်းကို လေးလေးနက်နက် တွေးတောနေခဲ့သည်။ သူ၏စိတ်ထဲတွင် အကြံတစ်ခုဖြစ်ပေါ်လာသဖြင့် မိုးကြိုးဧကရာဇ်ကျင့်စဥ်ကိုလည်ပတ်ကာ စိတ်ထဲရှိဓားပျံကို အသက်သွင်းလိုက်သည်။ အလွန်သန့်စင်ပြီး မရေမတွက်နိုင်သော မိုးကြိုးချီများက ပိုလင်း၏ခန္ဓာကိုယ်အတွင်း အဆုံးမရှိအောင် စီးဝင်သွားခဲ့သည်။ မိုးကြိုးချီများက အလွန်အစွမ်းထက်ပြီး သူတို့နှစ်ယောက်လုံးကို လျှပ်စီးလုံးကြီးအသွင်ဖြင့် ဖုံးအုပ်သွားလေသည်။

သူမ၏မိုးကြိုးချီများထက် ပို၍သန့်စင်သော မိုးကြိုးချီများကို ခံစားမိသောအခါ ပိုလင်းက မင်သက်သွားခဲ့သည်။ ယဲ့ချန်က ဤမျှအစွမ်းထက်သော မိုးကြိုးချီများ ပိုင်ဆိုင်ထားရသည့် အကြောင်းအရင်းကို သူမလည်း မသိပေ။ မိုးကြိုးချီများက များပြားလွန်းသောကြောင့် သူမက အဆုံးမရှိသော ချီပင်လယ်ကြီးအတွင်းရောက်နေသကဲ့သို့ ခံစားနေရသည်။ မိုးကြိုးမျိုးနွယ်၏သွေးဆက်အပေါ် မိုးကြိုးချီများက ကောင်းကျိုးများစွာ ပေးနိုင်သည်။ သူတို့က ကျင့်ကြံရန်အတွက် မိုးကြိုးချီများကို အသုံးပြုကြရသည်။

"မိုးကြိုးချီတွေ များများထပ်ပို့ပေးဦး"

ပိုလင်းသည် ယဲ့ချန်၏အကြံကို သဘောပေါက်သွားသောကြောင့် သူမကိုယ်သူမ ထိန်းချုပ်မနေခဲ့ပေ။ မျက်ဝန်းလေးများက ထိတ်လန့်အံ့သြမှုကြောင့် တဖိတ်ဖိတ်တောက်ပနေသည်။ အဆုံးမရှိသော မိုးကြိုးချီများက သူမ၏ခန္ဓာကိုယ်ကို အဆက်မပြတ်သန့်စင်ပေးနေပြီး ၎င်းတို့ကြောင့် ပိုလင်းမှာ ကြီးမားပြင်းထန်သော စွမ်းအင်တစ်ခုကို ခံစားလိုက်ရလေသည်။

All Chapters