← Chapters

သရဲဘုရင်ကို တိုက်ခိုက်ခြင်း

Vol. 32 Ch. 446

သရဲဘုရင်ကို တိုက်ခိုက်ခြင်း

Vol. 32 Ch. 446

ဝိညာဥ်စစ်သည်တော်၏ ခွန်အားဖြင့် အဆုံးမဲ့အဆင့်ခုနစ် သရဲဘုရင်ကို မယှဥ်နိုင်ပေ။ ထို့ကြောင့် ယဲ့ချန်က သူ့ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ တိုက်ခိုက်စရာပစ်မှတ် ရုတ်တရက် ပျောက်ကွယ်သွားသောအခါ သရဲဘုရင်က ခဏတာမင်သက်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ခပ်အက်အက်အော်သံက နေရာတိုင်းသို့ ပျံ့နှံ့သွားကာ ငါးထပ်ရှိသရဲအားလုံးကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။ အဆုံးမရှိသော သရဲများက ယဲ့ချန်ထံ ဘက်ပေါင်းစုံမှ တရကြမ်းချီတက်လာကြသည်။

"ရှောင်ရိ နန်ရှင်း ဝိညာဥ်ပုလဲထဲကိုဝင်ကြ"

ယဲ့ချန်က ညွှန်ကြားလိုက်သည်။ နှစ်ယောက်လုံးက ခေါင်းညိတ်၍ ဝိညာဥ်ပုလဲအတွင်း အနက်ရောင်အလင်းနှစ်ခုအသွင်ဖြင့် ဝင်ရောက်သွားခဲ့သည်။ သူက ၎င်းကိုဖမ်းယူ၍ ဝိညာဥ်အသိစိတ်ဖြင့် ဒီရေလှိုင်းကြီးပမာတိုးဝင်လာနေသော သရဲများကို ထောက်လှမ်းလိုက်သည်။ ၎င်းတို့အားလုံးကို သရဲဘုရင်က တိုက်ခိုက်ရန် အမိန့်ပေးထားခြင်းဖြစ်သည်။ အရေအတွက်က များလွန်းသောကြောင့် ထွင်ထျန်းက အားလုံးကို ခဏအတွင်း မဝါးမျိုနိုင်သကဲ့သို့ ယဲ့ချန်ကလည်း သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူက ကြောက်လန့်နေခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် နတ်ဆိုးချပ်ဝတ်နှင့် ဓားသုံးလက်အစီအရင်ကို ဆင့်ခေါ်လိုက်သည်။ သူက အဆင့်ကိုးဓားသုံးလက်ကို စိတ်ဖြင့်ထိန်းချုပ်နေရင်း လိပ်ပြာလက်နက်ဖြစ်သော မိစ္ဆာဝံပုလွေဆေဘာကို ထုတ်ယူလိုက်သည်။ အမွေးပွလေး၏အမြှီးများက လှုပ်ယမ်းနေကာ လရောင်များဖြာကျလာသဖြင့် ထိမှန်ခံလိုက်ရသော သရဲများက ခေါင်းမပါသည့်ယင်ကောင်များကဲ့သို့ ဦးတည်ချက်ပျောက်ကုန်သည်။

အချို့သောသရဲများက ယဲ့ချန်၏ကိုယ်ပေါ်သို့ ခုန်တက်လာကြသော်လည်း နတ်ဆိုးချပ်ဝတ်၏ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ အမွေးပွလေး၏ခန္ဓာကိုယ်ကိုလည်း ပုံရိပ်ယောင်ပုလဲမှ ကာကွယ်ပေးထားသောကြောင့် ၎င်းတို့က အနီးသို့ပင် မကပ်နိုင်ချေ။ ယဲ့ချန်က ဆေဘာကို ခုတ်ပိုင်းလိုက်သောအခါ သွေးနီရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး သရဲများမှာ နာကျင်စွာအော်ဟစ်၍ အမှုန့်ဖြစ်သွားကြသည်။ အဝေးရှိသရဲဘုရင်က ဤအခြေအနေကို သတိထားမိသောအခါ ဒေါသတကြီးဟိန်းဟောက်၍ လျင်မြန်စွာ ပြေးတက်လာသည်။

"ဝေါင်း"

သရဲဘုရင်၏ ဧရာမလက်ကြီးတစ်ဖက်က ယဲ့ချန်ကို ရိုက်ချလာသည်။

"စိတ်နဲ့ဝိညာဥ် တစ်သားတည်းဖြစ်စေ"

ယဲ့ချန်က ခွန်အားကိုစုစည်း၍ ဧရာမတောင်ကြီးတစ်လုံးပမာ ကျဆင်းလာသော လက်ဝါးကြီးကို ပင့်ထိုးလိုက်သည်။ နားကွဲမတတ်ကျယ်လောင်သော ဘုန်းဟူသည့် အသံကြီး ပေါက်ကွဲထွက်ပေါ်လာသည်။ ပြင်းထန်သောတန်ပြန်အားက အနီးရှိသရဲများကို ကြောက်လန့်တကြား ထွက်ပြေးသွားစေသည်။ တိုက်ပွဲနှင့်အနီးဆုံးရှိ ထွက်ပြေးရန်အချိန်မမီသော သရဲများက ပေါက်ကွဲသေဆုံးသွားကြသည်။ သရဲဘုရင်၏လက်ဝါးကြီးက ယဲ့ချန်လက်သီးကြောင့် ပေါက်ထွက်သွားသောအခါ ဒေါသူပုန်ထသွားခဲ့၏။ ၎င်းက ဒေါသတကြီးဟိန်းဟောက်၍ အကြေးခွံများဖုံးအုပ်နေသည့် ကိုယ်ကြီးက အနီရောင်တောက်ပလာသည်။ ၎င်းက ကောင်းကင်တွင် လိုက်ကာကြီးတစ်ခုပမာ ပြန့်ကားလာ၍ ယဲ့ချန်ကို ခုန်အုပ်လိုက်သည်။ သရဲဘုရင်၏ခန္ဓာကိုယ်က လူသားများနှင့်မတူညီဘဲ လက်နှစ်ဖက်ပါဝင်သော တိမ်တစ်ခုနှင့် ဆင်တူသည်။ ၎င်းက ထိုးဖောက်ခံလိုက်ရသည့်တိုင်အောင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

"အမွေးပွလေး ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ထဲကို ဝင်လိုက်"

ယဲ့ချန်က စိုးရိမ်စွာ မှာကြားလိုက်သည်။ ကန့်သတ်ဒေသမှ အဖြစ်အပျက်က သူ၏စိတ်ကို အရိပ်ထင်နေသောကြောင့် သူမဒဏ်ရာရသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော်လည်း သူမက လေးနက်စွာ ခေါင်းယမ်းပြလိုက်သည်။ သူမ၏ခေါင်းအထက်တွင် လွင့်ပျံနေသော ပုံရိပ်ယောင်ပုလဲက သရဲဘုရင်ကို ဘန်းခနဲ ဝင်ဆောင့်ပစ်လိုက်သည်။ သရဲဘုရင်မှာ နာကျင်စွာအော်ဟစ်လိုက်ရပြီး ပုံရိပ်ယောင်အတွင်း ကျရောက်သွားသည့်ပမာ ယိမ်းယိုင်နေခဲ့သည်။

ယဲ့ချန်သည် အမွေးပွလေး၏ခေါင်းကိုပုတ်၍ တစ်ချက်ပြုံးလိုက်သည်။ သူမသည် အတိတ်ကကဲ့သို့ အားမနည်းတော့ကြောင်း သတိရသွားခဲ့သည်။ သရဲဘုရင်က ပုံရိပ်ယောင်အတွင်း ပိတ်မိနေစဥ် သူက ကောင်းကင်တုန်ခါဆေးအိုးနှင့် ပစ်ခတ်လိုက်သည်။ သူက ဤအခွင့်အရေးကို အကောင်းဆုံးအသုံးချ၍ စုပ်ယူလိုနေသည်။

"ဘုန်း"

ဆေးအိုးက သရဲဘုရင်ကို ထိမှန်သွားသောအခါ အဝတွင် စုပ်ဝဲတစ်ခုဖြစ်ပေါ်လာကာ သန့်စင်ရန်အတွက် စုပ်ယူလိုက်သည်။ ဆေးအိုးက အောင်မြင်စွာစုပ်ယူနိုင်ခါနီးတွင် ကျောက်ပြားပေါ်ရှိသရဲဘုရင်တံဆိပ်က အနက်ရောင်အလင်းတန်းတစ်ခုနှင့် ရုတ်တရက်ပစ်ခတ်လာသည်။ ထိုအလင်းတန်းက သရဲဘုရင်ကိုရစ်ပတ်၍ ကောင်းကင်တုန်ခါဆေးအိုး၏စုပ်ဝဲအတွင်းမှ ဆွဲခေါ်ကယ်တင်သွားခဲ့သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ နတ်ဘုရင်အဆင့် သရဲများစွာက ၎င်း၏ကိုယ်တွင်းသို့ ဆက်တိုက်ပေါင်းစပ်သွားသည်။ ၎င်းက သရဲများကို ဝါးမျိုလိုက်သောအခါ ခန္ဓာကိုယ်က အနက်ရောင်လိုက်ကာကြီးတစ်ခုပမာ ပြန့်ကားလာသည်။ ထို့နောက် ဧရာမလက်ကြီးများဖြင့် ယဲ့ချန်ကို တိုက်ခိုက်လာပြန်သည်။

"သရဲဘုရင်က ကျန်တဲ့သရဲတွေကို ဝါးမျိုပြီး အစွမ်းမြှင့်တင််နိုင်တယ်ပေါ့"

ယဲ့ချန်က ဤအချက်ကြောင့် ခေါင်းကိုက်သွားခဲ့သည်။ ကောင်းကင်အမျက်ကဲ့သို့ ဖိအားကြီးတစ်ခုကျဆင်းလာကာ သူ၏ကိုယ်ထက်တွင် ပေါင်သိန်းချီသောအလေးချိန်ကို ခံစားလိုက်ရ၏။ သရဲဘုရင်၏ခွန်အားက ကြောက်မက်ဖွယ်မြင့်တက်လာကာ ယဲ့ချန်မှာ ဧရာမလက်ကြီးများကို နောက်ဆုတ်သွားစေရန်သာ တွန်းထုတ်နိုင်ခဲ့သည်။

"ဘန်း ဘန်း ဘန်း"

တိုက်ခိုက်လိုက်တိုင်း ယဲ့ချန်၏ကိုယ်တွင်းအင်္ဂါများ တုန်ခါနေသည်။ သရဲဘုရင်က အစွမ်းထက်လွန်းသောကြောင့် ဤသို့ဆက်လက်ခုခံနေရလျှင် တန်ပြန်အားကြောင့် သူ၏ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်သည်။ သူ၏လည်ချောင်းအတွင်းမှ ချိုမြမြသွေးအရသာတစ်ခုပင် ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်ပုလဲဖြင့် ဖုံးကွယ်ခံထားရသော အမွေးပွလေးက အန္တရာယ်ကင်းသော်လည်း ယဲ့ချန်နာကျင်နေသည်ကို မြင်သောအခါ အစိုးရိမ်ကြီးနေသည်။ သို့သော် ရန်သူက သရဲများစွာကို ဆက်တိုက်ဝါးမျိုနေပြီး မရေမတွက်နိုင်သော ၎င်းတို့က ဘက်ပေါင်းစုံမှ ရေလှိုင်းပမာ ဝင်ရောက်သွားကြသည်။ ၎င်းတို့၏အရှိန်ကြောင့် လေပြင်းများပင် တရွှီရွှီတိုက်ခတ်လာသည်။

ယဲ့ချန်က သရဲဘုရင်ကို ခက်ခဲစွာတွန်းလှန်နေရပြီး နတ်ဆိုးချပ်ဝတ်ပင် တုန်ခါလာသည်။ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်အပြည့်အစုံကို သာမန်အဆုံးမဲ့အဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက်က ထိုးဖောက်နိုင်မည်မဟုတ်ပေ။ သို့သော် သရဲဘုရင်က သရဲများကို ဝါးမျိုပြီးသောအခါ ကျင့်ကြံဆင့်က နှစ်ဆင့်မက ခုန်တက်သွားခဲ့သည်။ အကယ်၍ သူကသာ နည်းလမ်းတစ်ခု အမြန်မစဥ်းစားနိုင်လျှင် လက်ထောက်တံဆိပ်အတွင်း ဝင်ပုန်းနေရန်သာ ရှိသည်။ ထိုအချိန်တွင် သူက အကြံကောင်းတစ်ခုရလိုက်ပြီး အဝေးရှိကျောက်ပြားပေါ်မှ အနက်ရောင်တံဆိပ်ထံ အကြည့်ရောက်သွားခဲ့သည်။ သူက သရဲဘုရင်ကို မတိုက်ခိုက်နိုင်လျှင် ရတနာကို ပစ်မှတ်ထားနိုင်ပေသည်။

"အမွေးပွလေး ပုံရိပ်ယောင်နဲ့တိုက်ခိုက်လိုက်"

ယဲ့ချန်က ညွှန်ကြားလိုက်သည် ။ ပုံရိပ်ယောင်ပုလဲထံမှ အဖြူရောင်အလင်းများ ထွက်ပေါ်လာကာ ကောင်းကင်ရှိသရဲဘုရင်ကို ဖုံးအုပ်သွားခဲ့သည်။ ၎င်း၏မျက်နှာက ထိုအလင်းများကြောင့် တွေဝေငေးမောသွားခဲ့သည်။ သို့သော်လည်း ဤက ခဏသာကြာမြင့်ပြီး ချက်ချင်း အသိစိတ်ပြန်ဝင်လာခဲ့သည်။ အမွေးပွလေးက တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် ယဲ့ချန်သည် တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် အနက်ရောင်တံဆိပ်ထံ ရောက်သွားခဲ့သည်။ သူက ၎င်းကိုဖျက်ဆီးရန် ကောင်းကင်ချီများထုတ်ဖော်၍ ဓားပျံတစ်လက် ဖန်တီးလိုက်သည်။

"ယဲ့ချန် မင်းသာ ဒါကိုဖျက်ဆီးလိုက်ရင် သရဲဘုရင်ကိုမသတ်နိုင်တဲ့အပြင် ဒေါသ ပိုထွက်လာစေလိမ့်မယ်။ ကျောက်စိမ်းနန်းတော်ရဲ့ ငါးထပ်မြောက်ကနေလည်း ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး။ ငါတို့က ဒီနေရာမှာ တစ်နှစ်လောက် အချိန်ကုန်သွားနိုင်တယ်နော်"

ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် သူက ထုံတန်ဆက်သထားသော ကိုယ်လုပ်တော်ခြင်္သေ့မများနှင့် လောကစည်းစိမ်ကို ခံစားနေခဲ့သည်။ သူက ဘယ်နှင့်ညာတွင် ကိုယ်လုပ်တော်တစ်ယောက်စီ ပွေ့ဖက်၍ လောကစည်းစိမ်ကို ကျေနပ်စွာ ခံစားနေသည်။

"ဒါဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ"

ယဲ့ချန်က လေထဲတွင် ရပ်တန့်သွား၍ မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။

"နတ်ဆိုးဖိနှိပ်နာရီကို သုံးလိုက်"

ခြင်္သေ့ကြီးက ခပ်ပြတ်ပြတ် ညွှန်ကြားလိုက်သည်။ ယဲ့ချန်က သူ၏စကားကြောင့် စိတ်ရှုပ်သွားခဲ့သည်။ နတ်ဆိုးဖိနှိပ်နာရီက ခြင်္သေ့ကြီး၏စကားကြောင့် အနက်ရောင်တံဆိပ်ပြားကို ဖိနှိပ်နိုင်ပုံပေါ်သည်။ ထို့ကြောင့် သူက ခြင်္သေ့ကြီး၏စကားကို လိုက်နာကာ နတ်ဆိုးဖိနှိပ်နာရီကိုဆင့်ခေါ်၍ သရဲဘုရင်တံဆိပ်ကိုဖိနှိပ်ရန် ကြံစည်လိုက်သည်။ ၎င်းထွက်ပေါ်လာချိန်တွင် တံဆိပ်က အသက်ဝင်လာဟန်ဖြင့် ထွက်ပြေးရန် ကြိုးစားလာခဲ့သည်။ အဝေးရှိသရဲဘုရင်ကလည်း ယဲ့ချန်ကိုတားမြစ်ရန် ဧရာမလက်ဝါးကြီးနှင့် ရိုက်ချလာသည်။ သို့သော် ၎င်းတို့က နှေးကွေးနေသောကြောင့် နတ်ဆိုးဖိနှိပ်နာရီက သရဲဘုရင်တံဆိပ်အပေါ် ပြုတ်ကျလာကာ အတွင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။ ထိုအချိန်တွင် သရဲဘုရင်ပုံရိပ်ကြီးမှာ နာကျင်စွာအော်ဟစ်၍ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"ဘန်း ဘန်း ဘန်း"

သရဲဘုရင်တံဆိပ်က နတ်ဆိုးဖိနှိပ်နာရီ၏နံရံကို အတွင်းမှဝင်ဆောင့်ပြီး လွတ်မြောက်ရန် ဆက်တိုက်ကြိုးစားနေသည်။

"ဒါက ဘယ်လိုဖြစ်သွားတာလဲ"

ယဲ့ချန်က အချိန်ခဏတာစဥ်းစားပြီးနောက် အကြောင်းအရင်းကို နားလည်လိုက်သည်။ သရဲဘုရင်သည် ဤတံဆိပ်၏ ဆင့်ခေါ်ခြင်းတစ်ခုဖြစ်သောကြောင့် နတ်ဆိုးဖိနှိပ်နာရီက ၎င်းကို ဖိနှိပ်လိုက်သောအခါ သီးခြားခွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ဤကား သရဲဘုရင်ကို နတ်ဆိုးဖိနှိပ်နာရီအတွင်း ဖမ်းချုပ်လိုက်သည်နှင့် မခြားပေ။

"ဒုန်း ဒုန်း ဒုန်း"

တံဆိပ်က နာရီကို ပြင်းထန်စွာ ဝင်ဆောင့်နေပြီး နတ်ဆိုးဖိနှိပ်နာရီက လေးငါးကြိမ်ခန့် လွင့်ထွက်သွားလုနီးပါး ဖြစ်လာခဲ့သည်။ ယဲ့ချန်က ချီပြိုကွဲဆေးလုံးသိန်းချီ ပေါင်းစပ်ထားသော်လည်း ၎င်းကို မဖိနှိပ်နိုင်သေးသောကြောင့် အလွန်အစွမ်းထက်ကြောင်း သိသာနေသည်။

"မင်းကို မဖိနှိပ်နိုင်ဘူးလို့ မယုံဘူး"

ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဆေးလုံးများကို ဆက်တိုက်ထုတ်ယူ၍ နတ်ဆိုးဖိနှိပ်နာရီအတွင်း မြစ်ကြီးတစ်စင်းပမာ ပို့ဆောင်ပေးလိုက်သည်။ ဆေးလုံးပေါင်း တစ်သန်းခွဲဆိုသောအရေအတွက်က ခဏအတွင်း အသုံးပြုခံလိုက်ရသည်ကိုမြင်လျှင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။ သာမန်အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက်၌ပင် ဆေးလုံးပေါင်းသန်းချီသည်အထိ မကြွယ်ဝပေ။ အကယ်၍ ပိုင်ဆိုင်ထားလျှင်ပင် ယဲ့ချန်ကဲ့သို့ မျက်တောင်တစ်ချက်မခတ်ဘဲ ခဏအတွင်း အသုံးပြုရဲမည်မဟုတ်ပေ။ အခြားကျင့်ကြံသူများသာ ချီပြိုကွဲဆေးလုံးတစ်သန်းခွဲကို တစ်ချက်တည်း အသုံးပြုလိုက်သည်ကိုမြင်လျှင် နှမြောလွန်းသဖြင့် ရင်ထုမနာဖြစ်သွားနိုင်သည်။

အစပိုင်းတွင် သရဲဘုရင်တံဆိပ်သည် နတ်ဆိုးဖိနှိပ်နာရီကို ဆက်တိုက်တုန်ခါစေသော်လည်း ဆေးလုံးများစွာ အထောက်အပံ့ကိုရသောအခါ ၎င်းက နာရီကိုတုန်လှုပ်စေရန် မစွမ်းနိုင်တော့ပေ။ ထို့ကြောင့် ယဲ့ချန်က ဆေးလုံးများထောက်ပံ့ခြင်းကို ရပ်တန့်၍ ရှေ့တက်သွားကာ နာရီကို အပြင်ဘက်မှ ရိုက်ခတ်လိုက်သည်။ နာရီအတွင်း ကျယ်လောင်သော ကြိမ်နှုန်းမြင့်အသံလှိုင်းများ ဖြစ်တည်လာသည်။ သရဲဘုရင်၏ နာကျင်စွာအော်သံများ ဆက်တိုက်ထွက်ပေါ်လာသောကြောင့် ၎င်းသည် သရဲဘုရင်ကိုဖိနှိပ်ရာတွင် အသုံးဝင်ကြောင်း သိသာပေသည်။ ယဲ့ချန်သည် အဆုံးမဲ့အဆင့်သို့ရောက်ပြီးနောက် အသံလှိုင်းများကို ပိုမိုခံနိုင်ရည်ရှိလာသောကြောင့် ဆက်တိုက်ရိုက်နှက်နေသည်။ သို့သော်လည်း အသံလှိုင်းကြောင့် သူ၏သွေးများ ဆူပွက်လာနေသည်။ နတ်ဆိုးဖိနှိပ်နာရီ၏ အသံလှိုင်းများက အတိတ်ကထက် ဆယ်ဆကျော်ပို၍ ကျယ်လောင်နေသောကြောင့်ဖြစ်သည်။

အကယ်၍ နတ်ဆိုးဖိနှိပ်နာရီက လှုပ်လာလျှင် သူက ဆေးလုံးများ ထောက်ပံ့ပေးလိုက်သည်။ ထို့အပြင် ဆက်တိုက်ရိုက်နှက်နေသောအခါ ထွက်ပေါ်လာသည့် အသံလှိုင်းများကြောင့် သရဲဘုရင်တံဆိပ်၏ရုန်းကန်မှုက အားပျော့လာခဲ့သည်။ သုံးနာရီအကြာတွင် ဆေးလုံးဆယ်သန်းကျော် ကုန်ဆုံးသွားကာ နာရီအတွင်းမှ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၍ ငြိမ်သက်သွားခဲ့သည်။

"သရဲဘုရင် သေပြီလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ နတ်ဆိုးဖိနှိပ်နာရီအတွင်းသို့ ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သောအခါ သတ္တုအပိုင်းအစအချို့ကို တွေ့လိုက်ရသည်။ သရဲဘုရင်တံဆိပ်က ဤသို့ပေါက်ကွဲသွားမည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

All Chapters