နိုးထလာသော သွေးမျိုးဆက်
Vol. 32 Ch. 440
ယဲ့ချန်ထံတွင် လျှို့ဝှက်ချက်များစွာ ရှိသည်။ မိုးကြိုးမျိုးနွယ်ရှိ သွေးမျိုးဆက်အမြင့်ဆုံးပင် ဤမျှသန့်စင်သော မိုးကြိုးချီကို မကျင့်ကြံနိုင်ပေ။
"ကျု ပ်အမကြီးအတွက် မိုးကြိုးကျင့်စဥ်တစ်ခု သင်ပေးမယ်။ သင်ယူနိုင်မလား စမ်းကြည့်ရအောင်"
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်မှတဆင့် မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို ပိုလင်း၏စိတ်အတွင်း လွှဲပြောင်းပေးလိုက်သည်။
"မောင်လေး မမက ကောင်းကင်သားရဲဆိုတော့ မင်းတို့လူသားတွေရဲ့ကျင့်စဥ်ကို မကျင့်ကြံနိုင်လောက်ပါဘူး"
ပိုလင်းက ခေါင်းယမ်း၍ လှပစွာပြုံးလိုက်သည် ။သူမ၏စကားမဆုံးခင်မှာပင် မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို ဂရုတစိုက်စစ်ဆေးလိုက်မိသောအခါ အလွန်ဆန်းကျယ်ပြီး သူမလည်း ကျင့်ကြံနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။
"ကျေးဇူးပြုလို့ ဒီကျင့်စဥ်ကို နောက်ထပ် ဘယ်သူ့ကိုမှသင်မပေးပါနဲ့"
ယဲ့ချန်က ပိုလင်း၏နားကို နှုတ်ခမ်းဖြင့်ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါ နားလည်ပါတယ်။ မောင်လေးကို မမက သေတဲ့အထိ ချစ်သွားမိတော့မယ်"
ပိုလင်းက လှိုင်းထန်နေသော မိုးကြိုးချီများကိုခံစားနေရင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်တွင်း၌ ခံစားချက်များ အလွန်ကောင်းမွန်နေသည်။ မိုးကြိုးချီများက သူမ၏ဒန်တန်အတွင်း မြစ်တစ်စင်းပမာ စီးဝင်လာသည်။ ထို့နောက် ၎င်းတို့က သူမ၏ကိုယ်တွင်း၌ ပုန်းကွယ်နေသော ရှေးဟောင်းမျိုးဆက်သွေးကို စတင်အသက်သွင်းပေးခဲ့သည်။
"အမကြီးအတွက် မိုးကြိုးချီတွေ ထပ်ပေးပါဦး"
ပိုလင်းက ယဲ့ချန်ကို တင်းကျပ်စွာဖက်ထားပြီး ပျော်ရွှင်မှုက အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ သူမက ယဲ့ချန်၏ကျောပြင်ကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ကုတ်ခြစ်နေမိသည်။ ထိုအချိန်၌ သူမ၏ကျောရိုးရှိ သွေးကြောဆုံချက်များက မိုးကြိုးချီများကြောင့် တစ်ခုပြီးတစ်ခုပွင့်ထွက်လာကြောင်း ခံစားလိုက်ရ၏။ ချိတ်ပိတ်ခံထားရသဖြင့် ပုန်းကွယ်နေသော စွမ်းအားက နိုးထလာခဲ့သည်။ ထို့နောက် သူမ၏ကျောရိုးမှ လျှပ်စီးဖြင့်ပြုလုပ်ထားသော တောင်ပံခြောက်ခု ဖောက်ထွက်လာခဲ့၍ သန့်စင်သောမိုးကြိုးချီများ ပြန့်ထွက်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်လေးက သလင်းကျောက်ပမာကြည်လင်နေပြီး ကိုယ်တွင်းရှိ အညစ်အကြေးအားလုံး သန့်စင်ခံလိုက်ရသဖြင့် သန့်စင်မိုးကြိုးရုပ်ခန္ဓာကို ပိုင်ဆိုင်သွားသည်။ ဘုန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားပြီး သူမ၏ကျင့်ကြံဆင့်က တဟုန်ထိုး တိုးတက်လာခဲ့လေသည်။
မူလတွင် ပိုလင်း၏ကျင့်ကြံဆင့်သည် အဆုံးမဲ့အဆင့်ငါးမှ အဆင့်လေးသို့ ကျဆင်းသွားခဲ့သော်လည်း လက်ရှိတွင် အဆင့်ငါးသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့အပြင် ၎င်းက ရပ်တန့်မည့်လက္ခဏာ မရှိချေ။ မိုးကြိုးများပေါက်ကွဲသွားပြီး အဆင့်ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုးအထိရောက်သည်အထိ အဆင့်ငါးဆင့် တရစပ်တိုးတက်သွားခဲ့၏။ သူမ၏ကျင့်ကြံဆင့်က အဆုံးမဲ့အဆင့်ကိုးဖြစ်သော်လည်း သန့်စင်မိုးကြိုးခန္ဓာကြောင့် အဆုံးမဲ့အဆင့်တစ်ဆယ်ကျင့်ကြံသူကို ရင်ဆိုင်ရာတွင် နိမ့်ကျမည်မဟုတ်ပေ။
ယဲ့ချန်သည် ပိုလင်းမှာ ကျင့်ကြံဆင့် ဆက်တိုက်မြင့်တက်သွားသောကြောင့် အလွန်အံ့သြနေခဲ့သည်။
"မောင်လေးကြောင့် ပျောက်ကွယ်နေတဲ့ မိုးကြိုးမျိုးနွယ်ရဲ့ ရှေးဟောင်းသွေးမျိုးဆက် နိုးထလာပြီ။ အနာဂတ်မှာ အမကြီးက ပိုပြီးတိုးတက်လာဦးမယ်။ ချစ်လိုက်တာကွယ်"
ပိုလင်းက ယဲ့ချန်၏ပါးကို ပြုံးရွှင်စွာဖြင့် ဖြတ်ခနဲနမ်းလိုက်သည်။ အဆုံးမဲ့အဆင့်ကိုး ကျင့်ကြံဆင့်ကြောင့် မိုးကြိုးမျိုးနွယ်တွင် သူမ၏အဆင့်အတန်းက နောက်တစ်ဆင့်သို့ တက်ရောက်သွားပေလိမ့်မည်။ သူမက မဟာအကြီးအကဲတစ်ယောက်ပင် ဖြစ်လာနိုင်သောကြောင့် အချို့စည်းမျဥ်းများကို ဂရုစိုက်ရာမလိုတော့ပေ။
"ဒါဆိုရင် အမကြီး မိုးကြိုးမျိုးနွယ်ကိုပြန်ရောက်ရင် အိမ်ထောင်ပြုစရာ မလိုတော့ဘူးမလား"
ယဲ့ချန်က ခဏတာတုံ့ဆိုင်းသွားပြီးမှ မေးလိုက်ခြင်းဖြစ်သည်။
"မလုပ်ပါဘူးဟယ်။ မမကို မောင်လေးတစ်ယောက်တည်း ပိုင်တယ်"
ပိုလင်း၏မျက်ဝန်းများက နူးညံ့နေကာ ယဲ့ချန်၏ပါးကို လက်ချောင်းလေးများဖြင့် ပွတ်သပ်လိုက်သည်။
အချိန်တစ်နာရီကြာပြီးနောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသောကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"မမသွားသင့်ပြီ ထင်တယ်"
ပိုလင်းက မတ်တပ်ထရပ်လိုက်သောအခါ ပြစ်မျိုးမှဲ့မထင်ခန္ဓာကိုယ်လေးက ဆွဲဆောင်အားပြင်းစွာ ထွက်ပေါ်လာသည်။ သူမ၏အလှကြောင့် မြင်သူတိုင်း စိတ်နှလုံးများ တုန်ခါသွားနိုင်သည်။ ထို့နောက် အပြာရောင်ချပ်ဝတ်ခပ်ကျပ်ကျပ်တစ်စုံကို ဝတ်ဆင်လိုက်သောအခါ ရဲရင့်တက်ကြွသော အမျိုးသမီးသူရဲကောင်းတစ်ယောက်နှင့် ဆင်တူသွားခဲ့သည်။ ယဲ့ချန်သည်လည်း အဝတ်အစားများဝတ်ဆင်ပြီးနောက် ညာလက်ကိုယမ်းလိုက်သောအခါ မီးများတောက်လောင်နေသော ဓားရှည်နှစ်လက်နှင့် ထျန်းယွမ်ဓားကျိုးတစ်ခု ထွက်ပေါ်လာ၏။
"အမကြီးလိုချင်တာတွေက ဒီမှာပါ။ ဓားကျိုးနှစ်ခုကို ဓားရှည်နှစ်လက်နဲ့ ပေါင်းစပ်ထားတာဖြစ်လို့ ပြန်ပြီးခွဲထုတ်ရဦးမယ်။ စုစုပေါင်း သုံးခုပဲ"
ယဲ့ချန်က ဓားများကို ပိုလင်းထံ ကမ်းပေးလိုက်သည်။
"ထျန်းယွမ်းဓားက ရှေးဟောင်းရတနာလေ။ မောင်လေးက မလိုချင်ဘူးလား"
ပိုလင်းက တအံ့တသြမေးလိုက်သည်။
"ဒါတွေကိုယူသွားပြီး မိုးကြိုးမျိုးနွယ်ကို သတင်းပို့လိုက်ပါ။ ကျုပ်မှာ ကောင်းကင်တုန်ခါဆေးအိုးနဲ့ နတ်ဆိုးဖိနှိပ်နာရီရှိနေပြီဆိုတော့ ဒီဓားကျိုးတွေ မလိုပါဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရတနာများကို ပိုလင်း၏လက်အတွင်း ထည့်ပေးလိုက်သည်။
"အရင်ကဆိုရင်တော့ မမက မဟာအကြီးအကဲတွေရဲ့အမိန့်ကို နာခံရမယ်။ အခုတော့ အဆုံးမဲ့အဆင့်ကိုးကျင့်ကြံသူဖြစ်လာပြီး အဆင့်တစ်ဆယ်အောက်မနိမ့်ကျတဲ့ ခွန်အားကို ပိုင်ဆိုင်သွားပြီ။ ငါ့ပါရမီက မိုးကြိုးမျိုးနွယ်မှာ ပိုမေ့တစ်ယောက်တည်းအောက် နိမ့်ကျပြီး သွေးမျိုးဆက်ကလည်း ပိုသန့်စင်လာတယ်။ ဒါကြောင့် ဒီအဘိုးကြီးတွေကို ဂရုစိုက်စရာမလိုတော့ပါဘူး။ ဓားကျိုးတွေမပါဘဲ ပြန်သွားရင်လည်း ပြဿနာမရှိဘူး"
ပိုလင်းသည် ယဲ့ချန်ကိုစိုက်ကြည့်၍ မျက်ဝန်းများတွင် အချစ်စိတ်များ ထင်ဟပ်နေသည်။ သူမက လှပစွာပြုံး၍ ပြောလိုက်သည်။ မိုးကြိုးမျိုးနွယ်တွင် အဆင့်အတန်းသည် အရေးပါကြောင်း ယဲ့ချန်က နားလည်လိုက်သဖြင့် ခေါင်းညိတ်ပြလိုက်၏။
""ဒါပေမယ့် ဒီအဘိုးကြီးတွေက မင်းဆီမှာ ဓားကျိုးတွေရှိနေတာကို သိထားတယ်။ မမက ယူမသွားပြန်ရင်လည်း သူတို့က တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မယ်။ ဒီတော့ အရင်ဆုံးယူသွားလိုက်မယ်။ ဓားကျိုးတွေအားလုံးကို စုစည်းပြီးသွားရင် ပြည့်စုံတဲ့ထျန်းယွမ်ဓားကို ပြန်ပေးမယ်"
ပိုလင်းက ယဲ့ချန်၏ပါးကို လက်ဖြင့်ပွတ်သပ်၍ စိုးရိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"ဒီလိုဆိုရင်လည်း ထျန်းယွမ်ဓားကို အမကြီး ယူထားလိုက်ပါ။ ဒါဆိုရင် အမကြီးရဲ့ခွန်အားက နောက်တစ်ဆင့်ကိုရောက်သွားပြီး ထူးကဲအဆင့်တွေကိုတောင် တိုက်ခိုက်နိုင်လာလောက်တယ်။ ဒါဆိုရင် ကျုပ်ကတောင် အမကြီးရဲ့ကာကွယ်ပေးမှုကို လိုအပ်လိမ့်မယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူ့ထံတွင် အဖိုးတန်ရတနာများစွာရှိသောကြောင့် ထျန်းယွမ်ဓားကိုမရလျှင်လည်း ပြဿနာမရှိပေ။ ထို့အပြင် လက်ရှိတွင် ပိုလင်းသည် သူ၏ဇနီးမယား ဖြစ်လာပြီဖြစ်သည်။ ပိုလင်းသည်လည်း ယဲ့ချန်ကိုစိုက်ကြည့်နေကာ လင်မယားအရာမြောက်ပြီးနောက် သူမ၏နှလုံးသားက ပွင့်အာလာသည်။
မိုးကြိုးမျိုးနွယ်မှာ တားမြစ်အစီအရင်တွေ များစွာရှိတယ်။ ကြယ်ခန်းမက မင်းရဲ့အင်အားစုဆိုတော့ ခွန်အားတိုးတက်ဖို့ ငါ ကူညီပေးမယ်လေ။ မင်းရဲ့မိုးကြိုးချီတွေက မိုးကြိုးမျိုးနွယ်ရဲ့သွေးမျိုးဆက်ကို သန်မာလာစေနိုင်တယ်ဆိုတော့ နောက်ထပ်မိုးကြိုးမျိုးနွယ်ရဲ့ အလှလေးတွေ ပို့ပေးရမလား"
ပိုလင်းက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ မေးမြန်းလိုက်သည်။
"မလိုချင်ပါဘူး"
သူမ၏အမေးကြောင့် ယဲ့ချန်မှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရသည်။ သူမက စနောက်နေခြင်းလား အမှန်ပြောနေခြင်းလားကို သူကိုယ်တိုင်လည်း မသိပေ။
"နောက်တာပါကွာ။ ဝိညာဥ်သားရဲကပ်ဘေးက ကြောက်စရာကောင်းတယ်ဆိုတော့ မောင်လေးက ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်။ မမ သွားပြီ"
ယဲ့ချန်၏ အူကြောင်ကြောင်ပုံစံကို မြင်သောအခါ ပိုလင်းက တခစ်ခစ်ရယ်မောလိုက်သည်။
"အမကြီးလည်း ဂရုစိုက်ပါ"
ယဲ့ချန်၏စကားအဆုံးတွင် ပိုလင်းက နောက်ဆုံးတစ်ကြိမ် လည်ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမက ကောင်းကင်သို့ တဟုန်ထိုးပျံတက်သွားခဲ့သည်။ အသစ်ဖြစ်ပေါ်လာသော လျှပ်စီးတောင်ပံခြောက်ခုကို ခတ်လိုက်သောအခါ သူမက လေထဲတွင် လှစ်ခနဲလွင့်ပျံသွားခဲ့သည်။ သူမခင်းကျင်းထားသော တားမြစ်အစီအရင်မှာလည်း အလိုအလျောက် ပျောက်ကွယ်သွားသည်။ ယဲ့ချန်က မော့ကြည့်လိုက်သောအခါ သူမက လက်ပြနေပြီး လေထဲတွင် စက်ဝိုင်းသဏ္ဍာန်ပျံသန်းပြီးနောက် အဝေးရှိမိုးကုပ်စက်ဝိုင်းသို့ ထွက်ခွာသွားလေသည်။ သူက ပိုလင်းကိုကြည့်နေပြီး ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူမနှင့်ပတ်သက်သော ခံစားချက်များကို ကိုယ်တိုင်ပင် နားမလည်နိုင်ချေ။
"ယဲ့ချန် မင်း အတော်ကံကောင်းတဲ့ကောင်ပဲ။ မိုးကြိုးမျိုးနွယ်ရဲ့မိန်းမက မင်းမိန်းမဖြစ်လာပြီဆိုတော့ သေချာပေါက်သစ္စာရှိလိမ့်မယ်။ တကယ်ဆိုရင် သူတို့က အိမ်ထောင်ကျပြီးရင် ကျင့်ကြံဆင့် နိမ့်ကျသွားလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့မိုးကြိုးချီတွေက မျိုးဆက်သွေးကို အသက်သွင်းပေးနိုင်တော့ အဆင့်ကျသွားရမယ့်အစား အဆုံးမဲ့အဆင့်ကိုးအထိ ဆက်တိုက်အဆင့်တက်သွားခဲ့တယ်။ ဒါပေမယ့် ခွေးကောင်ရ မင်းအဆင်ပြေပေမယ့် ငါ အဆင်မပြေဘူးဟ။ ကိုယ်လုပ်တော်လေးတစ်ယောက်တည်းက လုံလောက်မနေဘူး"
ခြင်္သေ့ကြီးက ယဲ့ချန်ကို စနောက်လိုက်ခြင်းဖြစ်သည်။
"မစိုးရိမ်ပါနဲ့ ဆရာ။ အစ်ကိုထုံတန်က ခင်ဗျားကိုခစားဖို့ ဆန္ဒရှိတဲ့ ခြင်္သေ့မတွေ ခေါ်ဆောင်လာပါတယ်။ သူတို့က သေချာပေါက်စိတ်ကျေနပ်စေမှာပါ။ ချက်ချင်းစီစဥ်ပေးမယ်"
ယဲ့ချန်မှာ ခြင်္သေ့ကြီး၏ ကြီးမားသောရာဂစိတ်ကြောင့် ဆွံ့အသွားကာ တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။ ခြင်္သေ့ကြီးနှင့် စကားပြောပြီးနောက် ယဲ့ချန်သည် လက်ရှိအချိန်တွင် ရှုပ်ထွေးနေသော ခံစားချက်များကို ရုတ်သိမ်းလိုက်သည်။ လက်ရှိက ဤကိစ္စကိုတွေးနေရန် အချိန်ကောင်းမဟုတ်ပေ။
အစီအရင် ပျောက်ကွယ်သွားသောအခါ အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်သို့ လှစ်ခနဲပြေးတက်လာသည်။ ပိုလင်းထွက်ခွာသွားပြီး ယဲ့ချန် အဆင်ပြေသည်ကိုမြင်သောအခါ ယဲ့ချန်မျိုးနွယ်ဝင်များက စိတ်အေးသွား၍ ကိုယ်စီသက်ပြင်းချလိုက်ကြသည်။
"ချန်အာ အခု ဘာတွေဖြစ်သွားတာလဲ။ ဟိုမိန်းမက ဘယ်သူလဲ"
ယဲ့ကျန့်ထန်းက ရှေ့ထွက်လာ၍ စိုးရိမ်စွာမေးလိုက်သည်။
"သူမက မိုးကြိုးမျိုးနွယ်ရဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ ကံကောင်းတာက ရန်ငြိုးကြောင့်လာတာမဟုတ်ဘဲ ကျွန်တော့်လက်ထဲက ရတနာတချို့လာတောင်းတာပါ"
ယဲ့ချန်က ဖြစ်ပျက်သမျှကို ထိမ်ချန်၍ အပေါ်ယံသာ ဖြေလိုက်သည်။ သူက ထိုအဖြစ်ကို ရှင်းပြချင်စိတ်မရှိသောကြောင့် ဖုံးကွယ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
"သူမ လိုချင်တာရသွားပြီဆိုတော့ ပြန်မလာလောက်တော့ဘူးမလား"
ယဲ့ကျန့်ထန်းတို့လူစုက သက်ပြင်းထပ်ချလိုက်ကြသည်။ ထွက်ခွာသွားသော အမျိုးသမီးက သူတို့စိတ်ကူးနိုင်သည်ထက် ပို၍မြန်ဆန်နေသောကြောင့် ယဲ့ချန်ထက် ပို၍အစွမ်းထက်နိုင်သည်။ ကံကောင်းစွာဖြင့် ယဲ့ချန်က အန္တရာယ်မရှိခဲ့ပေ။
"အဖေ ဘိုးဘိုးကြီး ကျွန်တော် အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့"
ယဲ့ချန်က လူတိုင်းကို နှစ်သိမ့်လိုက်သည်။
"အမွေးပွလေး မင်း ဘယ်လျှို့ဝှက်ကျင့်စဥ်ကို ပိုလင်းအပေါ်မှာ သုံးလိုက်တာလဲ။ ဘာလို့ သူမက ချက်ချင်းကြီး အဲ့လိုဖြစ်သွားခဲ့တာလဲ"
ယဲ့ချန်က ဒေါသထွက်ဟန်ဆောင်၍ အမွေးပွလေး၏ နားရွက်ကိုဆွဲကာ မေးလိုက်ခြင်းဖြစ်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများက ရှုပ်ထွေးနေသည်။ သူမသည် ပိုလင်းအပေါ် မကျွမ်းကျင်သေးသော ထျန်းလောင်ပုံရိပ်ယောင်ကျင့်စဥ်ကို သုံးလိုက်ရုံဖြင့် ကိစ္စကကြီးကျယ်သွားမည်ဟု ထင်မထားသောကြောင့် စိတ်ဓာတ်ကျနေသည်။ သူမက ပိုလင်းကိုထိန်းချုပ်ပြီး အစီအရင်ကို ဖွင့်စေချင်ခဲ့သော်လည်း ယဲ့ချန်နှင့် လွန်လွန်ကျူးကျူးဖြစ်သွားခဲ့ကြသည်။ သူမက ဒေါသတကြီးဖြင့် ယဲ့ချန်၏ပခုံးကို ကုတ်ဆွဲနေသည်။ မည်သို့ပင်ဆိုစေကာမူ တရားခံက သူမဖြစ်သောကြောင့် စိတ်ထဲမှနာကျင်မှုကို မည်သို့ဖော်ထုတ်ရမည်မှန်း မသိချေ။ သူမက သဝန်တိုနေပြီး နှုတ်ခမ်းလေးများ ဆူနေခဲ့သည်။
အမွေးပွလေး စိတ်ဆိုးနေသော အမူအရာက အလွန်ချစ်စရာကောင်းသောကြောင့် ယဲ့ချန်က ပြုံးလိုက်မိသည်။ သို့သော် သူကိုယ်တိုင်လည်း ဤကိစ္စကို မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ထို့ကြောင့် ဖြစ်ပြီးသမျှကို ရင်ဆိုင်လက်ခံရန်သာ ဆုံးဖြတ်လိုက်လေသည်။