← Chapters

အခုရော

Vol. 74 Ch. 1022

အခုရော

Vol. 74 Ch. 1022

ရှဲ့ဟေးရန် ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါမှ သူ၏ ဆရာ၏ စေတနာများမှာ ပို၍ သိသာလာရ၏။ တစ်ချိန်ထဲမှာပင် သူသည် သန္နိဋ္ဌာန်ချလိုက်ပြီ ဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့အား စိတ်ကျေနပ်မှု အပြည့်ရှိအောင် ထားရန် သန္နိဋ္ဌာန်ချလိုက်ခြင်း ဖြစ်၏။ သို့မှသာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ပြုံးကာ ညာဘက်လက်ကိုမြှောက်၍ သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ရေခဲရေဘူးများ အပြည့်ထည့်ထားသည့် သေတ္တာများကို ထုတ်ယူလိုက်၏။

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ကျွန်တော် ဆရာဦးလေး ကြိုက်တတ်တဲ့ ပြည်ထောင်စုကြီးထဲက ဝိညာဉ်ရေခဲရေတွေ ဝယ်ထားတယ်။ ဒီမှာ ထားခဲ့လိုက်မယ်နော် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ထို သေတ္တာများအား အောက်သို့ချထားလိုက်၏။

" ပြီးတော့ သာမန်ဂြိုဟ် အလုံးရှစ်ထောင်က ပြည်ထောင်စုကြီးထဲမှာတော့ များတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက လုံလောက်မှု မရှိသေးဘူးဗျ။ ဒီလိုလုပ်ဗျာ နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ကျွန်တော် ဦးလေးဆရာအတွက် သာမန်ဂြိုဟ် ရှစ်ထောင့်ရှစ်ရာရှစ်ဆယ့်ရှစ်လုံး အမြန်ဆုံး ရအောင်ရှာပေးမယ် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်ကို သတိထားမိလိုက်၏။ ( တရုတ်တွေအတွက် ၈ က ကံအကောင်းဆုံး နံပါတ်မလို့ပါ ) ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ မျက်နှာချိုသွေးသည့် စကားများ ဆက်ပြောနေလိုက်သည်။

သို့သော် သူ၏ စကားများမှာ တစ်ခွန်းနှင့်တစ်ခွန်း ထပ်နေသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား နားထောင်ရင်း ငြီးငွေ့လာရ၏။ ရှဲ့ဟေးရန်မှာ အခြားသူများအား မြှောက်ပင့်ပြောဆိုရာ၌ ကျွမ်းကျင်မှု သိပ်မရှိသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့ကိုပင် မဆိုထားနှင့် လျှိုတောက်ပင်းကိုပင် မယှဉ်နိုင်ပေ။ ထို့ကြောင့် သူသည် မျက်စိမျက်နှာ ပျက်လာရ၏။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့ သန်းဝေလိုက်သည့် မြင်ကွင်းအား မြင်လိုက်ရသဖြင့် ထွက်ခွာလာတော့သည်။

ရှဲ့ဟေးရန်မှာ မျှော်စင်အပြင်ဘက်သို့ ရောက်လာသည်နှင့် အံကြိတ်ကာ ကျောက်စိမ်းပေလွှာတစ်ခု အလျင်အမြန် ထုတ်ယူလိုက်၏။ သူသည် တစ်ဖက်တွင် သူ၏ လက်အောက်ငယ်သားများအား သာမန်ဂြိုဟ်များ ဝယ်ယူကာ သူ့ဆီသို့ ပေးပို့ပေးရန် မှာကြားလိုက်သလို အခြားတစ်ဖက်တွင်လည်း တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူ၏ လက်အောက်ငယ်သားများအား မြှောက်ပင့်ပြောဆိုရာ၌ ကျွမ်းကျင်သည့် လူများကို လိုက်လံရှာဖွေခိုင်းလိုက်၏။ သူသည် ထို ပညာရပ်အား လေ့လာတော့မည် ဖြစ်သည်။

" ဘာတတ်နိုင်မှာလဲကွာ။ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က မြှောက်ပင့်စကားတွေကို အရမ်းကြိုက်တာကိုး.... " ရှဲ့ဟေးရန်မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ မိန်းမချောလေးများ ဝိုင်းနေခဲ့သည်သာ ဖြစ်ကြောင်း ပြန်၍ သတိရသွားသည်။ ထို့ကြောင့်လည်း သူသည် သူ၏ လက်အောက်ငယ်သားများအား ချောမောလှပသည့် မိန်းမပျိုလေးများကို လိုက်လံရှာဖွေထားရန် အမိန့်ပေးလိုက်သေးသည်။

ရှဲ့ဟေးရန်တစ်ယောက် ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေစဉ် သူ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ပြုံးလိုက်သည်။

" ဆရာက ငါ့အပေါ် တော်တော်ကောင်းတာပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ ချောင်းဟန့်လိုက်သည်။ သူ မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာပြီးနောက် သူ၏ ဆရာမှာ သူ ကြယ်အချုပ်အနှောင်ပညာရပ်အား အောင်မြင်စွာလေ့ကျင့်နိုင်ရန် နတ်နွားကြီးအား အကဲခတ်လေ့လာခွင့် ပေးခဲ့၏။ ထို့အပြင် သူ ထို ပညာရပ်အား လေ့ကျင့်ပြီးသွားသည့် အချိန်တွင်လည်း သူ၏ ဆရာမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား သူ့ဆီသို့ နစ်နာကြေး ပေးပို့စေခဲ့သည်။ ယခု သူ သာမန်ဂြိုဟ်များ လိုအပ်နေသည့် အချိန်တွင်လည်း သူ၏ ဆရာမှာ ရှဲ့ဟေးရန်အား သူ့ဆီသို့ စေလွှတ်လိုက်သည် မဟုတ်ပါလော။

ထို အဆင့်တစ်ဆင့်ချင်းစီတိုင်းအား ကြိုတင်ပြင်ဆင်ထားရခြင်း ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။ ထို့ကြောင့် သူသည် မီးတောက်ကြယ်စင်စုကြီးအား ပို၍ပင် သဘောကျနှစ်သက်လာရသလို သူ၏ ဆရာကိုလည်း ပို၍ပင် ရိုသေလေးစားလာတော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် လဝက်တိတိ ကုန်ဆုံးသွား၏။ ရှဲ့ဟေးရန် ရောက်ရှိလာမှုကြောင့် မီးတောက်ကြယ်စင်စုကြီးမှာ ပို၍ လှုပ်လှုပ်ရွရွဖြစ်လာသည်။ သူသည် ဝမ်ပေါင်လဲ့အား ဂါရဝပြုရန် သူ့ဆီသို့ နေ့စဉ်နေ့တိုင်း ရောက်လာတတ်သည် မဟုတ်ပါလော။ အကယ်၍ ဝမ်ပေါင်လဲ့ မျှော်စင်အပြင်ဘက်သို့ ထွက်သွားသည့် အချိန်များတွင်လည်း ရှဲ့ဟေးရန်မှာ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာ အချိန်အတွင်းတွင် သူ၏ နောက်မှ စိတ်အားထက်သန်စွာဖြင့် လိုက်သွားသည်သာ ဖြစ်သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ ရှဲ့ဟေးရန်၏ မြှောက်လုံးပင့်လုံးများမှာလည်း သိသိသာသာ တိုးတက်လာခဲ့၏။ အစတွင် သူသည် နားကလောစေသည့် စကားလုံးများကိုသာ ပြောနိုင်ခဲ့ပါသော်လည်း ယခုတွင်မူ ထိုပညာရပ်၌ ကျွမ်းကျင်နေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း သူ၏ စကားများအား နားထောင်ရသည်ကို သဘောတွေ့လာ၏။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ လိမ္မာပါးနပ်မှုများကြောင့်လည်း ကျေနပ်အားရနေသည်။ သူ ရှဲ့ဟေးရန်အား တစ်ချက်ကြည့်လိုက်ရုံမျှနှင့် ရှဲ့ဟေးရန်မှာ သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သဘောပေါက်ကာ အလိုက်သင့် ပြုမူတတ်ပေသည်။

ဥပမာပြရလျှင် ဝမ်ပေါင်လဲ့ ချောင်းဟန့်လိုက်ရုံနှင့် သူ၏ နောက်မှ လိုက်လာသည့် ရှဲ့ဟေးရန်မှာ ဝိညာဉ်ရေခဲရေဘူးတစ်ဘူးအား ချက်ချင်းထုတ်ယူကာ ဆက်သလိုက်သည်သာ ဖြစ်သည်။

သို့မဟုတ် ဝမ်ပေါင်လဲ့ အညောင်းဆန့်လိုက်ရုံနှင့် ရှဲ့ဟေးရန်မှာ ချက်ချင်း ရှေ့သို့လှမ်းလာပြီး ဝမ်ပေါင်လဲ့အား နှိပ်နယ်ပေးလိုက်သည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇိမ်ကျနေတော့သည်။

ထို့အပြင် ရှဲ့ဟေးရန်မှာ သူ့ဆီသို့ လက်ဆောင်များ နေ့စဉ်နေ့တိုင်း ပေးပို့တတ်သေးသည်။ သူသည် ယနေ့တွင် ဓမ္မလက်နက်တစ်ခု ပို့ပေးပြီးပါက မနက်ဖြန်သို့ရောက်လျှင် ဆေးပုလင်းတစ်လုံး လက်ဆောင်ပေးလိုက်သည်သာ ဖြစ်သည်။ တပတ်ခါသို့ ရောက်လျှင်လည်း သူသည် ဝမ်ပေါင်လဲ့အား ရှဲ့မိသားစု အသစ်တည်ဆောက်ထားသည့် ဂြိုဟ်ဆီသို့ အလည်အပတ်သွားရန် ဖိတ်ခေါ်လိုက်သည်သာဖြစ်သည်...

သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ နောက်လိုက်တစ်ယောက်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူသည် သူ၏ ဆရာဖြစ်သူ ဝမ်ပေါင်လဲ့၏ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးကိုလည်း ထိုကဲ့သို့ပင် ဆက်ဆံခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် သူသည် သူမအပေါ် ပို၍ပင် အာရုံစိုက်ခဲ့၏။ ရှဲ့ဟေးရန်မှာ သူ၏ အခြား ဦးလေးဆရာများကိုလည်း လျစ်လျူရှုခဲ့ခြင်းမရှိဘဲ သူတို့အားလုံးဆီသို့ လက်ဆောင်များ ပေးပို့ခဲ့သည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် သူ၏ မိသားစုကျောထောက်နောက်ခံကို အသုံးချ၍ မီးတောက်ပင်မဂြိုဟ်ပေါ်ရှိ လူတိုင်းနှင့် သင့်မြတ်မှုရှိသော ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့၏...

ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများကြောင့် စိတ်ကျေနပ်နေသည့်တိုင်အောင် ရှဲ့ဟေးရန်အား နားချရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဆဲပင်။

" ညီကိုဟေးရန်။ ဒါမျိုးတွေ လုပ်ဖို့မလိုပါဘူး။ ငါမင်းကို ကူညီပေးမယ်လို့ ပြောထားပြီးမှတော့ သေချာပေါက် ကူညီပေးမှာပါ... "

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို နာမည်ပြောင်တပ်ခေါ်ပါ။ အဲတာမှ ကျွန်တော် ဦးလေးဆရာနဲ့ ပိုပြီးတော့ ရင်းနှီးသလို ခံစားရမှာ " ရှဲ့ဟေးရန်မှာ ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။

" အဲ... မင်း ဒီလိုလုပ်ဖို့ တကယ်မလိုပါဘူးကွ... "

" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ဒါ ကျွန်တော် ရန်လေး ရင်ထဲအသည်းထဲက ဆန္ဒတွေအတိုင်း လုပ်နေတာပါ။ ကျေးဇူးပြုပြီးတော့ တပည့်ကို တပည့်ဝတ္တရားတွေ ကျေပွန်အောင် ထမ်းဆောင်ခွင့်ပေးပါ "

ဝမ်ပေါင်လဲ့မှာ သူ့အား နားချရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရ၏။ သို့သော် သူသည် ရှဲ့ဟေးရန်မှာ ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သိထားပေသည်။ တစ်ခါတစ်ရံတွင်ဆိုလျှင် သူ၏ အမူအရာများမှာ မူမမှန်တတ်ပေ။ သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ သူ့ကိုသူ ထပ်တလဲလဲ နှစ်သိမ့်နေရသည်ဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ရှဲ့ဟေးရန်မှာ ရှဲ့မိသားစုဝင်တစ်ယောက် ဖြစ်ရာ မီးတောက်ကြယ်စင်စုထဲသို့ ရောက်မလာခဲ့ခင်တုန်းက အလွန်အင်မတန်မှ မာနကြီးသူတစ်ယောက် ဖြစ်၏။ သို့သော် သူသည် ဤနေရာသို့ ရောက်လာခဲ့ပြီးနောက် အခြေအနေအမျိုးမျိုးကြောင့် ယခုလို ပြုမူနေထိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ထို့ကြောင့် ရှဲ့ဟေးရန်မှာ သူ၏ မျှော်စင်ဆီသို့ ပြန်ရောက်သွားသည့် အချိန်တိုင်း သူ့ကိုယ်သူသာ ပြန်၍ အပြစ်တင်နေသည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့သာမက သူ၏ ဆရာသည်လည်း သူ့အား ထိုကဲ့သို့ ပြုမူစရာမလိုကြောင်း ပြောခဲ့သည့်တိုင်အောင် သူသည် စိတ်မချနိုင်ပေ။

ရှဲ့မိသားစုဝင်များ၏ မွေးရာပါ စဉ်းစားတွေးခေါ်ပုံများကြောင့် သူသည် အခြားသူများနှင့် သင့်မြတ်မှုရှိသော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် အဆက်မပြတ် ကြိုးစားနေခဲ့သည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်အား နားလည်သွားသဖြင့် နောက်ဆုံးတွင် သူ့အား စိတ်တိုင်းကျ ပြုမူခွင့်ပေးလိုက်တော့သည်။ သူကိုယ်တိုင်သည်လည်း ဇိမ်ကျနေခဲ့ရသည်မဟုတ်ပါလော။ တစ်ချိန်တည်းမှာပင် ရှဲ့ဟေးရန်၏ လုပ်ရပ်များကြောင့် သူတို့နှစ်ယောက်၏ကြားမှ ဆက်ဆံရေးမှာ အလျင်အမြန် တိုးတက်လာနိုင်ကြောင်း သူ့ဘက်မှ လက်ခံရပေမည်။

ထို့ကြောင့် တစ်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား သဘောကျနှစ်သက်လာတော့သည်။ သူသည် အချိန်ကျပါက သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်းအား နားချပေးရန်ပင် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်...

အကယ်၍ လက်ရှိ အနေအထားအတိုင်းသာ ဆိုပါက သိပ်မကြာခင်တွင် ရှဲ့ဟေးရန်မှာ မီးတောက်ကြယ်စင်စုထဲ၌ အခြေတကျ ဖြစ်သွားတော့မည် ဖြစ်သည်။ သို့သော် မိုးကောင်းကင်ကြီးမှာ သူ့အား မျက်နှာသာမပေးခဲ့ပေ...

သူသည် ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးကာ သူ၏ ဆရာအတွက် တပည့်ဝတ္တရားများ ကျေပွန်စွာ ထမ်းရွက်နေရင်း... သူ၏ နံပါတ်ဆယ့်ငါး ဦးလေးဆရာနှင့် ခင်မင်ရင်းနှီးလာခဲ့၏။

ရှဲ့ဟေးရန်၏ အပြုအမူများကြောင့်လား သို့မဟုတ် သူနှင့် ခင်မင်ရင်းနှီးမှု ရယူလိုသည့် နံပါတ်ဆယ့်ငါး ဦးလေးဆရာ၏ အကြံအစည်များကြောင့်လားတော့ မသိပေ။ တစ်လအတွင်းတွင် သူတို့နှစ်ယောက်၏ ကြားမှ ဆက်ဆံရေးမှာ တစ်ယောက်ကိုတစ်ယောက် မည်သည့် အကြောင်းအရာကိုမဆို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်စွမ်းရှိသည့် အဆင့်သို့ ရောက်သွား၏။

နံပါတ်ဆယ့်ငါး ဦးလေးဆရာမှာလည်း ဟိတ်ဟန်များ ထုတ်နေခြင်းမရှိသောကြောင့် ရှဲ့ဟေးရန်မှာ ယခင်တုန်းကအတိုင်း ပြန်ဖြစ်သွားသကဲ့သို့ပင်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တန်းတူသဘောထား၍ ပြောဆိုဆက်ဆံခဲ့ကြသည်ဖြစ်ရာ ရှဲ့ဟေးရန်မှာ သူနှင့် ပိုရင်းနှီးသလို ခံစားလာရ၏။

ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သတိထားမိလိုက်သောအခါ မျက်နှာအမူအရာ အထူးတဆန်းဖြစ်သွားပြီး စိတ်ထဲတွင်ရေရွတ်မိလိုက်၏ " ဆရာ... ဆရာက တော်တော်လည်တာပဲနော်.... "

" ရှဲ့ဟေးရန်ကို အရုပ်လေးတစ်ရုပ်လို ကစားနေရတယ်လို့... " ဝမ်ပေါင်လဲ့မှာ သူ၏ နဖူးအား လက်ဖြင့်ပွတ်မိလိုက်၏။ သူသည် နောက်ဆုံးရလဒ်အား ခန့်မှန်းမိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူနှင့် ရှဲ့ဟေးရန်၏ ကြားမှ ဆက်ဆံရေးအား ထောက်၍ ရှဲ့ဟေးရန်အား အရိပ်အမြွက်ပြကာ သတိပေးခဲ့ပါသော်လည်း ရှဲ့ဟေးရန်မှာ နားမလည်ခဲ့ပေ။

ထိုကြောင့် သူနှင့် နံပါတ်ဆယ့်ငါး ဦးလေးဆရာ၏ ကြားမှ ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သဖြင့် နောက်ဆုံးတွင် သူသည် ဆယ့်ငါး၏ ရှေ့၌ မီးတောက်ခေါင်းဆောင်ကြီး၏ မကောင်းကြောင်းများကိုပင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောနေပြီ ဖြစ်သည်။ ဆယ့်ငါးမှာလည်း ရှဲ့ဟေးရန်၏ နှုတ်မှ ထိုစကားများ ထွက်လာရန် အကြိမ်ကြိမ် စကားလမ်းကြောင်း ဖော်ပေးခဲ့၏။

ထိုသို့ဖြင့် တစ်ရက်တွင် ဆယ့်ငါးမှာ ဝမ်ပေါင်လဲ့၏ မျှော်စင်ထဲသို့ အရက်အိုးတစ်အိုးနှင့်အတူ ရောက်လာခဲ့၏။ ရှဲ့ဟေးရန်မှာ ထိုအရက်များအား နှစ်ခွက်၊ သုံးခွက် သောက်လိုက်ပြီးနောက် ဆယ့်ငါးတစ်ယောက် မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ညည်းတွားနေသည်ကို ကြားလိုက်ရသည်နှင့် သူ၏ မကျေနပ်ချက်များကိုလည်း ထုတ်ပြောလိုက်တော့သည်...

" နံပါတ်ဆယ့်ငါး ဦးလေးဆရာပြောတဲ့ စကားတွေက အမှန်ပဲဗျ။ ခေါင်းဆောင်ကြီးက တော်တော်ကို အကျင့်ယုတ်တာ။ သူ အတင်းအကြပ် ဖိအားပေးခဲ့လို့သာ ကျွန်တော် ဒီနေရာကို ရောက်လာရတာ။ ကျွန်တော် တခြားသူတွေကို မပြောပြရဲတာမလို့ ဦးလေးဆရာကိုပဲ ပြောပြရမယ်... မီးတောက်ခေါင်းဆောင်ကြီးက လူတွေကို လှည့်စားရတာ အရမ်းကြိုက်ပြီး သဘောထားကျဉ်းမြောင်းတဲ့ လူတစ်ယောက်လို့ တခြားသူတွေပြောတာ အရင်တုန်းက ကျွန်တော် ကြားဖူးထားတယ်။ အဲဒီတုန်းကတော့ ကျွန်တော်လည်း အဲဒီ စကားတွေကို မယုံခဲ့ဘူးပေါ့ဗျာ "

ထိုအခါ ရှဲ့ဟေးရန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဆယ့်ငါးမှာ မျက်လုံးများ မှေးသွား၏။ သူ၏ အကြည့်မှာ ရှဲ့ဟေးရန် နားမလည်နိုင်လောက်အောင် အဓိပ္ပါယ်လေးနက်နေသည်။ သူသည် ရှဲ့ဟေးရန်အတွက် အရက်တစ်ခွက် ထည့်ငှဲ့ပေးလိုက်ပြီးနောက် သူ့ဆီသို့ လှမ်းပေးကာ ပြုံး၍ မေးလိုက်၏။

" အခုရော “

All Chapters