← Chapters

အခန်း (၆၁၆)

Vol. 42 Ch. 616

အခန်း (၆၁၆)

Vol. 42 Ch. 616

“ငါသူ့ကို ထပ်ပြီးဂရုမစိုက်နေတော့ဘူး”

မင်းသားကွမ်းက ဒေါသတကြီးပြောလိုက်ပြီးနောက် သူ၏ခေါင်းကိုငုံ့လိုက်ပြီး ဒုန်းဆိုင်းအပြင်းနှင်လာသော ကျားဖြူပုံရိပ်ထံသို့ကြည့်လိုက်သည်။

“ကောင်းကင်လှုပ်ခတ်လက်သီး”

မင်းသားကွမ်းက မကျယ်သောအသံဖြင့်အော်ပြောလိုက်ပြီး သူ၏တစ်ကိုယ်လုံးရှိရွှေရောင်အလင်းတို့က အရှိန်အဟုန်ဖြင့်စတင်စီးဆင်းလာကာ သူ၏ညာလက်၏လက်သီးပေါ်တွင် သိပ်သည်းဖွဲ့စည်းလာသည်။ ထို့နောက်တွင် သူကထိုးဆင်းလိုက်ပြီး သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော ကျားဖြူထံသို့ လက်သီးကိုပစ်သွင်းလိုက်၏။

“ဝုန်း”

မင်းသားကွမ်း၏ ရုတ်တရက် လက်သီးချက်အောက်တွင် တစ်ဟုန်ထိုး ဦးတည်လာနေသော ကျားဖြူ၏ပုံရိပ်မှာ လက်သီးချက်ကြောင့် ပေါက်ကွဲသွားသည်။

ထို့နောက်တွင် မင်းသားကွမ်းက ကျားဖြူ၏အရိပ်အား ဖောက်ခွဲပစ်လိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးမှာလည်း ပေါက်ကွဲအားကြောင့် နောက်ပြန်လွင့်လာသည်။

နောက်ပြန်လွင့်လာသော မင်းသားကွမ်းမှာ ထိတ်လန့်မှုအားစတင်ခံစားလိုက်ရ၏။ သူနှင့်မတွေ့ခဲ့သည်မှာနှစ်အနည်းငယ်ခန့်

သာရှိသေးသော ဝမ့်ကျိုးက အရမ်းစွမ်းအားကြီးနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူသည်ပင် ဝမ့်ကျိုး၏တိုက်ခိုက်မှုအောက်၌ ဤကဲ့သို့ဖြစ်နေခဲ့လျှင် ရှစ်ဖုန့်တစ်ယောက် ယခုအချိန်၌ အဆုံးသတ်သွားလောက်ပြီဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင် မင်းသားကွမ်းက သူ၏ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ သို့သော်ထို့နောက်တွင် မင်းသားကွမ်း၏မျက်နှာမှာပို၍

တုန်လှုပ်အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာ၏။ ကောင်းကင်ထဲ၌တူညီသော ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့သော်လည်း ဤပေါက်ကွဲသံက အစိမ်းရောင်နဂါးက ရှစ်ဖုန့်အားဖျက်ဆီးခြင်းကြောင့်

ထွက်ပေါ်လာသောပေါက်ကွဲမှုမဟုတ်ပေ။

ထိုအစား ရှစ်ဖုန့်က သူ၏လက်ထဲရှိ ကြီးမားသော ငွေရောင်တံစဉ်ကိုအသုံးပြုလိုက်ပြီး အစိမ်းရောင်နဂါးထံသို့ခုတ်ပိုင်း

လိုက်ခြင်းပင်ဖြစ်သည်။ အစိမ်းရောင်နဂါးကြီးက ငွေရောင်တံစဉ်ကြောင့် ဖျက်ဆီးခံလိုက်ရပြီး စွမ်းအားကြီး စွမ်းအင်၏တိုက်ခိုက်မှုကပေါက်ကွဲမှု

တစ်ခုကိုဖြစ်ပေါ်စေခြင်းဖြစ်သည်။

ရှစ်ဖုန့်မှာ အစိမ်းရောင်နဂါးရိပ်ကြီးအား ဖျက်ဆီးလိုက်ပြီးနောက်တွင် စွမ်းအားကြီးစွမ်းအင်တို့ကြောင့် မင်းသားကွမ်းကဲ့သို့နောက်ပြန်လွင့်သွားခဲ့ခြင်းမရှိပေ။ ထိုအစား သူ၏မျက်နှာထက်ရှိ ဂရုမစိုက်သောဟန်ဖြင့်ပင် ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ ယင်းမှာကြယ်လေးပွင့်မဟာ

သူတော်စင်နယ်ပယ် ဝမ့်ကျိုး၏တိုက်ခိုက်မှုအား ဖျက်ဆီးရခြင်းက သူ့အတွက်ဘာမှမဟုတ်သကဲ့သို့ပင်ဖြစ်၏။

“သူ.သူတကယ်ပဲ ဝမ့်ကျိုးရဲ့တိုက်ခိုက်မှုကို ဖျက်ဆီးပစ်ခဲ့တယ်..

ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

မင်းသားကွမ်း၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေ၏။ မူလကသူ့အနေဖြင့်ရှစ်ဖုန့်သေချာပေါက်သေပြီဟုတွေးခဲ့သည်။ သို့သော်ယခုအခါတွင် သူက ဝမ့်ကျို၏တိုက်ခိုက်မှုအား ကျိုးပျက်သွားစေခဲ့ရုံသာမက ဝမ့်ကျိုး၏တိုက်ခိုက်မှုကြောင့်

နောက်ပြန်လွင့်သွားခဲ့ခြင်းပင်မရှိချေ။

ယင်းမှာ လူငယ်လေးရှစ်ဖုန့်၏တိုက်ခိုက်မှုက သူ့ထက်ပိုအစွမ်းထက်နေသည်ဟု လုံလောက်စွာပြသနေခြင်းပင်ဖြစ်သည်။

မင်းသားကွမ်းအနေဖြင့်ရှစ်ဖုန့်

တစ်ယောက်သေခြင်းကိုတောင့်တနေသည်ဟုတွေးခဲ့သည်။ သူက သူ့ကိုယ်သူလွန်ကဲစွာအထင်ကြီးပြီး သေလမ်းကိုရှာနေသည်ဟုတွေးခဲ့သည်။

မာနကြီး၊မောက်မာ၊ကြမ်းကြုတ်သောစရိုက်ရှိသည်ဟု တွေးခဲ့သည်။ယ ခုအခါ၌ ယင်းမှာသူ့အနေဖြင့်ရှစ်ဖုန့်အားအကဲဖြတ်မှားမှုအဖြစ်သို့ပြောင်းလဲသွားသည်။ ရှစ်ဖုန့်၌တကယ်ပဲမာနကြီး၊မောက်မာပိုင်ခွင့်တို့ရှိနေသည်ဖြစ်၏။

ရှစ်ဖုန့်အား နောက်ဆုတ်ခိုင်းပြီး

သူကာကွယ်ပေးမည်ဟုပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်၏။ ဤအရာအားတွေးမိသောအခါတွင် ခါးသီးသောအပြုံးတစ်ခုက မင်းသားကွမ်း၏အိုမင်းသော

မျက်နှာထက်၌ပေါ်လာ၏။

“ဒီမွန်းစတား.. သူ့ရဲ့ပုံစံအရဆိုရင်. ငါ့ရဲ့ကာကွယ်မှုကိုသူလုံးဝမလိုတဲ့ပုံပဲ”

မင်းသားကွမ်းတစ်ဦးတည်းသာတုန်လှုပ်အံ့အားသင့်သွားခြင်းမဟုတ်ပေ။ တိုက်ပွဲအားအောက်၌ စောင့်ကြည့်နေကြသည့် လူပေါင်းတစ်သောင်းခန့်ပင် တုန်လှုပ်အံ့အားသင့်သွားကြသည်။ သူတို့၏မျက်လုံးများကပြူးကျယ်ပြီး

ကြည့်နေကြ၏။ ရှစ်ဖုန့်က မောက်မာပြီးမဆင်မခြင်နိုင်သူဟု

သူတို့တွေးခဲ့ကြသည်။ သေချာပေါက်၎င်းသေပြီဟု သူတို့တွေးခဲ့သော်လည်း လူပေါင်းတစ်သောင်း၏ရှေ့မောက်တွင်သူက နောက်ထပ် အံ့ဖွယ်ပြာဋိကာတစ်ခုကို ဖန်တီးပြခဲ့သည်။

သာမန်ကာလျှံကာ ခုတ်ပိုင်းချက်တစ်ခုက ဝမ့်ကျိုး၏စွမ်းအားကြီးတိုက်ချက်အား ချိုးဖျက်ခဲ့၏။

ရှစ်ဖုန်အား “သေချင်နေတာ”..”သေလမ်းကိုရှာနေတာ” “ကိုယ့်ကိုယ်ကိုယ်အထင်စွတ်ကြီးနေတာ” ဟုပြောခဲ့ကြသည့်အချို့သောလူများမှာ ဤအချိန်၌သူတို့၏ပါးပြင်များပူလောင်နေသလိုခံစားကြရ၏။ သူတို့အဆုံးသတ်သွားသကဲ့သို့ သေချင်စော်နံသလိုပင်ခံစားကြရသည်။

သို့သော် ရှစ်ဖုန့်ကတော့ ရန်သူနှင့်ထိပ်တိုက်တွေ့နေသည်ဖြစ်သည်။

မင်းသားကွမ်းအား စွမ်းအင်တို့ကြောင့်နောက်သို့လွင့်

ပျံသွားခဲ့သည်။ ရှစ်ဖုန့်ကတော့ကောင်းကင်ထဲ၌

ဝင့်ကြွားစွာရပ်နေသည်ဖြစ်၏။ ဤသည်မှာသူ့၌ဝမ့်ကျိုးနှင့်တိုက်ခိုက်နိုင်သောစွမ်းရည်ရှိသည်ဟု လုံလောက်စွာသက်သေပြနေခြင်းပင်ဖြစ်သည်။

ရှစ်ဖုန့်၏တိုက်ခိုက်မှုကဝမ့်ကျိုး၏တိုက်ခိုက်မှုအား ဖျက်ဆီးပစ်လိုက်ပြီးနောက် ခက်ထန်နေသောဝမ့်ကျိုးမှာ တုန်လှုပ်အံ့အားသင့်သွားသည်။ သူ၏စွမ်းအားအဆင့်ကိုသူသိသည်ဖြစ်၏။ သူ၏ရန်သူက သူ၏တိုက်ခိုက်မှုအားတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ပြီးတော့ထိုလူကအရမ်းငယ်သေးသည်ဖြစ်သည်။ အသက်ဆယ့်ငါးဆယ့်ခြောက် ခန့်ရှိသေးသည်သာဖြစ်၏။

ဤအချိန်တွင်ဝမ့်ကျိုး ၏နောက်၌ရှိနေကြသော လုံဟူဂိုဏ်းမှလူများမှာလည်း

မယုံကြည်နိုင်မှုတို့ဖြင့် အလန့်တကြားဖြစ်သွားကြရသည်။ သူတို့၏နှလုံးသားထဲ၌ ကျော်လွားမရနိုင်သော

ကျောက်ဆောင်ကြီးကဲ့သို့တည်ရှိမှုဖြစ်သည့် ဝမ့်ကျိုး၏တိုက်ခိုက်မှုက ရှစ်ဖုန့်ကြောင့်တကယ်ပဲ

ဖျက်ဆီးခံလိုက်ရသည်။

ဤအချိန်တွင် ကောင်းကင်ထဲ

ရောမြေပြင်ထက် နှစ်ခုစလုံး၌ တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်ဟု ပြောနိုင်သည်ဖြစ်သည်။ယင်းမှာ ရှစ်ဖုန့်ဟုခေါ်သောလူငယ်လေးက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်လုံဟူဂိုဏ်းခေါင်းဆောင် ဝမ့်ကျိုး၏ တိုက်ခိုက်မှုကိ ဖျက်ဆီးပစ်လိုက်ခြင်းကြောင့်မှလွဲ၍အခြားမည်သည့်အကြောင်းပြချက်ကြောင့်မှမဟုတ်ပေ။

ရှစ်ဖုန့်က ဝမ့်ကျိုး၏တိုက်ခိုက်မှုအားဖျက်ဆီးပစ်လိုက်ပြီးနောက် ငရဲဘံကိုးခုစွမ်းအင်တို့အား ငွေရောင်တံစဉ်အတွင်း သွန်းလောင်းထည့်လိုက်သည်။ သူ၏ကိုယ်အတွင်းရှိစွမ်းအင်တို့က လုံးဝခြောက်သွေ့အောင်စုပ်ယူခံလိုက်ရ၏။

ဝမ့်ကျိုး၏တိုက်ခိုက်မှုအား

ဖျက်ဆီးပစ်ပြီးသည့်နောက်တွင် ငွေရောင်တံစဉ်၏စွမ်းအင်ကုန်ခမ်း

သွားသည်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ဘယ်လက်အားလှုပ်ရှားလိုက်ပြီး သူ၏လက်ထဲရှိငွေရောင်တံစဉ်အား သူတောင်းစားအိုကြီး ဝမ့်ကျိုးထံသို့ ဦးတည်ခုတ်ပိုင်းလိုက်၏။

ငွေရောင်တံစဉ်ကသူ့ထံသို့ဦးတည်

ပျံသန်းလာသောအခါတွင် ဝမ့်ကျိုး၏ကိုယ်က တုန်ယင်သွားသည်။ ငွေရောင်တံစဉ်မှလာနေသော ဆန်းကြယ်သည့်စွမ်းအင်အားသူခံစားနိုင်ပြီး ထိုစွမ်းအားကသူ၏နှလုံးသား

ကိုပင်တဆက်ဆက်တုန်ယင်စေသည်။ ယင်းကသူ့ထံသို့ဦးတည်လာနေသော အသက်နှုတ်တံစဉ်ပင်ဖြစ်သည်။

“ဒီ..ဒီစွမ်းအား.. ဒါကဘယ်လိုစွမ်းအားမျိုးလဲ”

ဤအရာတွေးမိပြီးနောက်ဝမ့်ကျိုးအနေဖြင့် ရှည်ရှည်ဝေးဝေးထပ်မတွေးရဲချေ။

စောင့်ကြည့်နေကြသောလူအုပ်၏

မျက်လုံးများအောက်၌ပင် ခက်ထန်ကြမ်းကြုတ်ပြီး သူ့သားအားသတ်ဖြတ်ခဲ့သည့်

လူသတ်သမားအားသတ်ပစ်ချင်နေခဲ့သော ဝမ့်ကျိုးတစ်ယောက် ရုတ်တရက် လှည့်လိုက်ပြီး ရှစ်ဖုန့်၏ဆန့်ကျင်ဘက်ငွေရောင်တံစဉ်နှင့်လွတ်ရာသို့ထွက်ပြေးတော့သည်

ကိုသူတို့တွေ့လိုက်ကြရသည်။ သူကတကယ်ပဲ စတင်ခြေကုန်သုတ်ပြေးနေခြင်းဖြစ်သည်။

ဤအရာအားမြင်ရသောအခါတွင် လူများမှာ ဤသည်က သူတို့၏မျက်လုံးများ အမြင်မှားနေသည်ဟုထင်မိကြ၏။ ဝမ့်ကျိုးကတကယ်ပဲခြေကုန်သုတ်

ပြေးနေသည်။ဤသည်က ထျန်းလျန်အင်ပါယာအတွင်း ၌ဒုတိယမြောက်စွမ်းအားအကြီးမားဆုံး

သူဖြစ်သည်။ ဤသည်မှာ လုံဟူဂိုဏ်းခေါင်းဆောင်ကြယ်လေး

ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။

သူကတကယ်ကို ထွက်ပြေးနေသည်။ ယင်းကမည်သို့ဖြစ်နိုင်ပါမည်နည်း။

ဤမြင်ကွင်းက လူတိုင်း၏မျှော်မှန်းထားမှုနှင့်

လုံးဝချော်ထွက်နေသည်။ များစွာသောလူများမှာ ဤအရာအားလက်သင့်ခံနိုင်ရင်ခက်ခဲနေပြီးသူ၏နှလုံးသားများအားတည်ငြိမ်အောင်းထိန်းရန်ခက်ခဲနေသည်။ ယင်းမှာအထူးသဖြင့် ဝမ့်ကျိုးခေါ်ဆောင်လာသည့်

လုံဟူဂိုဏ်းမှထောင်းပေါင်းများစွာသော

ကျင့်ကြံသူများဖြစ်ကြသည်။

“သခင်”

“ဂိုဏ်းခေါင်းဆောင်”

“ဒါက. ဒါကဘယ်လိုစွမ်းအားမျိုးလဲ.. ဝမ့်ကျိုးကဒါကိုခံစားမိပြီး

တကယ်ပဲစထွက်ပြေးနေတယ်”

ဟင်းလင်းပြင်ထဲ၌ရပ်နေသော

မင်းသားကွမ်းပင် ရှစ်ဖနု့်၏ငွေရောင်တံစဉ်နှင့်ထွက်ပြေးနေသော ဝမ့်ကျိုးထံသို့ကြည့်လိုက်သည်။တုန်လှုပ်အံ့အားသင့်ခြင်းထက် သူ့အနေဖြင့် ငွေရောင်တံစဉ်၏စွမ်းအားအားသိချင်နေ၏။

ရှစ်ဖုန့်ကပမ့်အောင်းအားသတ်ရန် ငွေရောင်တံစဉ်အားအသုံးပြုခဲ့ပြီးနောက် ဝမ့်ကျိုး၏တိုက်ခိုက်မှုအားချိုးဖျက်ရန်၎င်းအားအသုံးပြုခဲ့သည်။ယခုသူက ငွေရောင်တံစဉ်အားဝမ့်ကျိုးကိုသတ်ရန်အတွက်သုံးနေသည်။မင်းသားကွမ်းမှာလည်း ဟင်းလင်းပြင်အား ထိုးခွင်းပြီး

ထွက်မပြေးခင်က ဝမ့်ကျိုးကဲ့သို့ပင်ဖြစ်သည်။ သူ့အနေဖြင့် ငွေရောင်တံစဉ်က မည်သည့်နယ်ပယ်နှင့်ဆက်နွယ်နေသည်ဟု အာရုံခံမရနိုင်ဖြစ်ပေ။

ဝမ့်ကျိုးမှာသူ၏စွမ်းအားအကုန်အစင်အသက်သွင်းထားပြီးဖြစ်ပြီး ကျယ်ပြောလှသော ကောင်းကင်ပြင်အတွင်း အလျှင်အမြန်ထွက်ပြေးနေသည်။

ဟင်းလင်းပြင်နှင့်တိမ်တိုက်အလွှာတို့အားတစ်လွှာပြီးတစ်လွှဦထိုးခွင်းထွက်ပြေးနေ၏။

သူ၏နောက်တွင် ရှစ်ဖုန့်အသုံးပြုလိုက်သောခုတ်ပိုင်းချက်က မျက်လုံးများပေါက်လာသကဲ့သို့

သူ၏နောက်သို့လိုက်ဖမ်းနေ၏။

သူ၏နောက်သို့လိုက်ဖမ်းနေခြင်းသာမကဘဲ ငွေရောင်တံစဉ်က ဝမ့်ကျိုးနှင့်ဖြည်းဖြည်းချင်းနီးကပ်သည်ထက်နီးကပ်လာသည်။ ငွေရောင်တံစဉ်၏ခုတ်ပိုင်းချက်အမြန်နှုန်းကသူ၏အမြန်နှုန်းထက်သာလွန်နေ၏။

အလွန်လျင်မြန်စွာနှင့်ပင် ရှစ်ဖုန့်တို့အုပ်စုနှင့်ဝေးကွာသောကောင်းကင်ထဲ၌ ဝက်တစ်ကောင်အားသတ်ဖြတ်ခံရသကဲ့သို့ အိုမင်းပြီးနာကျင်မှုအပြည့်ဖြင့် ဟစ်အော်သံတစ်ခုထွက်ပေါ်လာသည်။

All Chapters